Danganronpa : The Animation

Episodes: 13
Status: Finished Airing
Aired: Jul 5, 2013 to Sep 27, 2013
Genres: Action, Mystery, Horror, Psychological
Duration: 24 min. per episode

ဒီ anime ကတော့ Visual Novel အနေနဲ့ စတင် ထွက်ခဲ့ပြီး 2010 မှာ psp game အနေနဲ့ ထွက်ရှိခဲ့ပါတယ်။ 2012 August မှာ iOs နဲ့ android version game တွေ ထွက်ခဲ့ပြီး animation ကတော့ 2013 မှသာ ထွက်တာ ဖြစ်ပါတယ်။

ဇာတ်လမ်းရဲ့ အစမှာတော့ အဓိကဇာတ်ကောင် ဖြစ်တဲ့ Naegi မှ အပ နယ်ပယ် အသီးသီးမှာ ထူးချွန်တဲ့ ကျောင်းသား တွေဟာ ဒိတ်ဒိတ်ကြဲ ကျောင်းမှာ စပြီး ကျောင်းတက်ပုံနဲ့ စထားတာ ဖြစ်ပါတယ်။ အဲ့ကျောင်းက အောင်သွားတဲ့ လူဟာ ဘဝမှာ အောင်မြင်ဖို့ သေချာသွားလောက် တဲ့ လူလို့ ဆိုပါတယ်။ ဒါပေမဲ့ သူတို့ ကျောင်းကို စစချင်းတက်တဲ့ နေ့မှာ "Monokuma" ဆိုတဲ့ ဝက်ဝံက သူ့ကိုယ်သူ ကျောင်းအုပ်လို့ ပြောပြီး ကျောင်းကြီးကို သိမ်းလိုက်ပြီလို့လဲ ပြောပါတယ်။ အကယ်၍ ကျောင်းကနေ ထွက်ချင်ရင် တစ်ယောက်ယောက်ကို သတ်ပြီးမှ ထွက်လို့ ရမယ်လို့ ဆိုပါတယ်။ နောက်ပြီး တစ်ယောက်ယောက် သေဆုံးသွားပြီဆိုရင် class trial ဆိုတာ လုပ်ပါတယ်။ အဲ့မှာ ဘယ်သူ လူသတ်သမားလဲ ဆိုတာ သဲလွန်စတွေနဲ့ ကောက်ချက်ချရမှာ ဖြစ်ပြီး လူသတ်သမားကို ရွေးတာ မှန်သွားလို့ ရှိရင် လူသတ်သမားက သေဒဏ် ခံရမှာ ဖြစ်တယ်။ အကယ်၍ မှားသွားလို့ ရှိရင်တော့ မှားပြီး ရွေးလိုက်တဲ့ လူက သေမှာ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းမှာ လူသတ်မှု တစ်ခုဆီမှာ ပါတာကို ကြည့်လိုက်ရင်တော့ "လူသတ်မှု ဖြစ်ပေါ်ခြင်း"၊ "အမှုကို စစ်ဆေးခြင်း"(Class Trial) နဲ့ "ဖြစ်ပျက်မှုကို ပြန်ပြခြင်း" ဆိုပြီး အဓိက အနေနဲ့ ဒီသုံးခု ရှိတာကို တွေ့ရ ပါလိမ့်မယ်။ ဒီအထဲမှာ ကြည့်လို့ အကောင်းဆုံးနဲ့ စွဲဆောင်မှု အရှိဆုံး အခန်းတွေကို ပြောပါဆိုရင်တော့ Class Trial ပဲ ဖြစ်ပါတယ်။  Class Trial မှာ ရှိတဲ့ အထောက်အထားတွေနဲ့ ကျိုးကြောင်း ဆက်စပ် စဉ်းစားပြီး တရားခံကို ဖော်ထုတ်တာက တော်တော်ကြီးကို ကောင်းပါတယ်။

မကောင်းတာကို ပြောရမယ် ဆိုရင်တော့ အပိုင်း 13 ပိုင်းပဲ ရှိတာပါ။ အကြာကြီး ဆော့ရမယ့် visual novel တစ်ခုကို တစ်ပိုင်းကို မိနစ် 20 ကျော်နဲ့ အပိုင်း 13 ပိုင်းသာရှိတဲ့ anime အဖြစ် ပြောင်းရတာ ဖြစ်တဲ့ အတွက် တော်တော်ကြီးကို ချုံ့လိုက်ရမှာပါ။ အဲဒီတော့ တချို့ အခန်းတွေဆို တစ်ခုခု လိုနေသလို မပြည့်စုံသလို ခံစားရပါတယ်။ ဥပမာ-  အချို့ သက်သေအထောက်အထားတွေ တွေ့တာကိုလဲ ဘယ်မှာ တွေ့တယ်၊ ဘယ်လို တွေ့တယ် စသည်ဖြင့် သေချာ မရှင်းထားပါဘူး။

နိဂုံးအနေနဲ့ ပြောရမယ် ဆိုရင် ဒီ anime ကတော့ စုံထောက်ဝထ္တု ဖတ်နေရသလိုမျိုး တရားခံ ဘယ်သူလဲ ဆိုတာ တွေးပြီး ကြည့်ရှူသူကို တဖြည်းဖြည်း စွဲဆောင်သွားတဲ့ anime ပဲ ဖြစ်ပါတယ်။

Ref: http://nidagthegoat.hubpages.com/hub/An-Anime-Review-Danganronpa-The-Animation

Comments

Popular posts from this blog

Lookism