သုံးနိုင်ငံခေတ်(၃၄)

အခန်း(၃၄)
ကန့်လန့်ကာနောက်ကွယ်မှ ချိုက်အမျိုးသမီးက လျှို့ဝှက်ချက်ကို ကြားသိခြင်း၊
တဲ့လူ(Dilu)မြင်းက ထန်(Tan) ရေစီးကြောင်းကို ဖြတ်၍ သူ၏သခင်ကို သယ်ဆောင်သွားခြင်း။


ထိုရွှေရောင်အလင်းရောင်ထွက်နေသောနေရာကို တူးကြရာ ကြေးညိုငှက်ရုပ်ကို တွေ့လေသည်။ “ချောင်ချောင်း”(Cao Cao) က သူ၏အဖော်ကို အဓိပ္ပာယ်ပြန်ခိုင်းရာ “ရွှင်ယို”(Xun You) က “ရွှန်း (Shun) မင်းမြတ် မမွေးခင်က သူ့မယ်တော်က ကျောက်စိမ်းငှက်ကို အိပ်မက်မက်တယ်ဆိုတာကို အရှင်မှတ်မိပါသလား ၊ ဒါကြောင့် ကောင်းမွန်တဲ့ နိမိတ်ပဲဖြစ်ပါတယ်။” ဟုဆိုလေသည်။ 
“ချောင်ချောင်း”(Cao Cao) လည်းလွန်စွာကျေနပ်ပြီး ချက်ချင်းပင် မျှော်စင်တစ်ခုဆောက်လုပ်စေသည်။ Zhang မြစ်ကမ်းတွင် ကြေးညိုငှက်မျှော်စင်ကို တစ်နှစ်အတွင်းဆောက်လုပ်စေလေသည်။ “ချောင်ချောင်း”(Cao Cao) ၏သားအငယ် “ချောင်ကျီ”(Cao Zhi) က “မျှော်စင်တစ်ခုဆောက်ရင် ဘေးတစ်ဖက်တစ်ချက်စီကနေ တစ်ခုစီထပ်ဆောက်သင့်တယ်။ အလယ်က အမြင့်ဆုံးမျှော်စင်ကို ကြေးညိုငှက်မျှော်စင်လို့ နာမည်ပေးပြီး ဘေးမျှော်စင်တွေက ကျောက်စိမ်းနဂါးမျှော်စင်နဲ့ ရွှေရောင်ဖီးနစ်မျှော်စင်လို့ ခေါ်မယ်။ ပြီးရင် သူတို့ကို မိုးပျံတံတားတွေနဲ့ ဆက်သွယ်လိုက်ရင် သိပ်ကို နန်းဆန်သွားလိမ့်မယ်။” ဟုဆိုလေသည်။ “ချောင်ချောင်း”(Cao Cao) က “ငါ့သား ၊ မင်းပြောတာတွေက သိပ်ကောင်းတယ်။ ဒီအဆောက်အအုံသာပြီးရင် ငါ့ရဲ့ နေ၀င်ချိန်ကို ဒီမှာပဲ အေးအေးချမ်းချမ်းကုန်ဆုံးမယ်။” ဟု ပြောလေသည်။
“ချောင်ချောင်း”(Cao Cao) တွင် သား ၅ ယောက်ရှိရာ “ချောင်ကျီ”(Cao Zhi) မှာ စာအရေးအသားကောင်းမွန်ပြီး အထူးချွန်ဆုံးဖြစ်သည်။ ငယ်ရွယ်စဉ်မှာပင် ၎င်းဆောက်လုပ်နေသော မျှော်စင်ကို စိတ်ဝင်စား၍ လွန်စွာ အားရလေသည်။ ၎င်းကို အစ်ကိုဖြစ်သူ "ချောင်ဖီ"(Cao Pi)နှင့်အတူ အလုပ်ကို ကြီးကြပ်ရန် ရဲ့ကျွင်းတွင် ထားခဲ့ပြီး “ချောင်ချောင်း”(Cao Cao) က ယွမ်မျိုးနွယ်လက်အောက်ခံ စစ်သား ၅ သိန်းနှင့်အတူ မြို့တော်ကို ပြန်လေသည်။
ပြန်ရောက်သော် ဆုလာဒ်များချီးမြှင့်ပြီး ကွယ်လွန်သူ "ကောကျား"(Guo Jia) ကို “မြင့်မြတ်သောအရှင်သခင်”ဘွဲ့အပ်နှင်းလေသည်။ "ကောကျား"(Guo Jia) ၏သား "ကောရဲ့"(Guo Ye) ကို ခေါ်ယူမွေးစားလေသည်။
နောက် “ချောင်ချောင်း”(Cao Cao) သည် “လျူပြောင်း”(Liu Biao) ၏အင်အားကိုလျှော့ချရန် ကြံစည်လေသည်။ “ရွှင်ယို”(Xun You) က “စစ်တပ်ဟာ အခုမှ မြောက်ဖက်ကပြန်လာပြီး အနားယူဖို့ လိုအပ်နေပါတယ်။ နှစ်ဝက်စောင့်လို့ စစ်သားတွေဟာ အားပြန်ပြည့်လာရင် “လျူပြောင်း”(Liu Biao) နဲ့ “စွန်းချွမ်”(Sun Quan) ကို လွယ်လွယ်လေး အောင်နိုင်မှာပါ။” ဟုဆိုသည်။ “ချောင်ချောင်း”(Cao Cao) က လက်ခံပြီး သူ၏တပ်များအတွက် အနားယူနေစဉ် ကြွယ်ဝစေရန် နယ်မြေများ ၀ခြေမ်းပေးထားလေသည်။
ကျင်ကျိုး တွင် “လျူပြောင်း”(Liu Biao) သည် လာရောက်ခိုလှုံသော “လျူဘေ့”(Liu Bei) အပေါ် လွန်စွာ ရက်ရောလေသည်။ တစ်နေ့ စားပွဲကျင်းပနေစဉ် အညံ့ခံပြီးသော စစ်သူကြီး “ကျန်းဝူ”(Zhang Wu) နှင့် “ချန်စွန်း”(Chen Sun)  တို့သည် ကျန်းရှ တွင် ပြည်သူများထံမှ ခိုးယူလုယက်နေသည့်သတင်းရောက်လာသည်။ ပုန်ကန်ရန် ရည်ရွယ်သည်ပင်ဖြစ်သည်။

“လျူပြောင်း”(Liu Biao): “သူတို့သာ ပုန်ကန်ရင် ပြဿနာကြီးလိမ့်မယ်။”
“လျူဘေ့”(Liu Bei): “စိတ်ပူတော်မမူပါလင့် ၊ ကျနော်သွားပြီး ဖြေရှင်းပါမယ်။”
“လျူပြောင်း”(Liu Biao) လည်း ကျေနပ်ကာ စစ်သား ၃ သောင်းကို ပေးအပ်ပြီး ချက်ချင်းချီစေသည်။ ရောက်လျှင်ရောက်ချင်း သူပုန် ၂ ဦးက ထွက်ကာ စိန်ခေါ်လေသည်။ “လျူဘေ့”(Liu Bei)၊ “ကွမ်းယွီ”(Guan Yu)၊ “ကျန်းဖေး”(Zhang Fei) နှင့် “ကျောက်ယွင်”(Zhao Yun)  တို့သည် အလံအောက်တွင် ရပ်ပြီး ရန်သူများကို မျှော်ကြည့်လေသည်။ “ကျန်းဝူ”(Zhang Wu) သည် လှပသော မြင်းကို စီးထားသည်ကို မြင်သော် “လျူဘေ့”(Liu Bei) က “သူ့မှာ မြင်းကောင်းရှိတာပဲ” ဟုဆိုလေသည်။
ချက်ချင်းပင် “ကျောက်ယွင်”(Zhao Yun)  က မြင်းကို ဒုန်းစိုင်းပြီး လှံကိုင်ကာ ရန်သူထံ ပြေးဝင်သွားသည်။ တိုက်ခိုက်မှုမှာ လွန်စွာတိုတောင်းပြီး လှံချက်နှင့် “ကျန်းဝူ”(Zhang Wu) သေလေသည်။ ထို့နောက် “ကျောက်ယွင်”(Zhao Yun)  က သေသူ၏မြင်းကို ဆွဲကာ ပြန်လာလေသည်။ “ချန်စွန်း”(Chen Sun)  က နောက်မှလိုက်လာရာ “ကျန်းဖေး”(Zhang Fei) က ကျယ်လောင်စွာ အော်ဟစ်ပြီး ရင်ဆိုင်လေသည်။ ပထမတစ်ချက်နှင့်ပင် သူပုန်ကိုနှိမ်နင်းလိုက်သည်။ နောက်လိုက်များမှာ ပြန့်ကျဲသွားလေသည်။ “လျူဘေ့”(Liu Bei) က ကျန်းရှ ကို တည်ငြိမ်စေပြီး ကျင်ကျိုး မြို့ကို ပြန်လေသည်။
လုပ်ဆောင်ချက်ကို အားရလှသဖြင့် “လျူပြောင်း”(Liu Biao) သည် နယ်စပ်ထိမြင်းစီးကာ ကြိုဆိုလေသည်။ ပွဲတော်ကြီး ကျင်းပပေးပြီး သေရည်ခွက်များကုန်သည်အထိ သောက်သုံးကာ အောင်ပွဲခံကြလေသည်။ နယ်စားက “ငါ့ညီရဲ့ အစွမ်းကိုမြင်ရတော့ ကျင်ကျိုး မှာ အားကိုးစရာလူတစ်ယောက်ရတာပေါ့။ ဒါပေမဲ့ ၀မ်းနည်းစရာက ယွဲ့, ဝူနဲ့ ရှူနယ်စပ်တွေမှာ အချိန်မရွေး တိုက်ခိုက်ခံရနိုင်တယ်။ ရှူက “ကျန်းလု”(Zhang Lu) နဲ့ Yue နဲ့ ဝူက “စွန်းချွမ်”(Sun Quan) ကို သတိထားရမယ်။” ဟုဆိုလေသည်။
“လျူဘေ့”(Liu Bei) က “ငါ့မှာ ရဲရင့်တဲ့ စစ်သူကြီး ၃ ယောက်ရှိတယ်။ ဘယ်အလုပ်ကိုမဆို လုပ်နိုင်တယ်။ ယွဲ့ရဲ့တောင်ပိုင်းနယ်စပ်ကို စောင့်ကြပ်ဖို့ “ကျန်းဖေး”(Zhang Fei) ၊ အနောက်ဖက်က “ကျန်းလု”(Zhang Lu) ရန်က ကာကွယ်ဖို့ ကုကျီမြို့မှာ “ကွမ်းယွီ”(Guan Yu) နဲ့ “စွန်းချွမ်”(Sun Quan) ရန်က ကာကွယ်ဖို့ “စန်းရှာ”(Three Gorges) မှာ “ကျောက်ယွင်”(Zhao Yun)  က စောင့်ကြပ်ပါမယ်။ ဒါဆို ဘာများပူပန်ဖို့ရှိတော့မှာလဲ။” ဟုဆိုလေရာ နယ်စားမှာ များစွာကျေနပ်လေသည်။
“ချိုက်မောက်”(Cai Mao)   ကမူ သဘောမတူချေ။ သို့နှင့် နှမဖြစ်သူ ချိုက်အမျိုးသမီးထံသွားကာ ““လျူဘေ့”(Liu Bei) က တစ်နယ်လုံးက အရေးပါတဲ့နေရာတွေမှာ သူ့တပ်တွေချနေတယ်။ ဒါ အန္တရာယ်ကြီးပါတယ်။” ဟုပြောသည်။ ချိုက်အမျိုးသမီးလည်း အစ်ကိုဖြစ်သူ၏စကားနားဝင်ကာ ညတွင် “လျူပြောင်း”(Liu Biao) ကို “ကျင်ကျိုး ကလူတော်တော်များများက “လျူဘေ့”(Liu Bei) ကို သဘောကျကြတယ်။ သူ့ဆီကို အမြဲဝင်ထွက်နေကြတယ်။ ရှင် သတိတော့ထားရမယ်။ ငါ့အထင်တော့ သူ့ကို မြို့ထဲပေးမနေသင့်ဘူး။ အလုပ်တစ်ခုခုခိုင်းလိုက်ရင် မကောင်းဘူးလား။”
“လျူပြောင်း”(Liu Biao): ““လျူဘေ့”(Liu Bei) က လူကောင်းပါ။”
ချိုက်အမျိုးသမီး: “တခြားသူတွေက ရှင့်လိုမဟုတ်ဘူး။”
“လျူပြောင်း”(Liu Biao) က ထပ်မပြောတော့ဘဲ တကိုယ်တည်း ရေရွတ်နေလေသည်။ ထို့နောက် “လျူဘေ့”(Liu Bei) ကို သွားတွေ့ရာ လွန်စွာလှပသော မြင်းကို စီးထားသည်ကို မြင်လေသည်။ ၎င်းတို့က တိုက်ပွဲမှ ရလာသော မြင်းဟု ပြောပြပြီး “လျူပြောင်း”(Liu Biao) မှချီးမွမ်းနေလေရာ လက်ဆောင်အဖြစ် “လျူဘေ့”(Liu Bei) က ပေးလိုက်သည်။ “လျူပြောင်း”(Liu Biao) လည်း ကျေနပ်ပြီး မြင်းစီးကာ ပြန်သွားလေသည်။ “ခွိုင်ယွဲ့”(Kuai Yue) ကတွေ့ကာ ရလာပုံကို မေးမြန်းလေသည်။ နယ်စားက “လျူဘေ့”(Liu Bei) ထံမှ ရကြောင်း ဖြေလေရာ “ခွိုင်ယွဲ့”(Kuai Yue) က “ကွယ်လွန်ပြီဖြစ်တဲ့ ငါ့အစ်ကို "ခွိုင်လျန်"(Kuai Liang)က မြင်းတွေအကြောင်း ပိုင်နိုင်တယ်။ ငါလည်း အနည်းအကျဉ်းတော့ သိတယ်။ ဒီမြင်းဟာ မျက်လုံးကနေ မျက်ရည်စီးကြောင်းပါတယ်။ နဖူးမှာလည်း အဖြူရောင်အမှတ်ရှိတယ်။ ဒါ တဲ့လူ(Dilu) မြင်းလို့ခေါ်ပြီး သခင်ကို အန္တရာယ်ပြုတတ်ပါတယ်။ ဒါကြောင့် “ကျန်းဝူ”(Zhang Wu) သေရတာ။ အရှင့်ကို မစီးဖို့ အကြံပြုပါရစေ။” ဟုလျှောက်လေသည်။
“လျူပြောင်း”(Liu Biao) လည်း စဉ်းစားလေသည်။ ထို့နောက် “လျူဘေ့”(Liu Bei) ကိုဖိတ်ကာ “မင်းက ငါ့ကို ကြင်နာလို့ မြင်းတစ်ကောင် လက်ဆောင်ပေးခဲ့တာကို ငါဝမ်းသာလှတယ်။ ဒါပေမဲ့ မင်းရဲ့ ခရီးတွေမှာ လိုအပ်နိုင်လို့ မင်းကို ပြန်ပေးပါတယ်။” ဟုပြောသည်။ “လျူဘေ့”(Liu Bei) က ထကာ ကျေးဇူးတင်လေသည်။

ဆက်လက်၍ “မင်း ဒီမှာ နေရတာ ကြာပြီဆိုတော့ မင်းရဲ့ သူရဲကောင်းဂုဏ်ကို ဖျက်ဆီးမိမှာ စိုးရိမ်မိတယ်။ အခု ရှန်းရန် က ရှင်းရဲ့ မြို့ဟာ ဆင်းရဲမှုကင်းတဲ့မြို့ပဲ။ မင်းအဲဒီမှာ မင်းကိုယ်ပိုင်တပ်နဲ့ မနေထိုင်ချင်ဘူးလား။” ဟုဆိုသည်။
“လျူဘေ့”(Liu Bei) က ဤကမ်းလှမ်းချက်ကို အမိန့်အဖြစ်ခံယူပြီး နယ်စားကို နှုတ်ဆက်ပြီးသည်နှင့် ချက်ချင်းထွက်ခွာလေသည်။ ထို့နောက် ရှင်းရဲ့ တွင် တာဝန်ထမ်းလေသည်။
ကျင်ကျိုး မြို့မှအထွက်တွင် ၎င်းကို အရိုအသေပေးနေသူတစ်ယောက်ကိုမြင်လေသည်။ ထိုသူက “မင်း ဒီမြင်းကို မစီးသင့်ဘူး။” ဟုဆို၏။ “လျူဘေ့”(Liu Bei) ကထိုသူကို ကြည့်ပြီး “လျူပြောင်း”(Liu Biao) ၏အတွင်းရေးမှူးတစ်ယောက်ဖြစ်သူ Shanyang နယ်ခံ “ရီကျီ”(Yi Ji) ဖြစ်ကြောင်းမှတ်မိလေသည်။ သို့နှင့် မြင်းပေါ်မှ လျင်မြန်စွာဆင်းကာ အကြောင်းကိုမေးမြန်းသည်။
“ရီကျီ”(Yi Ji): “မနေ့က “ခွိုင်ယွဲ့”(Kuai Yue) က နယ်စားကို ဒီမြင်းဟာ တဲ့လူ(Dilu)မြင်းဖြစ်ပြီး စီးသူကို ဒုက္ခပေးလိမ့်မယ်လို့ ပြောတာကို ကြားပါတယ်။ ဒါကြောင့် မင်းကို ပြန်ပေးတာ။ မင်းက ဘာလို့ ပြန်စီးနေတာလဲ။”
“လျူဘေ့”(Liu Bei): “မင်းရဲ့စေတနာက ငါ့ရင်ကို လှုပ်ခါစေတယ်။ ဒါပေမဲ့ လူတစ်ယောက်ရဲ့ ဘ၀ကို သူ့ကံကသာ လွှမ်းမိုးနိုင်မယ်။ မြင်းတစ်ကောင်က မဆုံးဖြတ်နိုင်ပါဘူး။”
“ရီကျီ”(Yi Ji) က “လျူဘေ့”(Liu Bei) ၏အမြင်ကို လေးစားကာ ထိုမှစ၍ “လျူဘေ့”(Liu Bei) နှင့် အဆက်အသွယ်မပြတ်ရှိလေသည်။ 
ရှင်းရဲ့ သို့ “လျူဘေ့”(Liu Bei) ရောက်ရှိလာခြင်းသည် ပြည်သူများအဖို့ ပျော်ရွှင်ဝမ်းမြောက်စရာဖြစ်ပြီး အုပ်ချုပ်မှုစနစ်တစ်ခုလုံးကို အသစ်ဖွဲ့စည်းလေသည်။
ကျန်းအန်းနှစ်တစ်ဆယ့်နှစ်နှစ်မြောက်နွေဦး (AD 207) တွင် “လျူဘေ့”(Liu Bei) ၏ဇနီး Gan အမျိုးသမီးသည် "လျူရှန်"(Liu Shan)ကို ဖွားမြင်လေသည်။ ထိုညတွင် ကြိုးကြာငှက်တစ်ကောင်သည် အိမ်ခေါင်မိုးပေါ်နားကာ အကြိမ် ၄၀ မျှ မြည်တွန်ပြီး အနောက်ဖက်သို့ ထွက်သွားလေသည်။ မီးဖွားချိန် အခန်းထဲတွင် ထူးဆန်းသော အမွှေးနံ့တစ်ခုကိုရလေသည်။ တစ်ညကလည်း Gan အမျိုးသမီးသည် အိပ်မက်ထဲတွင် ကောင်းကင်ကို မော့ကြည့်နေစဉ် ၀က်ဝံပုံကြယ်စဉ်တန်းသည် သူ၏လည်ချောင်းထဲ ဆင်းသက်လာသည်ဟု မက်လေသည်။ ထို့နောက် ပဋိသန္ဓေတည်သည်ဟု ဆိုလေသည်။

“ချောင်ချောင်း”(Cao Cao) မြောက်ဖက်သို့ ခရီးထွက်နေစဉ် မြို့တော်တွင် လစ်လပ်နေ၍ “လျူဘေ့”(Liu Bei) က “လျူပြောင်း”(Liu Biao) ကို “ဒီအခွင့်အရေးကို ယူပြီး မြို့တော်ကိုချီတက်ပါလား။ တိုင်းပြည်သစ်တစ်ခုကို ထူထောင်ဖို့ လမ်းစဖြစ်သွားနိုင်တယ်။” ဟု အကြံပေးသည်။ “လျူပြောင်း”(Liu Biao) က “ငါက ဒီမှာ အခြေကျနေတာ။ ဘာလို့ တခြားနေရာကို တိုက်ရမှာလဲ။” ဟုဆိုသည်။ 
“လျူဘေ့”(Liu Bei) လည်း ထပ်မဆိုဘဲ ဆိတ်ဆိတ်နေလေသည်။ ထို့နောက် နယ်စားက သီးသန့်ဆောင်ကို ခေါ်ကာ သောက်ကြလေသည်။ အတန်ငယ်သေရည်ရစ်လေသော် “လျူပြောင်း”(Liu Biao) သည် စိတ်ညစ်စွာ သက်ပြင်းချလေသည်။
“လျူဘေ့”(Liu Bei): “အစ်ကိုကြီး ၊ ဘာလို့များ သက်ပြင်းချရတာလဲ။”
“လျူပြောင်း”(Liu Biao): “ငါ့မှာ ပြောပြရခက်တဲ့ စိတ်ညစ်စရာတစ်ခုရှိနေတယ်။”
“လျူဘေ့”(Liu Bei) က မေးမည်ပြုစဉ် ချိုက်အမျိုးသမီးကလည်း ကန့်လန့်ကာအကွယ်မှ နားထောင်နေလေသည်။ သို့သော် “လျူပြောင်း”(Liu Biao) မှာ ခေါင်းငိုက်စိုက်ကျကာ အိပ်ပျော်သွားလေတော့သည်။ “လျူဘေ့”(Liu Bei) လည်း ရှင်းရဲ့ သို့ပြန်ခဲ့သည်။
ဆောင်းအ၀င်တွင် “ချောင်ချောင်း”(Cao Cao) သည် လျူချန်မှာပြန်လာသည်ဟူသောသတင်းကို ကြားရသော် “လျူဘေ့”(Liu Bei) မှာ သူ၏အဖော်က သူ့စကားနားမထောင်သည့်အတွက် သက်ပြင်းချမိလေသည်။ ထိုစဉ် နယ်စားထံမှ ချက်ချင်းလာရန် စာရလေရာ ကျင်ကျိုး မြို့ကို အပြေးသွားလေသည်။ လှိုက်လှဲစွာ ကြိုဆိုခံရပြီး သီးသန့်ဆောင်တွင် စားသောက်ရန် ခေါ်သွားလေသည်။
“လျူပြောင်း”(Liu Biao): ““ချောင်ချောင်း”(Cao Cao) ပြန်လာပြီ။ အရင်ကထက်တောင် အင်အားကြီးလာသေးတယ်။ သူ ဒီနယ်ကိုပါ သိမ်းမှာစိုးရတယ်။ မင်းအကြံကိုမလိုက်နာမိတာ ငါအခွင့်အရေးတစ်ခု လက်လွတ်သွားပြီ။”
“လျူဘေ့”(Liu Bei): “အခုလိုပျက်ယွင်းနေတဲ့ကာလမှာ အဖက်ဖက်က တိုက်ခိုက်မှုတွေကြုံနေတော့ နောက်ထပ်အခွင့်အရေးမရှိတော့ဘူးလို့ ပြောလို့မရပါဘူး။ ပေးလာတဲ့အခါ အရအမိဆုပ်ကိုင်နိုင်ရင် နောင်တရစရာမရှိနိုင်ပါဘူး။”
“လျူပြောင်း”(Liu Biao): “မင်းပြောတာ အချက်ကျတယ်။”
၎င်းတို့ ၂ ယောက်သည် ဆက်လက်သောက်သုံးကြပြီး “လျူပြောင်း”(Liu Biao) ငိုကြွေးနေသည်ကို သတိထားမိလေသည်။ အကြောင်းကို မေးမြန်းသော်
“လျူပြောင်း”(Liu Biao): “ငါ ဟိုနေ့က ပြောဖို့အခွင့်မရလိုက်တဲ့ကိစ္စပါ။”
“လျူဘေ့”(Liu Bei): “အစ်ကိုကြီးရယ် ၊ ဘာအခက်အခဲရှိလဲဆိုတာသာ ပြောပြပါ။ ငါ မင်းကို အစွမ်းကုန်ကူညီမှာပေါ့။”
“လျူပြောင်း”(Liu Biao): “ငါ့ရဲ့ ပထမဇနီး Chen အမျိုးသမီးက “လျုချီ”(Liu Qi) ကို မွေးပေးတယ်။ သူက စိတ်ထားကောင်းပေမဲ့ အားနည်းတော့ ငါ့ကို ဆက်ခံဖို့ မသင့်တော်ဘူး။ နောက်ဇနီး ချိုက်အမျိုးသမီးက "လျူကျုံး"(Liu Zong)ကို မွေးပေးတယ်။ သူကတော့ ထက်မြက်ပါတယ်။ ငါက အငယ်ကို လွှဲပေးရန် ဓလေ့ကို ဖောက်ဖျက်ရာကျမယ်။ အကြီးကိုပေးပြန်တော့ ချိုက်မိသားစုက ငြိမ်နေမှာမဟုတ်ဘူး။ နောက် စစ်တပ်က သူတို့လက်ထဲမှာ။ ဒီတော့ ပြဿနာတွေတက်လိမ့်မယ်။ ငါမဆုံးဖြတ်နိုင်ဘူး။”
“လျူဘေ့”(Liu Bei): “အကြီးကို ဘေးဖယ်ပြီး အငယ်ကိုတင်တဲ့ ရလာဒ်တိုင်းက အရှုပ်အထွေးကိုပဲ ဦးတည်ပါတယ်။ ချိုက်လူစုရဲ့ အင်အားကိုကြောက်ရင် တဖြည်းဖြည်းနဲ့ အင်အား ၊ လွှမ်းမိုးမှုကို လျှော့ပစ်ပါ။ မင်းရဲ့ သဘောကျမှုနဲ့တော့ အငယ်ကို နန်းတင်တာ မလုပ်ပါနဲ့။”
“လျူပြောင်း”(Liu Biao) လည်း ဆိတ်ဆိတ်နေလေသည်။ ချိုက်အမျိုးသမီးက သီးသန့်ဆောင်သို့ဝင်သွားသည်ကို သံသယမကင်းဖြစ်ကာ ကန့်လန့်ကာနောက်မှ ခိုးနားထောင်လေသည်။ “လျူဘေ့”(Liu Bei) ၏သဘောထားအပေါ် များစွာ မကျေမနပ်ဖြစ်လေသည်။
“လျူဘေ့”(Liu Bei) လည်း ၎င်းပေးမိသောအကြံအတွက် စိုးရိမ်ကာ ပြန်ရန် ထလေသည်။ ထစဉ် လေးလံနေသည်ကို သတိပြုမိပြီး အတိတ်ကိုပြန်တမ်းတမိကာ မျက်ရည်စီးကျလေသည်။ ပြန်ထိုင်သော် အိမ်ရှင်က မျက်ရည်များကို သတိပြုမိပြီး အကြောင်းကို မေးလေသည်။
“လျူဘေ့”(Liu Bei): “အရင်က ငါဟာ မြင်းပေါ်ကကို မဆင်းခဲ့ဘူး။ ငါဟာလည်း ပိန်ပိန်လေးပဲ။ ခုတော့ဘာမှမလုပ်တော့ အဆီတွေရစ်လာပြီ။ နေ့တွေ လတွေလည်း အလဟဿကုန်နေပြီ။ အသက်ကမကြာခင်ကြီးလာတော့မှာ ၊ ဘာမှဖြစ်မြောက်တယ်ဆိုတာ မရှိသေးဘူး။ ဒါကြောင့် ၀မ်းနည်းတာပါ။”
“လျူပြောင်း”(Liu Biao): “မင်း Xuchang မှာ ရှိတုန်းက မင်းနဲ့ “ချောင်ချောင်း”(Cao Cao) သူရဲကောင်းတွေအကြောင်း ဆွေးနွေးတာ ကြားဖူးတယ်။ “ချောင်ချောင်း”(Cao Cao) က မင်းပြောတဲ့ နာမည်တိုင်းကို ငြင်းပြီး သူနဲ့ မင်းသာ တကယ့်သူရဲကောင်းလို့ ပြောတယ်။ သူ့ရဲ့ အင်အား ၊ လုပ်ပိုင်ခွင့်နဲ့တောင် မင်းထက်သာကြောင်း မပြောရဲဘူးဆိုတော့ ဘာမှမလုပ်ဆောင်နိုင်ဘူးဆိုပြီး ငိုစရာမလိုဘူးထင်တယ်။”
သေရည်အရှိန်နှင့် “လျူဘေ့”(Liu Bei) လည်း ဤမြှောက်ပင့်သောစကားတွင် “ငါ့မှာ စထွက်ဖို့နေရာတစ်နေရာရှိရင် အရူးတွေနဲ့ပြည့်နေတဲ့ကမ္ဘာမှာ ငါဘယ်သူ့မှ မကြောက်ဘူး။” ဟု စကားကျွံမိလေသည်။
အိမ်ရှင်မှာ မည်သည့်စကားမျှမဆိုချေ။ “လျူဘေ့”(Liu Bei) လည်း စကားကျွံမိသည်ကိုသတိရပြီး မူးချင်ယောင်ဆောင်ကာ ပြန်ရန် နှုတ်ဆက်လေသည်။
“လျူပြောင်း”(Liu Biao) မှာ အထက်ပါစကားများကြားသော် များစွာစိတ်မသက်မသာဖြစ်လေသည်။ ဧည့်သည်ပြန်သော် အတွင်းဆောင်ဝင်လေရာ ဇနီးဖြစ်သူနှင့် တွေ့လေသည်။ ချိုက်အမျိုးသမီးက “ငါက ကန့်လန့်ကာနောက်ရောက်နေလို့ “လျူဘေ့”(Liu Bei) ရဲ့စကားတွေ ကြားမိတယ်။ သူ့စကားတွေက အရိုအသေကင်းပြီး ရှင့်နယ်ကို သိမ်းနိုင်ရင် သိမ်းမယ်လို့ ပြောတာပဲ။ သူ့ကို မဖယ်ရှားရင် ရှင်ဒုက္ခရောက်တော့မယ်။” ဟုဆိုလေသည်။
“လျူပြောင်း”(Liu Biao) ကစကားမပြန်ဘဲ ခေါင်းသာရမ်းလေသည်။
ချိုက်အမျိုးသမီးက “ချိုက်မောက်”(Cai Mao)   နှင့်တိုင်ပင်ရာ ၎င်းက “ဧည့်ဆောင်ကိုသွားပြီး အရင်လုပ်ကြံပါမယ်။ နောက်မှ သတင်းပို့တာပေါ့။” ဟုဆိုရာ Cai အမျိုးသမီးက သဘောတူသည်။ စစ်သားတစ်စုကို အစီအစဉ်ကိုပြောပြလေသည်။
“လျူဘေ့”(Liu Bei) က ၁ တိုင်တည်းသော ဖရောင်းတိုင်အလင်းရောင်နှင့် နာရီ ၃ ချက်တီးထိ နေနေပြီး အိပ်ရန်ပြင်လေသည်။ ထိုစဉ် တံခါးခေါက်သံကြားရပြီး “ရီကျီ”(Yi Ji) ၀င်လာသည်။ ၎င်းက အစီအစဉ်ကိုကြားသိပြီး ညအမှောင်တွင် သခင်အသစ်ကို လာရောက်သတင်းပေးခြင်းဖြစ်သည်။ အစီအစဉ်ကိုပြောပြပြီး လျင်မြန်စွာထွက်ပြေးရန် တိုက်တွန်းသည်။ 
“လျူဘေ့”(Liu Bei): “ငါ့အိမ်ရှင်ကို နှုတ်မဆက်ရသေးဘူး။ ငါဘယ်လိုသွားနိုင်မှာလဲ။”
“ရီကျီ”(Yi Ji): “သူ့ကိုနှုတ်ဆက်နေရင် ချိုက်လူစု လက်ချက်မိလိမ့်မယ်။”
သို့နှင့် “လျူဘေ့”(Liu Bei) လည်း ခပ်သွက်သွက်နှုတ်ဆက်ကာ အစောင့်တို့ကိုခေါ်ပြီး မြင်းပေါ်တက်ကာ ရှင်းရဲ့ ကိုပြန်လေသည်။ ၎င်းတို့ထွက်ခွာပြီးမကြာမီ စစ်သားများရောက်လာသော်လည်း လွတ်မြောက်သွားပြီဖြစ်သည်။
လုပ်ကြံမှုမအောင်မြင်ခြင်းက “ချိုက်မောက်”(Cai Mao)   ကို စိတ်ပျက်စေနိုင်သော်လည်း ၎င်းက မရိုးသားသော စာသားများကို နံရံပေါ်တွင် ရေးခြစ်ပြီး “လျူပြောင်း”(Liu Biao) ထံလျှောက်တင်လေသည်။ ““လျူဘေ့”(Liu Bei) မှာ မသမာတဲ့အကြံတွေရှိပါတယ်။ နံရံပေါ်ကစာတွေကြည့်ပြီး သိနိုင်ပါတယ်။ မြန်မြန်ထွက်ခွာသွားတာကလည်း သံသယ၀င်စရာပါ။” ဟုဆိုလေသည်။

“လျူပြောင်း”(Liu Biao) က မယုံသော်လည်း ဧည့်ဆောင်ကို သွားကြည့်လေသည်။ နံရံပေါ်ရှိ စာကိုမြင်သော် ဒေါသထွက်ပြီး ဓားကိုထုတ်ကာ ရေးသူကိုသတ်မည်ဟု ကြုံးဝါးလေသည်။ သို့သော် မကြာမီပင် ဒေါသပျောက်သွားပြီး “သူ့အကြောင်းကောင်းကောင်းသိတယ်။ ကဗျာရေးလေ့ရှိတဲ့သူမဟုတ်ဘူး။ ငါတို့ကို သွေးကွဲစေချင်တဲ့သူလက်ချက်ပဲ။” ဟုတကိုယ်တည်း ရေရွတ်လေသည်။ ထို့နောက် စာသားကို ဓားဖြင့်ခြစ်ပစ်ကာ ဓားကိုသိမ်း မြင်းကိုစီးကာ အိမ်ပြန်ခဲ့လေသည်။
“ချိုက်မောက်”(Cai Mao)   က “စစ်သားတွေက ရှင်းရဲ့ ကိုသွားပြီး “လျူဘေ့”(Liu Bei) ကိုဖမ်းဖို့ အရှင့်အမိန့်ကို စောင့်နေပါတယ်။” ဟု ခဏခဏဆိုသော်လည်း “လျူပြောင်း”(Liu Biao) က အလျင်လိုစရာမရှိ ဟု ငြင်းပယ်လေသည်။
၎င်း၏ယောက်ဖ တုံ့ဆိုင်းနေသည်ကိုမြင်သော် နှမဖြစ်သူကို တိုက်တွန်းပြန်သည်။ သူက “မကြာခင် ရှန်းရန် မှာ ဆုံဖို့ ရှိလိမ့်မယ်။ အဲ့နေ့မှာ တစ်ခုခုလုပ်ကြတာပေါ့။” ဟုဆိုသည်။
နောက်နေ့တွင် “ချိုက်မောက်”(Cai Mao)   က “အရှင် ၊ ငါတို့စပါးတွေအကြီးအကျယ်အောင်ထားတယ်။ ရှန်းရန် မှာလုပ်မယ့် ကောက်သစ်ပွဲတော်ကို တက်ရောက်စေချင်တယ်။ ဒါက ပြည်သူတွေအတွက် အားဆေးတစ်ခွက်ပဲ။” ဟုတိုက်တွန်းလေသည်။
“လျူပြောင်း”(Liu Biao): “ငါ ဒီရက်ပိုင်း နေသိပ်မကောင်းလို့ ၊ ငါမသွားနိုင်ဘူး။ ငါ့သား၂ယောက်က ငါ့ကိုယ်စားသွားပါစေ။”
“ချိုက်မောက်”(Cai Mao)  : “သူတို့က လူငယ်တွေဆိုတော့ အမှားလုပ်မိနိုင်တယ်။”
“လျူပြောင်း”(Liu Biao): “ဒါဆို ရှင်းရဲ့ ကိုသွားပြီး “လျူဘေ့”(Liu Bei) ကို အကူအညီတောင်းလိုက်ပါ။”
“ချိုက်မောက်”(Cai Mao)   လည်း ကျေနပ်သွားပြီး အချိန်မဆိုင်းဘဲ “လျူဘေ့”(Liu Bei) ထံစာပို့လေသည်။
“လျူဘေ့”(Liu Bei) သည် ထိုညက ချောမွေ့စွာ ပြန်ရောက်လေသည်။ စကားကျွံမိသည်ကို ဖြေရှင်းရန် မကြိုးစားတော့သဖြင့် မည်သူနှင့်မျှမတိုင်ပင်ချေ။ ထိုစဉ် ပွဲတော်အကြောင်း စာရောက်လာသဖြင့် အစည်းအ၀ေးခေါ်ရလေသည်။
"စွန်းချန်"(Sun Qian): “အရှင်ကြည့်ရတာ ခုတလော ထိတ်လန့်စိုးရိမ်နေတယ်။ ငါ့အထင် ကျင်ကျိုး အပေါ်မကောင်းပြုမိတယ်ထင်တယ်။ ဒီဖိတ်ကြားမှုကိုလက်မခံခင် သေချာစဉ်းစားသင့်တယ်။”
“လျူဘေ့”(Liu Bei) က အကြောင်းစုံရှင်းပြလေသည်။
“ကွမ်းယွီ”(Guan Yu): “မင်းကသာ စော်ကားမိတယ်ထင်တာ၊ သူက မကျေနပ်တဲ့အမူအရာမပြပါဘူး။ “ရီကျီ”(Yi Ji) လိုအပြင်လူတွေစကားနားမထောင်ပါနဲ့။ ရှန်းရန် ကနီးနီးလေးမှာ၊ မသွားရင် သံသယ၀င်လိမ့်မယ်။”
“လျူဘေ့”(Liu Bei): “မင်းပြောတာမှန်တယ်။”
“ကျန်းဖေး”(Zhang Fei): “ပွဲတော်တွေကမကောင်းဘူး။ ဒီလိုဆုံစည်းတာတွေက ပိုမကောင်းဘူး။ မသွားတာ အကောင်းဆုံးပဲ။”
“ကျောက်ယွင်”(Zhao Yun) : “ငါ့ကို မြင်းစီးနဲ့ ခြေလျင်စစ်သည် ၃ ရာနဲ့ လိုက်ခွင့်ပြုပါ။ ဒါဆို ပြဿနာမရှိတော့ဘူး။”
“လျူဘေ့”(Liu Bei): “ဒီအကြံအကောင်းဆုံးပဲ။”
မကြာမီ ဆုံမှတ်သို့ သွားကြပြီး “ချိုက်မောက်”(Cai Mao)   က နယ်စပ်တွင် ရိုကျိုးခင်မင်ဟန်အပြည့်နှင့် ကြိုဆိုနေလေသည်။ မကြာမီ နယ်စား၏သားတော်များ ရောက်ရှိလာလေသည်။ ၎င်းတို့ကို မြင်မှ “လျူဘေ့”(Liu Bei) စိတ်သက်သာရာရသွားသည်။ “လျူဘေ့”(Liu Bei) ကို ဧည့်ဆောင်ကို ခေါ်ဆောင်သွားလေရာ “ကျောက်ယွင်”(Zhao Yun)  က သူ၏လူများကို သေချာစွာစောင့်ကြပ်စေပြီး ကိုယ်တိုင်က လက်နက်အပြည့်နှင့် သခင့်အနီးတွင် စောင့်ကြပ်နေလေသည်။
“လျုချီ”(Liu Qi): “ငါ့အဖေနေမကောင်းလို့ မလာနိုင်တာပါ။ ဦးရီးကို ပွဲဦးဆောင်ကျင်းပပေးပြီး မှူးမတ်တွေကို အားပေးဖို့ အကူအညီတောင်းလိုက်ပါတယ်။”
“လျူဘေ့”(Liu Bei): “ငါ ဒီတာဝန်တွေနဲ့ မသင့်တော်ပါဘူး။ ဒါပေမဲ့ ငါ့အစ်ကိုရဲ့စကားကို နားထောင်ရမှာပေါ့။”
နောက်နေ့တွင် ကျင်ကျိုး ၏ နယ်မြေ ၉ ခု ၊ ၄၂ ခရိုင်မှ အမှုထမ်းများရောက်ရှိကြောင်း သတင်းပို့လေသည်။
“ချိုက်မောက်”(Cai Mao)  : ““လျူဘေ့”(Liu Bei) က ဒီခေတ်ရဲ့ ရန်သူပဲ။ သူအသက်ရှင်နေရင် ငါတို့ကို ဒုက္ခပေးမှာပဲ။ သူ့ကိုရှင်းပစ်ရမယ်။”
“ခွိုင်ယွဲ့”(Kuai Yue): “မင်း သူ့ကိုထိခိုက်ရင် လူတိုင်းက အမြင်မကြည်မှာ စိုးရိမ်မိတယ်။”
“ချိုက်မောက်”(Cai Mao)  : “ငါ နယ်စားနဲ့ တိတ်တဆိတ်ညှိနှိုင်းပြီးလို့ သူ့အမိန့်ကို ရထားပြီ။”
“ခွိုင်ယွဲ့”(Kuai Yue): “ဒါဆိုရင် ပြေလည်ပါပြီ။ ပြင်ဆင်ကြစို့။”
“ချိုက်မောက်”(Cai Mao)  : “ငါ့ညီအစ်ကိုတွေက အဆင်သင့်ပဲ။ "ချိုက်ဟဲ"(Cai He)က အရှေ့တံခါးကနေ Xian တောင်ကုန်းသွားတဲ့လမ်းမှာ နေရာယူထားတယ်။ "ချိုက်ကျုံး"(Cai Zhong)နဲ့ "ချိုက်ရွှင်"(Cai Xun)က မြောက်နဲ့ တောင်လမ်းတွေမှာ၊ အနောက်ဖက်ကတော့ ထန်(Tan)ရေစီးကြောင်းရှိတော့ တပ်ချထားစရာမလိုပါဘူး။ ဘယ်လိုလူစွမ်းကောင်းရှိရှိ “လျူဘေ့”(Liu Bei) မလွတ်နိုင်ပါဘူး။”
“ခွိုင်ယွဲ့”(Kuai Yue): ““ကျောက်ယွင်”(Zhao Yun)  က သူ့နားကမခွာဘူး။ ရိပ်မိပုံရတယ်။”
“ချိုက်မောက်”(Cai Mao)  : “မြို့ထဲမှာ လူ ၅ ရာ ကင်းပုန်းချထားတယ်။”
“ခွိုင်ယွဲ့”(Kuai Yue): ““ဝင်ဖင်”(Wen Ping)  နဲ့ “ဝမ်ဝေ”(Wang Wei) ကတဆင့် စစ်တပ်အမှုထမ်းအားလုံးကို မြို့ပြင်က အိမ်တစ်လုံးမှာ ပွဲလုပ်ပေးမယ်။ “ကျောက်ယွင်”(Zhao Yun)  လည်း အပါအ၀င်ပေါ့။ ဒါဆိုအခွင့်ကောင်းပဲ။”
“ချိုက်မောက်”(Cai Mao)   လည်း ထိုအစီအစဉ်ကို သဘောကျလေသည်။


နွားများ ၊ မြင်းများကိုသတ်ကာ ပွဲတော်ကြီးကို ကျင်းပကြလေသည်။ “လျူဘေ့”(Liu Bei) သည် နိမိတ်ဆိုးဟုသတ်မှတ်ခံရသော မြင်းကိုစီးကာ သွားသည်။ ရောက်ရှိသော် မြင်းကို အနောက်သို့ခေါ်သွားပြီး ကြိုးချည်ထားသည်။ မကြာမီ ဧည့်သည်များရောက်လာသဖြင့် “လျူဘေ့”(Liu Bei) က ပွဲကျင်းပသူအဖြစ် နယ်စား၏သား ၂ ယောက်နှင့်အတူ ကြိုဆိုလေသည်။ ဧည့်သည်များကို ရာထူးအလိုက် နေရာချပေးသည်။ “ကျောက်ယွင်”(Zhao Yun)  က ဓားကိုကိုင်ကာ သခင့်အနီးတွင် စောင့်ကြပ်လေသည်။
“ဝင်ဖင်”(Wen Ping)  နှင့် “ဝမ်ဝေ”(Wang Wei) တို့က “ကျောက်ယွင်”(Zhao Yun)  ကိုလာရောက်ဖိတ်ကြားသော်လည်း ငြင်းပယ်လိုက်သည်။ သို့သော် “လျူဘေ့”(Liu Bei) ကလွှတ်သဖြင့် နောက်ဆုံးတွင်လိုက်သွားသည်။ “ချိုက်မောက်”(Cai Mao)   က ၎င်း၏အစီအစဉ်များကို သေချာစေပြီး စစ်သားများကို ပတ်လည်မှဝိုင်းစေသည်။ “လျူဘေ့”(Liu Bei) ၏အစောင့် ၃ ရာကို ဧည့်ဆောင်သို့စေလွှတ်လိုက်သည်။ အရာအားလုံးအဆင်သင့်ဖြစ်ပြီး အချက်ပြမှုကိုစောင့်နေလေသည်။
ထိုစဉ် “ရီကျီ”(Yi Ji) က အရက်ခွက်ကို ကိုင်ကာ “လျူဘေ့”(Liu Bei) ထံချဉ်းကပ်လာပြီး အဓိပ္ပာယ်ပါသောအကြည့်ဖြင့်ကြည့်ကာ လေသံတိုးတိုးဖြင့် “ထွက်သွားဖို့ အကြောင်းရှာတော့။” ဟုဆိုလေသည်။
“လျူဘေ့”(Liu Bei) က သဘောပေါက်ကာ အတွင်းဆောင်မှတဆင့် နောက်ဖက်သို့သွားသည်။ “ရီကျီ”(Yi Ji) ကစောင့်နေပြီး ““ချိုက်မောက်”(Cai Mao)   က သတ်ဖို့ကြံနေတယ်။ အနောက်ဖက်ကလွဲပြီး လမ်းအကုန်ပိတ်ထားတယ်။ အချိန်မဆိုင်းဘဲ ထွက်ပြေးရပါမယ် အရှင်။” ဟု ပြောသည်။
“လျူဘေ့”(Liu Bei) လည်း တဲ့လူ(Dilu)မြင်းကို စီးကာ အနောက်ဖက်တံခါးမှထွက်လေသည်။ တံခါးစောင့်များက မေးသော်လည်း ပြန်မဖြေဘဲ ဒုန်းစိုင်းလေသည်။ ထိုသတင်းကို “ချိုက်မောက်”(Cai Mao)   ကြားသော် စစ်သည် ၅ ရာနှင့် လိုက်လေသည်။
“လျူဘေ့”(Liu Bei) သည် အနောက်ဖက်တံခါးမှထွက်ပြီးမကြာမီ ထန်ရေစီးကြောင်းနှင့် တွေ့လေသည်။ အထွာပေါင်းများစွာကျယ်ပြီး ရေစီးလွန်စွာသန်လေသည်။ ကမ်းခြေသို့ရောက်သော် မကူးနိုင်မှန်းသိသဖြင့် နောက်ဆုတ်ရန်ပြင်သည်။ နောက်တွင်လည်း ဖမ်းဆီးသူများလိုက်လာရာ ရေစီးကိုသာဖြတ်ရလေသည်။ အနည်းငယ်မျှသွားပြီးသော် မြင်းခြေ ၄ ဖက်လုံး ဒူးထောက်ကျလေသည်။ ၎င်းက “တဲ့လူ(Dilu) ဘာလို့ငါ့ကို သစ္စာဖောက်ရတာလဲ။” ဟုငိုကြွေးရာ မြင်းကောင်းမှာ တစ်ချက်တည်းနှင့် အနောက်ဖက်ကမ်းရောက်အောင် ခုန်လိုက်လေသည်။ သို့နှင့် “လျူဘေ့”(Liu Bei) လည်းမြစ်ကိုဖြတ်နိုင်လိုက်လေသည်။ တစ်ဖက်ကမ်းရှိ “ချိုက်မောက်”(Cai Mao)   က “ဘာလို့ ပွဲတော်ကထွက်ပြေးတာလဲ။”



“လျူဘေ့”(Liu Bei): “မင်းကို ဘာမှရန်မပြုတဲ့သူကို မင်းကဘာလို့ဒုက္ခပေးတာလဲ။”
“ချိုက်မောက်”(Cai Mao)  : “ငါတခါမှဒီလိုမတွေးဖူးဘူး။ လူတွေပြောတိုင်းမယုံပါနဲ့။”
သို့သော် ရန်သူက လေးတင်နေသည်ကိုမြင်၍ မြင်းကိုဒုန်းစိုင်းကာ အနောက်တောင်ဖက်ထွက်ခဲ့လေသည်။ “ချိုက်မောက်”(Cai Mao)   က “ဘယ်အစွမ်းကများ သူ့ကိုကူညီနေသလဲ။” ဟု နောက်လိုက်များကို ပြောလေသည်။
ထို့နောက် မြို့ကို ပြန်ခဲ့သော် “ကျောက်ယွင်”(Zhao Yun)  ကို အစောင့်များနှင့်အတူ တွေ့လေသည်။

Comments

Popular posts from this blog

Lookism