Ano Hana - The Flower We Saw That Day

Anohana ဟာ အပိုင်းဆယ့်တစ်ပိုင်းရှိတဲ့ anime အနေနဲ့ 2011 မှာ ထွက်ရှိခဲ့ပြီး 2012 မှာ manga ထွက်ခဲ့ပါတယ်။ ဒါ့အပြင် anime ရုပ်ရှင်အနေနဲ့လည်း ထွက်ခဲ့ပြီး ဝတ္ထုလည်း ထွက်ခဲ့ပါသေးတယ်။ 2013 မှာတော့ PSP မှာ visual novel game အနေနဲ့ ထွက်ရှိခဲ့ပါတယ်။ 2015 မှာတော့ live-action ပါ ထပ်ထွက်ခဲ့ပါတယ်။

ဇာတ်လမ်းကတော့ မူလတန်းအရွယ် သူငယ်ချင်းခြောက်ဦးဟာ  အမြဲတမ်းအတူတူ၊ တသွားသွားတလာလာရှိခဲ့ကြပြီး သူတို့ထဲက တစ်ယောက်ဖြစ်တဲ့ Menma သေဆုံးပြီးနောက်ပိုင်းမှာတော့ သူငယ်ချင်းတွေဟာ အဆက်အသွယ်မလုပ်ကြတော့ပဲ ကွဲကွာသွားကြပါတယ်။ သူတို့ထဲက ခေါင်းဆောင်ဖြစ်တဲ့ Jinta ဟာ အပြင်လောကနဲ့လည်း မဆက်ဆံ၊ အထက်တန်းကျောင်းလည်း မသွားတော့ပဲ အိမ်တွင်းပုန်းဖြစ်နေခဲ့တယ်။ နွေရာသီရဲ့ ရက်တစ်ရက်မှာတော့ သူဟာ Menma ရဲ့ ဝိညာဉ်ကို မြင်ခဲ့တယ်။ ဝိညာဉ်က ငယ်ငယ်ကပုံစံမဟုတ်ပဲ သူတို့အသက်ကြီးသလိုပဲ ကြီးသွားတဲ့ ဝိညာဉ်ပဲဖြစ်ပါတယ်။ Menma ဟာ ဆန္ဒတစ်ခုရှိခဲ့ပြီး အဲ့ဆန္ဒကို ဖြည့်ဆည်းနိုင်မှသာ နောက်ဘဝကို ကူးပြောင်းနိုင်မယ်လို့ ဆိုပါတယ်။  စစချင်းကတော့ Jinta က Menma ကို မြင်တာဟာ သူ့စိတ်စွဲလို့ လို့ ထင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ တကယ်မြင်တာဖြစ်မှန်းသိသွားပါတယ်။
ဒီလိုနဲ့ Menma ရဲ့ ဆန္ဒကို ဖြည့်ဆည်းဖို့ မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်းတွေနဲ့ ပြန်တွေ့ပြီး တိုင်ပင်ပါတယ်။ သူ့သူငယ်ချင်းတွေကလည်း Jinta က Menma ကို မမေ့နိုင်သေးတဲ့အတွက် လျှောက်ပြောတာလို့ ထင်ကြတယ်။  ဇာတ်ရှိန်က တဖြည်းဖြည်း မြင့်လာတဲ့အချိန်မှာတော့ အတိတ်ကိုမမေ့နိုင်သေးတာဟာ Jinta တစ်ဦးတည်းမဟုတ်ပဲ သူ့သူငယ်ချင်းတွေလည်း မမေ့နိုင်သေးကြမှန်း သိသွားကြပါတယ်။

ဇာတ်လမ်းတည်ဆောက်သွားပုံကတော့ ရိုးရှင်းပြီး စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဇာတ်ကောင်တွေကလည်း ကောင်းတယ်လို့ ပြောလို့ရပါတယ်။ Music ကတော့ အပြစ်ပြောစရာ မရှိသလောက်ပါပဲ....အထူးသဖြင့် ending song က အင်မတန်နားထောင်ကောင်းပါတယ်။ Art ရော animation ပါ ကောင်းပါတယ်။
အချုပ်အနေနဲ့ ပြောရရင်တော့ Anohana ကို ကျွန်တော် တအားကြိုက်တယ်ရယ်လို့ မဟုတ်ပေမယ့် ကြည့်သင့်တဲ့ ဇာတ်ကားတစ်ခုပဲ ဖြစ်ပါတယ်။

Comments

Popular posts from this blog

Lookism