Posts

Toyotomi Hideyoshi (1536 - 1598)

ဒဏ္ဍာရီထဲက ပုံပြင် တစ်ပုဒ် သို့မဟုတ် Hideyoshi ၏ ငယ်ဘဝ Toyotomi Hideyoshi ဟာ သာမန် လယ်သမား မျိုးရိုးကနေ ဆင်းသက်လာတဲ့ သူလို့ဆိုပါတယ်။ 1570 မတိုင်ခင်အထိ သူ့အကြောင်းဟာ သမိုင်းမှတ်တမ်းမှာ မရှိခဲ့ပါဘူး။ ပါးစပ်ရာဇဝင်တွေအရကတော့ သူဟာ Owari ပြည်နယ် Nakamura ရွာမှာ မွေးဖွားခဲ့ပြီး Yaemon ဆိုတဲ့ လယ်သမားတစ်ဦးရဲ့ သား ဖြစ်တယ်လို့ဆိုပါတယ်။ သူ့ရဲ့ ငယ်နာမည်ကတော့ Hiyoshimaru ဖြစ်ပြီး ငယ်စဉ်က ဘုံကျောင်းကို အပို့ခံခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ Kinoshita Tōkichirō ဆိုတဲ့ နာမည်ပြောင်းခဲ့ပြီး Imagawa Yoshimoto ဆီမှာ အလုပ် လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ 1557 လောက်မှာ Owari ပြည်နယ်ကို ပြန်လာပြီး Oda ဆီမှာ သာမန်စစ်သားဘဝကနေ စခဲ့ပါတယ်။ သူဟာ 1560 မှာ Okehazama တိုက်ပွဲမှာ ပါခဲ့တယ်လို့ ဆိုကြပြီး 1564 မှာ Mino ရဲ့ စစ်သူကြီးတွေကို လာဘ်ထိုးပြီး Oda ဘက်ပါအောင် လုပ်ပေးနိုင်ခဲ့ပြီး Kinoshita Hideyoshi ဆိုတဲ့ နာမည်နဲ့ လူသိများလာခဲ့တယ်။ 1573 မှာတော့ Hideyoshi ဟာ Oda ရဲ့ နာမည်ကြီး စစ်သူကြီး နှစ်ယောက်ဖြစ်တဲ့ Niwa Nagahide နဲ့ Shibata Katsuie တို့ရဲ့ နာမည်ကို ယူပြီး Hashiba Hideyoshi ဆိုပြီး နာမည်ပြောင်းခဲ့ပါတယ်။ အဲ့အချိန်လောက်မှ...

ဂျပန်ရာဇဝင် - Muromachi ခေတ် (1333 - 1573)

1333 မှာ Kamakura အစိုးရကို ဖြုတ်ချပြီးနောက် ဧကရာဇ် Go-Daigo ဟာ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို ရလာခဲ့ပါတယ်။ ဒါပေမယ့် Go-Daigo ဟာ အရည်အချင်းမရှိတဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့အတွက် သူ့ရဲ့ အာဏာက တာရှည်မခံခဲ့ပါဘူး။ Kamakura အစိုးရကို တိုက်တုန်းက ဘုရင့်ဘက်က ပါဝင်ခဲ့တဲ့ နယ်စား Ashikaga Takauji ဟာ ပုန်ကန်ခဲ့ပြီး 1336 မှာ မြို့တော် Tokyo ကို သိမ်းနိုင်ခဲ့ပါတယ်။ ဘုရင် Go-Daigo ဟာ Tokyo တောင်ပိုင်းဖြစ်တဲ့ Yoshino အရပ်ကို ပြေးသွားပြီး အဲ့မှာ တောင်ဘက်နန်းတွင်း တည်ထောင်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ Takauji ဟာ Kyoto မှာ ရုပ်သေးဘုရင်တစ်ပါးကို တင်မြောက်ခဲ့ပါတယ်။ 1338 မှာတော့ Takauji ဟာ Shogun ရာထူးကို ရလာခဲ့ပြီး Kyoto မှာ အစိုးရအဖွဲ့ ဖွဲ့စည်းခဲ့ပါတယ်။ အစိုးရအဆောက်အဦးတွေ တည်ရှိခဲ့တဲ့ Muromachi ရပ်ကွက်ကို အစွဲပြုပြီးတော့ ဒီခေတ်ကို Muromachi ခေတ်လို့ ခေါ်ခဲ့ကြပါတယ်။ Ashikaga တွေဟာ Shogun ဖြစ်လာခဲ့ပေမယ့်လည်း တိုင်းပြည်မှာ ဘုရင်က တောင်ဘုရင်နဲ့ မြောက်ဘုရင်ဆိုပြီး နှစ်ပါးဖြစ်နေခဲ့ ပြီး အုပ်စုနှစ်စု ကွဲနေခဲ့ပါတယ်။ "ဗုံလုံတစ်လှည့်၊ ငါးပျံတစ်လှည့်" ဆိုသလိုပဲ အဲ့နှစ်ဖွဲ့ဟာ အရှုံးအနိုင်မကွဲခဲ့ကြပဲ နှစ်င...

ဂျပန်ရာဇဝင် - Kamakura ခေတ်

Image
  သက္ကရာဇ် 1185 မှာ Minamoto Yoritomo ဟာ Gempei စစ်ပွဲရဲ့ နောက်ဆုံး တိုက်ပွဲဖြစ်တဲ့ Dan-no-ura ဆိုတဲ့ ရေကြောင်းတိုက်ပွဲမှာ ပြိုင်ဖက်ဖြစ်တဲ့ Taira clan ကို အမြစ်ပြတ်ချေမှုန်းနိုင်ခဲ့ပါတယ်။ အဲ့နောက် 1192 မှာတော့ ဧကရာဇ်ဟာ Minamoto ကို "Seii Tai-Shogun" ဆိုတဲ့ ဘွဲ့ကို ချီးမြှင့်ခဲ့တဲ့အတွက် သူဟာ ဂျပန်နိုင်ငံရဲ့ ပထမဆုံးသော Shogun ဖြစ်လာခဲ့ပါတယ်။ Minamoto ဟာ Kwanto ပြည်နယ် Kamakura မြို့မှာ အခြေချပြီး အရပ်ရပ်က daimyo တွေကို အုပ်ချုပ်ခဲ့ပါတယ်။ Minamoto ဟာ Hojo မိသားစုက Hojo Masako ဆိုတဲ့ အမျိုးသမီးတွေနဲ့ လက်ထပ်ခဲ့ပါတယ်။ Minamoto သေဆုံးပြီးနောက်မှာတော့ Hojo clan က ဂျပန်နိုင်ငံရဲ့ အုပ်ချုပ်ရေးကို စီမံခဲ့ပါတယ်။ Hojo တွေ အုပ်ချုပ်နေတဲ့ အချိန်ဟာ အာရှမှာ မွန်ဂိုတွေ အင်အားကြီးလာတဲ့ အချိန်ပဲ ဖြစ်ပါတယ်။ တိုက်တိုင်းအောင်ဖြစ်နေတဲ့ မွန်ဂိုတွေဟာ တရုတ်ပြည်နဲ့ ကိုရီးယားကို သိမ်းပြီးနောက်မှာတော့ ဂျပန်ကိုပါ သိမ်းဖို့ ကြံလာခဲ့ပါတယ်။ မွန်ဂိုဘုရင် ကူဗလိုင်ခန် (Kublai Khan) ဟာ သင်္ဘောပေါင်းများစွာဆောက်စေခဲ့ပြီး စစ်တိုက်ဖို့ ပြင်ဆင်နေခဲ့ပါတယ်။ 1274 မှာတော့ မွန်ဂိုတွေဟာ ကြီးမားတဲ့ ရေတပ်နဲ့ ဂျပန်ကို ဝင်...

ဂျပန်ရာဇဝင် - Asuka ခေတ်၊ Nara ခေတ် နှင့် Heian ခေတ်

Image
Asuka ခေတ် (AD 538 - AD 710) AD 538 မှာ ကိုရီးယားကတစ်ဆင့် ဗုဒ္ဓဘာသာ ဝင်ရောက်လာခဲ့ပြီး အုပ်ချုပ်သူ လူတန်းစားတွေဟာ ဗုဒ္ဓဘာသာအဖြစ် ခံယူခဲ့ကြတယ်။ ဒါ့အပြင် ကွန်ဖြူးရှပ်ဝါဒနဲ့ တာအိုဝါဒတွေပါ ပြန့်နှံ့လာခဲ့တယ်။ နောက်ပြီး တရုတ်စာပေလဲ ပြန့်ပွားလာခဲ့ပါတယ်။ သက္ကရာဇ် 593 မှာ Sujun ဘုရင် လုပ်ကြံခံရပြီး သူ့ရဲ့ တူမဖြစ်တဲ့ Suiko ဟာ ဘုရင်မ ဖြစ်လာခဲ့ပါတယ်။ 594 မှာ မင်းသား Shotoku ဟာ အုပ်ချုပ်မှုယန္တရားမှာ အာဏာအတန်အသင့်ရလာခဲ့ပါတယ်။ Shotoku ဟာ တရုတ်ယဉ်ကျေးမှူကို နှစ်သက်ခဲ့တဲ့သူ ဖြစ်တဲ့ အတွက် 604 မှာ တရုတ်ပြည် အုပ်ချုပ်မှုကို အတုယူပြီး Taika ပြုပြင်ပြောင်းလဲရေး လုပ်ခဲ့ပါတယ်။   Taika ပြုပြင်ပြောင်းလဲရေး Taika ပြုပြင်ပြောင်းလဲရေးတွင် ပါဝင်တဲ့ အချက်တွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။ - နယ်စားများ ထားရှိ၍ အုပ်ချုပ်စေသော်လည်း ဘုရင့်၏ ဆန္ဒအတိုင်းသာ အုပ်ချုပ်ရမည်။ - တိုင်း၊ ခရိုင် ၊ မြို့ ခွဲ၍ ဗျူရိုကရေစီ စနစ်အတိုင်း အုပ်ချုပ်သည်။ - စစ်ဘက်နှင့် မြို့ပြဆိုင်ရာကို ခွဲခြားထားသည်။ - အရာရှိစာမေးပွဲများ ဖြေဆိုစေပြီး မင်းမှုထမ်းများ ခန့်အပ်သည်။ - လယ်ယာများကို နိုင်ငံပိုင်လုပ်ပြီး လယ်သမားများကို ဝေငှသည်။ N...

ဂျပန်ရာဇဝင် - ရှေးခေတ်ဂျပန်ပြည်

Image
ဂျပန်နိုင်ငံဟာ တရုတ်ပြည်ရဲ့ အရှေ့မြောက်ဘက် ပစိဖိတ်သမုဒ္ဒရာအတွင်းမှာ တည်ရှိပြီး ကျွန်းကြီးကျွန်းငယ်ပေါင်း သုံးထောင်ကျော်ပါဝင်ပြီးတော့ မြောက်မှ တောင်ကို မိုင်ပေါင်း ၂၅၀၀ ရှည်လျားပါတယ်။ ကျွန်းတွေအနက်က ထင်ရှားတဲ့ ကျွန်းတွေကတော့ Hokkaido ၊ Honshu ၊ Shikoku နဲ့ Kyushu တို့ပဲ ဖြစ်ပါတယ်။ ဂျပန်ကျွန်းတွေပေါ်မှာ တိုင်းရင်းသားတွေ အများအပြား နေထိုင်ကြပြီး ရှေးအကျဆုံး တိုင်းရင်းသားတွေဟာ Ainu လို့ ခေါ်တဲ့ တိုင်းရင်းသားတွေ ဖြစ်ပါတယ်။ နောက်ပိုင်းရောက်လာတဲ့ လူမျိုးစုတွေက Ainu လူမျိုးတွေကို တိုက်ထုတ်လိုက်တဲ့ အတွက် ယခုအချိန်မှာ အဲ့ Ainu လူမျိုးတွေကို Hokkaido ကျွန်းမှာသာ တွေ့နိုင်တော့တယ်လို့ ဆိုပါတယ်။ တခြားလူမျိုးတွေကတော့ ကိုရီးယားကို ဖြတ်ပြီး ဂျပန်ကို ရောက်လာတဲ့ ဆိုက်ဘေးရီးယား (Siberia) က လူတွေ၊ တရုတ်၊ မန်ချူး၊ ကိုရီးယား လူမျိုးတွေ အပြင် တောင်ဘက် ပင်လယ်ကမ်းကနေ ရောက်လာတဲ့ "မလေး" အနွယ်ဝင် လူမျိုးတွေလဲ ရှိပါတယ်။ အဲ့ လူမျိုးစုတွေ ပေါင်းစပ်ရောနှောပြီးတော့ ဂျပန်လူမျိုးဆိုတာ ဖြစ်လာခဲ့ပါတယ်။ Jomon ခေတ် (13 000 BC - 300 BC) ဒီခေတ်ဟာ ဂျပန်သမိုင်းရဲ့ ရှေးအကျဆုံး ခေတ် ဖြစ်ပါတယ်ပြီး လူတွေဟာ င...

Musashi Miyamoto

Image
Samurai အကြောင်းတွေ ၊ ဂျပန်ရဲ့ ဓားသိုင်းပညာရပ်အကြောင်းတွေ ဖော်ပြကြရာမှာ Musashi Miyamoto ဆိုတဲ့ နာမည်ကို တွေ့ဖူး မြင်ဖူး ကြားဖူးကြမှာပါ။ Musashi Miyamoto ဟာ အရပ်တကာ လှည့်လည်နေခဲ့တဲ့ ronin တစ်ဦးဖြစ်တဲ့အပြင် Hyo-ho Niten Ichi-ryu ဆိုတဲ့ ဓားနှစ်လက် သုံးတဲ့ ပညာကို တီထွင်ခဲ့ပြီး စစ်ရေးဗျူဟာ နဲ့ အတွေးအခေါ်တွေ ပါတဲ့ "The Book of Five Rings - Go Rin no Sho" ဆိုတဲ့ စာအုပ်ကိုလဲ ရေးသားခဲ့ပါတယ်။ သူ့ကို Shinmen Takezō; Miyamoto Bennosuke; Niten Dōraku နဲ့; Shinmen Musashi no Kami Fujiwara no Genshin စတဲ့ အခြားအခြားသော နာမည်တွေနဲ့လဲ သိကြပါတယ်။ Musashi Miyamoto ရဲ့ အကြောင်းတွေကတော့ တကယ့် ဖြစ်ရပ်တွေအပြင် ယုံတမ်းပုံပြင်တွေပါ ရောယှက်နေပါတယ်။ ဒါပေမယ့် သူ့အကြောင်းနဲ့ပတ်သတ်ပြီး အထင်ရှားဆုံးနဲ့ လူသိအများဆုံး အကြောင်းအရာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ Musashi Miyamoto ဟာ 1584 မှာ Harima ပြည်နယ်မှာ မွေးဖွားခဲ့ပါတယ်။ အသက်ခုနစ်နှစ် အရွယ်မှာ သူ့ဦးလေး ရှိတဲ့ Shoreian ဆိုတဲ့ ဘုန်းတော်ကြီးကျောင်းမှာ နေခဲ့ပြီး အဲ့မှာပဲ စာပေ အရေးအဖတ် လေ့လာခဲ့ပါတယ်။ သူဟာ ဓားသိုင်းပညာကို သူ့အဖေဆီကသော်လည်းကောင်...

Yokai ပုံပြင်များ (၁၀)

Image
ပထမဆုံး ပြောချင်တာကတော့ ဟိုးအစကနေ အခုထိ ရေးလာခဲ့တာတွေကို ဖတ်ရှူပေးတဲ့သူတွေကို ကျေးဇူးတင်ပါတယ်။ :D နောင်မှာ အခွင့်အခါသင့်ရင် yokai အကြောင်းတွေကို ရေးကောင်းရေးအုံးမှာဖြစ်ပေမယ့် လောလောဆယ်မှာတော့ ဒီမှာ Nurarihyon အကြောင်းနဲ့ပဲ နိဂုံးချုပ်ထားပါရစေ။ Nurarihyon ကို yokai တွေရဲ့ အကြီးအကဲ ၊ Yokai ပေါင်း တစ်ရာ (သို့) Hyakki Yagyō ရဲ့ခေါင်းဆောင်၊ ဒါမှမဟုတ် ကောင်းကင်နဲ့ မြေကြီးမှာရှိတဲ့ ဝိညာဉ်တွေရဲ့ အရှင်သခင် စသည်ဖြင့် ခေါ်ဝေါ်ကြပါတယ်။ Nurarihyon ဟာ Seto ပင်လယ်ထဲမှာ ကျက်စားခဲ့တဲ့ ပင်လယ်နေသတ္တဝါတစ်မျိုးကနေ အခြေခံပြီး ဖြစ်ပေါ်လာတယ်လို့ ဆိုကြပါတယ်။ Nurarihyon ရဲ့ အဓိပ္ပာယ် Nurarihyon ကို hiragana နဲ့ပဲ ぬらりひょん ဆိုပြီး ပေါင်းကြပါတယ်။ အဲ့ဒါက ဘာမှ ရေရေရာရာ အဓိပ္ပာယ်မရှိပါဘူး။ နောက်ပိုင်းမှာတော့ kanji နဲ့ 滑 (namera; slippery; ချောတယ်၊ ချော်တယ်) ဆိုတဲ့ စာလုံးနဲ့ 瓢 (hyo; gourd; ဘူးသီး) ဆိုတဲ့ စာလုံးနှစ်ခုကို ပေါင်းပြီး ရေးကြပါတယ်။  “Hyon” က "ပင်လယ်ပေါ်မှာ ပေါလော ပေါ်နေတယ်"  ဆိုတဲ့ တခြား အဓိပ္ပာယ်လဲရှိပါတယ်။ ဒါမှမဟုတ်လဲ "Hyon" ဘူးသီး ဆိုတာဟာ Nurarihyon ရဲ့ ထူးခြားတဲ့ ခေါင်းပုံစံကို တင်စာြး...