Law of Ueki



Story 


အခုလက်ရှိ နတ်ဘုရားဟာ ရာထူးကို ယူထားတာ 25 နှစ်ရှိပြီ ဖြစ်တဲ့ အတွက် သူ့ရာထူးကို ဆက်ခံဖို့ ပြိုင်ပွဲ တစ်ခု လုပ်ပါတယ်။ အဲ့ပြိုင်ပွဲမှာ ရာထူးဆက်ခံဖို့ လျာထားသူအယောက်100 ဟာ သူတို့ စိတ်ကြိုက် အလယ်တန်း ကျောင်းသား တစ်ယောက်စီကို အစွမ်း တစ်ခုစီပေးပြီး ဝင် ပြိုင်ခိုင်းရပါတယ်။ ပြိုင်ပွဲမှာ နိုင်တဲ့ ကျောင်းသားဟာ ဆုအနေနဲ့ သူကြိုက်တဲ့ အစွမ်းတစ်ခုကို ရမှာ ဖြစ်ပြီး အဲ့ကျောင်းသားကို ပြိုင်ပွဲထဲကို သွင်းတဲ့သူဟာ နတ်ဘုရား ရာထူးကို ရမှာ ဖြစ်ပါတယ်။ အဲ့ အစွမ်းတွေရဲ့ သဘောတရားကတော့ နေ့စဉ် ရှိတဲ့ အရာတွေကို အခြား အရာတစ်ခုကို ပြောင်းတဲ့ ပုံစံတွေပဲ များပါတယ်။

Main Characters

Ueki


သူကတော့ ဒီ anime ရဲ့ protagonist ပဲ ဖြစ်ပါတယ်။ သူဟာ တရားမျှတမှု ဆိုတာကိုပဲ လက်ကိုင်ထားပြီး လူတွေကို ကူညီလေ့ရှိပါတယ်။ ပြောရရင် သူ့ ရန်သူကိုတောင် ကူပါတယ်။ သူ့ စိတ်ဓာတ်က ပြောရရင် Luffy နဲ့တောင် တူသလားလို့။
xD

Sano


သူလဲ Ueki လိုပါပဲ။ သူတပါးကို အမြဲ ကူညီတတ်ပါတယ်။ သူဟာ တခါတလေတော့ တဇွတ်ထိုး လုပ်လေ့ရှိပါတယ်။ သူဟာ ရေပူစမ်းတွေကို ကြိုက်ပြီး သူဟာ အစွမ်းတစ်ခုကို ရနိုင်ခဲ့မယ် ဆိုရင် တွင်းတူးတဲ့ အစွမ်းယူပြီး ကိုယ်ပိုင် ရေပူစမ်း တူးမယ်လို့ ဆိုပါတယ်။

Rinko


သူကတော့ ချမ်းသာကြွယ်ဝတဲ့ မိသားစုက ဆင်းသက်လာပြီး သူနဲ့ ပေါင်းခဲ့တဲ့ လူတွေဟာ သူ့ ပိုက်ဆံကြောင့်ပဲ ပေါင်းတဲ့ အတွက် သူဟာ လောကမှာ တပါးသူ အတွက် အနစ်နာခံတဲ့ လူ မရှိဘူးလို့ ထင်ခဲ့ပါတယ်။ ဒါပေမဲ့ Ueki နဲ့ တွေ့ပြီး နောက်မှာတော့ သူ့ အထင်ပြောင်းသွားခဲ့ပြီး Ueki ရဲ့ သူငယ်ချင်း ဖြစ်သွားခဲ့ပါတယ်။ သူဟာ အများအားဖြင့် Sano နဲ့ တွဲပြီး ရန်သူတွေနဲ့ တိုက်ပါတယ်။ (မတည့်အတူနေ လေးတွေ :3)

Mori


သူကတော့ Ueki နဲ့ တစ်တန်းထဲ ဖြစ်ပြီး Ueki သွားလေရာလိုက်ပြီး "Ueki" "Ueki" နဲ့ stalk လုပ်နေတဲ့ သူပဲ ဖြစ်ပါတယ်။ ပြောရရင် Bleach ထဲက Orihime နဲ့ သိပ် မကွာပါဘူး။ (Sorry for Orihime fans :D)

Hideyoshi 


သူကတော့ နောက်ဆုံးမှ Ueki Team ထဲကို ဝင်လာတဲ့လူလဲဖြစ်ပါတယ်။ သူ့ရဲ့ အစွမ်းကလဲ သုံးစားလို့ သိပ်မရပါဘူး။ Law of Ueki anime ရဲ့ Usopp Version လို့ ပြောရင်လဲ မမှားဘူးထင်ပါတယ်။ :P

Overall

ခြုံပြီး ပြောရရင်တော့ ဒီ anime က ထွက်တာ ကြာပြီ ဖြစ်တဲ့ အတွက် animation သိပ်မကောင်းဘူးဆိုပေမဲ့ Shonen genre ကို ကြိုက်တဲ့ လူတွေအတွက် ကြည့်သင့်တဲ့ anime လို့လဲ ဆိုနိုင်ပါတယ်။

Comments