Bleach


Bleach ကို Tite Kubo ဆိုတဲ့ mangaka က ရေးသားခဲ့တာ ဖြစ်ပြီး ၂၀၀၁ ခုနှစ်က စပြီး အပတ်စဉ် Shounen Jump မှာ ပါဝင်ခဲ့ပါတယ်။ Anime series ကတော့ ၂၀၀၄ ခုနှစ်က စခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ ၃၆၆ ပိုင်းနဲ့ ရပ်နားသွားခဲ့ပေမယ့် manga ကတော့ ဆက်လက် ထွက်ရှိနေဆဲပဲ ဖြစ်ပါတယ်။ Bleach ဟာ ဂျပန်မှာရော အမေရိကမှာပါ ရောင်းအားအကောင်းဆုံး manga တွေထဲက တစ်ခုအနေနဲ့ ရပ်တည်ခဲ့ပါတယ်။ Fan တွေက Bleach ရဲ့ အက်ရှင်နဲ့ ရုပ်ပုံလက်ရာမြောက်မှုအပေါ် ချီးကျူးကြပေမယ့် သမာရိုးကျ ဇာတ်ကောင်တွေနဲ့ ထူးခြားဆန်းပြားမှုမရှိတဲ့ ဇာတ်လမ်းတွေကြောင့် ဝေဖန်မှုတွေ ရှိနေဆဲလည်း ဖြစ်ပါတယ်။

Kurosaki Ichigo ဟာ သရဲတွေ၊ တစ္ဆေတွေကို မြင်နိုင်တဲ့အစွမ်း ရှိသူတစ်ဦးဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူဟာ Shinigami (သေမင်းတမန်) တစ်ဦးဖြစ်တဲ့ Rukia နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီလို တွေ့ဆုံမှုဟာ သူ့ဘဝကို တစ်ဆစ်ချိုး ပြောင်းလဲစေခဲ့ပါတယ်။ Rukia ဟာ Hollow လို့ ခေါ်တဲ့ သရဲတွေကို တိုက်ပြီး Ichigo ကို ကာကွယ်ရင်းနဲ့ ဒဏ်ရာရသွားခဲ့ပါတယ်။ Rukia ဟာ သူ့ရဲ့ Reiatsu လို့ ခေါ်တဲ့ အစွမ်းတွေကို Ichigo ထံ လွဲပေးလိုက်ရာက Ichigo မှာလည်း Shinigami အစွမ်းတွေ ရသွားပါတော့တယ်။ Rukia ဟာ သူ့အစွမ်းတွေ မရှိတော့ပဲ Rukia ကိုယ်စား Ichigo က Hollow တွေကို ရှင်းလင်းပါတော့တယ်။ နောက်ပိုင်းမှာ Rukia ကို လူသားကို Shinigami အစွမ်းတွေ လွှဲပေးတဲ့အတွက် အပြစ်ဒဏ်ပေးဖို့ Shinigami တွေနေတဲ့ Soul Society ကို ဖမ်းခေါ်သွားခြင်းခံခဲ့ရပါတယ်။ အဖမ်းခံရတဲ့ Rukia ကို သွားကယ်ဖို့အတွက် Ichigo ဟာ သူ့သူငယ်ချင်းတစ်စုနဲ့ ပြင်ဆင်ခဲ့ပါတယ်။
ဒီလိုနဲ့ Ichigo ဟာ တခြားလောကက ကိစ္စတွေ၊ လူတွေနဲ့ ပိုမို ဆက်နွယ်လာခဲ့ပါတယ်.........

Bleach က Mainstream Anime သုံးခုထဲကတစ်ခုဖြစ်ပြီး Naruto ၊ One Piece တို့လိုပဲ Shounen anime ဖြစ်ပါတယ်။ နောက်ပိုင်း ဇာတ်လမ်း arc တွေမှာတော့ Bleach ဟာ ဇာတ်ရှိန်ကျသွားခဲ့ပေမယ့် Action ၊ Shounen ကြိုက်တဲ့သူတွေအတွက်ကတော့ ကြည့်သင့်တဲ့ anime ပဲ ဖြစ်ပါတယ်။

Comments

Popular posts from this blog

Lookism