Monkey D. Luffy



Monkey D Luffy ဒါမှမဟုတ် Strawhat Luffy(Mugiwara no Luffy) ဟာ Strawhat Pirates ရဲ့ Captain ဖြစ်ပြီး One Piece series ရဲ့ အဓိက ဇာတ်ဆောင်လဲ ဖြစ်ပါတယ်။ သူ့အဖေဖြစ်တဲ့ Monkey D Dragon ဟာ World Government ကို ဆန့်ကျင်တဲ့ အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်ပြီး သူ့အဖိုး ဖြစ်တဲ့ Monkey D Garp ကတော့ ရေတပ်ရဲ့ နာမည်ကြီး လက်ထောက် Captain ပဲ ဖြစ်ပါတယ်။

Luffy ကို East Blue မှာ ရှိတဲ့  Foosha ဆိုတဲ့ ရွာကလေးမှာ မွေးဖွားခဲ့ပါတယ်။ သူဟာ အသက် 7နှစ်မှာ Shanks ဆိုတဲ့ ပင်လယ်ဓားပြနဲ့ တွေ့ပြီး ရင်းနီးခဲ့ပါတယ်။ သူဟာ Shanks ကို အားကျခဲ့တဲ့အတွက် ငယ်ငယ်ထဲက ကြီးလာရင် ပင်လယ်ဓားပြ လုပ်မယ်လို့ စိတ်ကူးရှိခဲ့သူလဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ သူ့အဖိုး Garp ဟာ Portgus D Ace ကို မွေးစားခဲ့ပြီး Ace ရော Luffy ကိုပါ Dadan ဆိုတဲ့ မိန်းမကြီးဆီမှာ အပ်ထားခဲ့ပါတယ်။ အဲ့ဒီမှာပဲ Luffy ရယ် Ace ရယ် Ace သူငယ်ချင်းဖြစ်တဲ့ Sabo ရယ်ဟာ သူငယ်ချင်းတွေ ဖြစ်ခဲ့ပြီး သူတို့ 3 ယောက်လုံးဟာ ပင်လယ်ဓားမြ လုပ်ချင်တဲ့ သူတွေပဲ ဖြစ်ပါတယ်။ သူတို့ 3 ယောက်လုံးဟာ အသက် 17 နှစ်ပြည့်တဲ့အခါ ပင်လယ်ထဲကို စွန့်စားခန်း ထွက်မယ်ဆိုပြီး ကတိကဝတ်ပြုခဲ့ကြပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာပဲ Sabo ဟာ အရင် သေဆုံးသွားပြီး(ထင်ရတာပဲပေါ့နော်) သူ့ရဲ့ ရည်မှန်းချက် အထ မမြောက်သွားခဲ့ပါဘူး။ Ace ဟာ Luffy ထက် 3နှစ် ကြီးတဲ့အတွက် Ace က အရင်ဆုံး ရွာကနေ ထွက်သွားခဲ့ပါတယ်။

နောက်ပိုင်း Luffy 17 နှစ်ပြည့်တဲ့ အခါမှာ ရွာကနေ ထွက်ခဲ့ပြီး သူငယ်ချင်းတွေ ရှာပြီးနောက်မှာတော့ Strawhat Pirates ကို စပြီး တည်ထောင်ခဲ့ပါတယ်။ Luffy ဟာ စွန့်စားခန်းတွေ အများကြီး ကြုံတွေ့ခဲ့ပြီး Shichibukai တွေ ရေတပ်တွေ၊ နောက်ပြီး Yonko (4 Emperors) ပါ မကျန် စိမ်ခေါ်ခဲ့တဲ့ အတွက် ပြဿနာရှာတဲ့ pirate ဆိုပြီး နာမည် ကြီးခဲ့ပါတယ်။ သူဟာ တဇွတ်ထိုးလုပ်တတ်တယ် ဆိုပြီး နာမည်ကြီးတဲ့ အပြင် World Government ရဲ့ ဌာနတွေဖြစ်တဲ့ Enies Lobby နဲ့ Impel Down တို့မှာတောင် တိုက်ခိုက်ပြီး လွတ်မြောက်သွားပြီး တဲ့အပြင် Battle of Marineford မှာ ပါ ဝင်တိုက်ခဲ့တဲ့ အတွက် နာမည်ဆိုးနဲ့ pirate တစ်ယောက်ဖြစ်လာခဲ့ပြီး သူ့ကို ရေတပ်က အနာဂတ်မှာ ရန်မူလာနိုင်တဲ့ သူလို့ ဆိုပါတယ်။

Luffy ဟာ အသိဉာဏ်နည်းသူဖြစ်ပါတယ်။ (အရှင်းဆုံး ပြောရရင် သူက baka ပါ)။ နောက်ပြီး သူဟာ အကြောက်တရား ကင်းတယ်လို့ ပြောလို့ရပါတယ်။ သူ ရန်သူနဲ့ ရင်ဆိုင်နေရင် ကြောက်နေတဲ့ ပုံမရှိပါဘူး။ Luffy ဟာ သာမှန် အချိန်တွေမှာဆို အေးဆေးနေပြီး captain လုပ်ရမှာတွေကို မလုပ်ပါဘူး။ ဒါပေမဲ့ လိုအပ်လာတဲ့ အချိန်မှာတော့ သူ့ရဲ့ ဦးဆောင်နိုင်မှု စွမ်းရည်ကို ပြပါတယ်။ သူ့ရဲ့ စိတ်နေစိတ်ထားကို ပြောရမယ် ဆိုရင် ကလေးနဲ့ တူပါတယ်။ တခါတရံ (အစားအစာနဲ့ ပတ်သက်ရင်) အလွန် လောဘ ကြီးပြီး သူငယ်ချင်းတွေ အတွက်ဆို ကိုယ်ကျိုးစွန့်ပေးတဲ့ သူပဲ ဖြစ်ပါတယ်။

Luffy ရဲ့ စွမ်းအားတွေ ပြောရရင်တော့ သူဟာ Gomu Gomu no Mi  ရော်ဘာ Devil Fruit စားထားတဲ့ Devil Fruit User တစ်ယောက်လဲ ဖြစ်ပါတယ်။ သူ့ရဲ့ တိုက်ခိုက်တဲ့ ပုံစံကတော့ လက်ဗလာပဲ ဖြစ်ပါတယ်။ နောက်ပြီး သူဟာ Rayleigh ရဲ့ သင်ကြားပေးမှူကြောင့် Time Skip နောက်ပိုင်းမှာ Conqueror's Haki အပါအဝင် Haki သုံးနိုင်တဲ့ Haki User ဖြစ်လာပါတယ်။
သူ့ရဲ့ Gear 2nd နဲ့ Gear 3rd ကို ပြောပါ့မယ်။
သူ့ရဲ့ Gear 2nd ဟာ သွေးလှည့်ပတ်မှုကို မြန်အောင် လုပ်ပြီး အစွမ်းနဲ့ လျင်မြန်မှုကို တိုးတက်အောင် လုပ်ပေးပါတယ်။ ဒါပေမဲ့ ဒီအစွမ်းဟာ နှလုံးခုန်နှုန်းကို သာမှန်ထက် မြန်စေတဲ့ အတွက် ရော်ဘာလူသားဖြစ်တဲ့ Luffy သာ သုံးလို့ရတဲ့ အစွမ်းဆိုလဲ မမှားပါဘူး။ Time Skip နောက်ပိုင်းမှာတော့ သူ့ Gear 2nd ဟာ ပိုတိုးတက်လာပြီး Haki နဲ့ တွဲသုံးလာပါတယ်။

Gear 3rd ကတော့ သူ့ရဲ့ လက် ဒါမှ မဟုတ် ခြေထောက်ကို အကြီးကြီး ဖြစ်အောင် လုပ်တဲ့ အစွမ်းပဲ ဖြစ်ပါတယ်။ သူဟာ ဒီဟာကို သုံးပြီးရင် လူကောင်သေးသေးလေး ဖြစ်သွားပါတယ်။ ဒါပေမဲ့ Time Skip နောက်ပိုင်းမှာ သူ့ Gear 3rd ဟာလဲ တိုးတက်လာပြီး အဲ့လို ဖြစ်တာ မတွေ့ရတော့ပါဘူး။

ပြောရမယ်ဆိုရင်တော့ One Piece မှာ အကြိုက်ဆုံး character ဆို Luffy ပဲ ဖြစ်ပါတယ်။ သူ့ကို တခြား anime တွေရဲ့ protagonist တွေနဲ့ ယှဉ်လိုက်ရင်ကို သူ့ကိုပဲ ကြိုက်ပါတယ် (ဥပမာ -  သူက Naruto လောက်လဲ မအာသလို Ichigo လိုလဲ အစုံသုပ် မဟုတ်ပါဘူး။) :P

Comments

Popular posts from this blog

Lookism