Clannad



Clannad ဟာ Kannon ၊ Air အစရှိတဲ့ visual novel တွေကိုထုတ်ပေးခဲ့တဲ့ Key ကုမ္ပဏီကနေ visual novel အနေနဲ့ စတင်ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ စစချင်းမှာတော့ Windows PC အတွက် ထုတ်ခဲ့ပြီး နောက်ပိုင်းမှာ PlayStation 2, PlayStation Portable, Xbox 360, PlayStation 3 နဲ့PlayStation Vita အစရှိတဲ့ အခြား platform တွေအတွက် ထုတ်ဝေခဲ့ပါတယ်။ ဂိမ်းကတော့ စထုတ်ထုတ်ချင်းမှာပဲ ဂျပန်နိုင်ငံမှာ ရောင်းအားအကောင်းဆုံး ဂိမ်းအဖြစ် စံချိန်တင်ခဲ့ပြီး အကြိမ်ငါးဆယ်လောက် တစ်နိုင်ငံလုံးရဲ့ ထိပ်တန်း ဂိမ်းအနေနဲ့ ရပ်တည်နိုင်ခဲ့ပါတယ်။  Visual Novel အနေနဲ့ နာမည်ကြီးသွားပြီးနောက် ထုံးစံအတိုင်း manga ပေါ်လာခဲ့ပါတယ်။ ၂၀၀၇ မှာတော့ Toei Animation ကထုတ်တဲ့ anime ရုပ်ရှင်စထွက်ခဲ့ပြီး ၂၀၀၇ က ၂၀၀၉ ကြားမှာတော့ Kyoto Animation က anime OVA တွေပါတဲ့ anime series နှစ်ခုကို ထုတ်လွှင့်ခဲ့ပါတယ်။
Season 1 မှာတော့ ၂၃ ပိုင်းရှိပြီး S2 - After Story မှာတော့ ၂၄ ပိုင်းပါဝင်ပါတယ်။

Tomoya Okazaki ဆိုတဲ့ အထက်တန်းကျောင်းသားဟာ ဘဝအပေါ် စိတ်ပျက်ငြီးငွေ့နေခဲ့သူတစ်ဦး ဖြစ်ပါတယ်။ သူ ငယ်ငယ်တည်းက အမေဖြစ်သူ ဆုံးပါးသွားခဲ့ပြီး သူ့အဖေနဲ့ပဲ အတူနေခဲ့ရပါတယ်။ အကြောင်းတစ်ခုကြောင့် သူ့အဖေဟာလည်း အရက်ချိုးဖြစ်သွားခဲ့ပြီး သားဖြစ်သူကို နှိပ်စက်ပါတော့တယ်။ ဒါပေမယ့်လည်း သူဟာ ဘတ်စကတ်ဘောကို စိတ်ဝင်စားပြီး ဘတ်စကတ်ဘောဟာ သူ့ရဲ့ တစ်ခုတည်းသော ထွက်ပေါက် ဖြစ်လာပါတယ်။ တစ်နေ့မှာတော့ သူ့အဖေက အရက်မူးပြီး သူ့ကို တွန်းလိုက်ရာကနေ Tomoya ရဲ့ လက်မောင်းကို ဒဏ်ဖြစ်သွားခဲ့ပြီး အဲ့ဒဏ်ကြောင့် သူဟာ ဘတ်စကတ်ဘောကိုလည်း ဆက်မကစားနိုင်တော့ပါဘူး။ အဲ့အချိန်ကစပြီး Tomoya ရဲ့အဖေဟာ သူ့ကို ရိုက်နှိပ်တာဘာညာမလုပ်တော့ပဲ သူစိမ်းသူရံလို ဆက်ဆံခဲ့ပါတယ်။ ဒီလိုပြုမူတာဟာ Tomoya အတွက် ပိုစိတ်ထိခိုက်တဲ့အတွက် ညညဆို အိမ်ကို မပြန်ပဲ လမ်းမှာ အချိန်ဖြုန်းပြီး ကျောင်းသားလူမိုက် ဖြစ်သွားပါတယ်။ နောက်ပိုင်းမှာ သူ့သူငယ်ချင်းဖြစ်တဲ့ Sunohara နဲ့ အချိန်ဖြုန်းကာ အချိန်ကုန်စေခဲ့ပါတယ်။
တစ်ရက်မှာတော့ Tomoya ဟာ Nagisa Furukawa ဆိုတဲ့ ကျောင်းသူတစ်ဦးနဲ့ တွေ့ခဲ့ပါတယ်။ သူမဟာ အရင်နှစ်က အပြင်းအထန်ဖျားနာတာကြောင့် ကျောင်းနားခဲ့ပြီး ဒီနှစ်မှ ပြန်လာတက်ခဲ့တာ ဖြစ်ပါတယ်။ Nagisa ရဲ့ ရည်ရွယ်ချက်ကတော့ Drama Club ကို ပြန်စနိုင်ဖို့ ဖြစ်ပြီး ဘာမှ ထွေထွေထူးထူး လုပ်စရာမရှိတဲ့ Tomoya ဟာ Nagisa ကို ကူပြီး Drama Club ထဲ ဝင်ခဲ့ပါတယ်။ Tomoya ဟာ Nagisa အပါအဝင် တခြား မိန်းကလေးတွေကို သိခဲ့ပြီးနောက် သူတို့ရဲ့ ပြဿနာတွေကို မြင်ရပြီး ဘဝဆိုတာ သူထင်ခဲ့သလို စိတ်ပျက်စရာ၊ ပျင်းစရာကောင်းတဲ့ ဘဝ မဟုတ်ပါလားလို့ တဖြည်းဖြည်း သဘောပေါက်လာပါတော့တယ်။

After Story မှာတော့ ပထမပိုင်းရဲ့အဆက်ပဲ ဖြစ်ပြီး နောက် ခုနှစ်နှစ်တာ ကာလအထိ ဆက်ပြသွားခဲ့ပါတယ်။ အဲ့မှာတော့ Tomoya ရဲ့ ပြဿနာတွေ ကြုံရပုံတွေကို တွေ့ရမှာ ဖြစ်ပါတယ်။

Clannad ဟာ VN ကနေ စတင်ခဲ့တာ ဖြစ်တဲ့အတွက် anime မှာတော့ Visual novel လောက် ပြီးပြည့်စုံမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် Clannad anime ဟာ သူ့ဟာနဲ့သူ ကောင်းတယ်လို့ ဆိုနိုင်ပြီး ဒရမ်မာ ၊ ဘဝဇာတ်လမ်း စတဲ့ ဇာတ်လမ်းအမျိုးအစားတွေကို ကြိုက်နှစ်သက်တဲ့ သူတွေအတွက် ကြည့်သင့်တဲ့ anime လို့ပဲ မြင်ပါတယ်။

Visual Novel ကိုတော့ အောက်ပါ link မှာဝင် down နိုင်ပါတယ်။
Clannad VN Link

Comments

Popular posts from this blog

Lookism