Kingdom


ဒီ anime ကတော့ season 2 ခု ထွက်ထားပြီး စုစုပေါင်း 77 episodes ရှိပါတယ်။ တရုတ်နိုင်ငံ Warring States Period ကို နောက်ခံထားတာ ဖြစ်ပြီး genre က တော့ Historical ၊ Shounen genre ဖြစ်ပါတယ်။

Story

ဇာတ်လမ်းကတော့ Qin ပြည်နယ်ရဲ့ နယ်စွန်နယ်ဖျား ရွာလေးတစ်ရွာမှာ Hyou နဲ့ Xin ဆိုတဲ့ ကျွန် နှစ်ယောက်ဟာ သူငယ်ချင်းတွေ ဖြစ်ခဲ့ပါတယ်။ သူတို့အိပ်မက် ဟာ စစ်သူကြီး ဖြစ်ဖို့ ပဲ ဖြစ်ပါတယ်။ တစ်နေ့မှာတော့ နန်းတွင်းက အမတ်တစ်ယောက်ဟာ Hyou ကို နန်းတော်ထဲမှာ အမှုထမ်းဖို့ဆိုပြီး ခေါ်သွားပါတယ်။ အဲ့နောက် Hyou နဲ့ Xin ဟာ မတွေ့ဖြစ်ကြပဲ ကာလ အတန်ကြာပြီးနောက်မှာ Hyou က ဒဏ်ရာတွေနဲ့ ရွာကို ပြန်ရောက်လာပါတယ်။ Hyou က အဲ့ဒဏ်ရာတွေနဲ့ သေဆုံးသွားပြီးနောက် Xin ဟာ Hyou ကို နန်းတော်ထဲ ခေါ်သွားခဲ့တဲ့ အကြောင်း အရင်းကို သိသွားခဲ့ပါတယ်။ အဲ့နောက်မှာတော့ Xin ဘာဆက်လုပ်မလဲ ဆိုတာတော့............

Art

art ကတော့ တခြား anime တွေနဲ့ ယှဉ်ရင် သိပ်မကောင်းဘူးလို့ ထင်မိပါတယ်၊ နောက်ထွက်မဲ့ ဟာတွေမှာ တော့ art ပိုကောင်းဖို့ မျှော်လင့်ပါတယ်။

Sound

အဲ့ဒါလဲ မဆိုးပါဘူး။ Main Character ဖြစ်တဲ့ Xin ရဲ့ Seiyuu ဟာ Bleach ထဲက Ichigo ရဲ့ seiyuu ပဲလို့ ဆိုပါတယ်။

Characters

character တွေကလဲ unique ဖြစ်ပါတယ်။ နာမည်တွေကိုတော့ ရာဇဝင်ထဲက နာမည်တွေ သုံးထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။
ဥပမာ -
Ei Sei - Ying Zheng
Shin - Li Xin
Haku Ki - Bai Qi
Mou Ki - Meng Yi
Mou Ten - Meng Tian
Ou Sen - Wang Jian
Ren Pa - Lian Po
Ou Ki - Wang Yi
ပထမဟာကတော့ တရုတ်နာမည်ရဲ့ ဂျပန် အသံထွက်ဖြစ်ပြီး ဒုတိယဟာကတော့ တရုတ် အသံထွက်ဖြစ်ပါတယ်။ အဲ့မှာလဲ Eng Sub တွေမှာ နှစ်မျိုးကွဲနေတာ တွေ့ရပါလိမ့်မယ်။ တချို့ fan sub တွေက ဂျပန် အသံထွက်နဲ့ နာမည်တွေကို သုံးမှာ ဖြစ်ပြီး တချို့က တရုတ်အသံထွက်ကို သုံးမှာ ဖြစ်ပါတယ်။

Li Xin



သူကတော့ ဒီ anime ရဲ့  protagonist ပဲဖြစ်ပါတယ်။ ရာဇဝင်မှာ တကယ်ရှိခဲ့တဲ့ စစ်သူကြီး ဖြစ်ပေမဲ့လဲ နာမည်ကြီး စစ်သူကြီး မဟုတ်ခဲ့ပါဘူး။ ဘာပဲဖြစ်ဖြစ် anime မှာတော့ သူ့ character ကို ကြိုက်ပါတယ်။

Ying Zheng


သူကတော့ သမိုင်းမှာ နာမည်ကြီးတဲ့ ဘုရင် ရှီဟောင်းတီ (Shi Huang Ti) ရဲ့ နာမည်ဖြစ်ပါတယ်။ anime မှာတော့ သူ့ရဲ့ ရည်မှန်းချက်က တိုင်းပြည်တစ်ခုလုံးကို စုစည်းဖို့ ဖြစ်ပါတယ်။ သူဟာ မဟာတံတိုင်းကို စတင် တည်ဆောက်ခဲ့တဲ့ ဘုရင် ဖြစ်ပြီး ရာဇဝင်မှာတော့ သူဟာ ဘုရင်ကောင်း တစ်ပါး မဟုတ်ခဲ့ပါဘူး။

Wang Yi


Wang Yi ဟာလဲ သမိုင်းထဲက စစ်သူကြီး တစ်ဦးဖြစ်ပါတယ်။ Anime နဲ့ Manga မှာတော့ တအား အရည်အချင်းရှိပြီး အစွမ်းထက်တယ်လို့ ဖော်ကျူးထားပေမဲ့လဲ ရာဇဝင်ထဲမှာတော့ နာမည် သိပ်မကျော်ကြားတဲ့ စစ်သူကြီးသာ ဖြစ်ပါတယ်။

Overall

ပြောရမယ်ဆိုရင်တော့ ဒီ anime ဟာ ကောင်းပြီး ကြည့်သင့်တဲ့ anime တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ထင်တာကတော့ ဇာတ်လမ်းက Warring States Period အစား Three Kingdoms Period ဆို ပိုကောင်းမလားလို့။ (ကိုယ်တွေက Three Kingdoms fan မို့လားတော့ မသိ :P)

အဲ့ ခေတ်သမိုင်း အကြောင်း သိချင်တယ်ဆိုရင် ဒီ link ကို သွားပါလို့.....
https://anime8history.blogspot.com.au/2014/07/warring-states-period-qin-dynasty.html

Comments

Popular posts from this blog

Lookism