Tales of Demons and Gods (Light Novel)

Genre - Action, Adventure, Comedy, Fantasy, Harem

Nie Li က သူ့ရဲ့ဇာတိမြို့ကြီးကို မိစ္ဆာတွေဝင်ပြီးဖျက်စီးသွားခဲ့တာကို ဘာမှမလုပ်နိုင်ခဲ့ဘူး။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ကြိုးစားတာကြောင့် လောကကြီးမှာ အစွမ်းအထက်ဆုံး မိစ္ဆာနှိမ်နှင်းသူ(Demon Spiritualist) တစ်ဦးဖြစ်လာခဲ့ပြီး လောကကြီးကိုချုပ်ကိုင်ထားတယ်လို့ဆိုနိုင်တဲ့ Sage Emperor နဲ့တိုက်ခိုက်တဲ့အခါမှာတော့ အသက်ဆုံးရှုံးသွားပါသတဲ့။ သူ့ရဲ့ဝိညာဉ်ဟာ သူ ၁၃ နှစ်သားအရွယ်ကအချိန်ကိုပြန်ရောက်သွားပါခဲ့ပါတယ်။ အဲ့အချိန်မှာ သူဟာ အတန်းထဲမှာ အညံ့ဖျင်းဆုံး၊ Spiritualist ဖြစ်ဖို့ ပါရမီအနည်းဆုံးလူဖြစ်ပေမယ့်လည်း အတိတ်ဘဝကအတွေ့အကြုံ၊ မှတ်ဉာဏ်ဗဟုသုတတွေကို အသုံးချပြီးတော့ တခြားလူတွေထက်သာအောင် လုပ်ဖို့ ကြိုးစားပါတော့တယ်။

ဒါ့အပြင် အရင်ဘဝတုန်းက မြို့ကိုမိစ္ဆာတွေဝင်တဲ့အချိန်က ရွပ်ရွပ်ချွန်ချွန်တိုက်ခဲ့တဲ့လူတွေကိုလည်း ကူညီဖို့ဆုံးဖြတ်လိုက်တယ်။ သူဟာ မြို့ဖျက်စီးခံရမယ့်အဖြစ်ဆိုးကနေ လွတ်မြောက်အောင်လုပ်နိုင်မလားဆိုတာကတော့ ဆက်ပြီးဖတ်ကြပါလို့ ပြောချင်ပါတယ်။

ဒီတစ်ခုကတော့ manhua ပါ ထွက်ပါတယ်။ ဒါပေမယ့် manhua ကို ထွက်ပြီးတဲ့အထိဖတ်ပြီးသွားရင်လည်း novel version ကို ဆက်ဖတ်ပါလို့တိုက်တွန်းချင်ပါတယ်။

mahua ဖတ်ရမယ့်နေရာကတော့ ပြောမနေတော့ပါဘူး။ LN ver ကိုတော့ အောက်မှာသွားဖတ်နိုင်ပါတယ်

http://www.wuxiaworld.com/tdg-index/

Comments

Popular posts from this blog

Lookism