သုံးနိုင်ငံခေတ်(၄၈)
အခန်း(၄၈) ရန်စီမြစ်ကမ်းစားသောက်ပွဲဝယ် "ချောင်ချောင်း"(Cao Cao) သီချင်းဆိုခြင်း။ မြောက်ပိုင်းစစ်တပ်တို့သည် သင်္ဘောတို့ကိုကြိုးဖြင့်ချီကာ စစ်ချီတက်ခြင်း။ ရှေ့အခန်းတွင် "ဖန်ထုံ"(Pang Tong) ကို လူတစ်ဦးမှ လှမ်းတားလိုက်သည့်အကြောင်းကိုဖော်ပြခဲ့ပြီးဖြစ်သည်။ "ဖန်ထုံ"(Pang Tong) မှလှည့်ကြည့်လိုက်ရာ ထိုသူမှာ သူ့သူငယ်ချင်းဖြစ်သူ "ရွှီရှူ"(Xu Shu) ဖြစ်နေ၍ စိတ်ပူပန်မှုလျော့သွားသည်။ ဘေးဘီဝဲယာတွင် မည်သူမှမရှိမှန်းသိသောအခါ "ဖန်ထုံ"(Pang Tong) မှ "ကျုပ်အစီအစဉ်ကို ခင်ဗျားဝင်နှောက်ယှက်ရင်တော့ နှမြောစရာပဲ။ တောင်ပိုင်းမြို့နယ်ကိုးဆယ့်တစ်ခုက လူတွေရဲ့အသက်က ခင်ဗျားလက်ထဲမှာရှိတယ်" ဟုပြောသည်။ "ရွှီရှူ"(Xu Shu) မှ ပြုံးကာ "ဒါဆို မြောက်ပိုင်းက စစ်သားရှစ်သိန်းသုံးသောင်းနဲ့မြင်းတွေရဲ့ကံကြမ္မာကျတော့ကော?" ဟုမေးသည်။ "ခင်ဗျားက ကျုပ်အကြံကိုဖျက်မလို့လား" "ဦးရီးတော် လျူဘေ့(Liu Bei) က ကျုပ်အပေါ်ထားခဲ့တဲ့ ကျေးဇူးတရားကိုရော၊ ကျုပ်အမေကိုသေစေခဲ့တဲ့ ချောင်ချောင်း(Cao Cao) ကိုလက်စားချေမယ်ဆိုတာကိုရော မမေ့ပါဘူး။ နောက်ပြီး ချောင်ခေ...