Baka To Test


'Baka'. ဒီအသုံးအနှုန်းကတော့ anime တွေထဲမှာ မကြာခဏပါတဲ့ စကားလုံးပဲ ဖြစ်ပါတယ်။ Otaku တွေနဲ့ ရင်းနှီးနဲ့ စကားလုံးလို့ ပြောရင်လဲ မမှားပါဘူး။ အဓိပ္ပါယ်ကိုလဲ သိကြမှာပါ။ ဉာဏ်တုံးတုံး ပိန်းတိန်းတိန်း လူတွေကို ပြောတာ ဖြစ်ပါတယ်။ အခု ရေးချင်တာကတော့ baka အကြောင်းမဟုတ်ပါဘူး။ Baka To Test anime review ပဲ ဖြစ်ပါတယ်။

Fumizaki ဆိုတဲ့ကျောင်းမှာ စနစ်တစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ ကျောင်းသားတွေဟာ သူတို့ရဲ့ သက်ဆိုင်ရာ အမှတ်နဲ့ အကောင်လေး တစ်ခု summon လုပ်လို့ ရပြီး အချင်းချင်း duel လုပ်လို့ရပါတယ်။ နောက်ပြီး အဲ့ကျောင်းမှာ အမှတ်တွေ အလိုက် A က F အစဉ်လိုက် အတန်းတွေ ခဲထားပါတယ်။ နောက်ပြီး အခန်းတွေမှာ အဆင့်တွေလိုက်ပြီး ထားထားပေးတဲ့ အရာတွေက အရည်အသွေးတွေ ကာပါတယ်။ ဥပမာ ပြောရရင် A ခန်းဆို စားပွဲအကောင်းစား ထိုင်ခုံ အကောင်းစားတွေရပြီး တခြား အခန်းတွေ တော့ သိပ်မကောင်းတာတွေပဲ ရပါတယ်။ ဒါပေမဲ့ အခန်းတစ်ခန်းနဲ့ တစ်ခန်း Exam Summoning Battle(ESB) ဆိုတာ စိမ်ခေါ်ပြီး နိုင်တဲ့ဘက်က ရှုံးတဲ့ အခန်းရဲ့ ပစ္စည်းတွေကို ယူလို့ ရပါတယ်။

ဒီ anime မှာ အဓိကဇာတ်လိုက်ဖြစ်တဲ့ Akihisa Yoshii နဲ့ သူ့သူငယ်ချင်းတွေ၊  F ခန်းရဲ့ကျောင်းသားတွေ ပေါက်ကရ လုပ်တာ၊ အခြား အတန်းတွေကို ESB စိန်ခေါ်တာတွေကို ကြည့်ရမှာ ဖြစ်ပါတယ်။

Sound အနေနဲ့ ပြောရင်တော့ တော်တော်ကောင်းတာ တွေ့ရပါတယ်။ Character တွေကလဲ unique ဖြစ်ပါတယ်။ Baka character တွေအပြင် tomboy character၊ hentai type၊ trap (:3) အစရှိတဲ့ character မျိုးစုံ စရိုက် မျိုးစုံကို တွေ့ရမှာ ဖြစ်ပါတယ်။

ပြောရရင်တော့ ဒီ anime က plot အနေတော့ သိပ်မကောင်းပေမဲ့လဲ comedy၊ school life အစရှိတဲ့ genre ကို ကြိုက်တဲ့ လူတွေအတွက် ကြည့်သင့်တဲ့ anime ဆိုလဲ မမှားပါဘူး။

Comments

Popular posts from this blog

Lookism