သုံးနိုင်ငံခေတ်(၄၂)
အခန်း(၄၂) လုံတောင်ကုန်းတံတားဝယ် "ကျန်းဖေး"(Zhang Fei) ၏ဟစ်အော်သံကြောင့် အောင်နိုင်ခဲ့ခြင်း။ စစ်ရှုံးသူ "လျူဘေ့"(Liu Bei) သည် ဟန်ကျင်းသို့သွားခြင်း။ "ကျုံးကျင့်"(Zhong Jin) သည် သူ၏ပုဆိန်ဖြင့် "ကျောက်ယွင်"(Zhao Yun) ကိုတိုက်မည်ပြုသည်။ သို့သော်လည်း "ကျောက်ယွင်"(Zhao Yun) မှ ပြန်တိုက်ရာ "ကျုံးကျင့်"(Zhong Jin) မြင်းပေါ်မှပြုတ်ကျသွားသည်။ "ကျုံးရှန်"(Zhong Shen) သည် "ကျောက်ယွင်"(Zhao Yun) ၏အနောက်မှ လိုက်ရာ အနီးသို့ရောက်သောအခါ "ကျောက်ယွင်"(Zhao Yun) သည် သူ၏သံချပ်ကာမှ အလင်းပြန်သောရန်သူ၏ပုံရိပ်ကိုမြင်လိုက်သည်။ ထိုအခါ "ကျောက်ယွင်"(Zhao Yun) သည် နောက်သို့လှည့်လိုက်ရာ မြင်းအချင်းချင်း ထိပ်တိုက်တွေ့လေသည်။ "ကျောက်ယွင်"(Zhao Yun) သည် ဘယ်ဘက်လက်တွင် လှံကိုကိုင်ကာ ရန်သူ၏တိုက်ကွက်ကိုခုခံပြီး ညာဘက်လက်ရှိ "အပြာရောင်ဓား" ဖြင့် ရန်သူကိုခုတ်လိုက်ရာ "ကျုံးရှန်"(Zhong Shen) ခေါင်းပြတ်ပြီး မြင်းပေါ်မှ ပြုတ်ကျသွားသည်။ "ကျုံးရှန်"(Zhong Shen) ၏ နောက်လိုက်တို့လည်း ထွက်ပြေးသ...