Warring States Period & Qin Dynasty

တရုတ်နိုင်ငံ ကျိုးမင်းဆက် (Zhou Dynasty) (1045-256 BC) တည်ထောင်ပြီး နှစ် 300 အကြာ၊ 771 BC လောက်မှာ ကျိုးမင်းဆက် ဘုရင်ရဲ့ အာဏာဟာ ယုတ်လျော့လာပြီး နယ်စားတွေရဲ့ အရှိန်အဝါဟာ ပိုကြီးလာခဲ့ပါတယ်။ နောက်ပိုင်း 475 BC လောက်မှာတော့ ကျိုးမင်းဆက် ရဲ့ ဘုရင်ဟာ ရုပ်သေးဘုရင်သာ ဖြစ်ခဲ့ပြီး နိုင်ငံ အတွင်းမှာ အဓိက အင်အား ခုနှစ်ပြည်နယ် ကွဲသွားခဲ့ပါတယ်။ အဲ့ခေတ်ကိုတော့ စစ်ပွဲခေတ် (Warring States period - 战国时代 Zhànguó Shídài) လို့ ခေါ်ပြီး 221 BC အထိ ကြာမြင့်ခဲ့ပါတယ်။ အဲ့ ပြည်နယ် 7 ခုကတော့ Yan ၊ Qi ၊ Wei ၊ Zhao ၊ Han ၊ Chu နဲ့ Qin တို့ပဲ ဖြစ်ပါတယ်။

အဲ့ ပြည်နယ်တွေထဲက Qin ဟာ အင်အားကြီးလာပြီး နောက်ပိုင်းမှာတော့ နည်းဗျူဟာ သုံးဆယ့်ခြောက်မျိုး (Thirty-Six Stratagems) ထဲက တစ်ခုဖြစ်တဲ့ "အဝေးက သူကို မဟာမိတ်ဖွဲ့၊ အနီးကို တိုက်"("allying with distant states and attacking nearby ones") ဆိုတဲ့ နည်းဗျူဟာနဲ့ တစ်နိုင်ငံလုံးကို သိမ်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။


Qin ပြည်နယ်၏ ဘုရင် ငါးပါး


1. King Zhaoxiang (306–251 BC)

သူဟာ Zhao ဘုရင် King Wuling ရဲ့ အကူအညီနဲ့ နန်းတက်ခဲ့ပြီး သူ့လက်ထက်မှာ Qin ပြည်နယ်ဟာ အင်အားကြီးလာခဲ့ပါတယ်။ Han ၊ Wei ၊ Chu ၊ Zhao ပြည်နယ်တွေနဲ့ စစ်ပွဲတွေ ဖြစ်ခဲ့ပြီး အဲ့ခေတ်ရဲ့ အတော်ဆုံး စစ်သူကြီးလို့ ဆိုနိုင်တဲ့ Bai Qi ရဲ့ အကူအညီနဲ့ အောင်မြင်မှုတွေ ရ ခဲ့ပါတယ်။ သူ့ခေတ်မှာ ဖြစ်ခဲ့တဲ့ စစ်ပွဲတွေ ထဲက အဓိကစစ်ပွဲ နှစ်ခုက တော့ Battle of Yique နဲ့ Battle of Changping တို့ပဲ ဖြစ်ပါတယ်။ သူဟာ Qin ပြည်နယ် တစ်ပြည်လုံးကို အောင်နိုင်စေဖို့ အခြေခံအုတ်မြစ် ချပေးခဲ့တယ်လို့ ပြောလို့ ရပါတယ်။

2. King Xiaowen (13 September 250 BC – 15 September 250 BC)

King Zhaoxiang ရဲ့ ရာထူးကို ဆက်ခံသူကတော့ သူ့သားဖြစ်တဲ့ King Xiaowen ဖြစ်ပြီး King Xiaowen ဟာ Qin Shi Huang(Ying Zheng) ရဲ့ အဖိုးလဲ ဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ နန်းတက်ပြီး သုံးရက်အကြာမှာ သေဆုံးသွားခဲ့ပါတယ်။ ပြောရရင်တော့ သူ့အဖေဟာ တအားအသက်ရှည်ခဲ့ပြီး နှစ် 50 ကျော် အုပ်ချုပ်နိုင်ခဲ့တဲ့ အတွက် သူ နန်းတက်တဲ့ အချိန်မှာ သူဟာ တအား အသက်ကြီးနေပြီလို့ ဆိုပါတယ်။

3. King Zhuangxiang (15 September 250 – 7 May 247 BC)

သူကတော့ King Zhaoxiang ရဲ့ ဒုတိယသား ဖြစ်ပြီး အိမ်နိမ့်စံဘဝမှာ Zhao ပြည်မှာ ဓားစာခံဘဝနဲ့ နေခဲ့ရတယ်လို့ ဆိုပါတယ်။ အဲ့မှာ သူဟာ ကုန်သည် Lü Buwei နဲ့ တွေ့ခဲ့ပြီး Lü Buwei ရဲ့ အကူအညီနဲ့ ဘုရင် ဖြစ်လာခဲ့ပါတယ်။ သူ ဘုရင် ဖြစ်ပြီးနောက်မှာတော့ သူဟာ Lü Buwei ကို ဝန်ကြီး ရာထူး ပေးခဲ့ပါတယ်။ သူဟာလဲ ထီးနန်းကို 3 နှစ်သာ စိုးစံနိုင်ခဲ့ပြီး သေသွားခဲ့ပါတယ်။

4. Qin Shi Huang (Ying Zheng) (247 - 210 BC)


Ying Zheng ဟာ သူ့အေ့ ရှက မင်းနှစ်ပါးဟာ သက်တမ်းတိုခဲ့တဲ့ အတွက် သူဟာ ဆယ့်သုံးနှစ်နဲ့ ဘုရင် ဖြစ်လာခဲ့ပါတယ်။ သူ ဘုရင် ဖြစ်ပြီး မကြာခင်မှာပဲ သူနဲ့ ညီအကို တော်တဲ့ Chenjiao က ပုန်ကန်ခဲ့ပြီး Chenjiao ဟာ Zhao ပြည်နယ်ကို ခိုလှုံသွားခဲ့ပါတယ်။ Chenjiao ရဲ့ အပေါင်းအပါ နောက်လိုက်တွေ အားလုံးကို Ying Zheng က သေဒဏ် ပေးခဲ့ပါတယ်။
Ying Zheng ဟာ အသက် ငယ်ငယ်နဲ့ ဘုရင် ဖြစ်ခဲ့တဲ့ အတွက် အစောပိုင်းနှစ်တွေမှာ ရုပ်သေးဘုရင်သာ ဖြစ်ခဲ့ပြီး နန်းတော်ထဲမှာ Lü Buwei ဟာ အာဏာ အရှိဆုံးလူ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်း 235 BC မှာ Ying Zheng ဟာ  Lü Buwei ကို ရှင်းနိုင်ခဲ့ပြီး ဘုရင်ရဲ့ အာဏာ အပြည့်အဝ ရခဲ့ပါတယ်။ Lü Buwei ရဲ့ ရာထူးကိုတော့ Li Si က ဆက်ခံခဲ့ပါတယ်။

တစ်နိုင်ငံလုံးကို သိမ်းပြီးနောက် 220 BC မှာ Ying Zheng ဟာ "ပထမ ဆုံးသော ဧကရာဇ်" လို့ အဓိပ္ပာယ်ရတဲ့ "Qin Shi Huang" (သို့) "Shi Huang Di" ဆိုတဲ့ နာမည်ကို ယူခဲ့ပါတယ်။ နောက်ပြီး သူဟာ မြောက်ဘက်က ရန်သူတွေ မကျူးကျော်အောင် "မဟာတံတိုင်း" ကို ဆောက်စေခဲ့တဲ့ ဘုရင်လဲ ဖြစ်ပါတယ်။ သူဟာ သူနဲ့ သူ့နောင်လာနောက်သားတွေဟာ တိုင်းပြည်ကို နှစ်ထောင်ပေါင်းများစွာ အုပ်စိုးနိုင်မယ်လို့ ထင်ခဲ့ပါတယ်။ ဒါပေမဲ့လဲ သူ့ရဲ့  Qin Dynasty ဟာ 15 နှစ်သာ တည်တံ့ခဲ့ပါတယ်။

သူဟာ သေမှာ ကြောက်ခဲ့ပြီး " သေတယ်" ဆိုတဲ့ စကားကို မပြောဘူးလို့ ဆိုပါတယ်။ နောက်ပြီး သူဟာ လူတွေ လွှတ်ပြီး မသေဆေး ဆိုတာကို ရှာခိုင်းခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လဲ သူဟာ အသက် 50 အရွယ်မှာ Xiang Yang မြို့တော်နဲ့ နှစ်လကြာ ခရီးသွားရတဲ့ Shaqiu ဒေသမှာ ကွယ်လွန်ခဲ့ပါတယ်။ သူသေတာကို သူ့သား အငယ်ဖြစ်တဲ့ Huhai ၊ ဝန်ကြီးချုပ် Li Si၊ မိန်းမစိုး Zhao Gao နဲ့ လူယုံအချို့သာ သိခဲ့တယ်လို့ ဆိုပါတယ်။ နောက်တော့ သူတို့ သုံးယောက်ဟာ ပေါင်းပြီး ဘုရင့် အမိန့်စာ အတုလုပ်ခဲ့ပါတယ်။ အဲ့ အမိန့်စာကတော့ အိမ်ရှေ့မင်း Fusu နဲ့ သူ့လူတွေကို သေဒဏ် ပေးပြီး Huhai ကို ဘုရင် တင်မြောက်ဖို့ ရေးထားတဲ့ စာပဲ ဖြစ်ပါတယ်။

5. Qin Er Shi (Huhai) (Oct. 210 – Oct. 207 BC)


အမိန့်စာအတုရဲ့  ကျေးဇူးနဲ့ Huhai ဟာ ဒုတိယ ဧကရာဇ် ဆိုတဲ့ Qin Er Shi နာမည် နဲ့ ဘုရင် ဖြစ်လာခဲ့ပါတယ်။ Qin Er Shi ဟာ အရည်အချင်း ညံ့ဖျင်းတဲ့ ဘုရင်ဖြစ်ပြီး Zhao Gao က သူ့ထက် အာဏာပို ရှိခဲ့ပါတယ်။ သူ ဘုရင် ဖြစ်ပြီး နောက် မကြာခင်မှာပဲ ပုန်ကန်မှုတွေ ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ Zhao Gao ဟာ  Qin Er Shi ကို ကိုယ့်ကိုယ်ကို သတ်သေအောင် ဖိအား ပေးခဲ့ပါတယ်။ အဲ့နောက်မှာတော့ ချင်မင်းဆက် (Qin Dynasty) ချုပ်ငြိမ်း သွားခဲ့ပါတယ်။

Warring States Period ၏ စစ်သူကြီးနှင့် မှူးမတ် အချို့


စစချင်း လေးဦးဖြစ်တဲ့ Bai Qi ၊ Lian Po ၊ Wang Jian နဲ့ Li Mu တို့ဟာ အဲ့ စစ်ပွဲခေတ်ကာလ ရဲ့ အတော်ဆုံး စစ်သူကြီး လေးဦးဆိုပြီး အသိအမှတ် အပြု ခံထားရသူတွေ ဖြစ်ပါတယ်။

1. Bai Qi

Bai Qi က Qin Shi Huang ရဲ့ အဘေးဖြစ်တဲ့ King Zhaoxiang လက်ထက်မှာ အမှူထမ်းခဲ့တဲ့ စစ်သူကြီးဖြစ်ပါတယ်။ သူဟာ Qin Dynasty ရဲ့  စစ်သူကြီးအဖြစ် တာဝန်ယူတဲ့ နှစ်သုံးဆယ် ကာလ တစ်လျှောက်လုံးမှာ စစ်ရှုံးတာ တစ်ခါမှ မရှိခဲ့ပါဘူး။ သူ တိုက်ခဲ့တဲ့ အဓိက စစ်ပွဲတွေ ကတော့ အောက်ပါ အတိုင်းဖြစ်ပါတယ်။
Battle of Yique (293 BC) - အင်အား နှစ်ဆ ရှိတဲ့ Wei + Han မဟာမိတ်အဖွဲ့ကို အနိုင်ယူခဲ့ပါတယ်။
272 BC - Wei ခံတပ် တစ်ခုကို သိမ်းနိုင်ခဲ့ပြီး Zhao နဲ့ စစ်ပွဲမှာလဲ နိုင်ခဲ့ပါတယ်။
263 BC - Han ခံတပ် ငါးခုကို သိမ်းယူနိုင်ခဲ့ပါတယ်။
260 BC - Battle of Changping - Zhao နဲ့ ဖြစ်တဲ့ စစ်ပွဲကြီးမှာ အနိုင်ယူခဲ့ပြီး လက်နက်ချခဲ့တဲ့ ရန်သူ 400, 000 ကို သတ်ခဲ့တယ်လို့ ဆိုပါတယ်။
257 BC မှာတော့ Zhao ရဲ့ မြို့တော် Handan ကို ဝန်းရံနိုင်ခဲ့ပြီး အဲ့အချိန်မှာ Bai Qi က နေမကောင်း ဖြစ်တဲ့ အတွက် သူ့ရာထူးကို Wang Ling ဆိုတဲ့ စစ်သူကြီးကို ခေတ္တ ကွပ်ကဲစေခဲ့ရာမှာ စစ်ရှုံးခဲ့တယ်လို့ ဆိုပါတယ်။ နောက်လေးလ အကြာလောက်မှာ Bai Qi နလန်ပြန်ထူစ လောက်မှာ ဘုရင်က စစ်သူကြီးရာထူးကို ပြန်ယူဖို့ အကြိမ်ကြိမ် တိုက်တွန်းခဲ့ပါတယ်။ Bai Qi ကလဲ နေမကောင်းတာ အကြောင်းပြပြီး အကြိမ်ကြိမ်ငြင်းခဲ့ပြီးနောက်မှာတော့ ဘုရင်က သူ့ကို သေဒဏ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

 2. Lian Po - Zhao

သူက တော့ Zhao ပြည်ရဲ့ နာမည်ကြီး စစ်သူကြီး ဖြစ်ပြီး Bai Qi ရဲ့ ပြိုင်ဘက်လို့လဲ ဆိုနိုင်ပါတယ်။ Battle of Chanping အစမှာ သူက စစ်တပ်ကို ကွပ်ကဲခဲ့ပြီး နှစ်ဘက် အင်အားဟာ သူမသာ ကိုယ်မသာ ဖြစ်တဲ့ အတွက် ကာလများစွာ ရှည်ကြာခဲ့ပါတယ်။ ဒါပေမဲ့ Zhao ဘုရင်က စစ်သူကြီးရာထူးကို Lian Po က နေ တခြားစစ်သူကြီးကို ပြောင်းခဲ့ပါတယ်။ အဲ့ဒါကြောင့်လဲ Zhao ဟာ စစ်ရှုံးသွားခဲ့တယ်။ နောက်ပိုင်း Zhao နဲ့ Yan တိုက်တဲ့ စစ်ပွဲမှာလဲ နိုင်ခဲ့ပါတယ်။ နောက်မှာတော့ ဘုရင်ဟာ သူ့ကို အယုံအကြည် မရှိတော့တဲ့ အတွက် သူဟာ Wei ပြည်နယ်ကို ပြောင်းသွားပြီး နောက်တော့ Chu ပြည်နယ်မှာ အခြေချခဲ့ပါတယ်။ သူ ဘယ်ခုနှစ်မှာ သေဆုံးသွားလဲ မသိရပေမဲ့ တစ်ချိန်က သူအမှုထမ်းခဲ့တဲ့ Zhao ပြည်ကြီး ပြိုကွဲသွားတဲ့ အချိန်အထိ သက်ရှိထင်ရှား ရှိနေခဲ့သေးပါတယ်။

3. Wang Jian

သူကတော့ Ying Zheng လက်အောက်က နာမည်ကြီး စစ်သူကြီး ဖြစ်ပြီး Chu ပြည်နယ်ကို တိုက်တဲ့ စစ်ပွဲမှာ ဦးဆောင်ခဲ့ပါတယ်။ Chu နဲ့ တိုက်တဲ့ စစ်ပွဲမှာ ပထမတော့ Li Xin ကို တာဝန်ပေးခဲ့တာ ဖြစ်ပြီး Li Xin ဟာ စစ်ရှုံးသွားတဲ့ အတွက် Ying Zheng က Wang Jian ကို တာဝန်ယူ စစ်ချီတက်ခိုင်းခဲ့တာ ဖြစ်ပါတယ်။

4. Li Mu - Zhao

Li Mu ဟာ Lian Po နောက်ပိုင်းမှာ တက်လာခဲ့တဲ့ Zhao စစ်သူကြီး ဖြစ်ပါတယ်။ သူဟာ ခံစစ်ကို ဦးစားပေးခဲ့ပြီး မြောက်ဘက်က Xiongnu လူမျိုးတွေကို တိုက်ခိုက်အောင်မြင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ Qin ဟာ အင်အားကြီးလာတာနဲ့ အမျှ သူဟာ Qin ကို ခုခံဖို့ လုပ်ခဲ့ပါတယ်။ Qin ပြည် ဟာလဲ Zhao မှာ Li Mu ရှိရင် Zhao ကို သိမ်းဖို့ မလွယ်မှာသိတဲ့ အတွက် Zhao နန်းတွင်းကို သူလျှိုတွေလွှတ်ပြီး Zhao ဘုရင်ကို Li Mu က ပုန်ကန်ဖို့ လုပ်နေတယ်လို့ အယုံသွင်းခဲ့ပါတယ်။ Zhao ဘုရင်ကလဲ သူလျှိုတွေ စကားကို ယုံပြီး Li Mu ကို အကျဉ်းချခဲ့ပြီး သတ်ခဲ့ပါတယ်။

5. Meng Tian 

Meng Tian ဟာ စစ်သူကြီးမျိုးရိုးက ဆင်းလာတာ ဖြစ်ပြီး သူ့ အဖိုး Meng Ao ရော သူ့ အဖေ Meng Wu ပါ စစ်သူကြီးတွေ ဖြစ်ပါတယ်။ Meng Tian ဟာ Xiongnu တွေကို တိုက်တဲ့ စစ်ပွဲတွေမှာ နာမည် ကြီးခဲ့ပြီး မဟာတံတိုင်း တည်ဆောက်ရာမှာလဲ ကူခဲ့ပါတယ်။ Qing Shi Huang သေဆုံးပြီး နောက်မှာတော့ Zhao Gao ရဲ့ အမိန့်စာ အတုကြောင့် ထောင်ချခံရပြီး ထောင်ထဲမှာ ကိုယ့်ကိုယ်ကို အဆုံး စီရင်ခဲ့ပါတယ်။

6. Meng Yi

Meng Yi ဟာ Meng Tian ရဲ့ ညီဖြစ်ပြီး Qin Shi Huang ရဲ့ အမတ် တစ်ဦးဖြစ်ပါတယ်။ သူဟာ လဲ Zhao Gao ကြောင့် သေဆုံး ခဲ့ပါတယ်။

7. Li Xin

Li Xin က Qin Shi Huang ရဲ့ စစ်သူကြီတွေထဲက တစ်ယောက်ဖြစ်ပါတယ်။ Yan ပြည်နယ်ကို တိုက်ခိုက်တဲ့ စစ်ပွဲမှာ စစ်သူကြီး အဖြစ် တာဝန်ယူခဲ့ပြီး အောင်မြင်ခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ Chu ကို တိုက်ခိုက်တဲ့ စစ်ပွဲမှာတော့ ရှုံးနိမ့်ခဲ့ပြီး နောက်ပိုင်းမှတ်တမ်းတွေမှာ မတွေ့ရတော့ပါဘူး။

8. Wang Yi

သူဟာ King Zhuangxiang လက်ထက်က စစ်သူကြီးဖြစ်ပြီး သူ့အကြောင်းကို မှတ်တမ်းမှတ်ရာတွေမှာ သိပ်မတွေ့ရပါဘူး။ သူဟာ 247 BC Han ပြည်နယ် ShangDang မြို့ကို တိုက်တဲ့ စစ်ပွဲမှာ စစ်သူကြီးအဖြစ်တာဝန် ထမ်းခဲ့ပါတယ်။ Ying Zheng နန်းတက်ပြီး 3 နှစ် အကြာ 244 BC မှာ Wang Yi သေဆုံးသွားခဲ့ပါတယ်။

ဒီ ရေးထားတဲ့ အကြောင်း တွေ ကတော့ ထိုခေတ် ထိုအခါ သမိုင်း ပန်းချီပိတ်ကားထဲက သစ်တစ်ပင်၊ ဝါးတစ်ရုံလောက်မျှသာ ဖြစ်ပါတယ်။ ထိုပိတ်ကားကို လှပတဲ့ ရှူခင်း၊ ပြာလဲ့နေတဲ့ ကောင်းကင်ကြီးစတဲ့ အခြား အရာတွေကို ဖြည့်စွက်ပြီး သမိုင်း ပန်းချီပိတ်ကားကို ပြီးမြောက်အောင် လုပ်ဆောင်ကြပါကုန်။

References

http://forums.mangafox.me/threads/473442-Facts-about-everyone-s-favourite-Great-General-in-Kingdom-Ouki-Wang-Qi

http://en.wikipedia.org/wiki/Qin's_wars_of_unification

http://transparenciasereflexos2.blogspot.com.au/

http://en.wikipedia.org/wiki/King_Zhaoxiang_of_Qin

http://en.wikipedia.org/wiki/King_Xiaowen_of_Qin

http://en.wikipedia.org/wiki/King_Zhuangxiang_of_Qin

http://en.wikipedia.org/wiki/Qin_Shihuang

http://en.wikipedia.org/wiki/Fusu

http://en.wikipedia.org/wiki/Ying_Huhai

http://en.wikipedia.org/wiki/Bai_Qi

http://en.wikipedia.org/wiki/Lian_Po

http://en.wikipedia.org/wiki/Wang_Jian_(Qin)

http://en.wikipedia.org/wiki/Li_Mu

http://en.wikipedia.org/wiki/Meng_Tian

http://en.wikipedia.org/wiki/Meng_Yi

http://zh.wikipedia.org/wiki/%E7%8E%8B%E9%BD%AE

Comments

Popular posts from this blog

Lookism