Posts

Magi ရှင်းတမ်း

Image
Characters Solomon ဒီ anime မှာ Solomon ဆိုတဲ့ နာမည်ကို မကြာခဏ ပြောတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီနာမည်ကတော့ အာရေဗျစ် ဘာသာစကားနဲ့ဆို "ငြိမ်းချမ်းမှု" ဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။ King Solomon ဟာ သမိုင်းအရ အစ္စရေးနိုင်ငံ ဘုရင် ဖြစ်ခဲ့ပြီး ခရစ်ယာန်ကျမ်းစာ၊ အစ္စလမ်ကျမ်းစာ၊ ဟီဗရူးကျမ်းစာတွေမှာ အညွှန်းခံရတဲ့ ဘုရင်ပဲ ဖြစ်ပါတယ်။ မကောင်းဆိုးဝါးတွေကို နှိမ်နှင်းနိုင်တယ်လို့လဲ ဆိုကြပါတယ်။ Ref:   http://magi.wikia.com/wiki/Solomon Aladdin Aladdin ကတော့ ဒီ anime ရဲ့ အဓိကဇာတ်ကောင် ဖြစ်ပါတယ်။ "တစ်ထောင့်တစ်ည ပုံပြင်"ထဲက ဇာတ်ကောင် ရဲ့ နာမည်ကို ယူထားတာ ဖြစ်ပါတယ်။ ဒီထဲမှာတော့ သူဟာ Magi တစ်ယောက်ဖြစ်ပြီး Solomon ရဲ့  ဉာဏ်ပညာကို ရထားတယ်လို့ ဆိုပါတယ်။ Ref: http://magi.wikia.com/wiki/Aladdin Alibaba Saluja Alibaba ဟာလဲ "တစ်ထောင့်တစ်ည ပုံပြင်" ကပဲ ဖြစ်ပြီး ဒီ anime မှာတော့ Aladdin နဲ့ သူငယ်ချင်း ဖြစ်ပါတယ်။ Ref: http://magi.wikia.com/wiki/Alibaba_Saluja Morgiana Morgiana ဟာ "တစ်ထောင့်တစ်ည ပုံပြင်"  ထဲက Alibaba ကို ကယ်ခဲ့တဲ့ သ...

Magi

Image
Episodes - Season 1 - 25 episodes, Season 2 - 25 episodes ဒီ anime ရဲ့ manga ကို Shinobu Ohtaka က ရေးတာဖြစ်ပါတယ်။ အာရေဗျီရ တစ်ထောင့်တစ်ည ပုံပြင်(Arabian Nights) ထဲက ဇာတ်ကောင်တွေကို အခြေခံပြီး ဇာတ်အိမ် ဖွဲ့ထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။ genre ကတော့ adventure, comedy, shounen genre ဖြစ်ပါတယ်။ ဒီမှာ Rukh ဆိုတာ soul (ဝိညာဉ် လို့သုံးမယ် ထင်တယ်) ဖြစ်ပါတယ်။ "Magi" ကတော့ Rukh တွေရဲ့ အကူအညီနဲ့ အစွမ်းထက်ပြီး magi ရဲ့ တာဝန်ဟာ ဘုရင် ရွေးချယ်ရမယ့် တာဝန်လို့ ဆိုပါတယ်။ အဓိက ဇာတ်ကောင်ဖြစ်တဲ့ Aladdin ဟာ magi ဖြစ်ပြီး နောက်ပိုင်းမှာတော့ Alibaba၊ Morgiana တို့နဲ့ သူငယ်ချင်းတွေ ဖြစ်ခဲ့ပြီး စွန့်စားခန်းခရီးအတူတူ ထွက်ခဲ့ပါတယ်။ Season 2 မှာတော့ တစ်ယောက် တစ်နေရာဆီသွား၊ ပညာတွေရှာပြီး တိုးတက်လာတာကို တွေ့ရမှာ ဖြစ်ပါတယ်။ Animation ကလဲ တော်တော်ကောင်းပြီး အဆောက်အအုံ ပုံစံ၊ ဝတ်စားဆင်ယင်မှုတွေကို အဲ့ခေတ်အဲ့အခါနဲ့ လိုက်လျောညီအောင် ဆွဲထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။ sound effect တွေဘာတွေလဲ တော်တော် ကောင်းတာ တွေ့ရမှာ ဖြစ်ပါတယ်။ Character တွေကလဲ တော်တော် unique ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ဥပမာပြောရရင် Ala...

Kore wa Zombie Desu ka

Image
ဒီ anime အမျိုးအစားကတော့ comedy, harem အမျိုးအစားဖြစ်ပါတယ်။ ဒီ anime ရဲ့ ဇာတ်လမ်းကတော့ တစ်ယောတ်တည်းနေတဲ့ အထက်တန်း ကျောင်းသား ဖြစ်တဲ့ Aikawa Ayumu ဟာ တစ်နေ့မှာ အသတ်ခံရပြီးတော့ မှော်ဆရာမ (Necromancer) တစ်ယောက်က သူ့ကို zombie အဖြစ် ပြောင်းလိုက်ရာကနေ စထားပါတယ်။ Aikawa ဟာ zombie ဖြစ်သွားပြီးနောက်မှာတော့ သူငယ်ချင်းတွေ တဖြည်းဖြည်း ရလာတာကို ပြထားပါတယ်။ plot ကို ပြောရရင်တော့ တချို့ဟာတွေက သိပ်ပြီး မရှင်းပြထားဘူးဆိုတာ တွေ့ရပါလိမ့်မယ်။ ဥပမာ ပြောရရင် မကောင်ဆိုးဝါးတွေက လာတိုက်ခိုက်တာ ဘာလို့ တိုက်လဲဆိုတာကို Necromancer အစွမ်းရဲ့ ဆွဲဆောင်မှုကြောင့်လို့ပဲ ဆိုထားပြီး အသေးစိတ်ကျကျ မရှင်းထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့လဲ အဓိကဇာတ်လမ်းက protagonist ရဲ့ harem ကို ဦးတည်ပြီး ပြတာဖြစ်တဲ့ အတွက် ကြည့်တဲ့သူတွေကို ဇာတ်လမ်းထက် ဇာတ်ကောင်ဖက်ကိုပဲ အသားပေးပြီး ကြည့်စေချင်ပုံ ပေါ်ပါတယ်။ character တွေကတော့ တော်တော် unique ဖြစ်ပါတယ်။ မိန်းကလေးဇာတ်ကောင် design လှပြီး character တွေက loli ကနေ sexy character တွေ အထိ ပါပါတယ်။ နောက်ပြီး ဒီ anime မှာ အဓိက ဇာတ်ကောင်က သူ့အစွမ်းကို သုံးရင် cross-dresser ဖြစ်သွားပါတယ်။ ...

Four Emperors (Yonko)

Image
Yonko ဒါမှမဟုတ် ဘုရင်လေးပါး (လို့ ပြောရမလား မသိ) - သူတို့ကတော့ One Piece ထဲမှာ လောကကြီးကို ခြယ်လှယ်နေတဲ့ အဖွဲ့ကြီး သုံးဖွဲ့ (Marine၊ Yonko၊ Shichibukai) ထဲက တစ်ဖွဲ့ပဲ ဖြစ်ပါတယ်။ သူတို့တွေဟာ New World (Shinsekai ) ကို လွှမ်းမိုးထားကြပြီး သူတို့ ပိုင်ဆိုင်ရာ နယ်မြေတွေမှာတော့ ဘုရင်တစ်ပါးတစ်ဖွယ် နေကြတယ်လို့ ဆိုပါတယ်။ Marineford Arc မတိုင်ခင်တုန်းက Yonko တွေကတော့ အောက်ပါ အတိုင်းပဲ ဖြစ်ပါတယ်။ 1. Shirohige ( White Beard ) 2. Shanks 3. Charlotte Linlin 4. Kaido Marineford Arc အပြီးမှာတော့ White Beard ဟာ သေသွားခဲ့ပြီး နှစ်နှစ် အကြာမှာ Marshall D. Teach ဟာ အရင် White Beard ရဲ့ နယ်မြေတွေကို ပြန်သိမ်းခဲ့ပြီး Yonko ဆိုတဲ့ ရာထူးကို ဆက်ခံခဲ့ပါတယ်။ 5. Marshall D. Teach 1. Whitebeard Whitebeard ကတော့ ပင်လယ်ဓားပြဘုရင် ဖြစ်တဲ့ Gold D Roger ရဲ့ ပြိုင်ဘက်ဖြစ်ပြီး Gold D Roger သေပြီးနောက်ပိုင်းမှာတော့ Whitebeard ကို လောကမှာ အစွမ်းအထက်ဆုံးဆိုပြီး လူတွေက သမုတ်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ Whitebeard ရဲ့ အရှိန်အဝါကြီးလာတော့ Marine က ရှိသမျှ အင်အားတွေနဲ့ Whitebeard ကို ရင်ဆိုင်ဖို့ လုပ်ရာကနေ B...

One Piece

Image
One Piece ဟာ တခြား manga၊ anime တွေလို သရဲ ၊ တစ္ဆေ၊ ninja စတဲ့ အရှေ့တိုင်း ယဉ်ကျေးမှုတွေကို နောက်ခံပြုထားတာ မဟုတ်ပဲ ၁၇ ရာစု ပင်လယ်ဓားပြတွေကို ကျောရိုးနောက်ခံ အနေနဲ့ ဇာတ်လမ်းတည်ဆောက် ထားတာဟာ ဒီ anime ရဲ့ တမူ ထူးခြားတဲ့ အချက်လို့ ဆိုနိုင်ပါတယ်။ နောက်ပြီး One Piece လို long series ဟာ ဒီလိုမျိုး ဇာတ်အိမ်နဲ့မှသာ အရှည်ကြီး ဆက်သွားနိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ One Piece ရဲ့ mangaka ဖြစ်တဲ့ Oda ရဲ့  ဖန်တီးနိုင်စွမ်း ကြောင့်လဲ ဖြစ်ပါတယ်။ အခုဆို One Piece က အပိုင်း 600 ကျော်နေပါပြီ။ ဒါပေမဲ့လဲ ဇာတ်လမ်း အရ တစ်ဝက်လောက်ပဲ ရှိသေးတယ်လို့ ဆိုလို့ ရပါတယ်။ ဇာတ်လမ်းရဲ့ အစမှာတော့ အလွန်ချမ်းသာကြွယ်ဝတယ်လို့ နာမည်ကြီးတဲ့ ပင်လယ်ဓားပြ ဘုရင် Gold D Roger ကို လူလယ်ခေါင်မှာ ကြိုးပေးတာကနေ စပြီး ပြထားခဲ့ပါတယ်။ Roger ဟာ သူ အသတ်သေခါနီးမှာ "အဲ့ အရာကို မင်းတို့ ရှာလို့တွေ့ရင် ယူနိုင်တယ်" ဆိုပြီး ပြောခဲ့ပါတယ်။ သူရဲ့ နောက်ဆုံး စကားကြောင့် လူတွေဟာ သူ့ရဲ့ ရတနာ ဖြစ်တဲ့ One Piece ကို ရှာကြရာကနေ ပင်လယ်ဓားပြခေတ်ကြီး စတင် ခဲ့ပါတော့တယ်။ ဒီ series ရဲ့  main protagonist ဖြစ်တဲ့ Luffy ဟာ ပင်လယ်ဓားပြ ဘုရင် ဖြစ်ဖို့ ရည်မှန်း...

Bakuman

Image
ဒီ anime ရဲ့ manga ကို ရေးတဲ့ သူဟာ Death Note ကို ရေးခဲ့တဲ့ Tsugumi Ohba နဲ့ Takeshi Obata တို့ပဲ ဖြစ်ပါတယ်။ Death Note manga ရဲ့ အောင်မြင်မှု ရပြီး နောက်ပိုင်းမှာ fan တွေဟာ ဒီ mangaka နှစ်ယောက် ပေါင်းပြီး manga တစ်ခု လုပ်ကြအုံးမယ်လို့ မျှော်လင့်ထားပေမဲ့လဲ ဒီ manga ဟာ Death Note ဇာတ်လမ်းပုံစံ Thriller type ကို သွေဖယ်ပြီး ဒီလို ပုံစံ manga(Shounen, romance genre) မျိုး ရေးလိမ့်မယ်လို့ ထင်မထားခဲ့ကြပါဘူး။ ဇာတ်လမ်းကို ပြောရင်တော့ Mashiro Moritaka ဟာ ငယ်ငယ်ကတည်းက ပုံဆွဲတာ ဝါသနာပါခဲ့ပါတယ်။ သူ့ ဦးလေးဟာ mangaka တစ်ယောက်ဖြစ်တဲ့ အတွက် သူ့ဦးလေးကို ငယ်ငယ်တည်းက အားကျခဲ့သူလဲ ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ဦးလေးဟာ manga ကို တအားဆွဲပြီး သေဆုံးခဲ့ပြီး နောက်မှာတော့ Mashiro ဟာ ရည်မှန်းချက်မရှိပဲ ဖြစ်နေခဲ့ပါတယ်။ နောက်တော့ သူနဲ့ အတန်းတူ ဖြစ်တဲ့ Takagi Akito ဟာ သူ ပုံဆွဲတာကို တွေ့ပြီး သူနဲ့ အတူ Mashiro ကို manga ရေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။ အဲ့ဒါနဲ့ သူတို့ နှစ်ယောက်ဟာ manga လောက ထဲကို ဝင်ရောက်လာပါတယ်။ နောက်ပြီး ဒါက romance genre လဲ ဖြစ်တဲ့ အတွက် တစ်ဖက်မှာတော့ Mashiro ကြိုက်နေတာကတော့ Azuki Miho ဖြစ်ပါတယ်။ Miho ...

Gintama

Image
Gintama က Samurai, Comedy, Parody genre အမျိုးအစားထဲမှာ ပါပါတယ်။ Samurai anime ဆိုပြီး ပုံမှန် Samurai anime တွေလို  ဂျပန် အလယ်ခေတ် သမိုင်းကြောင်းကိုပြ၊ အချင်းချင်းတိုက်တာ ခိုက်တာတွေကို စိတ်ဝင်စားအောင် ပြထားတယ်လို့ ထင်ရင် မှားသွားပါလိမ့်မယ်။ ဒီ anime မှာ ဂျပန်နိုင်ငံရဲ့ Edo ခေတ်နဲ့ ကမ္ဘာကြီးကို ဂြိုဟ်သားတွေ ကျူးကျော်လာတာကို ရောသမ မွှေပြီး ရိုက်ထားတာဖြစ်ပါတယ်။ ဒီ anime ရဲ့ အဓိက ဇာတ်ကောင်ကတော့ အရင် Samurai ဖြစ်ခဲ့တဲ့ သစ်သားဓားကိုသာ အမြဲကိုင်ထားတဲ့ Sakata Gintoki ပဲ ဖြစ်ပါတယ်။ Amento လို့ ခေါ်တဲ့ ဂြိုဟ်သားတွေ ကျူးကျော်လာပြီးနောက် လက်နက်အင်အား မမျှတာကြောင့် Bakufu (Shogun) အစိုးရက လက်နက်ချခဲ့ပြီး ဂျပန်မှာ Amento တွေ လွှမ်းမိုးနေတဲ့ အချိန်ဆိုလဲ မမှားပါဘူး။ အဲ့ အချိန်မှာ Sakata Gintoki ဟာ Yorozuya လို့ခေါ်တဲ့ အခကြေးငွေယူပြီး အလုပ်လုပ်ပေးတဲ့ အဖွဲ့လေးကို ဖွဲ့ထားပါတယ်။ အဲ့ အဖွဲ့မှာပါတာကတော့ Gintoki ရယ်၊ လူ အစား မျက်မှန်ကိုသာ ပို ဦးစားပေး ခံရတဲ့ Shinpachi ရယ်၊ တရုတ် မိန်းကလေး ပုံစံနဲ့ Kagura ရယ်တို့ အပြင် ခွေးလေး ဖြစ်တဲ့ Sadaharu တို့ပဲ ဖြစ်ပါတယ်။ နောက်ပြီး ဒီ anime က parody လဲ ဖြစ်တဲ့ အ...