Posts

Sarutobi Hiruzen

Image
Sarutobi Hiruzen ဟာ Konohagakure ရဲ့ သုံးယောက်မြောက် Hokage ဖြစ်ပါတယ်။ 1st Hokage နဲ့ 2nd Hokage တို့ရဲ့ ပညာတွေကို ရထားတဲ့ သူဖြစ်ပါတယ်။ သူက အစွမ်းထက်တဲ့ ninja တစ်ဦးဖြစ်ပြီး Sage of Six Paths နဲ့ Hashirama တို့လို "Shinobi တွေရဲ့ နတ်ဘုရား" God of Shinobi - 忍の神, Shinobi no Kami ဆိုပြီး တင်စား ခေါ်ဝေါ်ခံရသူ ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ Hokage တွေထဲမှာ သက်တမ်းအရှည်ဆုံး နေခဲ့တဲ့ Hokage ပါ။ Background Sarutobi clan က Sarutobi Sasuke ရဲ့ သားဖြစ်ပြီး ငယ်ငယ်ကထဲက Ninja Skills တွေမှာ ပါရမီရှိသူ ဆိုပြီး အသိအမှတ်ပြု ခံထားရပါတယ်။ Danzō Shimura နဲ့ ငယ်သူငယ်ချင်းတွေ ဖြစ်ပြီး Danzo ကတော့ သူ့ကို ပြိုင်ဘက်ဆိုပြီး သဘော ထားခဲ့ပါတယ်။ First Shinobi War မှာ 2nd Hokage ဖြစ်တဲ့ Tobirama သေဆုံးခဲ့ပြီး သူ မသေခင်မှာ Hiruzen ကို Hokage ရာထူး လွှဲခဲ့ပါတယ်။ Second Shinobi War မတိုင်ခင်မှာ Hiruzen ဟာ Sannin 3 ယောက် ဖြစ်တဲ့ Jiraiya ၊ Orochimaru နဲ့ Tsunade တို့ရဲ့ ဆရာ ဖြစ်လာပါတယ်။ နှစ်ပေါင်းများစွာ Hokage ရာထူးနဲ့ အုပ်ချုပ်ပြီးနောက် Third Shinobi War အပြီးမှာ Iwagakure နဲ့ ငြိမ်းချမ်းရေးစာချုပ် ချုပ်...

Lelouch vi Britannia

Image
Lelouch vi Britannia ကတော့ Code Geass ထဲက အဓိက ဇာတ်ကောင် တစ်ဖြစ်လဲ လူဆိုးဇာတ်ကောင်လဲ ဖြစ်ပါတယ်။ သူဟာ  Holy Britannian Empire ရဲ့ 11 ယောက်မြောက် မင်းသား ဖြစ်ပြီး Britannia ဧကရာဇ် Charles zi Britannia လဲ ဖြစ်ပါတယ်။ Lelouch ဟာ C.C နဲ့ တွေ့ပြီးနောက်မှာ Geass အစွမ်းကို ရခဲ့ပါတယ်။ အဲ့နောက်မှာတော့ သူဟာ Zero ဆိုတဲ့ နာမည်နဲ့ Britannia ကို တော်လှန်တဲ့  Black Knights ဆိုတဲ့ အဖွဲ့ရဲ့  ခေါင်းဆောင် ဖြစ်လာပါတယ်။ Personality Lelouch ဟာ တည်ငြိမ်ပြီး နည်းနည်း မောက်မာတတ်တဲ့ ဉာဏ်ကောင်းတဲ့ character ဖြစ်ပါတယ်။ သူဟာ ကျောင်းမှာတော့ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေနေတဲ့ ပေါင်းသင်းဆက်ဆံရေး ကောင်းတဲ့ သူတစ်ယောက်လို နေပါတယ်။ အဲ့ဒါဟာ သူ့ရဲ့ ဗီဇကို ဖုံးထားတဲ့ မျက်နာဖုံး တစ်ခုသာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ Zero အနေနဲ့ Black Knights ကို ခေါင်းဆောင်တဲ့ အချိန်တွေမှာ ဆိုရင် အင်မတန် သွေးအေးပြီး သူ့ပန်းတိုင်အတွက်သာ ဆိုရင် ဘယ်သူ့ကိုပဲ စတေးရ ရ, ဂရုမစိုက်တဲ့လူပဲ ဖြစ်ပါတယ်။ သူ့ကို တခြားသူတွေက တကိုယ်ကောင်းဆန်တယ် ဆိုပြီး ဝေဖန်တာ မကြာခဏ ခံရပါတယ်။ ဒါပေမဲ့လဲ သူဟာ တစ်ချို့သူတွေ အပေါ်မှာတော့ ကောင်းခဲ့ပါတယ်။ သူ့ညီမ Nunna...

Kingdom

Image
ဒီ anime ကတော့ season 2 ခု ထွက်ထားပြီး စုစုပေါင်း 77 episodes ရှိပါတယ်။ တရုတ်နိုင်ငံ Warring States Period ကို နောက်ခံထားတာ ဖြစ်ပြီး genre က တော့ Historical ၊ Shounen genre ဖြစ်ပါတယ်။ Story ဇာတ်လမ်းကတော့ Qin ပြည်နယ်ရဲ့ နယ်စွန်နယ်ဖျား ရွာလေးတစ်ရွာမှာ Hyou နဲ့ Xin ဆိုတဲ့ ကျွန် နှစ်ယောက်ဟာ သူငယ်ချင်းတွေ ဖြစ်ခဲ့ပါတယ်။ သူတို့အိပ်မက် ဟာ စစ်သူကြီး ဖြစ်ဖို့ ပဲ ဖြစ်ပါတယ်။ တစ်နေ့မှာတော့ နန်းတွင်းက အမတ်တစ်ယောက်ဟာ Hyou ကို နန်းတော်ထဲမှာ အမှုထမ်းဖို့ဆိုပြီး ခေါ်သွားပါတယ်။ အဲ့နောက် Hyou နဲ့ Xin ဟာ မတွေ့ဖြစ်ကြပဲ ကာလ အတန်ကြာပြီးနောက်မှာ Hyou က ဒဏ်ရာတွေနဲ့ ရွာကို ပြန်ရောက်လာပါတယ်။ Hyou က အဲ့ဒဏ်ရာတွေနဲ့ သေဆုံးသွားပြီးနောက် Xin ဟာ Hyou ကို နန်းတော်ထဲ ခေါ်သွားခဲ့တဲ့ အကြောင်း အရင်းကို သိသွားခဲ့ပါတယ်။ အဲ့နောက်မှာတော့ Xin ဘာဆက်လုပ်မလဲ ဆိုတာတော့............ Art art ကတော့ တခြား anime တွေနဲ့ ယှဉ်ရင် သိပ်မကောင်းဘူးလို့ ထင်မိပါတယ်၊ နောက်ထွက်မဲ့ ဟာတွေမှာ တော့ art ပိုကောင်းဖို့ မျှော်လင့်ပါတယ်။ Sound အဲ့ဒါလဲ မဆိုးပါဘူး။ Main Character ဖြစ်တဲ့ Xin ရဲ့ Seiyuu ဟာ Bleach ထဲက Ichigo ရဲ့ seiyuu ပဲလို့ ဆိုပါတယ...

Warring States Period & Qin Dynasty

Image
တရုတ်နိုင်ငံ ကျိုးမင်းဆက် (Zhou Dynasty) (1045-256 BC) တည်ထောင်ပြီး နှစ် 300 အကြာ၊ 771 BC လောက်မှာ ကျိုးမင်းဆက် ဘုရင်ရဲ့ အာဏာဟာ ယုတ်လျော့လာပြီး နယ်စားတွေရဲ့ အရှိန်အဝါဟာ ပိုကြီးလာခဲ့ပါတယ်။ နောက်ပိုင်း 475 BC လောက်မှာတော့ ကျိုးမင်းဆက် ရဲ့ ဘုရင်ဟာ ရုပ်သေးဘုရင်သာ ဖြစ်ခဲ့ပြီး နိုင်ငံ အတွင်းမှာ အဓိက အင်အား ခုနှစ်ပြည်နယ် ကွဲသွားခဲ့ပါတယ်။ အဲ့ခေတ်ကိုတော့ စစ်ပွဲခေတ် (Warring States period - 战国时代 Zhànguó Shídài) လို့ ခေါ်ပြီး 221 BC အထိ ကြာမြင့်ခဲ့ပါတယ်။ အဲ့ ပြည်နယ် 7 ခုကတော့ Yan ၊ Qi ၊ Wei ၊ Zhao ၊ Han ၊ Chu နဲ့ Qin တို့ပဲ ဖြစ်ပါတယ်။ အဲ့ ပြည်နယ်တွေထဲက Qin ဟာ အင်အားကြီးလာပြီး နောက်ပိုင်းမှာတော့ နည်းဗျူဟာ သုံးဆယ့်ခြောက်မျိုး ( Thirty-Six Stratagems ) ထဲက တစ်ခုဖြစ်တဲ့ "အဝေးက သူကို မဟာမိတ်ဖွဲ့၊ အနီးကို တိုက်"("allying with distant states and attacking nearby ones") ဆိုတဲ့ နည်းဗျူဟာနဲ့ တစ်နိုင်ငံလုံးကို သိမ်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။ Qin ပြည်နယ်၏ ဘုရင် ငါးပါး 1. King Zhaoxiang (306–251 BC) သူဟာ Zhao ဘုရင် King Wuling ရဲ့ အကူအညီနဲ့ နန်းတက်ခဲ့ပြီး သူ့လက်ထက်မှာ Qin ပြည်နယ်ဟ...

Magi ရှင်းတမ်း

Image
Characters Solomon ဒီ anime မှာ Solomon ဆိုတဲ့ နာမည်ကို မကြာခဏ ပြောတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီနာမည်ကတော့ အာရေဗျစ် ဘာသာစကားနဲ့ဆို "ငြိမ်းချမ်းမှု" ဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။ King Solomon ဟာ သမိုင်းအရ အစ္စရေးနိုင်ငံ ဘုရင် ဖြစ်ခဲ့ပြီး ခရစ်ယာန်ကျမ်းစာ၊ အစ္စလမ်ကျမ်းစာ၊ ဟီဗရူးကျမ်းစာတွေမှာ အညွှန်းခံရတဲ့ ဘုရင်ပဲ ဖြစ်ပါတယ်။ မကောင်းဆိုးဝါးတွေကို နှိမ်နှင်းနိုင်တယ်လို့လဲ ဆိုကြပါတယ်။ Ref:   http://magi.wikia.com/wiki/Solomon Aladdin Aladdin ကတော့ ဒီ anime ရဲ့ အဓိကဇာတ်ကောင် ဖြစ်ပါတယ်။ "တစ်ထောင့်တစ်ည ပုံပြင်"ထဲက ဇာတ်ကောင် ရဲ့ နာမည်ကို ယူထားတာ ဖြစ်ပါတယ်။ ဒီထဲမှာတော့ သူဟာ Magi တစ်ယောက်ဖြစ်ပြီး Solomon ရဲ့  ဉာဏ်ပညာကို ရထားတယ်လို့ ဆိုပါတယ်။ Ref: http://magi.wikia.com/wiki/Aladdin Alibaba Saluja Alibaba ဟာလဲ "တစ်ထောင့်တစ်ည ပုံပြင်" ကပဲ ဖြစ်ပြီး ဒီ anime မှာတော့ Aladdin နဲ့ သူငယ်ချင်း ဖြစ်ပါတယ်။ Ref: http://magi.wikia.com/wiki/Alibaba_Saluja Morgiana Morgiana ဟာ "တစ်ထောင့်တစ်ည ပုံပြင်"  ထဲက Alibaba ကို ကယ်ခဲ့တဲ့ သ...

Magi

Image
Episodes - Season 1 - 25 episodes, Season 2 - 25 episodes ဒီ anime ရဲ့ manga ကို Shinobu Ohtaka က ရေးတာဖြစ်ပါတယ်။ အာရေဗျီရ တစ်ထောင့်တစ်ည ပုံပြင်(Arabian Nights) ထဲက ဇာတ်ကောင်တွေကို အခြေခံပြီး ဇာတ်အိမ် ဖွဲ့ထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။ genre ကတော့ adventure, comedy, shounen genre ဖြစ်ပါတယ်။ ဒီမှာ Rukh ဆိုတာ soul (ဝိညာဉ် လို့သုံးမယ် ထင်တယ်) ဖြစ်ပါတယ်။ "Magi" ကတော့ Rukh တွေရဲ့ အကူအညီနဲ့ အစွမ်းထက်ပြီး magi ရဲ့ တာဝန်ဟာ ဘုရင် ရွေးချယ်ရမယ့် တာဝန်လို့ ဆိုပါတယ်။ အဓိက ဇာတ်ကောင်ဖြစ်တဲ့ Aladdin ဟာ magi ဖြစ်ပြီး နောက်ပိုင်းမှာတော့ Alibaba၊ Morgiana တို့နဲ့ သူငယ်ချင်းတွေ ဖြစ်ခဲ့ပြီး စွန့်စားခန်းခရီးအတူတူ ထွက်ခဲ့ပါတယ်။ Season 2 မှာတော့ တစ်ယောက် တစ်နေရာဆီသွား၊ ပညာတွေရှာပြီး တိုးတက်လာတာကို တွေ့ရမှာ ဖြစ်ပါတယ်။ Animation ကလဲ တော်တော်ကောင်းပြီး အဆောက်အအုံ ပုံစံ၊ ဝတ်စားဆင်ယင်မှုတွေကို အဲ့ခေတ်အဲ့အခါနဲ့ လိုက်လျောညီအောင် ဆွဲထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။ sound effect တွေဘာတွေလဲ တော်တော် ကောင်းတာ တွေ့ရမှာ ဖြစ်ပါတယ်။ Character တွေကလဲ တော်တော် unique ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ဥပမာပြောရရင် Ala...

Kore wa Zombie Desu ka

Image
ဒီ anime အမျိုးအစားကတော့ comedy, harem အမျိုးအစားဖြစ်ပါတယ်။ ဒီ anime ရဲ့ ဇာတ်လမ်းကတော့ တစ်ယောတ်တည်းနေတဲ့ အထက်တန်း ကျောင်းသား ဖြစ်တဲ့ Aikawa Ayumu ဟာ တစ်နေ့မှာ အသတ်ခံရပြီးတော့ မှော်ဆရာမ (Necromancer) တစ်ယောက်က သူ့ကို zombie အဖြစ် ပြောင်းလိုက်ရာကနေ စထားပါတယ်။ Aikawa ဟာ zombie ဖြစ်သွားပြီးနောက်မှာတော့ သူငယ်ချင်းတွေ တဖြည်းဖြည်း ရလာတာကို ပြထားပါတယ်။ plot ကို ပြောရရင်တော့ တချို့ဟာတွေက သိပ်ပြီး မရှင်းပြထားဘူးဆိုတာ တွေ့ရပါလိမ့်မယ်။ ဥပမာ ပြောရရင် မကောင်ဆိုးဝါးတွေက လာတိုက်ခိုက်တာ ဘာလို့ တိုက်လဲဆိုတာကို Necromancer အစွမ်းရဲ့ ဆွဲဆောင်မှုကြောင့်လို့ပဲ ဆိုထားပြီး အသေးစိတ်ကျကျ မရှင်းထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့လဲ အဓိကဇာတ်လမ်းက protagonist ရဲ့ harem ကို ဦးတည်ပြီး ပြတာဖြစ်တဲ့ အတွက် ကြည့်တဲ့သူတွေကို ဇာတ်လမ်းထက် ဇာတ်ကောင်ဖက်ကိုပဲ အသားပေးပြီး ကြည့်စေချင်ပုံ ပေါ်ပါတယ်။ character တွေကတော့ တော်တော် unique ဖြစ်ပါတယ်။ မိန်းကလေးဇာတ်ကောင် design လှပြီး character တွေက loli ကနေ sexy character တွေ အထိ ပါပါတယ်။ နောက်ပြီး ဒီ anime မှာ အဓိက ဇာတ်ကောင်က သူ့အစွမ်းကို သုံးရင် cross-dresser ဖြစ်သွားပါတယ်။ ...