Detective Conan


အင်္ဂလိပ်လို Case Close လို့ သိကြတဲ့ Detective Conan ဟာ Gosho Aoyama ရေးသားခဲ့တဲ့ manga ဖြစ်ပြီး ၁၉၉၄ ခုနှစ်က စတင်ခဲ့ပါတယ်။ Anime ကတော့ ၁၉၉၆ က စတင်ထုတ်ဝေခဲ့ပြီး အခုဆို အပိုင်းပေါင်း ရှစ်ရာကျော်နေခဲ့ပြီ ဖြစ်ပါတယ်။ Anime ဇာတ်လမ်းတွေထဲမှာ သက်တမ်း အရှည်ဆုံး Anime တစ်ခုဖြစ်ပြီး လူကြိုက်များတဲ့ စုံထောက် anime လည်း ဖြစ်ပါတယ်။ ဂျပန်မှာ ထွက်တဲ့ Detective Conan အပိုင်းတွေဟာ အပတ်တိုင်းလိုလို အဆင့် ၁ ကနေ ၆ အတွင်း ချိတ်လေ့ ရှိတယ်လို့ ဆိုပါတယ်။

Kudo Shinichi ဆိုတဲ့ အထက်တန်းကျောင်းသားဟာ နာမည်ကျော် စုံထောက် ရှားလော့ဟုမ်းကို အင်မတန် အားကျသူဖြစ်ပြီး စုံထောက်လုပ်ဖို့ စိတ်အားထတ်သန်သူလည်း ဖြစ်ပါတယ်။ ဝါသနာပါသလို စုံထောက်ပါရမီလည်း ရှိတာကြောင့် လူငယ်စုံထောက်အနေနဲ့ ရဲတွေကတောင် အသိမှတ်ပြုခံထားရသူတစ်ဦးပါ။ တစ်ရက်မှာတော့ သူ့ သူငယ်ချင်း Ran နဲ့ အတူ ပန်းခြံသွားရာက မသင်္ကာစရာ လူနှစ်ဦးကို မြင်သွားခဲ့ပါတယ်။ ဒါနဲ့ Shinichi က အဲ့လူနှစ်ဦးနောက်ကို နောက်ယောင်ခံလိုက်ရာက အဲ့ လူနှစ်ဦးက ရိပ်မိသွားပြီး Shinichi ကို အဆိပ်ထိုးပြီး မေ့လဲသွားအောင် လုပ်လိုက်ပါတယ်။ Shinichi ပြန် သတိရလာတဲ့ အချိန်မှာတော့ သူဟာ မူလတန်းအရွယ် ကလေးအရွယ်ပြောင်းသွားတာကို သတိပြုမိပါတယ်။ အဲ့ဒါနဲ့ Shinichi ဟာ သူ့နာမည်ကို Edogawa Conan လို့ ပြောင်းလိုက်ပြီး သူ့ကိုယ်သူ Shinichi ရဲ့ အမျိုးသဖွယ်မိတ်ဆက်ပြီး သူ့သူငယ်ချင်း Ran ရဲ့ အိမ်မှာ သွားနေပါတယ်။
Ran ရဲ့ အဖေဟာ စုံထောက်ဖြစ်ပြီး အမှုတွေ သိပ်မဖြေရှင်းနိုင်တဲ့ စုံထောက်ဖြစ်ပါတယ်။ Conan ဟာ Ran ရဲ့ အိမ်မှာနေပြီး Ran ရဲ့ အဖေ စုံထောက်အမှုတွေကို ဖြေရှင်းပေးရင်းနဲ့ သူ့ကို အဆိပ်ခတ်ပြီး ကလေးလေးပြောင်းသွားအောင် လုပ်ခဲ့တဲ့ လျှို့ဝှက်ဂိုဏ်းအဖွဲ့အစည်းကို လိုက်စုံစမ်းပါတော့တယ်။

Detective Conan ဟာ ဟိုးအရင်ထဲက anime ဖြစ်တဲ့အတွက် အစပိုင်း Episodes တွေမှာတော့ animation တွေ၊ art တွေ ညံ့နေပါလိမ့်မယ်။ ဒါပေမယ့်နောက်ပိုင်းမှာတော့ animation အပိုင်းမှာရော၊ art အပိုင်းမှာပါ တိုးတက်လာတာ တွေ့ရမှာပါ။ တချို့သော အခန်းတွေမှာ အမှုဖြစ်ပုံ၊ အမှုဖော်ပုံတွေဟာ အရင်ရှေ့အခန်းလိုမျိုး ခပ်ဆင်ဆင် တူနေတတ်ပါတယ်။
ဒါပေမယ့်လည်း စုံထောက် ပုံစံ anime မျိုးကို ကြိုက်တဲ့သူတွေ အတွက်ကတော့ Detective Conan ဟာ ကြည့်ကို ကြည့်သင့်တဲ့ anime ဖြစ်ပါတယ်။

Comments

Popular posts from this blog

Lookism