Mekakucity Actors

Genre - Comedy, Sci-fi, Supernatural
Episodes - 12

Mekakucity Actors ဒါမှမဟုတ် Kagerou Project လို့ခေါ်ကြတဲ့ ဒီ anime ဟာ အစပိုင်းမှာ Vocaloid သီချင်းစီးရီး အနေနဲ့ စတင်ခဲ့တာ ဖြစ်ပါတယ်။ Mekakushi Dan လို့ ခေါ်တဲ့ မျက်လုံးအစွမ်းတွေ ပိုင်ဆိုင်ကြတဲ့ လူငယ်တွေ ပါဝင်တဲ့ အဖွဲ့အကြောင်းကို အဓိကဇာတ်ကြောင်းအနေနဲ့ ရေးဖွဲ့ထားပါတယ်။ ဒီသီချင်းတွဲဟာ Niconico ဆိုတဲ့ ဝက်ဆိုက်မှာ "Kagerou Daze" ဆိုတဲ့ သီချင်းနာမည်နဲ့ ပေါက်သွားခဲ့ပြီး ကြည့်ရှုသူ သုံးမီလျံလောက် ရှိလာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ light novel ဝတ္ထုအနေနဲ့ ထွက်ခဲ့ပြီး ၂၀၁၂ မှာတော့ manga စထွက်ပြီး ၂၀၁၄ မှာတော့ ၁၂ ပိုင်းစာ ရှိတဲ့ anime ထွက်ရှိခဲ့ပါတယ်။

ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ကတော့ အသက်ဆယ့်ရှစ်နှစ် အရွယ်ရှိတဲ့ Kisaragi Shintaro ဖြစ်ပြီး သူက နှစ်နှစ်ကြာ အခန်းတွင်းပဲ အောင်းနေခဲ့တဲ့ NEET တစ်ဦးဖြစ်ပါတယ်။ တစ်ရက်မှာတော့ သူဟာ သူ့ ကီးဘုတ်ပေါ် ဆိုဒါမှောက်ကျသွားပြီး ကီးဘုတ်ပျက်သွားခဲ့ပါတယ်။ ဖြစ်ချင်တော့ အဲ့နေ့မှာ ကွန်ပြူတာစက်ပစ္စည်းတွေကို online ကလည်း မှာလို့ မရတာကြောင့် သူကိုယ်တိုင် အပြင်ထွက်ပြီး ဝယ်ဖို့ အကြောင်းဖန်လာပါတော့တယ်။ "ကံဆိုးမ, သွားရာ မိုးလိုက်လို့ရွာ" လို့ပဲ ဆိုရမလား၊ သူသွားဝယ်တဲ့ဆိုင်ကို ဓားပြဝင်တိုက်ပြီး သူအပါအဝင် အခြား လူတွေကို ဓားစာခံအဖြစ် အဖမ်းခံရပါတော့တယ်။
အဲ့ဒီမှာ "Mekakushi Dan" လို့ခေါ်တဲ့ အဖွဲ့ရောက်လာပြီး သူ့ကို "Mekakushi Dan" အဖွဲ့ထဲကို ဝင်ဖို့ စည်းရုံးရာကအစ၊ ဇာတ်လမ်းကလည်း တဖြည်းဖြည်း စိတ်ဝင်စားစရာ ကောင်းလာပါတော့တယ်။

ဒီ anime ဟာ ဒီမှာ သမာရိုးကျ ပုံမှန် anime တွေနဲ့မတူပဲ တမူ ထူးခြားကွဲပြားအောင် ပြထားတာကို တွေ့ရမှာပါ။ တချို့ကလည်း ဒါကို ရှုပ်တယ်လို့ ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါပေမယ့်လည်း ဒီ anime ဟာ ကြည့်သင့်တဲ့ anime တစ်ခု ဖြစ်တယ်လို့ ပြောပါရစေ။

Comments

Popular posts from this blog

Lookism