Lelouch vi Britannia

Lelouch vi Britannia ကတော့ Code Geass ထဲက အဓိက ဇာတ်ကောင် တစ်ဖြစ်လဲ လူဆိုးဇာတ်ကောင်လဲ ဖြစ်ပါတယ်။ သူဟာ  Holy Britannian Empire ရဲ့ 11 ယောက်မြောက် မင်းသား ဖြစ်ပြီး Britannia ဧကရာဇ် Charles zi Britannia လဲ ဖြစ်ပါတယ်။ Lelouch ဟာ C.C နဲ့ တွေ့ပြီးနောက်မှာ Geass အစွမ်းကို ရခဲ့ပါတယ်။ အဲ့နောက်မှာတော့ သူဟာ Zero ဆိုတဲ့ နာမည်နဲ့ Britannia ကို တော်လှန်တဲ့  Black Knights ဆိုတဲ့ အဖွဲ့ရဲ့  ခေါင်းဆောင် ဖြစ်လာပါတယ်။

Personality


Lelouch ဟာ တည်ငြိမ်ပြီး နည်းနည်း မောက်မာတတ်တဲ့ ဉာဏ်ကောင်းတဲ့ character ဖြစ်ပါတယ်။ သူဟာ ကျောင်းမှာတော့ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေနေတဲ့ ပေါင်းသင်းဆက်ဆံရေး ကောင်းတဲ့ သူတစ်ယောက်လို နေပါတယ်။ အဲ့ဒါဟာ သူ့ရဲ့ ဗီဇကို ဖုံးထားတဲ့ မျက်နာဖုံး တစ်ခုသာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ Zero အနေနဲ့ Black Knights ကို ခေါင်းဆောင်တဲ့ အချိန်တွေမှာ ဆိုရင် အင်မတန် သွေးအေးပြီး သူ့ပန်းတိုင်အတွက်သာ ဆိုရင် ဘယ်သူ့ကိုပဲ စတေးရ ရ, ဂရုမစိုက်တဲ့လူပဲ ဖြစ်ပါတယ်။ သူ့ကို တခြားသူတွေက တကိုယ်ကောင်းဆန်တယ် ဆိုပြီး ဝေဖန်တာ မကြာခဏ ခံရပါတယ်။ ဒါပေမဲ့လဲ သူဟာ တစ်ချို့သူတွေ အပေါ်မှာတော့ ကောင်းခဲ့ပါတယ်။ သူ့ညီမ Nunnally အတွက်တော့ သူဟာ ကြင်နာတတ်တဲ့ ဂရုစိုက်တဲ့ အစ်ကို တစ်ယောက်ဖြစ်ပါတယ်။ သူ့သူငယ်ချင်း  Suzaku အတွက်ဆိုရင်လဲ သူဟာ သစ္စာရှိတဲ့ သူငယ်ချင်း တစ်ဦးဖြစ်ခဲ့ပါတယ်။

Character Outline


Lelouch ဟာ ငယ်ငယ် ဆယ့်ခုနှစ်မြောက် အရိုက်အရာ ဆက်ခံရမဲ့ မင်းသား ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့အမေ အသတ်ခံရပြီးနောက်မှာတော့ သူဟာ သူ့အဖေကို အငြိုး ထားခဲ့ပါတယ်။ သူဟာ သူ့အမေအတွက် လက်စားခြေဖို့နဲ့ သူ့ညီမ အတွက် ကောင်းမွန်တဲ့ လောကကို ဖန်တီးဖို့ Zero ဆိုတဲ့ နာမည်နဲ့ Britannia တော်လှန်ရေးကို လုပ်ခဲ့တာ ဖြစ်ပါတယ်။

Abilities


C.C ဆီက ရခဲ့တဲ့ သူ့ရဲ့ Geass အစွမ်းကတော့ "The Power of Absolute Obedience" (လူတွေကို ထိမ်းချုပ်နိုင်တဲ့ အစွမ်း) ပဲဖြစ်ပါတယ်။ ဒါပေမဲ့ အဲ့အစွမ်းကို သုံးဖို့ကတော့ ကန့်သတ်ချက်တွေ ရှိပါတယ်။ ဥပမာ - မျက်လုံးကို ကြည့်နေမှတို့၊ အကွာအဝေး 272 မီတာက လူတွေကိုပဲ သုံးလို့ ရတယ်တို့ ဖြစ်ပါတယ်။
Lelouch က နှလုံးရည်ကောင်းတဲ့လူ ဖြစ်တဲ့ အတွက် လက်ရုံးရည် ညံ့ပါတယ်။ သူဟာ အမောမခံနိုင်တဲ့ အပြင် အကြာကြီး မပြေး နိုင်ဘူးလို့ ဆိုပါတယ်။
ဒါပေမဲ့ သူဟာ ဉာဏ်ကတော့ အင်မတန်ကောင်းပါတယ်။ Chess ထိုးတာ အလွန်တော်ပြီး တိုက်ပွဲတွေမှာ နည်းပရိယာယ်တွေ ဗျူဟာတွေ သုံးတာ အင်မတန် ထူးချွန်တဲ့ လူဖြစ်ပါတယ်။ သူဟာ သူ့ ရန်သူဘက်က ကြည့်ရင် ကြောက်ဖို့ကောင်းတဲ့ ပြိုင်ဘက် ဖြစ်နေတာဟာ သူ့ရဲ့ Geass အစွမ်းကြောင့် မဟုတ်ပဲ သူ့ရဲ့  ပင်ကို ဉာဏ်အစွမ်းကြောင့်လို့ ဆိုနိုင်ပါတယ်။

ပြောရမယ် ဆိုရင်တော့ သူဟာ တွေ့ရခဲတဲ့ ရှားရှားပါးပါး anti-hero protagonist ပဲ ဖြစ်ပါတယ်။ (သူ့လို anti-hero protagonist ဆိုလို့ Death Note ထဲက Yagami Light ပဲ ရှိမယ် ထင်ပါတယ်။)

Comments

Popular posts from this blog

Lookism