Sarutobi Hiruzen

Sarutobi Hiruzen ဟာ Konohagakure ရဲ့ သုံးယောက်မြောက် Hokage ဖြစ်ပါတယ်။ 1st Hokage နဲ့ 2nd Hokage တို့ရဲ့ ပညာတွေကို ရထားတဲ့ သူဖြစ်ပါတယ်။ သူက အစွမ်းထက်တဲ့ ninja တစ်ဦးဖြစ်ပြီး Sage of Six Paths နဲ့ Hashirama တို့လို "Shinobi တွေရဲ့ နတ်ဘုရား" God of Shinobi - 忍の神, Shinobi no Kami ဆိုပြီး တင်စား ခေါ်ဝေါ်ခံရသူ ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ Hokage တွေထဲမှာ သက်တမ်းအရှည်ဆုံး နေခဲ့တဲ့ Hokage ပါ။

Background


Sarutobi clan က Sarutobi Sasuke ရဲ့ သားဖြစ်ပြီး ငယ်ငယ်ကထဲက Ninja Skills တွေမှာ ပါရမီရှိသူ ဆိုပြီး အသိအမှတ်ပြု ခံထားရပါတယ်။ Danzō Shimura နဲ့ ငယ်သူငယ်ချင်းတွေ ဖြစ်ပြီး Danzo ကတော့ သူ့ကို ပြိုင်ဘက်ဆိုပြီး သဘော ထားခဲ့ပါတယ်။ First Shinobi War မှာ 2nd Hokage ဖြစ်တဲ့ Tobirama သေဆုံးခဲ့ပြီး သူ မသေခင်မှာ Hiruzen ကို Hokage ရာထူး လွှဲခဲ့ပါတယ်။ Second Shinobi War မတိုင်ခင်မှာ Hiruzen ဟာ Sannin 3 ယောက် ဖြစ်တဲ့ Jiraiya ၊ Orochimaru နဲ့ Tsunade တို့ရဲ့ ဆရာ ဖြစ်လာပါတယ်။ နှစ်ပေါင်းများစွာ Hokage ရာထူးနဲ့ အုပ်ချုပ်ပြီးနောက် Third Shinobi War အပြီးမှာ Iwagakure နဲ့ ငြိမ်းချမ်းရေးစာချုပ် ချုပ်နိုင်ခဲ့ပြီး စစ်ပွဲရဲ့ အဆုံးအရှုံးဒဏ်တွေကို တာဝန်ယူတဲ့ အနေနဲ့ Hokage ရာထူးကနေ နှုတ်ထွက်ခဲ့ပါတယ်။ သူ့ရဲ့ Hokage ရာထူးကိုတော့ Jiraiya ရဲ့ တပည့်ဖြစ်တဲ့ Namikaze Minato ကို လေးယောက်မြောက် Hokage ခန့်ခဲ့ပါတယ်။

Minato Hokage ဖြစ်ပြီးနောက်ပိုင်း Kushina ဟာ Naruto ကို မွေးခါနီး အချိန်မှာ nine-tail Kurama က seal က လွတ်သွားခဲ့ပါတယ်။ အဲ့ဒီအဖြစ်အပျက်မှာပဲ Minato နဲ့ Kushina တို့ဟာ Kurama ကို seal ပြန်လုပ်ပြီး သေဆုံးသွားခဲ့ပါတယ်။ Minato သေပြီးနောက်မှာ Hiruzen ဟာ Hokage တာဝန်ကို ပြန်ယူခဲ့ပါတယ်။

နောက်တော့ သိကြတဲ့ အတိုင်း Orochimaru ရွာကို သိမ်းဖို့လုပ်တော့ Orochimaru နဲ့ တိုက်ပြီး နောက်မှာ သေဆုံး သွားခဲ့ပါတယ်။ အခုတော့ သူ့တပည့် Orochimaru ရဲ့ Edo Tensei ကြောင့် Fourth Shinobi War မှာ ပါဝင်ဆင်နွှဲနေပါတယ်။ xD

Personality


သူဟာ အရမ်းကို နူးညံ့သိမ်မွေ့တဲ့လူ ဖြစ်ပါတယ်။ တပည့်တွေအပေါ်မှာလဲ တအားချစ်ခဲ့ပြီး Orochimaru ဟာ လူသားစမ်းသပ်မှုတွေ လုပ်နေတာကို လွှတ်ပေးခဲ့ပါတယ်။ အဲ့ဒါကြောင့်လဲ Danzo က သူ့ကို အရမ်း ပျော့ညံ့တဲ့လူဆိုပြီး ဝေဖန်ခဲ့ပါတယ်။ Hiruzen ဟာ ရက်ရက်စက်စက် လုပ်ရမဲ့ အလုပ်တွေဆို Danzo နဲ့ပဲ လွှဲထားခဲ့ပါတယ်။ အဲ့ဒါကြောင့်လဲ သူ့လက်ထက်မှာ Uchiha Clan သတ်ဖြတ်မှုကြီး ဖြစ်ခဲ့တာ ဖြစ်တယ်။
သူက Jiraiya ရဲ့ ဆရာ မို့လို့လား မသိ နည်းနည်းတော့ နှာထ ပါတယ်။ :3 မိန်းကလေး ငယ်ငယ်လေးတွေနဲ့ စကား ပြောရတာကို နှစ်ခြိုက်တယ်လို့ ဆိုပါတယ်။ နောက်ပြီး သူဟာ Naruto Sexy Technique ကြောင့် နှာခေါင်းသွေး လျှံ ပေါင်းလဲ မနည်းပါဘူး။ xD

Abilities


Hiruzen ဟာ သမိုင်းကြောင်း တစ်လျှောက်မှာ အစွမ်းအထက်ဆုံး Shinobi တွေထဲက တစ်ယောက်ဖြစ်ပါတယ်။ သူဟာ အသက်အရွယ် ကြီးပေမဲ့လဲ သူနဲ့ ခေတ်ပြိုင် Kage တွေထဲမှာ သူဟာ အစွမ်းအထက်ဆုံးလို့ ဆိုကြပါတယ်။ နောက်ပြီး သူဟာ လက်နက်အစွမ်း၊ kekkei genkai ရဲ့ အစွမ်းတွေ မပါပဲ Fire ၊ Earth ၊ Water ၊ Lightning ၊ Wind ဆိုတဲ့ Element ငါးမျိုးလုံးကို သုံးနိုင်တဲ့ တစ်ဦးတည်းသော shinobi ပဲ ဖြစ်ပါတယ်။

Comments

Popular posts from this blog

Lookism