Posts

Madan no Ou to Vanadis

Image
Madan no Ou to Vanadis (King of the Magic Arrow and the Vanadis) ဒီ anime ကိုတော့  Tsukasa Kawaguchi ဟာ 2011 April မှာ Light Novel အနေနဲ့ စတင်ရေးသားခဲ့တာ ဖြစ်ပြီး volume ကိုးခုအထိ ထွက်ထားပါတယ်။ 2011 October လမှာတော့ Nobuhiko Yanai ဟာ manga အနေနဲ့ စတင်ရေးဆွဲခဲ့ပြီး 2014 မှသာ anime အနေနဲ့ ထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်။ အပိုင်း 13 ပိုင်းသာ ရှိပြီး Genre ကတော့ Fantasy, Adventure, Ecchi, Harem genre ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဥရောပတိုက် အလယ်ခေတ်ရဲ့ စစ်ပွဲကာလကို အခြေခံထားပါတယ်။ ဇာတ်လမ်းအစမှာတော့ ဇာတ်လိုက် ဖြစ်တဲ့ Tigre ဟာ ဘုရင်ရဲ့ အမိန့်ကြောင့် တိုက်ပွဲတစ်ခုမှာ စစ်ထွက်တိုက်ခဲ့ရပြီး စစ်ရှုံးသွားပြီးနောက် ရန်သူရဲ့ သုံ့ပန်းအဖြစ်နဲ့ အဖမ်းခံခဲ့ရပါတယ်။ ရန်သူရဲ့ ခေါင်းဆောင်ဖြစ်တဲ့ Eleonora Viltaria ဟာ Tigre ရဲ့ မြှားပစ်စွမ်းရည်ကို သဘောကျသွားခဲ့ပြီး Tigre ကို သူတို့တိုင်းပြည်မှာ အမှုထမ်းဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမယ့် Tigre ဟာ ငြင်းခဲ့ပါတယ်။ အဲ့နောက်မှာတော့ Tigre ဟာ အကြောင်းအမျိုးမျိုးကြောင့် Eleonora Viltaria ရဲ့ စစ်တပ်ကို ငှားရမ်းခဲ့ပြီး Tigre ရဲ့ ရန်သူတွေနဲ့ ရင်ဆိုင်တဲ့ တိုက်ပွဲတွေ စခဲ့...

Eiichiro Oda

Image
One Piece ရဲ့ mangaka အဖြစ် လူသိများတဲ့ Eiichiro Oda ဟာ January 1, 1975 မှာ ဂျပန်နိုင်ငံ Kumamoto မြို့မှာ မွေးဖွားခဲ့ပါတယ်။ သူ့ရဲ့ ဇနီး နာမည်ကတော့ Chiaki Inaba ဖြစ်ပါတယ်။ ငယ်ဘဝ Oda ဟာ ငယ်စဉ်ကတည်းက ပင်လယ်ဓားပြ Vikings တွေကို ကြိုက်နှစ်သက်ခဲ့ပြီး manga ရေးဆွဲမယ့် Mangaka တစ်ယောက်ဖြစ်ချင်တဲ့ ဆန္ဒလဲ ရှိခဲ့ပါတယ်။ သူဟာ Yudetamago ရဲ့ အကျော်ကြားဆုံး နပန်း manga ဖြစ်တဲ့ Kinnikuman အတွက် Pandaman ဆိုတဲ့ ဇာတ်ကောင်ကို ရေးဆွဲပြီး ပေးပို့ခဲ့ဖူးပါတယ်။ အဲ့ Pandaman ဇာတ်ကောင်ကို သူ့ရဲ့ One Piece manga ထဲမှာ တစ်ခါတစ်ရံ ထည့်သုံးတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ Easter Egg ပုံတွေ၊ ပန်ဒါပုံတွေကို သူ့ manga ထဲမှာ ထည့်သုံးတယ်လို့ လူသိများပါတယ်။ ဒါ့အပြင် Oda ဟာ Dr. Slump နဲ့ Dragon Ball တို့ကို ဖန်တီးခဲ့တဲ့ mangaka ဖြစ်တဲ့  Akira Toriyama ကို လေးစားခဲ့သူ တစ်ဦးဖြစ်ပါတယ်။ Oda ဟာ ငယ်ငယ်က ဘောလုံးကန်တာကို ဝါသနာပါပြီး ကျောင်းမှာ သူ့သူငယ်ချင်းတွေက သူ့ကို Odacchi ဆိုပြီး နာမည်ပြောင် ပေးထားကြပါတယ်။ One Piece ရဲ့ သုံးခုမြောက် movie ဖြစ်တဲ့ "Chopper's Kingdom on the Island of Strange An...

Gokusen

Image
ဒီဟာကတော့ ဟိုးအရင် ငယ်ငယ်လေးထဲက ဆရာမလုပ်ချင်တဲ့ Yamaguchi Kumiko အကြောင်းကို ရိုက်ပြထားတာဖြစ်ပါတယ်။ Manga နဲ့ anime အပြင် live action သုံးခုနဲ့ movie တစ်ခုရှိတဲ့ အင်မတန် နာမည်ကြီးခဲ့တဲ့ "school-life" J-drama တွေထဲက တစ်ခုဖြစ်ပါတယ်။ ရုတ်တရတ်ကြည့်လိုက်မယ်ဆိုရင် ဒီဟာက သူ့အရင်ဖြစ်တဲ့ GTO (Great Teacher Onizuka) ကို တုပြီး Female version လုပ်တယ်လို့ ထင်နိုင်ပေမယ့် ဒါက စိတ်ဝင်စားဖို့ ကောင်းတဲ့အပြင် သူ့ဟာနဲ့ သူလဲ စွဲဆောင်မှုရှိပါတယ်။ ဒီဟာရဲ့ ဇာတ်လမ်းအကျဉ်းကတော့ Yamaguchi Kumiko ဟာ Yakuza Boss ရဲ့ တစ်ဦးတည်းသောမြေးဖြစ်ပြီး Yakuza အရိုက်အရာကို ဆက်ခံရမယ့်သူဆိုလဲ မမှားပါဘူး။ ဒါပေမယ့် သူဟာ ဆရာမလုပ်ချင်လွန်းတဲ့ အတွက် သူ့ရဲ့ Yakuza နောက်ကြောင်းကို လျှို့ဝှက်ပြီး ကျောင်းတစ်ကျောင်းမှာ ဆရာမလုပ်ရာကနေစပါတယ်။ သူ အတန်းပိုင်အဖြစ် ကိုင်ရတဲ့ အတန်းဟာလဲ အရမ်းဆိုးတဲ့ ကျောင်းသားတွေသာရှိတဲ့ အတန်းဖြစ်ပါတယ်။ အဲ့မှာ ကျောင်းသားတွေကို သူနဲ့ရင်းနှီးလာအောင်၊ ပြောင်းလဲလာအောင် ဘယ်လို ပြုပြင်မလဲဆိုတာကို ဟာသနဲ့ နှောပြီး ပြထားတာကို တွေ့ရပါလိမ့်မယ်။ သူ့ကို ကျောင်းသားတွေက Yankumi ဆိုပြီး nickname ပေးထားပါတယ်......ေ...

Qin's Moon - History Facts

Image
Qin's Moon မှာ ပါတဲ့ character တွေ အဖွဲ့တွေက အဲ့ Qin ခေတ်မှာ တကယ်ရှိခဲ့တဲ့ လူတွေ နာမည်တွေကို ယူထားတာ ဖြစ်ပါတယ်။ Hundred schools of Thought (တွေးခေါ်ပညာရပ် ဆိုင်ရာ ကျောင်းပေါင်း တစ်ရာ) Qin's Moon ကို ကြည့်ကြတဲ့ တချို့လူတွေက ဒီ Qin's Moon ထဲမှာ ပါတဲ့ ကျောင်းတွေဟာ အပြင်မှာ မရှိခဲ့ဘူးလို့ ထင်ကောင်းထင်လိမ့်မယ်။ ဒါပေမယ့် အဲ့ကျောင်းတွေဟာ အမှန်တကယ်ရှိခဲ့ပါတယ်။ Qin ခေတ်ရဲ့ အရှေ့ခေတ်ဖြစ်တဲ့ Zhou ခေတ်မှာ အတွေးအခေါ်နဲ့ ဆိုင်တဲ့ ပညာရပ်တွေ ထွန်းကားခဲ့ပြီး ထင်ရှားကျော်ကြားခဲ့တဲ့ တွေးခေါ်ပညာရှင်တွေ အများကြီး ပေါ်ထွန်းခဲ့ပါတယ်။ အဲ့ တွေးခေါ်ပညာရှင်တွေဟာ တပည့်တပန်းတွေ မွေးပြီး အဲ့ပညာရပ်တွေကို သင်ယူဖို့ ကျောင်းတွေ ထောင်ခဲ့တယ်။ အဲ့ထဲက ထင်ရှားတဲ့ ကျောင်းအချို့ကတော့ - 1. Mohism (မိုတီဝါဒ) 2. Confucianism (ကွန်ဖြူးရှပ်ဝါဒ) 3. Legalism ( ဥပဒေပညာရပ်) 4. Taoism (တာအိုဝါဒ) 5. Logicians (ယုတ္တိဗေဒ ပညာရှင်) 6. Agriculturalism (စိုက်ပျိုးရေး ပညာ) 7. Military (စစ်မက်ရေးရာ ဝါဒ) နဲ့ 8. Yin and Yang School (ယင်း ယန် ကျောင်း) တို့ပဲ ဖြစ်တယ်။ (စကားချပ် - အဲ့ အထဲမှာ အချို့ တွေးခေါ်ပညာရှင် အကြောင်းတွေဟာ ...

Qin's Moon

Image
သင်ဟာ anime genre တွေထဲမှာ Historical genre ကို ကြိုက်တဲ့ သူ တစ်ယောက်လား? ဒါမှမဟုတ် သင်ဟာ (Wuxia series) တရုတ်သိုင်းကားတွေကို စွဲစွဲမြဲမြဲ ကြိုက်နှစ်သက်တဲ့ လူလား? အဲ့လိုဆိုရင်တော့ Qin's Moon ဟာ သင် ကြည့်သင့်တဲ့ တရုတ် 3 D animation ဖြစ်ပါတယ်။ Qin's Moon ဟာ ထိုင်ဝမ် စာရေးဆရာ တစ်ယောက်ရေးခဲ့တဲ့ ဝတ္ထုကို အခြေခံထားတာ ဖြစ်ပြီး တရုတ်ပြည်ရဲ့ ပထမဆုံးသော Wuxia 3D animation ဖြစ်ပါတယ်။ 2007 ခုနှစ်မှာ စတင် ထုတ်လွှင့်ခဲ့ပြီး ဇာတ်လမ်းရဲ့ တရုတ်နာမည်ကတော့ 秦时明月; (pinyin: qín shí míng yuè) ဖြစ်ပြီး "Qin ခေတ်၏ တောက်ပသော လဝန်း" လို့ အဓိပ္ပာယ်ရပါတယ်။ ဇာတ်လမ်းရဲ့ အဓိက ဇာတ်ကောင်ကတော့ သူရဲကောင်း ဖြစ်ချင်တဲ့ Tian Ming ဆိုတဲ့ ကောင်လေးဖြစ်ပြီး သူ့အကြောင်းကို သိုင်းအကြောင်းတွေ ၊ ဒဏ္ဍာရီ ပုံပြင်တွေ ၊ သမိုင်းရာဇဝင်တွေနဲ့ ရောယှက်ပြီး ဇာတ်အိမ်ဖွဲ့ထားတာ ဖြစ်ပါတယ်။ နောက်ပြီး ဒီဇာတ်လမ်းမှာ အဲ့ Qin ခေတ်မှာ ထင်ရှားခဲ့တဲ့ လူတွေ (ဥပမာ - Qin Shi Huang ၊ Jing Ke ၊ Zhang Liang ) အပြင် အဲ့ခေတ်မှာ ရှိခဲ့တဲ့ အတွေးအခေါ်ပညာရပ်ကျောင်းတွေ၊ ဝါဒတွေ (Mohism မော့ဝါဒ၊ Confucianism ကွန်ဖြူးရှပ်ဝါဒ၊ Taoism တာအိုဝါဒ) စတာတွေ ...

Straw Hat - Big Mom Alliance Theory

Image
* Spoiler Alert * အဲ့ theory အကြောင်း မပြောခင် Big Mom ရဲ့ သမီးတွေ ဖြစ်နိုင်တဲ့ Jewelry Bonney နဲ့ Lola အကြောင်းကို ပြောပါမယ်။ 1. Jewelry Bonney သူဟာ Big Mom ရဲ့ သမီး ဖြစ်နိုင်တဲ့ အချက်တွေကတော့ အောက်ပါအတိုင်းပါပဲ။ - Bonney ဟာအစားကြီးတဲ့ pirate တစ်ယောက် အဖြစ် နာမည်ကြီးပါတယ်။ - ဒါ့အပြင် သူ့ရဲ့ သင်္ဘော ဟာ Big Mom ရဲ့ လွှမ်းမိုးမှုအောက်မှာရှိတဲ့ Cake Island နဲ့ ခပ်ဆင်ဆင် တူတာကို တွေ့ရ ပါလိမ့်မယ်။ - နောက်ပြီး Bonney ဟာ အသက် 24 နှစ်ရှိနေပါပြီ။ Roger သေတာ 22 နှစ်ရှိပြီ ဖြစ်တာမို့လို့ Roger Pirate King ဖြစ်တဲ့ အချိန်မှာ Roger နဲ့ ခေတ်ပြိုင်ဖြစ်တဲ့ Big Mom ဟာ Yonko (အနည်းဆုံးတော့ ပင်လယ်ဓားပြ) ဖြစ်နေပြီလို့ ဆိုနိုင်ပါတယ်။ Charlotte Linlin (သို့ Big Mom) ဟာ ပင်လယ်ဓားပြ မလုပ်ခင်မှာ သူ့ကလေးကို South Blue က တစ်စုံတစ်ယောက် ဆီမှာများ အပ်နှံထားခဲ့တာများလား? အဲ့ ကလေးဟာ Jewelry Bonney များလား? ------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------...

Oda Nobunaga

Image
(1534 - 1559 - Owari ပြည်နယ်) သူဟာ Sengoku ခေတ် ဂျပန်သမိုင်းရဲ့ အထင်ကရ Daimyo တစ်ဦးဖြစ်ပြီး Game တွေ၊ ရုပ်ရှင်တွေ၊ anime တွေမှာ မကြာခဏ ပါတဲ့ အတွက် ရင်းနှီးနေတဲ့ နာမည် ဖြစ်မှာပါ။ Nobunaga ဟာ Oda Nobuhide ရဲ့ ဒုတိယမြောက်သားဖြစ်ပြီး Nobuhide ဟာ သူ့ရဲ့ သက်တမ်းတစ်လျှောက်မှာ Mino နဲ့ Mikawa က Daimyo တွေနဲ့ တိုက်ပြီး အချိန်ကုန်ဆုံးခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ Mino မှာ ဩဇာရှိတဲ့ Saito Dosan ရဲ့ သမီး Kichō နဲ့ Nobunaga ကို လက်ထပ်စေခဲ့ပြီးနောက်မှာတော့ Mino ပြည်နယ်နဲ့ ငြိမ်းချမ်းရေးရခဲ့ပါတယ်။ အဲ့နောက်မှာ Nobuhide ဟာ Mikawa ပြည်နယ်ရဲ့ Matsudaira clan နဲ့ Matsudaira ကို အထောက်အပံ့ပေးတဲ့ Imagawa clan ကို ရင်ဆိုင်ခဲ့ပါတယ်။ 1948 မှာ Nobuhide ဟာ Mikawa ရဲ့ Okazaki Castle ကို ဝန်းရံခဲ့တဲ့ အတွက် Matsudaira Hirotada ဟာ Imagawa Yoshimoto ဆီကနေ စစ်ကူတောင်းခဲ့ပါတယ်။ Yoshimoto က စစ်ကူပေးစေချင်ရင်  Hirotada ဟာ သူ့သားကို ဓားစာခံ အနေနဲ့ ပေးရမယ်လို့ ဆိုတဲ့ အတွက် Hirotada ဟာ 6 နှစ်သာ ရှိသေးတဲ့ သူ့သား Takechiyo (နောင်တွင် Tokugawa Ieyasu ဖြစ်လာမည့်သူ) ကို ပို့ခဲ့ပါတယ်။ ဒါပေမဲ့ လမ်းမှာ Oda  တပ...