Kitaguni no Haru (Song)




ဒီသီချင်းစာသားကို Haku Ide ကရေးသားခဲ့ပြီး Minoru Endo က သီချင်းဖွဲ့ခဲ့ပြီးတော့ အဆိုတော် Masao Sen ကသီဆိုခဲ့ပါတယ်။ ၁၉၇၇ မှာ စတင်ထွက်ရှိခဲ့ပြီး အင်မတန်လူကြိုက်များပြီး ရေပန်းစားတဲ့သီချင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။
[သီချင်း နောက်ကြောင်း]
Haku Ide ဟာ ဒီသီချင်းထဲမှာ လူငယ်လေးတစ်ယောက်ဟာ သူ့ဇာတိကိုလွမ်းတဲ့အကြောင်းရေးထားတာဖြစ်ပါတယ်။ အဲ့လူငယ်လေးဟာ ငွေကြေးအခက်အခဲကြောင့် ဇာတိမြို့ကနေခွာပြီး မြို့ပြကြီးမှာ အလုပ်လုပ်ခဲ့ပါတယ်။ သူ့ဇာတိမြို့လေးမှာတော့ သူ့အစ်ကိုဖြစ်သူက မိဘတွေနဲ့အတူ ဇာတိမြို့မှာပဲနေပြီး မိဘတွေကိုကူညီလုပ်ကိုင်ပါတယ်။ ဒုတိယသားဖြစ်တဲ့သူကတော့ မွေးရပ်မြေကိုစွန့်ပြီး တစ်နယ်တစ်ကျေးမှာ နေထိုင်နေရပါတယ်။
ဒီသီချင်းဟာ အေးစက်တဲ့ဆောင်းရာသီကုန်သွားရင် တောက်ပတဲ့နွေဦးရောက်လာမယ်ဆိုပြီး ဖော်ညွှန်းထားပုံပေါ်ပါတယ်။

နောက်ပြီး ဒီသီချင်းကို ထိုင်ဝမ်အဆိုတော် Teresa Teng လည်းဆိုခဲ့ပါသေးတယ်။ အခုတင်ထားတဲ့ video ဟာ Teresa Teng ဆိုထားတာဖြစ်ပါတယ်။
မြန်မာဗားရှင်းကတော့ စိုင်းဆိုင်မောဝ်ရဲ့ ရှမ်းပဲပုတ်လေးကျွန်တော်ပဲ ဖြစ်ပါတယ်
Mediafire Link
*S~L*

Comments

Popular posts from this blog

Lookism