သုံးနိုင်ငံခေတ်(၃၂)
အခန်း(၃၂) ကျိကျိုးမြို့ အသိမ်းခံရခြင်း။
"ယွမ်ရှန်"(Yuan Shang) ဒုက္ခရောက်ခြင်း။ ကျန်းမြစ်ကိုဖြတ်တောက်မှု၊
"ရွှင်ယို"(Xun You) ၏အကြံ။
"ယွမ်ရှန်"(Yuan
Shang) သည် "ရှီဟွမ်"(Shi Huan) အပေါ်အောင်နိုင်ပြီးနောက် မာနတက်သွားကာ သူ့အစ်ကိုတို့၏စစ်ကူကိုမစောင့်တော့ပဲ
လီရန်သို့စစ်သားသုံးသောင်းဖြင့်ချီတက်ကာ "ချောင်ချောင်း"(Cao Cao) ၏စစ်တပ်နှင့်တိုက်လေသည်။
"ကျန်းလျောင်"(Zhang Liao) သည် ထွက်လာပြီး စိန်ခေါ်လေရာ "ယွမ်ရှန်"(Yuan
Shang) သည် လှံကိုင်ကာတိုက်သည်။ သို့သော်လည်း အကွက်သုံးကွက်ခန့်သာခံပြီး "ယွမ်ရှန်"(Yuan
Shang) ထွက်ပြေးရလေသည်။ "ကျန်းလျောင်"(Zhang Liao) သည် အင်အားအလုံးအရင်းနှင့်တိုက်ရာ
"ယွမ်ရှန်"(Yuan Shang) သည် ကျိကျိုးသို့ထွက်ပြေးရလေသည်။ သားဖြစ်သူ၏စစ်ရှုံးမှုကြောင့်
"ယွမ်ရှောက်"(Yuan Shao) မှာ စိတ်ဓာတ်ကျကာ သွေးအန်ပြီးမေ့လဲသွားသည်။ လျူအမျိုးသမီးသည်ထိုသတင်းကိုကြားသော်
"ရှန်ဖေ"(Shen Pei) နှင့် "ဖုန်းကျီ"(Peng Ji) ကိုလွှတ်ပြီး အရိုက်အရာဆက်ခံမည့်ကိစ္စကို
လုပ်ဆောင်စေသည်။ ထိုအချိန်တွင် "ယွမ်ရှောက်"(Yuan Shao) မှာ စကားပင်မပြောနိုင်တော့ပေ၊
လက်သာလှုပ်နိုင်တော့သည်။
ထိုအချိန်တွင်
သူ၏ဇနီးမှ
"ယွမ်ရှန်"(Yuan
Shang) က ဆက်ခံရမှာလား" ဟု မေးလေရာ "ယွမ်ရှောက်"(Yuan Shao) က ခေါင်းညိတ်လေသည်။
ဘေးနားမှ "ရှန်ဖေ"(Shen Pei) ကလည်း သေတမ်းစာကိုရေးသည်။ မကြာမီပင် "ယွမ်ရှောက်"(Yuan
Shao) သည် အသံတစ်ချက်ထွက်ကာ သွေးအန်ပြီး သေဆုံးသွားလေသည်။
မနက်ဘက်တွင်
"ရှန်ဖေ"(Shen Pei) နှင့်အခြားသောသူတို့သည် ဈာပနအတွက် ပြင်ဆင်ကြသည်။ လျူအမျိုးသမီးသည်
မနာလိုဝန်တိုသဖြင့် "ယွမ်ရှောက်"(Yuan Shao) ၏မယားငယ်ငါးဦးကို သေဒဏ်ပေးစေလိုက်ပြီး သူ၏ဆံပင်ကိုဖြတ်ကာ ထိုဆံပင်ဖြင့် သေဆုံးသူတို့၏မျက်နှာကိုရိုက်စေသည်။
အကြောင်းမှာ ထိုသူငါးဦးတို့သည် တမလွန်ဘဝတွင် သူ၏ယောက်ျားနှင့်အတူတူနေနိုင်ရန်ဟူ၏။
သူ၏သားဖြစ်သူကလည်း "ကြံပင်ခုတ်၊ အမြစ်ပါမကျန်ရှင်း" ဆိုသလိုပင် ထိုဇနီးငါးဦး၏
အဆွေအမျိုးတို့ကိုပါ သေဒဏ်ပေးစေသည်။
Shen Pei
နှင့် Peng Ji တို့က Yuan Shang ကို ဘုရင့်စစ်သူကြီး ဘွဲ့နှင့် Jizhou၊ Qingzhou၊
Youzhou၊ Bingzhou နယ် ၄ နယ်၏ နယ်စားရာထူးနှင့်အတူ ဆက်ခံသူအဖြစ် ကြေညာပြီး ယခင်နယ်စားကွယ်လွန်ကြောင်းကိုပါ
နန်းတော်ကို အကြောင်းကြားသည်။
ထိုအချိန်တွင်
အကြီးဆုံးသားတော် Yuan Tan က Cao Cao ကိုတိုက်ရန် စစ်ချီနေပြီဖြစ်သည်။ ဖခင်သေဆုံးသည့်သတင်းကြားသော်
Guo Tu နှင့် Xin Ping တို့ကိုခေါ်ကာ တိုင်ပင်သည်။
Guo Tu:
“အရှင်မရှိတုန်း အရှင့်ညီရဲ့ အကြံပေး ၂ ယောက်က သူ့ကို နန်းတင်ပြီးလောက်ပြီ။”
Xin
Ping: “သူတို့ ၂ ယောက်က အစီအစဉ်ချပြီးလောက်ပြီ။ အရှင်သွားရင် ကံဆိုးမိုးမှောင်ကျတော့မယ်။”
Yuan
Tan: “ဒါဆို ဘာလုပ်သင့်လဲ။”
Guo Tu:
“မြို့နားမှာ စခန်းအရင်ချပါ။ ငါက မြို့ထဲဝင်ပြီး စနည်းနာမယ်။”
အစီအစဉ်အတိုင်း
Guo Tu က မြို့တွင်းဝင်ကာ နယ်စားသစ်နှင့် တွေ့ဆုံသည်။
Yuan
Shang: “ငါ့အစ်ကို ဘာလို့မလာတာလဲ။”
Guo Tu:
“သူဖျားနေလို့ မလာနိုင်ပါဘူး။”
Yuan
Shang: “ငါ့အဖေရဲ့ ညွှန်ကြားချက်အရ နယ်စားရာထူးယူထားတယ်။ အခု ငါ့အစ်ကိုကို မြင်းပျံတပ်စစ်သူကြီးဘွဲ့ခန့်ပြီး
နယ်စပ်က Cao Cao ကိုတိုက်စေချင်တယ်။ ငါ့တပ်ကိုပြင်ဆင်ပြီးတာနဲ့ နောက်က လိုက်ခဲ့ပါမယ်။”
Guo Tu:
“ငါတို့တပ်မှာ အကြံပေးမရှိဘူး။ Shen Pei နှင့် Peng Ji တို့ကို လိုချင်ပါတယ်။”
Yuan
Shang: “ငါလည်း အစီအစဉ်ဆွဲနေရတော့ သူတို့ကို လိုအပ်တယ်။ သူတို့မရှိဘဲ မလုပ်နိုင်လောက်ဘူး။”
Guo Tu:
“ဒါဆိုလည်း တစ်ယောက်ယောက်တော့ ပေးပါ။”
Yuan
Shang လည်း မငြင်းနိုင်ဘဲ ၎င်းတို့ ၂ ယောက်ကို မဲချစေသည်။ Peng Ji မဲပေါက်ကာ Guo Tu နှင့်အတူ
စခန်းသို့ လိုက်သွားသည်။ စခန်းသို့ရောက်၍ Yuan Tan ကျန်းကျန်းမာမာရှိသည်ကို တွေ့သော်
သံသယ၀င်ကာ နုတ်ထွက်သည်။
Yuan Tan
ကလွန်စွာစိတ်ဆိုးကာ သတ်ရန်အမိန့်ပေးသည်။ Guo Tu က “Cao Cao က နယ်စပ်မှာ ၊ အရှင့်ညီ
သံသယမ၀င်ဖို့ Peng Ji ကို ထားမှရမယ်။ Cao Cao ကို အနိုင်ရပြီးမှ Jizhou ကိုတိုက်ကြတာပေါ့။” ဟုအကြံပေးသည်။
Yuan Tan
ကသဘောတူကာ စခန်းသိမ်းကာ ရန်သူဆီ ချီတက်သည်။ Liyang ကို ရောက်ရှိပြီး ချက်ချင်းစိန်ခေါ်သည်။
Wang Zhao နှင့် Xu Huang တို့ရင်ဆိုင်တိုက်ခိုက်ကြသည်။ အချက်အနည်းငယ်မျှနှင့်
Wang Zhao အသတ်ခံရလေသည်။ Cao Cao တပ်များက ဖိတိုက်လေရာ Yuan Tan အကြီးအကျယ်ရှုံးနိမ့်လေသည်။
Yuan Tan လည်းဆုတ်ခွာကာ Liyang တွင် စစ်ကူစောင့်နေလေသည်။
Yuan
Shang ကစစ်ကူလွှတ်ရန် ဆုံးဖြတ်လိုက်သောအခါ Yuan Tan က ကျေနပ်ပြီး ရန်သူထံခိုလှုံရန် အကြံကို
စွန့်လွှတ်လိုက်လေသည်။ ၎င်းက မြို့တွင်း ၊ Yuan Sheng က မြို့ပြင်တွင် စခန်းချပြီး နွားချိုသဏ္ဍာန်
ဗျူဟာချထားသည်။
ဒုတိယညီ
Yuan Xi နဲ့ ၀မ်းကွဲညီ Gao Gan တို့ကလည်း မြို့ပြင်တွင် စခန်းချထားသည်။
နေ့စဉ်တိုက်ခိုက်ကြပြီး
Yuan Shang မှာ အကြိမ်ကြိမ်ရှုံးနိမ့်လေသည်။ တစ်ဖက်တွင် Cao Cao မှာအနိုင်ရပြီး ပျော်ရွှင်နေလေသည်။
Rebuilt Tranquillity ကာလ၏ ၂လပိုင်း ၈နှစ်မြောက်(AD 203)တွင် တပ် ၄ တပ်လုံးကို သီးခြားတိုက်ခိုက်ပြီး
အသီးသီးကို အနိုင်ရလေသည်။ Yuan မျိုးနွယ်တို့ Liyang ကိုစွန့်ခွာကြပြီး Jizhou မှခုခံသည်။
Cao Cao က Jizhou ထိ လိုက်လံတိုက်ခိုက်လေသည်။ Yuan Tan နှင့် Yuan Shang က မြို့တွင်း
၊ Yuan Xi နှင့် Gao Gan တို့က မြို့ပြင် ၁၀ မိုင်အကွာတွင် စခန်းချလေသည်။
Cao Cao က
အကြိမ်ကြိမ်တိုက်ခိုက်ပြီး အောင်မြင်မှုမရသော် Guo Jia က အကြံပေးသည်။ “Yuan ညီအစ်ကိုတွေက
ရာထူးဆက်ခံတာနဲ့ပတ်သက်ပြီး မတည့်ကြဘူး။ အားလုံးက ညီတူညီမျှ စွမ်းကြပြီး စစ်တပ်ကိုယ်စီရှိတယ်။
ငါတို့နဲ့ တိုက်နေတော့ သူတို့စည်းလုံးတယ်။ ငါတို့သာဘေးဖယ်နေရင် သူတို့အချင်းချင်းတိုက်လိမ့်မယ်။
အခု Jingzhou က Liu Biao ကို အားနည်းအောင် အရင်တိုက်ပြီး Yuan တွေကိုတော့ အချင်းချင်းတိုက်ကြပါစေ။
ပြီးမှ သူတို့ကို ရှင်းပစ်ပါမယ်။”
Cao Cao က
သဘောတူပြီး Jia Xu ကို Liyang မြို့စား ၊ Cao Hong ကို Guandu အစောင့်အဖြစ်ထားကာ
Jingzhou ကို ထွက်ခွာခဲ့ကြသည်။
Yuan Tan
နှင့် Yuan Shang ညီအစ်ကို ၂ ယောက်တို့သည် ရန်သူများဆုတ်ခွာသွားသည့်အတွက် အပြန်အလှန်
ဂုဏ်ပြုကြပြီး Yuan Xi နှင့် Gao Gan တို့လည်း ဌာနေပြန်ကြသည်။
ဤတွင် အချင်းများမှုများ
စတင်တော့သည်။ Yuan Tan က “ငါဟာ အကြီးဆုံးဖြစ်ရက်နဲ့ ထီးနန်းမဆက်ခံရဘဲ ဒုတိယမိန်းမက
မွေးတဲ့ အငယ်ဆုံးသားက ဆက်ခံတာ ငါ့ရင်ထဲ ခါးသီးလှတယ်။” ဟု Guo Tu နှင့် Xin Ping တို့ကို ပြောလေသည်။
Guo Tu က
“စစ်တပ်ကို မြို့ပြင်မှာ စခန်းချပါ။ အရှင့်ညီနဲ့ Shen Pei ကိုဖိတ်ခေါ်ပြီး လုပ်ကြံလိုက်ပါ။
လွယ်လွယ်ကူကူ ပြီးစီးသွားပါလိမ့်မယ်။” ဟုအကြံပေးသည်။
ထိုစဉ် Qingzhou မှခေါ်ထားသော အကြံပေး Wang Xiu ၀င်လာကာ “ညီအစ်ကိုတွေဆိုတာ လူတစ်ယောက်ရဲ့
ခြေလက်တွေလိုပါပဲ။ မင်းရဲ့လက်တစ်ချောင်းကို ဖြတ်ပစ်ရင် ရန်သူနဲ့တိုက်ရတော့ ဘယ်မှာအောင်မြင်နိုင်တော့မှာလဲ။
မင်းညီကို စွန့်ပစ်ရင် ဒီကမ္ဘာမှာ မင်းရဲ့ဆွေမျိုး ဘယ်သူကျန်မလဲ။ Guo Tu က အန္တရာယ်ရှိတဲ့
အကျင့်မကောင်းတဲ့ကောင် ၊ ညီအစ်ကိုကြား မသင့်မြတ်တာကနေ အမြတ်ထုတ်မှာ။ အရှင့်ရဲ့ နားတွေ
ပိတ်ထားပြီး သူဆွယ်တာကို နားမယောင်ဖို့ တောင်းပန်ပါတယ်။” ဟုဆိုကာ ကန့်ကွက်လေသည်။
Yuan Tan
မှာ များစွာ မကျေမနပ်ဖြစ်ပြီး Wang Xiu ကိုနှင်ထုတ်သည်။ ထို့နောက် ညီဖြစ်သူထံ ဖိတ်စာပို့သည်။
Yuan
Shang နှင့် Shen Pei တို့တိုင်ပင်ကြပြီး Shen Pei က “ဒါဟာ Guo Tu ရဲ့ အကြံပဲ။ အရှင်
သွားရင် သူတို့လက်ချက်မိလိမ့်မယ်။ ကိုယ်ကအရင် ဦးအောင်တိုက်ခိုက်ပါ။” ဟုဆိုသည်။ ချက်ချင်းပင် Yuan Shang
က ချီတက်သည်။ စစ်သည် ၅ သောင်းနှင့် ချီတက်လာသည်ကို အစ်ကိုဖြစ်သူမြင်သော် ၎င်း၏အကြံပျက်မှန်းသိပြီး
စစ်ကိုပြင်သည်။ တပ် ၂ တပ်နီးလာသော် Yuan Tan က ညီကို “မင်းက အဖေကို အဆိပ်ခတ်ပြီး ထီးနန်းကို
လုယူတယ်။ အခုလည်း မင်းအစ်ကိုကို သတ်တော့မယ်ပေါ့။” ဟု ပြောသည်။
Yuan
Shang က မည်သို့မျှမဆိုဘဲ ကိုယ်တိုင်တိုက်ခိုက်သည်။ မြားများ ၊ ကျောက်တုံးများကိုပင်
မမှုဘဲတိုက်လေရာ Yuan Tan ကို အနိုင်ရလိုက်သည်။ Yuan Tan က Pingyuan တွင် ခိုလှုံသည်။
Yuan Shang က ၎င်း၏မြို့တွင်း ပြန်ဝင်လေသည်။
Yuan Tan
နှင့် Guo Tu တို့က နောက်တစ်ကြိမ်တိုက်ခိုက်ရန် ပြင်ဆင်ပြီး စစ်သူကြီး Cen Bi ကို ဦးဆောင်စေသည်။
တပ် ၂ တပ်လုံးက စီတန်းပြီးနောက် Cen Bi က စိန်ခေါ်သည်။ ပထမတွင် Yuan Shang က တိုက်ရန်
ပြင်သော်လည်း Lu Kuang က ရှေ့တက်လာသည်။ Lu Kuang နှင့် Cen Bi တို့တွေ့ဆုံကြပြီး အချက်
အနည်းငယ်မျှတိုက်ပြီးသော် Cen Bi ကျလေသည်။ Yuan Tan တပ်များ နောက်တစ်ကြိမ် ချေမှုန်းခံရပြီး
Pingyuan ကိုထွက်ပြေးရသည်။ Shen Pei က လိုက်လံတိုက်ခိုက်ရန် အကြံပေးလေရာ Yuan Tan မှာ
မြို့တွင်းတွင် ပိတ်မိနေလေသည်။ မြို့မှာ ၃ဖက်၃တန်မှ အ၀ိုင်းခံထားရသည်။
Yuan Tan
က ဗျူဟာမှူးကို အကြံတောင်းသော် Guo Tu က “ဒီမြို့က ရိက္ခာနည်းတယ်။ ရန်သူကလည်း နိုင်ပွဲဆက်နေတော့
ငါတို့မခံနိုင်လောက်ဘူး။ ငါ့သဘောကတော့ Cao Cao ဆီအညံ့ခံပြီး သူ့ကို Jizhou ကိုတိုက်စေမယ်။
ဒါဆို Yuan Shang ကပြန်ဆုတ်ရမှာပဲ။ ငါတို့က ကူတိုက်ရင် Cao Cao ကအသာရပြီး Yuan
Shang ကို ဖမ်းမိနိုင်တယ်။ ဒီတော့မှ Yuan Shang ဖက်ကနေ Cao Cao ကို ပြန်တိုက်မယ်။ သူ့ရိက္ခာစခန်းနဲ့ဝေးတော့
သူ့ကိုမောင်းထုတ်နိုင်တယ်။ ဒါဆိုရင် Jizhou ကို ငါတို့ သိမ်းပိုက်နိုင်ပြီ။” ဟုဆိုသည်။
Yuan
Tan: “ဒီအစီအစဉ်အတိုင်းဆို ဘယ်သူ ဆက်သားလုပ်မှာလဲ။”
Guo Tu:
“Xin Ping ရဲ့ ညီ Xin Pi က ဒီမှာ တရားသူကြီးဖြစ်နေတယ်။ သူက စကားပြောကောင်းတဲ့ ပညာရှင်တစ်ယောက်ပဲ။
သူနဲ့သင့်တော်ပါတယ်။”
သို့နှင့်
Xin Pi ကိုဆင့်ခေါ်ပြီး စစ်သည် ၃ ထောင်နှင့်အတူ နယ်စပ်ကိုဖြတ်ကာ စာကိုပို့စေသည်။ ၎င်းကလည်း
တတ်နိုင်သမျှ လျင်မြန်စွာသွားလေသည်။
ထိုအချိန်တွင်
Cao Cao မှာ Xiping တောင်ကြားတွင် စခန်းချနေပြီး Liu Biao စေလွှတ်သော Liu Bei နှင့်
ရင်ဆိုင်နေသည်။ Xin Pi ရောက်သော် Cao Cao နှင့် တွေ့စေသည်။ Yuan Tan ကစစ်ကူလိုကြောင်း
ရှင်းပြသည်။ Cao Cao က ၎င်း၏တဲ ပြန်စေပြီး အစည်းအ၀ေးခေါ်သည်။
Cheng
Yu: “Yuan Tan က သူ့ညီရဲ့ ဖိနှိပ်မှုကို ခံနေရလို့သာ အကူအညီတောင်းရတာ၊ သူ့ကိုမယုံကြည်ပါနဲ့။
Lu Qian နှင့်
Man Chong: “စစ်တပ်တွေကို ဒီကိုခေါ်လာပြီးမှ Yuan Tan ကိုကူဖို့အတွက်နဲ့ ပြန်သွားရမှာလား။”
Xun You:
“လူကြီးမင်းတို့၊ တစ်ယောက်မှ အကြံကောင်းမပေးနိုင်ကြဘူး။ အခုက တစ်လောကလုံး မငြိမ်မသက်ဖြစ်နေတဲ့အချိန်၊
Liu Biao က Zhang မြစ်နဲ့ Han မြစ်ကြားက သူ့နေရာကို ကျေနပ်နေပြီး နယ်နိမိတ်ထပ်ချဲ့မှာမဟုတ်ဘူး။
Yuan မျိုးနွယ်တွေက နယ် ၄ နယ်နဲ့ စစ်သားကောင်းများစွာပိုင်ဆိုင်တယ်။ ညီအစ်ကို ၂ ယောက်ညီညွတ်ရင်
မျိုးနွယ်စုက အောင်မြင်မယ်၊ နောင်ဘယ်လောက်အင်အားကြီးလာမယ် မတွေးဝံ့ဘူး။ အခု မိသားစုပဋိပက္ခဖြစ်နေတာကို
အခွင့်အရေးယူရမယ်။ သူတို့ချင်းတိုက်ပါစေ၊ အင်အားနည်းလာရင် နန်းရင်းဝန်ကို အညံ့ခံရမယ်၊
Yuan Shang ကိုဖယ်ရှားမယ်၊ နောင်အခွင့်သင့်ရင် Yuan Tan ကိုပါရှင်းမယ်။ ဒီလိုမှ ငြိမ်းချမ်းသွားမယ်။
လက်ရှိအခြေအနေကို အပြည့်အ၀အခွင့်အရေးယူရပါမယ်။”
Cao Cao လည်းလက်ခံပြီး
Xin Pi ကို ကောင်းမွန်စွာဆက်ဆံသည်။ ထို့နောက် ညပွဲတွင်
Cao Cao:
“Yuan Tan အညံ့ခံတာ စစ်မှန်ရဲ့လား၊ Yuan Shang က သူ့ကိုနိုင်တာ သေချာရဲ့လား။”
Xin Pi:
“အရှင်၊ အခြေအနေကိုပဲသုံးသပ်ပါ။ Yuan စစ်တပ်ဟာ ရှုံးနိမ့်လာတာ နှစ်အတော်ကြာပြီ။ အတွင်းမှာ
ဗျူဟာမှူးတွေ အသတ်ခံနေရပြီး အပြင်မှာလည်း အစွမ်းကင်းမဲ့နေပြီ။ ညီအစ်ကိုတွေကလည်း အချင်းချင်းတိုက်ခိုက်နေပြီး
နယ်မြေတွေလည်း ခွဲခြားထားတယ်။ ရိက္ခာကရှား၊ လူတွေကပင်ပန်းနဲ့ စဉ်းစားတတ်သူရော မစဉ်းစားတတ်သူပါ
ကပ်ကြီးဆိုက်တော့မယ်ဆိုတာကို သိပါတယ်။ Yuan မိသားစုတွေပျက်စီးတော့မယ်။ အခု အရှင့်မှာ
Jizhou မြို့တော် Yejun ကိုတိုက်နေတဲ့တပ်ရှိတယ်။ အကယ်၍ Yuan Shang သာ ပြန်ပြီးအားမဖြည့်ရင်
ဒုက္ခသည်စခန်းကို ဆုံးရှုံးတော့မယ်။ Yuan Shang ပြန်ဆုတ်ရင် Yuan Tan က နောက်ကလိုက်တိုက်မယ်၊
မင်းအင်အားကိုအသုံးချပြီး သူ့ညီကို ချေမှုန်းလိမ့်မယ်။ အခုအချိန်မှာ Liu Biao ရဲ့
Jingzhou က သာယာဝပြောတယ်။ အစိုးရကောင်းမွန်ပြီး ပြည်သူတွေက အားကိုးတယ်။ ဒီတော့ ထိလို့မရဘူး။
နောက်ပြီး မြစ်ဝါမြစ်မြောက်ဖက်ကတပ်တွေလောက် အန္တရာယ်ကြီးတာ မရှိဘူး။ အင်အားလျှော့နိုင်ရင်
ကိစ္စအောင်မြင်ပါမယ်။ အရှင်၊ စဉ်းစားပါ။”
Cao Cao:
လွန်စွာသဘောကျကာ “မင်းနဲ့စောစောမတွေ့တာ ၀မ်းနည်းမိတယ်။”
ချက်ချင်းပင်
ဆုတ်ခိုင်းပြီး Jizhou ကိုတိုက်စေသည်။ Liu Bei က လှည့်ကွက်ဖြစ်မည်စိုးသဖြင့် လိုက်လံတိုက်ခိုက်ခြင်းမပြုဘဲ
Jingzhou ကိုသာ ပြန်လာခဲ့သည်။
Cao Cao မြစ်ဝါမြစ်ကို
ဖြတ်လာသည်ကို ကြားသော် Yuan Shang မှာ Yejun ကိုလျင်မြန်စွာဆုတ်လာရသည်။ Lu Xiang နှင့်
Lu Kuang ကို နောက်မှ ကာကွယ်စေသည်။
Yuan Tan
သည် Pingyuan မှစ၍ လိုက်လံတိုက်ခိုက်သည်။ ၁၂မိုင်မျှသွားပြီးသော် ဗုံးကွဲသံကြားပြီး
၎င်းရှေ့တွင် စစ်တပ် ၂ တပ်ပေါ်လာကာ တားဆီးလေသည်။ Lu Xiang နှင့် Lu Kuang တို့ပင်ဖြစ်သည်။
Yuan Tan
က “ငါ့အဖေရှိတုန်းက ငါ မင်းတို့ကို ဘယ်တော့မှ ဆိုးဆိုးဝါးဝါးမဆက်ဆံဖူးဘူး။ ဘာလို့ မင်းတို့က
ငါ့ညီကို ကူပြီး ငါ့ကိုထိခိုက်ချင်ကြတာလဲ။” ဟုဆိုသော် စစ်သူကြီး ၂ ဦးမှာ စကားမပြန်ဘဲ
မြင်းပေါ်မှ ဆင်းကာ ဦးညွှတ်ပြီး အညံ့ခံကြသည်။
Yuan Tan
က “ငါ့ကို အညံ့မခံနဲ့။ နန်းရင်းဝန်ကို အညံ့ခံပါ။” ဟုဆိုပြီး Cao Cao ထံခေါ်သွားသည်။
Cao Cao က ကောင်းမွန်စွာလက်ခံသည်။ Yuan Tan ကိုလည်း သမီးဖြစ်သူနှင့် လက်ဆက်ပေးရန် ကတိပေးပြီး
Lu ညီအစ်ကို ၂ ယောက်ကို အကြံပေးများခန့်ထားသည်။
Yuan Tan
က Jizhou ကိုတိုက်ခိုက်ရန်ပြောသော် “ရိက္ခာနည်းပြီး သယ်ယူဖို့ခက်တယ်။ Ji မြစ်ရေကို မြစ်ဖြူမြစ်ထဲ
လွှဲယူပြီးမှ ရိက္ခာသယ်နိုင်ပြီး ရှေ့ဆက်နိုင်မယ်။” ဟုပြန်ဖြေသည်။ Yuan Tan ကို
Pingyuan တွင် နေစေပြီး Cao Cao က Liyang ပြန်သွားသည်။ Lu ညီအစ်ကိုကို သူကောင်းပြုပြီး
မြှောက်စားထားလေသည်။
ဤအခြင်းအရာကို
Guo Tu ကရိပ်စားမိပြီး “သူက မင်းကို သမီးနဲ့လက်ဆက်ပေးမယ်ပြောတယ်။ ဒါက ကောင်းတဲ့လက္ခဏာလို့မထင်ဘူး။
Lu ညီအစ်ကိုကို သူကောင်းပြုပြီး သူ့အနားခေါ်ထားလိုက်တယ်။ ဒါဟာ မြောက်ပိုင်းသားတွေကို
မြှားခေါ်တာပဲ။ မင်းအပေါ်မကောင်းကြံတော့မယ်ဆိုတာ ပေါ်လွင်နေတယ်။ စစ်သူကြီး တံဆိပ်တုံး
၂ ခုလုပ်ပြီး သူတို့ကို တိတ်တဆိတ်ပေးထားပါ။ ဒါဆို မင်းမှာနန်းတော်ထဲကလူနဲ့အဆက်အသွယ်ရှိပြီး
Cao Cao က မင်းညီကို ချေမှုန်းပြီးရင် သူ့ကို ပြန်တိုက်ဖို့ စီစဉ်နိုင်တာပေါ့။” ဟုဆိုလေသည်။
သို့နှင့်
တံဆိပ်တုံးများကို ပို့စေသည်။
Lu ညီအစ်ကိုက
ရရချင်းပင် Cao Cao ကို သတင်းပို့သည်။ Cao Cao ကပြုံးကာ “မင်းတို့အကူအညီကိုလိုချင်လို့
ပို့တာပါ။ အခုတော့ လက်ခံထားလိုက်ပါဦး၊ Yuan Shang ကိုနိုင်ပြီးမှ ဒီကိစ္စဆုံးဖြတ်မယ်။” ဟုဆိုသည်။ ထို့နောက် Yuan Tan ကိုဖယ်ရှားရန်
ကြံစည်တော့သည်။
ထိုစဉ်
Shen Pei နှင့် Yuan Shang တို့ လက်ရှိအခြေအနေကို တိုင်ပင်နေကြသည်။
Yuan
Shang: “Cao Cao က မြစ်ဖြူမြစ်ကနေ ရိက္ခာသယ်နေပြီ။ ဒါဟာ Jizhou ကိုတိုက်ဖို့ ရည်ရွယ်တာပဲ။
ဘာဆက်လုပ်ကြမလဲ။”
Shen
Pei: “Wuan စစ်သူကြီး Yin Kai ကို Maocheng မှာ စခန်းချပြီး Shangdang သွားတဲ့လမ်းကို
ကာကွယ်ခိုင်းပါ။ Ju Shou ရဲ့သား Ju Gu ကို Handan မှာစခန်းချပြီး အ၀ေးက ထောက်ပံ့ပါစေ။”
ထိုအစီအစဉ်မှာ
ကောင်းမွန်ဟန်ရှိသည်။ Yuan Shang က Shen Pei နှင့် Chen Lin ကို Yejun ကိုစောင့်စေပြီး
Ma Yan နှင့် Zhang Zi ကို ရှေ့ပြေးစစ်သူကြီးများအဖြစ် ခန့်ကာ Pingyuan ကို လျင်မြန်စွာ
ချီလေသည်။
Yuan Tan
က ညီဖြစ်သူ ချီတက်လာသည်ကိုကြားသော် Cao Cao ကို ချက်ချင်းသတင်းပို့သည်။ “Jizhou ကိုဒီတစ်ခါသိမ်းနိုင်ရမယ်” ဟု Cao Cao ကကြုံးဝါးသည်။ ထိုအချိန်တွင်
မြို့တော်မှ Xun You ရောက်လာကာ “အရှင်၊ Yuan ၂ ယောက်ကို ကောင်းကင်က ဒဏ်ခတ်တာ စောင့်နေတာလား။” ဟု ခနဲ့သည်။ Cao Cao က “ငါတွေးပြီးသားပါ။” ဟုဆိုသည်။
ထို့နောက်
Cao Hong ကို Yejun ကိုတိုက်စေပြီး ကိုယ်တိုင်က Maocheng ရှိ Yin Kai ကိုတိုက်သည်။
Yin Kai မှာမခုခံနိုင်ဘဲ Xu Chu လက်ချက်နှင့် သေလေသည်။ သူ၏စစ်သားများမှာ ထွက်ပြေးပြီး
Cao Cao နှင့် ပူးပေါင်းလေသည်။ ထို့နောက် Handan ကိုချီတက်သည်။ Ju Gu နှင့် Zhang
Liao တိုက်ခိုက်ကြပြီး ၃ ချက်မြောက်တွင်ပင် Ju Gu ထွက်ပြေးရလေသည်။ Zhang Liao က နောက်မှလိုက်ပြီး
မြားဖြင့်ပစ်လေရာ ရန်သူကျလေသည်။ Ju Gu တပ်ပြိုကွဲပြီး Cao Cao ရှေ့ဆက်လေသည်။
Cao Cao က
Yejun ကိုချီတက်သည်။ Yejun ကို Cao Hong ရောက်နှင့်နေပြီး ၀ိုင်းရံထားသည်။ မြေဖို့ကာ
ကုန်းမြင့်များပြုထားပြီး လိုဏ်ခေါင်းများလည်း တူးထားသည်။ မြို့တွင်းတွင် Shen Pei
က ခံစစ်ကို ဂရုတစိုက်ပြင်ဆင်နေပြီး အပြင်းထန်ဆုံးသော အမိန့်များ ပေးလျက်ရှိသည်။ အရှေ့တံခါးစောင့်
Feng Li မှာ အရက်အလွန်အကျွံမူးနေပြီး စောင့်ကြပ်ရန် ပျက်ကွက်သဖြင့် ပြင်းထန်စွာအပြစ်ပေးခံရလေသည်။
Feng Li က မကျေနပ်ဘဲ မြို့မှခိုးထွက်ကာ ရန်သူထံခိုလှုံပြီး ခံစစ်အားနည်းချက်ကို ပြောပြလေသည်။
မြေအောက်မှ တိုက်ခိုက်၍ရကြောင်းပြောသော် စစ်သည် ၃ ရာနှင့်အတူ ညအမှောင်အားပြုကာ ဆောင်ရွက်ရန်
၎င်းအား တာဝန်ပေးလေသည်။
Feng Li ရန်သူထံခိုလှုံပြီးနောက်
Shen Pei က ညတိုင်း မြို့ရိုးပေါ်တက်ကာ စစ်ဆေးလေသည်။ မြို့ရိုးအပြင်တွင် မှောင်မဲနေပြီး
အရာရာ တိတ်ဆိတ်နေသည်ကိုတွေ့သော် “Feng Li က မြေအောက်ကတိုက်ဖို့ ကြိုးစားလိမ့်မယ်။” ဟု တကိုယ်တည်းဆိုလေသည်။ထို့နောက် လိုဏ်ခေါင်းအပေါက်ဝများပေါ်တွင်
ကျောက်တုံးများဖြင့် ပိတ်စေသည်။ တိုက်ခိုက်သူများ မြေအောက်တွင်ပင် သေဆုံးရလေသည်။
Cao Cao သည်
ရှုံးနိမ့်ပြီးနောက် မြေအောက်တိုက်ခိုက်မှုကို စွန့်လွှတ်လိုက်သည်။ Huan မြစ်အထက်တွင်
စခန်းချပြီး Yuan Shang မြို့ကို ကာကွယ်ရန် ပြန်လာသည်ထိ စောင့်နေသည်။
Yuan
Shang သည် Yin Kai ၊ Ju Gu ကျသော သတင်းနှင့် မြို့အ၀ိုင်းခံရသောသတင်းကိုကြားသော် ကာကွယ်ရန်
ပြင်ဆင်သည်။ Ma Yan က “လမ်းမကြီးတွေကို သေချာပေါက် ကင်းပုန်းချထားမှာပဲ။ တခြားလမ်းရှာရမယ်။
အနောက်ဖက်တောင်ကုန်းတွေဖက်ကနေ Fu မြစ်ကို သွားလို့ရတယ်။” ဟု အကြံပေးသည်။ Yuan Shang က ပင်မတပ်ကို
ဦးစီးပြီး Ma Yan၊ Zhang Zi က နောက်ကကာကွယ်သည်။
Cao Cao သူလျှိုများက
ကြားသိ၍ သတင်းပို့သော် “Yuan Shang က ပင်မလမ်းကို ရွေးရင် ဒီတိုင်းနေရုံပဲ၊ အနောက်ဖက်တောင်ကုန်းလမ်းကို
ရွေးရင်တော့ တခါတည်း စာရင်းရှင်းလို့ရမယ်။ ငါ့အထင် သူမီးရှို့ပြီး မြို့ထဲကို အချက်ပြမယ်ထင်တယ်။
ငါ ၂ ခုလုံးကိုတိုက်ဖို့ ပြင်ဆင်ရမယ်။” ဟုဆိုလေသည်။
Yuan
Shang က Yejun နှင့် ၅မိုင်အကွာ Yangping တွင်စခန်းချသည်။ Fu မြစ်သည် စခန်းဘေးမှစီးဆင်းလေသည်။
စစ်သားများကို ထင်းနှင့် မြက်ခြောက်များစုစေသည်။ အမှုထမ်း Li Mu ကို Cao Cao အမှုထမ်းဟန်ဆောင်စေကာ
မြို့တွင်းဝင်ပြီး အစီအစဉ်ကို ပြောစေသည်။
Li Mu မှာ
အန္တရာယ်ကင်းစွာ မြို့ရိုးနား ရောက်ရှိသွားသည်။ Shen Pei က အသံမှတ်မိသဖြင့် ဖွင့်ပေးသည်။
အစီအစဉ်များကို ပြောပြပြီးနောက် မီးဖြင့်အချက်ပြရန် လောင်စာများစုစေသည်။
Li Mu က
“ရိက္ခာက မလောက်တော့ဘူးဆိုတော့ အသက်ကြီးတဲ့သူတွေ၊ မတိုက်နိုင်တော့တဲ့ စစ်သားတွေ၊ မိန်းမတွေကို
အညံ့ခံခိုင်းလိုက်ပါ။ သူတို့ အံ့သြနေတုန်း နောက်က စစ်သားတွေက ၀င်တိုက်ကြမယ်။” ဟုအကြံပေးသည်။
အညံ့ခံသည့်
အလံဖြူကိုမြင်သော် Cao Cao က “သူတို့ရိက္ခာမရှိတော့လို့ စစ်မတိုက်နိုင်တဲ့သူတွေကို ချကျွေးတာ။
စစ်သားတွေက နောက်ကလိုက်လာလိမ့်မယ်။” ဟုဆိုသည်။
ထို့နောက် Zhang Liao နှင့် Xu Huang ကို စစ်သည် ၃ ထောင်နှင့် ကင်းပုန်းဝပ်စေသည်။ ကိုယ်တိုင်က
တံခါးများပွင့်လာပြီး ထွက်လာသူများကို ကူညီပေးသည်။ တစ်ယောက်ချင်းစီက အလံဖြူကိုင်လာကြသည်။
လူကုန်သွားသော် စစ်သားများက လျင်မြန်စွာ ပြေးထွက်လာသည်။
Cao Cao က
အလံနီဖြင့် အချက်ပြသော် Zhang Liao နှင့် Xu Huang ထွက်လာကာ တိုက်ခိုက်တော့သည်။ ရန်သူများဆုတ်ခွာသည်ကို
ဆွဲတံတားနားထိ လိုက်လံတိုက်ခိုက်ကြသည်။ ထိုစဉ် မြောက်များစွာသော မြားမိုးရွာချသဖြင့်
၎င်းတို့ ရပ်တန့်စေသည်။ Cao Cao ခေါင်းဆောင်း မြားမှန်သဖြင့် ၎င်းကို ဆွဲကာ ဆုတ်ခဲ့ကြသည်။
Cao Cao က
ချက်ချင်း အ၀တ်လဲ ၊ မြင်းအသစ်ကို စီးကာ Yuan Shang ကိုတိုက်ခိုက်သည်။ Yuan Shang က
ခံစစ်ပြင်သည်။ တိုက်ခိုက်မှုမှာ အဖက်ဖက်မှ တပြိုင်နက်တိုက်ခိုက်သဖြင့် ခုခံသူများ ဖရိုဖရဲနှင့်
ရှုံးနိမ့်ကာ အနောက်ဖက်တောင်ကုန်းများတွင် စခန်းချလေသည်။ ထို့နောက် Ma Yan နှင့်
Zhang Zi တို့ကို စစ်ကူခေါ်လေသည်။ သူမသိသည်မှာ Cao Cao က Lu Xiang နှင့် Lu Kuang ကို
စေလွှတ်၍ ထို ၂ ယောက်ကို လက်နက်ချစေကာ ရာထူးပေးထားပြီးဖြစ်လေသည်။အနောက်ဖက်တောင်ကုန်းကို
မသိမ်းပိုက်မီကပင် Lu Xiang၊ Lu Kuang၊ Ma Yan နှင့် Zhang Zi တို့ကို ရိက္ခာများကို
သိမ်းခိုင်းပြီးဖြစ်လေသည်။
Yuan
Shang မှာ တောင်ကုန်းကို မထိန်းထားနိုင်မှန်းသိသဖြင့် ညတွင် Lankou ကို သွားလေသည်။
စခန်းမချခင်မှာပင် မီးရောင်များကို ပတ်လည်တွေ့ရပြီး တိုက်ခိုက်ခံရလေသည်။ စစ်သည်တစ်ဝက်သာ
လက်နက်ကိုင်ထားပြီး မြင်းများမှာလည်း ကုန်းနှီးတပ်မထားရသဖြင့် အထိနာပြီး ၁၅ မိုင် ထပ်ဆုတ်ရပြန်သည်။
၎င်း၏တပ်မှာ ခုခံရန်ပင် အင်အားမရှိတော့၍ အခြားမတတ်နိုင်တော့ဘဲ Yuzhou နယ်စား Yin Ku ကို
Cao Cao ဆီလွှတ်ကာ အညံ့ခံလေသည်။
Cao Cao က
လက်ခံချင်ယောင်ဆောင်၍ ထိုညတွင် Zhang Liao နှင့် Xu Huang တို့ကို ၀င်စီးစေသည်။ ပြေးရုံမှအပ
မတတ်နိုင်တော့၍ တံဆိပ်တုံး၊ အလံ၊ ကိုယ်ပိုင်အ၀တ်အစားများပင်မကျန် အရာရာကိုထားခဲ့၍
Zhongshan တောင်တန်းများဆီ ပြေးရတော့သည်။
ထို့နောက်
Cao Cao က Jizhou ကိုတိုက်ရန်ပြန်လာသည်။ Xun You က Zhang မြစ်ရေနှင့် မြို့ကိုရေမြှုပ်ရန်
အကြံပေးသည်။ Cao Cao ကသဘောတူကာ မြောင်းတူးရန် လူအနည်းငယ်ကို တာဝန်ပေးသည်။ ၁၇ မိုင်မျှတူးရမည်ဖြစ်သည်။
Shen Pei
က မြောင်းတူးသူများကို မြင်ပြီး မြောင်းတိမ်တိမ်သာ တူးသည်ကို မြင်သော် ရယ်မောပြီး မပြင်ဆင်ဘဲ
နေလေသည်။
ညရောက်သည်နှင့်
Cao Cao က မြောင်းတူးသူကို ၁၀ ဆတိုးလိုက်သည်။ မနက်ရောက်သော် မြောင်းမှာ အထွာ ၂၀ မျှနက်ပြီး
ရေမှာ မြို့တွင်းသို့ ဒလဟောစီးဆင်းလေသည်။ ရန်သူတို့မှာ အစာငတ်ဘေးအပြင် ရေဘေးပါ ခံရလေသည်။
Xin Pi က
သိမ်းဆည်းမိသော Yuan Shang ၏တံဆိပ်တုံးနှင့် ၀တ်ရုံများကို လှံထိပ်တွင် ချိတ်ကာ ပြသပြီး
မြို့တွင်းမှ လူများကို အညံ့ခံစေသည်။ Shen Pei က စိတ်တိုကာ မြို့တွင်းရှိ Xin မိသားစုတစ်စုလုံးကို
သတ်လေသည်။ အယောက် ၈၀ ရှိပြီး ခေါင်းများကို မြို့ရိုးတွင် ချိတ်ဆွဲထားသည်။ Xin Pi မှာ
သည်းထန်စွာ ငိုကြွေးလေသည်။
Shen Pei
၏တူ Shen Rong မှာ တံခါးစောင့်တစ်ယောက်ဖြစ်ပြီး Xin Pi ၏ရင်းနှီးသော မိတ်ဆွေဖြစ်သည်။
သို့အတွက် Xin မိသားစုအသတ်ခံသည်ကို များစွာစိတ်မကောင်းဖြစ်ပြီး တံခါးဖွင့်ပေးမည်ဟု
ရန်သူထံ လျှို့ဝှက်စာကို မြားထိပ်ချည်ပြီး ပစ်လိုက်သည်။ စစ်သားများက တွေ့ကာ Xin Pi
မှတဆင့် Cao Cao ထံပို့လိုက်သည်။
Cao Cao:
“Yuan မိသားစုတွေကို မသတ်နဲ့။ အညံ့မခံသူမှန်သမျှ သတ်စေ။”
နောက်နေ့တွင်
စစ်သားများက Shen Rong ဖွင့်ပေးသော အနောက်တံခါးမှဝင်ကြသည်။ Xin Pi က ရှေ့ဆုံးမှ ၀င်လေသည်။
မြို့ အရှေ့တောင်ဖက်တွင် ရောက်နေသော Shen Pei က ရန်သူကိုမြင်သော် မြင်းစီးသမားအနည်းငယ်နှင့်
တိုက်ခိုက်လေသည်။ Xu Huang က သူ့ကိုဖမ်းဆီးပြီး မြို့ပြင်ထုတ်ခဲ့လေသည်။
လမ်းတွင်
ဒေါသတကြီး အံကြိတ်နေသော Xin Pi နှင့်တွေ့သော် ခေါင်းကို ကြာပွတ်နှင့် ရိုက်ကာ
Xin Pi:
“လူသတ်သမား ၊ သွေးသောက်တဲ့ကောင် ၊ မင်းသေကိုသေရမယ်။”
Shen
Pei: “သစ္စာဖောက် ၊ မြို့ကို ရောင်းစားတဲ့ကောင် ၊ မင်းကို စောစောမသတ်မိတာ နောင်တရတယ်။”
Cao Cao ဆီရောက်သော်
Cao Cao:
“မြို့တံခါးကို ဘယ်သူဖွင့်ပေးလဲသိလား။”
Shen
Pei: “မသိဘူး။”
Cao Cao:
“မင်းရဲ့တူ Shen Rong ပဲ။”
Shen
Pei: “သူက အရင်ကတည်းက မနာခံတတ်တာပဲ။”
Cao Cao:
“ဘာလို့ ဟိုနေ့က မြားတွေ အများကြီး ပစ်တာလဲ။”
Shen
Pei: “နည်းနည်းပဲပစ်မိလို့ ၀မ်းနည်းနေတာ။”
Cao Cao:
“Yuan မိသားစုအပေါ် သစ္စာရှိသူအနေနဲ့ မင်းမှာ ဘာမှ လုပ်စရာ မရှိတော့ဘူး။ ငါ့ဆီ လာမလား။”
Shen
Pei: “ဝေးပါသေးတယ်။ လုံးဝအညံ့မခံဘူး။”
Xin Pi က
မြေပေါ်လှဲချကာ ငိုကြွေးရင် “ငါ့အမျိုး ၈၀ ကို ဒီလူသတ်ပစ်တာ။ သူ့ကို သတ်မိန့်ပေးပါ အရှင်” ဟု တိုင်တည်လေသည်။
Shen
Pei: “ရှင်လျက်နဲ့ Yuan မျိုးရိုးကို ခစားဖူးပြီ၊ သေရင်လည်း သူတို့ရဲ့ သရဲဖြစ်မယ်။
မင်းလို သာကူးမဟုတ်ဘူး။ င့ါကို သတ်ပါ။”
သို့နှင့်
Cao Cao ကသတ်မိန့်ပေးလေသည်။ သတ်ကွင်းတွင် အရှင်များရှိရာ မြောက်ဖက်သို့ ခေါင်းကို လှည့်ကာ
လည်ကိုဆန့်တန်းပြီး အသတ်ခံလေသည်။
၎င်း၏ ခံယူချက်ကို
ဂုဏ်ပြုပြီး မြို့မြောက်ဖက်တွင် သဂြိုလ်ပေးလေသည်။ နန်းရင်းဝန် မြို့တွင်းဝင်သော်
Chen Lin ကို ရာဇ၀တ်သားအနေနှင့် တွေ့လေသည်။
Cao Cao:
“မင်းဟာ Yuan Shao အတွက် ကြေညာချက်ရေးပေးခဲ့တယ်။ ငါ့ကို တိုက်ရိုက်တိုက်ခိုက်ရင်တောင်
ကိစ္စမရှိဘူး။ ဘာလို့ ဘိုးဘေးတွေကို ထိပါးရတာလဲ။”
Chen
Lin: “မြားဟာ လေးတင်ပြီးရင်တော့ ပစ်ရမှာပေါ့။"
Cao Cao ၏လူများက
သတ်ခိုင်းသော်လည်း သူ၏ကျွမ်းကျင်မှုအတွက် အသက်ချမ်းသာရာရကာ နေရာတစ်နေရာ ပေးခြင်းခံရလေသည်။
ထိုအချိန်တွင်
Cao Cao ၏ သားအကြီးဆုံး Cao Pi မှာ ၁၈နှစ်ရှိပြီဖြစ်သည်။ ၎င်းမွေးစဉ်က တစ်နေ့လုံး အိမ်ပေါ်တွင်
ခရမ်းရောင်အရိပ်က လွှမ်းမိုးနေသည်။ နားလည်သူများက Cao Cao ကို ထိုအရိပ်မှာ မင်းမျိုးမင်းနွယ်ကို
ကိုယ်စားပြုပြီး စကားဖြင့် ဖော်ပြမရနိုင်သော် အဓိပ္ပာယ် ဟု တိုးတိတ်စွာ ပြောလေသည်။
၈နှစ်တွင်
Cao Pi သည် ကဗျာကောင်းစွာသီကုံးနိုင်ပြီး သမိုင်းကို ကောင်းစွာဖတ်တတ်နေသည်။ စစ်ရေးစစ်ရာကို
ပိုင်နိုင်ပြီး တိုက်ခိုက်မှုကို နှစ်သက်လေသည်။ Jizhou သို့စစ်ချီရာတွင် ဖခင်နှင့်အတူလိုက်ပါလေသည်။
Yejun ကျသော် နောက်လိုက်များနှင့်အတူ Yuan အိမ်ကို ဓားကိုင်ကာ ၀င်လေသည်။ အချို့က နန်းရင်းဝန်က
မ၀င်ခိုင်းဟု တားသော်လည်း ဇွတ်အတင်းဝင်လေသည်။ အတွင်းသို့ရောက်သော် မိန်းမ ၂ ဦး တစ်ဦးကိုတစ်ဦး
ဖက်ကာ ငိုကြွေးနေသည်ကို မြင်သော် သတ်ရန် ပြင်လေသည်။
Comments