Posts

Baka To Test

Image
'Baka'. ဒီအသုံးအနှုန်းကတော့ anime တွေထဲမှာ မကြာခဏပါတဲ့ စကားလုံးပဲ ဖြစ်ပါတယ်။ Otaku တွေနဲ့ ရင်းနှီးနဲ့ စကားလုံးလို့ ပြောရင်လဲ မမှားပါဘူး။ အဓိပ္ပါယ်ကိုလဲ သိကြမှာပါ။ ဉာဏ်တုံးတုံး ပိန်းတိန်းတိန်း လူတွေကို ပြောတာ ဖြစ်ပါတယ်။ အခု ရေးချင်တာကတော့ baka အကြောင်းမဟုတ်ပါဘူး။ Baka To Test anime review ပဲ ဖြစ်ပါတယ်။ Fumizaki ဆိုတဲ့ကျောင်းမှာ စနစ်တစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ ကျောင်းသားတွေဟာ သူတို့ရဲ့ သက်ဆိုင်ရာ အမှတ်နဲ့ အကောင်လေး တစ်ခု summon လုပ်လို့ ရပြီး အချင်းချင်း duel လုပ်လို့ရပါတယ်။ နောက်ပြီး အဲ့ကျောင်းမှာ အမှတ်တွေ အလိုက် A က F အစဉ်လိုက် အတန်းတွေ ခဲထားပါတယ်။ နောက်ပြီး အခန်းတွေမှာ အဆင့်တွေလိုက်ပြီး ထားထားပေးတဲ့ အရာတွေက အရည်အသွေးတွေ ကာပါတယ်။ ဥပမာ ပြောရရင် A ခန်းဆို စားပွဲအကောင်းစား ထိုင်ခုံ အကောင်းစားတွေရပြီး တခြား အခန်းတွေ တော့ သိပ်မကောင်းတာတွေပဲ ရပါတယ်။ ဒါပေမဲ့ အခန်းတစ်ခန်းနဲ့ တစ်ခန်း Exam Summoning Battle(ESB) ဆိုတာ စိမ်ခေါ်ပြီး နိုင်တဲ့ဘက်က ရှုံးတဲ့ အခန်းရဲ့ ပစ္စည်းတွေကို ယူလို့ ရပါတယ်။ ဒီ anime မှာ အဓိကဇာတ်လိုက်ဖြစ်တဲ့ Akihisa Yoshii နဲ့ သူ့သူငယ်ချင်းတွေ၊  F ခန်းရဲ့ကျောင်းသားတွေ ပေါက...

Hataraku Maou-sama (Devil is a part-timer)

Image
ဒီ anime ကတော့ ခေါင်းစဉ်အတိုင်းပဲ Demon king က လူ့လောကကို ရောက်လာပြီး အလုပ် လုပ်ရတဲ့ အကြောင်းပေါ့။ xD  Ente Isla လို့ခေါ်တဲ့ မှော်ပညာတွေ ထွန်းကားတဲ့ လောကမှာ Demon တွေရဲ့ ဘုရင်ဖြစ်တဲ့ Satan နဲ့ လူသားတွေ စစ်ဖြစ်ပြီး နောက်မှာ Satan ဟာ စစ်ရှုံးခါနီး အခြေအနေကို ရောက်ခဲ့ပါတယ်။ အဲ့ဒါနဲ့ Satan ဟာ သူ့ရဲ့ အားအကိုးရဆုံး စစ်သူကြီး တစ်ဦး ဖြစ်တဲ့ Alsiel နဲ့ အတူ တစ်နေရာကို teleport လုပ်လိုက်ရာက ကမ္ဘာရဲ့ တစ်နေရာဖြစ်တဲ့ ဂျပန်ကို ရောက်သွားပါတယ်။ အဲ့မှာ မှော်ပညာတွေ မရှိတဲ့အတွက် သူတို့ရဲ့ အစွမ်းတွေကိုလဲ သုံးလို့ မရတော့တဲ့ အတွက် Ente Isla ကို ပြန်သွားဖို့ နည်းလမ်းရှာရင်း ဒုက္ခတွေ တွေ့ကြုံရတာတွေကို ပြထားတဲ့ anime လဲ ဖြစ်ပါတယ်။  Satan က သူ့နာမည်ကို Maou Sadao ဆိုပြီးပြောင်းလိုက်ပြီး MgRonalds ဆိုတဲ့ ဘာဂါဆိုင်မှာ အလုပ်လုပ်ရပါတယ်။ Alsiel ကတော့ Ashiya Shirou ဆိုတဲ့ နာမည်နဲ့ Maou နဲ့ အတူပဲ နေထိုင်ပါတယ်။ နောက်တော့  Ente Isla မှာ လူသားတွေကို ခေါင်းဆောင်ပြီး သူတို့နဲ့ တိုက်ခဲ့တဲ့ Hero ကလဲ ကမ္ဘာပေါ်ရောက်နေတာ သိသွားပါတယ်။ အဲ့နောက်မှာတော့ (ကိုယ့်ဟာကိုယ် ဆက်ကြည့်ပေါ့နော် :P) ဒီ anime လေးက 13 ပိုင်းပဲ ...

Monkey D. Luffy

Image
Monkey D Luffy ဒါမှမဟုတ် Strawhat Luffy(Mugiwara no Luffy) ဟာ Strawhat Pirates ရဲ့ Captain ဖြစ်ပြီး One Piece series ရဲ့ အဓိက ဇာတ်ဆောင်လဲ ဖြစ်ပါတယ်။ သူ့အဖေဖြစ်တဲ့ Monkey D Dragon ဟာ World Government ကို ဆန့်ကျင်တဲ့ အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်ပြီး သူ့အဖိုး ဖြစ်တဲ့ Monkey D Garp ကတော့ ရေတပ်ရဲ့ နာမည်ကြီး လက်ထောက် Captain ပဲ ဖြစ်ပါတယ်။ Luffy ကို East Blue မှာ ရှိတဲ့  Foosha ဆိုတဲ့ ရွာကလေးမှာ မွေးဖွားခဲ့ပါတယ်။ သူဟာ အသက် 7နှစ်မှာ Shanks ဆိုတဲ့ ပင်လယ်ဓားပြနဲ့ တွေ့ပြီး ရင်းနီးခဲ့ပါတယ်။ သူဟာ Shanks ကို အားကျခဲ့တဲ့အတွက် ငယ်ငယ်ထဲက ကြီးလာရင် ပင်လယ်ဓားပြ လုပ်မယ်လို့ စိတ်ကူးရှိခဲ့သူလဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ သူ့အဖိုး Garp ဟာ Portgus D Ace ကို မွေးစားခဲ့ပြီး Ace ရော Luffy ကိုပါ Dadan ဆိုတဲ့ မိန်းမကြီးဆီမှာ အပ်ထားခဲ့ပါတယ်။ အဲ့ဒီမှာပဲ Luffy ရယ် Ace ရယ် Ace သူငယ်ချင်းဖြစ်တဲ့ Sabo ရယ်ဟာ သူငယ်ချင်းတွေ ဖြစ်ခဲ့ပြီး သူတို့ 3 ယောက်လုံးဟာ ပင်လယ်ဓားမြ လုပ်ချင်တဲ့ သူတွေပဲ ဖြစ်ပါတယ်။ သူတို့ 3 ယောက်လုံးဟာ အသက် 17 နှစ်ပြည့်တဲ့အခါ ပင်လယ်ထဲကို စွန့်စားခန်း ထွက်မယ်ဆိုပြီး ကတိကဝတ်ပြုခဲ့ကြပါတယ်။ ဒါပေမဲ့ ကံမ...

Law of Ueki

Image
Story  အခုလက်ရှိ နတ်ဘုရားဟာ ရာထူးကို ယူထားတာ 25 နှစ်ရှိပြီ ဖြစ်တဲ့ အတွက် သူ့ရာထူးကို ဆက်ခံဖို့ ပြိုင်ပွဲ တစ်ခု လုပ်ပါတယ်။ အဲ့ပြိုင်ပွဲမှာ ရာထူးဆက်ခံဖို့ လျာထားသူအယောက်100 ဟာ သူတို့ စိတ်ကြိုက် အလယ်တန်း ကျောင်းသား တစ်ယောက်စီကို အစွမ်း တစ်ခုစီပေးပြီး ဝင် ပြိုင်ခိုင်းရပါတယ်။ ပြိုင်ပွဲမှာ နိုင်တဲ့ ကျောင်းသားဟာ ဆုအနေနဲ့ သူကြိုက်တဲ့ အစွမ်းတစ်ခုကို ရမှာ ဖြစ်ပြီး အဲ့ကျောင်းသားကို ပြိုင်ပွဲထဲကို သွင်းတဲ့သူဟာ နတ်ဘုရား ရာထူးကို ရမှာ ဖြစ်ပါတယ်။ အဲ့ အစွမ်းတွေရဲ့ သဘောတရားကတော့ နေ့စဉ် ရှိတဲ့ အရာတွေကို အခြား အရာတစ်ခုကို ပြောင်းတဲ့ ပုံစံတွေပဲ များပါတယ်။ Main Characters Ueki သူကတော့ ဒီ anime ရဲ့ protagonist ပဲ ဖြစ်ပါတယ်။ သူဟာ တရားမျှတမှု ဆိုတာကိုပဲ လက်ကိုင်ထားပြီး လူတွေကို ကူညီလေ့ရှိပါတယ်။ ပြောရရင် သူ့ ရန်သူကိုတောင် ကူပါတယ်။ သူ့ စိတ်ဓာတ်က ပြောရရင် Luffy နဲ့တောင် တူသလားလို့။ xD Sano သူလဲ Ueki လိုပါပဲ။ သူတပါးကို အမြဲ ကူညီတတ်ပါတယ်။ သူဟာ တခါတလေတော့ တဇွတ်ထိုး လုပ်လေ့ရှိပါတယ်။ သူဟာ ရေပူစမ်းတွေကို ကြိုက်ပြီး သူဟာ အစွမ်းတစ်ခုကို ရနိုင်ခဲ့မယ် ဆိုရင် တွင်းတူးတဲ့ အစွမ်းယူပြီး ကိုယ်ပိုင် ရေ...

Hashirama Senju

Image
Hashirama Senju ကတော့ သိကြတဲ့ အတိုင်း Konoha ရဲ့ First Hokage လဲ ဖြစ်ပါတယ်။ သူဟာ သူ့ clan ဖြစ်တဲ့ Senju clan နဲ့ Uchiha clan တို့ပေါင်းပြီး Konoha ဆိုတာကို စတင် တည်ထောင်ခဲ့တာလဲ ဖြစ်ပါတယ်။ Senju Clan နဲ့ Uchiha Clan က အဲ့ခေတ်အဲ့အခါကတော့ အစွမ်းအထက်ဆုံး clan နှစ်ခုပဲ ဖြစ်ပါတယ်။ သူတို့ဟာ အချင်းချင်း စစ်တွေဖြစ်ခဲ့ကြပြီး နောက်ပိုင်းမှာတော့ Hashirama က Uchiha clan ကို ငြိမ်းချမ်းရေး ကမ်းလှမ်းခဲ့ပြီး Uchiha clan နဲ့ အတူ Konoha ရွာကြီးကို တည်ထောင်ခဲ့ပါတယ်။ ရွာတည်ထောင်ပြီး နောက်မှာတော့ ရွာက လူအများစု ရဲ့ ဆုံးဖြတ်ချက် အရ Hashirama က First Hokage ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ Madara ဟာ ရွာက ထွက်သွားခဲ့ပါတယ်။ နောက်တော့ Madara ဟာ Sharingan နဲ့ Kyubi ကို ထိန်းချုပ်ပြီး Hashirama ကို စိမ်ခေါ်ခဲ့တဲ့ အတွက် သူတို့နှစ်ယောက်ဟာ Valley of the End မှာ တိုက်ခဲ့ကြပါတယ်။ အဲ့မှာ Madara ရှုံးသွားခဲ့ပြီး သေသွားတယ်လို့ လူတွေက ထင်ခဲ့ကြပါတယ်။ Hashirama ဟာ အချို့သော tail တွေကို ထိန်းချုပ်ပြီး ငြိမ်းချမ်းရေးရအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တခြားရွာတွေကို ခွဲဝေပေးခဲ့ပါတယ်။ ဒါပေမဲ့လဲ ပထမဆုံးသော Shinobi War ဖြစ်...

Fate Zero - Servants

Image
Fate Zero ထဲမှာ ပါတဲ့ Servant တွေ သမိုင်းကြောင်းကို ရေးမှာ ဖြစ်ပါတယ်။ အမှားတစုံတရာ ပါခဲ့ရင်လဲ ခွင့်လွှတ်ပါလို့ ပြောချင်ပါတယ်။ 1. Saber Saber ကတော့ England ရဲ့ ရာဇဝင်မှာ ထင်ရှားခဲ့တဲ့ King Aurthur ပဲ ဖြစ်ပါတယ်။ King Aurthur ရဲ့ အကြောင်းကတော့ ခိုင်လုံတဲ့ မှတ်တမ်းမှတ်ရာတွေ မရှိခဲ့ပဲ လက်ဆင့်ကမ်းပြောခဲ့ကြတဲ့ အတွက် ယခုတိုင် သမိုင်းပညာရှင်တွေဟာ အငြင်းပွားနေဆဲပဲ ဖြစ်ပါတယ်။ မှတ်တမ်းတစ်ခုရဲ့ အဆို အရတော့ King Aurthur ဟာ England ကို ကျူးကျော်လာတဲ့ Saxon တွေကို တိုက်ထုတ်ခဲ့တယ်လို့ ဆိုပါတယ်။  နောက်ပြီး သူ့ရဲ့ လက်နက် အကြောင်းလဲ ပြောချင်ပါတယ်။ အဲ့ခေတ်က ကျောက်တုံးမှာ စိုက်ထားတဲ့ ဓား တစ်ခု ရှိတယ်လို့ဆိုပါတယ်။ အဲ့ဓားကို ဆွဲထုတ်နိုင်တဲ့ လူဟာ ဘုရင် ဖြစ်မဲ့လူလို့ ဆိုပြီး ဘယ်သူမှ ဆွဲထုတ် နိုင်ခြင်း မရှိခဲ့ပါဘူး။ တစ်နေ့တော့  Aurthur ဟာ အဲ့ဓားကို သွားဆွဲကြည့်တော့ အလွယ်တကူပဲ ကျွတ်သွားတယ်လို့ဆိုပါတယ်။ အဲ့ဓားကိုတော့ Excalibur လို့ခေါ်ပြီး တော်တော် အစွမ်းထက်တယ်လို့တော့ ပြောကြပါတယ်။ Aurthur မသေခင်မှာ Aurthur က သူ့နောက်လိုက်တွေကို အဲ့ဓားကို မြစ်ထဲမှာ သွားပစ်လို့ မှာခဲ့ပါတယ်။ သွားပစ်တော့ မြစ်ထဲကနေ လက်တ...

Fate Zero

Image
ဒီဟာကတော့ Fate Zero anime review ဖြစ်ပါတယ်။ အပိုင်း 25 ပိုင်းရှိပါတယ်။ type ကတော့ Action, Fantasty, Survival genre ပဲ ဖြစ်ပါတယ်။ Fate Zero anime အကြောင်းပြောရင်တော့ Holy Grail ဆိုတာကနေ စပြောရမယ် ထင်တယ်။ Holy Grail ဆိုတဲ့ အရာကို ရရင် ကိုယ်လိုချင်တဲ့ အရာတစ်ခုကို တောင်းလို့ရတယ်လို့ဆိုပါတယ်။ အဲ့ Holy Grail ကို ရဖို့အတွက် နှစ် 60 မှာ တစ်ခါ ကျင်းပတဲ့ Holy Grail War ဆိုတာမှာ ဝင်ပြိုင်ရမှာတယ်။ အဲ့မှာ ပြိုင်ပွဲဝင်မဲ့သူကတော့ 7 ယောက်သာ ဝင်ပြိုင်ရပါတယ်။ နောက်ပြီး အဲ့လူတစ်ယောက်ဆီဟာ အတိတ်က ကျော်ကြားခဲ့တဲ့ လူရဲ့ ဝိညာဉ်ကို ပြန်ခေါ်ပြီး အဲ့ဝိညာဉ်နဲ့ ဒီစစ်ပွဲမှာ ပါဝင် ဆင်နွှဲရတာ ဖြစ်ပါတယ်။ အဲ့ ဝိညာဉ်တွေထဲမှာ အင်္ဂလန် ဘုရင် Aurhur ၊ မက်စီဒိုးနီးယား ဘုရင် Alexander အစရှိတဲ့ လူတွေ ပါ ပါတယ်။ ဒီထဲမှာတော့ character တွေကတော့ အများကြီးပါပဲ။ ပြိုင်ပွဲဝင် တစ်ယောက်စီက ဝိညာဉ်တစ်ယောက်ကို ခေါ်တယ်ဆိုတော့ 14 ယောက်ဖြစ်နေပြီ။ ဒါကြောင့်လဲ စစချင်း အပိုင်းမှာ ဇာတ်ရေလည်အောင် တစ်နာရီလောက်ကို character တွေနဲ့ မိတ်ဆက်ပေးတာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ character များပေမဲ့လဲ character တွေ တစ်ဦးချင်းဆီရဲ့ စရိုက်တို့ စိတ်ဓာတ်တို့ကို ထင်ဟပ...