သုံးနိုင်ငံခေတ်(၃၅)
အခန်း(၃၅) "လျူဘေ့"(Liu Bei) သည် နန်ကျန်းတွင် ပြင်ပလောကနှင့်အဆက်အသွယ်ဖြတ်ထားသောသူနှင့်တွေ့ဆုံခြင်း။ "ရှန်ဖူ"(Shan Fu) သည် ရှင်းရဲ့တွင် အရှင်သခင်နှင့်တွေ့ခြင်း။ “ချိုက်မောက်”(Cai Mao)သည် မြို့ထဲသို့ပြန်ဝင်ခါနီးတွင် "ကျောက်ယွင်"(Zhao Yun) နှင့်စစ်သည်သုံးရာတို့သည် မြို့ထဲမှထွက်လာသည်ကိုတွေ့လိုက်သည်။ စားသောက်ပွဲတွင် သူ၏သခင်ပျောက်နေသည့်အပြင် စစ်သားအချို့တို့အပြင်ထွက်သွားသည်ကိုမြင်လိုက်သည့် "ကျောက်ယွင်"(Zhao Yun) သည် စိတ်ပူပြီးထွက်လာခြင်းဖြစ်သည်။ “ချိုက်မောက်”(Cai Mao)နှင့်မြို့အနီးတွင် တွေ့သော် "ကျောက်ယွင်"(Zhao Yun) မှ "ကျုပ်သခင် ဘယ်မှာလဲ" ဟု မေးသည်။ “ချိုက်မောက်”(Cai Mao): "သူ စားသောက်ပွဲကနေရုတ်တရတ်ထွက်သွားတယ်၊ ဘယ်သွားလည်းတော့မသိဘူး" ထိုအခါ "ကျောက်ယွင်"(Zhao Yun) သည် အလျင်စလိုမပြုမူသည်နှင့် "လျူဘေ့"(Liu Bei) ထွက်သွားသောအရပ်သို့သွားရာ တံတားမရှိ၊ ဖြတ်သန်းစရာကုန်းမြေမရှိသောမြစ်ကိုတွေ့လိုက်သည်။ သို့နှင့် နောက်ပြန်လှည့်လာပြီး “ချိုက်မောက်”(Cai Mao)အား "ခင်ဗျား ကျုပ်သခင်ကို ဘာလုပ်လိုက်လဲ...