I Shall Seal the Heavens (Novel)


ဒီဝတ္ထုကတော့ Er Gen ဆိုတဲ့စာရေးဆရာရေးခဲ့ပြီးတော့ xianxia အမျိုးအစားပါ။
Xianxia(仙俠) ဆိုတဲ့ စာလုံးမှာ xian(仙) က immortal လို့အဓိပ္ပာယ်ရပြီး xia(俠) ကတော့ သူရဲကောင်းလို့ အဓိပ္ပာယ်ရပါတယ်။ Xianxia အမျိုးအစားတွေမှာ တာအိုဝါဒတို့၊ ဗုဒ္ဓဝါဒတို့နဲ့ဆက်စပ်နေတတ်ပြီး စိတ်ကူးယဉ်ဆန်ဆန်ဇာတ်လမ်းမျိုးလို့တောင်ဆိုနိုင်ပါတယ်။ Xianxia ဝတ္ထုအများစုမှာ အဓိကဇာတ်လိုက်က Immortal လမ်းကိုလျှောက်ကြပြီး အဲ့လို immortal လမ်းပေါ်ရောက်အောင်ကြိုးစားတဲ့လူတွေကို cultivator လို့ခေါ်ပါတယ်။
ဒီဝတ္ထုကတော့ xianxia အမျိုးအစားတွေထဲက နာမည်အကြီးဆုံးဝတ္ထုတစ်ခုဖြစ်ပြီး အတွဲဆယ်တွဲနဲ့ အခန်းပေါင်း ၁၆၁၄ ခန်းရှိပါတယ်။

Zhao ဆိုတဲ့တိုင်းပြည်ငယ်လေးက Yunjie မြို့လေးမှာ Meng Hao ဆိုတဲ့ကောင်လေးတစ်ယောက်ရှိပါတယ်။ သူဟာ နန်းတွင်းစာမေးပွဲတွေကို သုံးကြိမ်သုံးခါဖြေခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ပါဘူး။ တစ်ရက်မှာတော့ သူ့ကိုအစေခံအဖြစ်ခိုင်းစေဖို့အတွက် ဂိုဏ်းတစ်ခုကမိန်းကလေးတစ်ယောက်ရဲ့ဖမ်းဆီးမှုကိုခံခဲ့ရပါတယ်။ အဲ့ဂိုဏ်းဟာ "Immortal" လမ်းစဉ်လိုက်ကြတဲ့ "cultivator" ဂိုဏ်းဖြစ်ပါတယ်။ သူတို့ဟာ အစေခံအဖြစ်ဖမ်းခေါ်လာတဲ့လူတွေကို ကျင့်စဉ်စာအုပ်ပေးပြီး အဲ့စာအုပ်ရဲ့ ပထမအဆင့်ကိုအောင်မြင်အောင်ကျင့်နိုင်ရင် အစေခံဘဝကလွတ်ပြီး အဲ့ဂိုဏ်းရဲ့ဂိုဏ်းသားဖြစ်ခွင့်ရပါသတဲ့။ အစေခံဘဝကလွတ်ချင်ပြီး၊၊immortal ဖြစ်ချင်တဲ့ Meng Hao က အဲ့စာအုပ်ထဲကကျင့်စဉ်ကို စပြီးလေ့ကျင့်ပါတော့တယ်......
ဒီလိုနဲ့ စာပေပညာရှင်လေးဟာ Immortal လမ်းစဉ်ဘက်ကို ရောက်မှန်းမသိရောက်သွားခဲ့ပါသတဲ့......
"I shall seal the heavens" ဆိုတဲ့ခေါင်းစဉ်ရဲ့အဓိပ္ပာယ်ကိုတော့ ဒီဝတ္ထုကိုဖတ်ရင်းဖတ်ရင်းနဲ့သိလာပါလိမ့်မယ်........

ဇာတ်အိမ်ဇာတ်လမ်းကလည်း အင်မတန်ကောင်းပါတယ်။ ရယ်ရတဲ့အခန်းတွေမှာတော့ တော်တော်ရယ်ရမှာဖြစ်ပြီး စိတ်မကောင်းဖြစ်စရာအခန်းတွေမှာလည်း မျက်ရည်ကျလုမတတ် ဝမ်းနည်းနေမိပါလိမ့်မယ်။
ဒါပေမယ့် ဒီဝတ္ထုဟာ ဖြည်းဖြည်းနဲ့အေးအေးစထားပြီး နောက်ပိုင်းမှာမှ တဖြည်းဖြည်းဇာတ်ရှိန်တက်လာမှာဖြစ်တဲ့အတွက် ဖတ်ရင် စိတ်ရှည်ရှည်နဲ့ဖတ်ပါလို့ပဲဆိုချင်ပါတယ်

Comments

Popular posts from this blog

Lookism