သုံးနိုင်ငံခေတ်(၁၈)

အခန်း (၁၈)
“ကျာရွှီ”(Jia Xu) ၏အကြံအစည်ဖြင့် အောင်ပွဲရခြင်း ၊
ရဲဝံ့စွာတိုက်ခိုက်ရင်း “ရှဟိုတွန်း”(Xiahou Dun) မျက်စိတစ်ဖက် ဆုံးရှုံးရခြင်း။

ရန်သူ၏အကြံကို ရိပ်မိသော “ကျာရွှီ”(Jia Xu) က တန်ပြန်တိုက်ခိုက်ရန် စီစဉ်သည်။ ““ချောင်ချောင်း”(Cao Cao) က မြို့ကိုသေချာစနည်းနာနေတာ တွေ့ရတယ်။ အရှေ့တောင်ထောင့်က တံတိုင်းက သုံးနေကျမဟုတ်တဲ့ ရွှံ့နဲ့ ပြင်ထားတာရယ် ၊ အတားအဆီးတွေက ပျက်စီးနေတာရယ်ကို သူကောင်းကောင်းသတိပြုမိမှာပဲ။ အဲဒီဖက်ကနေ သူဝင်တိုက်လိမ့်မယ်။ ဆန့်ကျင်ဘက်အရပ်ကနေအယောင်ပြပြီး ငါတို့ကို အနောက်တောင်ဖက်ကို ကာကွယ်စေမည်။ ညဖက်ကျမှ အရှေ့တောင်ဖက်ကနေ နံရံတွေကို ဖြိုချပြီး ဝင်ဖို့ကြိုးစားလိမ့်မယ်။” ဟု ဆိုလေသည်။

“ကျန်းရှို့”(Zhang Xiu) က “မင်းအတွေးမှန်တယ်လို့ယူဆရင် ဘာအကြံပေးချင်လဲ။” ဟု ပြန်မေးသော် “တန်ပြန်တိုက်ကွက်က ရိုးရှင်းပါတယ်။ အတော်ဆုံး ၊ သတ္တိအရှိဆုံးစစ်သားတွေကို ဗိုက်ဝအောင် စားခိုင်းထားပါ။ အပေါ့ပါးဆုံးဝတ်စုံကို ဝတ်ခိုင်းပြီး အရှေ့တောင်ထောင့်နားက အိမ်တွေမှာ အရပ်သားလိုဝတ်ပြီး နေခိုင်းပါ။ အရပ်သားတွေကိုကျတော့ စစ်သားလိုဝတ်ခိုင်းပြီး အနောက်တောင်ဖက်ကို ကာကွယ်ဟန်ဆောင်ခိုင်းပါ။ ဒီညမှာ ရန်သူကို မြို့ထဲဝင်ခွင့်ပေးလိုက်မယ်။ အတော်အတန်ဝင်လာပြီဆိုတာနဲ့ အချက်ပြပြီး ပုန်းနေတဲ့စစ်သားတွေကို တိုက်ခိုင်းမယ်။ ဒါဆိုရင် “ချောင်ချောင်း”(Cao Cao) ကိုတောင် ဖမ်းမိရင် ဖမ်းမိနိုင်ပါတယ်။” ဟုပြန်ဖြေလေသည်။ သို့နှင့် အစီအစဉ်ကို အကောင်အထည်ဖော်ကြသည်။
“ချောင်ချောင်း”(Cao Cao) ၏ ကင်းထောက်များက “တပ်တွေက အနောက်တောင်ဖက်ကိုရွှေ့သွားပြီ။ ဆန့်ကျင်ဘက်ထောင့်ကို ကာကွယ်မယ့်သူမရှိတော့ဘူး။” ဟုတင်ပြသည်။ “ချောင်ချောင်း”(Cao Cao) က ပျော်ရွှင်စွာ “သူတို့ထောင်ချောက်မိလေပြီ။” ဟုရေရွတ်လေသည်။
ထို့နောက် သူ၏တပ်များကို တူရွင်းပြားများ ၊ ချိတ်များနှင့် တံတိုင်းကိုဖြိုချရန် လိုအပ်သည်များကို ပြင်ဆင်ခိုင်းသည်။ တစ်နေ့လုံးတွင်မူ အနောက်တောင်ထောင့်ကိုသာ ဖိတိုက်နေလေသည်။ ည ၂ ချက်တီးရောက်သော် ဝါရင့်စစ်သည်များကို ဆန့်ကျင်ဘက်ထောင့်ရှိတံတိုင်းများကိုတွယ်တက်စေသည်။ အတားအဆီးများကို ဖျက်ဆီးပြီး မြို့တွင်းသို့ တိတ်ဆိတ်စွာဝင်ရောက်လာသည်။ သက်ရှိအရိပ်အယောက်မျှပင် မတွေ့ရချေ။ ထိုစဉ် ရုတ်တရက် ဗုံးပေါက်ကွဲကာ ချုံခိုတိုက်ခိုက်ခံရမှန်းသိကြသည်။ တပ်ပြန်ဆုတ်သော်လည်း “ကျန်းရှို့”(Zhang Xiu) က ချက်ချင်းပင် ဖိတိုက်သည်။ “ချောင်ချောင်း”(Cao Cao) တပ်များမှာ လုံးဝရှုံးနိမ့်ကာ ထွက်ပြေးရလေသည်။ “ကျန်းရှို့”(Zhang Xiu) သည် မိုးလင်းသည်အထိ လိုက်လံတိုက်ခိုက်လေသည်။
“ချောင်ချောင်း”(Cao Cao) သည် မနက်ရောက်သော် သူ၏တပ်များကို ပြန်လည်စုစည်းလေသည်။ စစ်သည် ၅ သောင်းကျဆုံးပြီး Lu Qian နှင့် Yu Jin တို့ ဒဏ်ရာရလေသည်။ အဆိုးဝါးဆုံးမှာ “ကျာရွှီ”(Jia Xu) က “လျူပြောင်း”(“လျူပြောင်း”(Liu Biao)) ထံ စာရေးစေကာ “ချောင်ချောင်း”(Cao Cao) ၏ဆုတ်ခွာလမ်းကြောင်းကို ဖြတ်တောက်တိုက်ခိုက်စေခြင်းဖြစ်သည်။

“လျူပြောင်း”(“လျူပြောင်း”(Liu Biao)) ကလည်း “ချောင်ချောင်း”(Cao Cao) ကိုအဆုံးတိုင်ဖျက်ဆီးရန် ရည်ရွယ်၍ စစ်ပြင်သည်။ ထိုစဉ် ကင်းထောက်တစ်ယောက်ရောက်လာကာ Sun Ce သည် Hukou ၌စခန်းချနေကြောင်း သတင်းပို့လာသည်။ Kuai Liang က “Sun Ce ရဲ့လှုပ်ရှားမှုကလည်း “ချောင်ချောင်း”(Cao Cao) ရဲ့ဗျူဟာတစိတ်တပိုင်းပဲ။ “ချောင်ချောင်း”(Cao Cao) သာလွတ်သွားရင် နောင်တရလို့ဆုံးမှာမဟုတ်ဘူး။ ချက်ချင်းစစ်ချီရပါမယ်။” ဟုဆိုသည်။
“လျူပြောင်း”(“လျူပြောင်း”(Liu Biao)) လည်း Jingzhou ရဲ့အရေးကြီးနေရာများကို Huang Zu ကို စောင့်ကြပ်ခိုင်းကာ စစ်တပ်ကိုဦးစီးလျက် “ချောင်ချောင်း”(Cao Cao) ကိုတားဆီးရန် Anzhong ကိုချီလေသည်။ “ကျန်းရှို့”(Zhang Xiu) သည်လည်း ဤသတင်းကြားသော် “ကျာရွှီ”(Jia Xu) နှင့်အတူ သွားလေသည်။
ထိုအချိန်တွင် “ချောင်ချောင်း”(Cao Cao) ၏စစ်တပ်မှာ အေးဆေးစွာ ချီတက်နေပြီး ရှန်းရန် ကို ရောက်လာလေသည်။ တစ်ရက်တွင် Yu မြစ်ဘေးတွင် လမ်းလျှောက်နေစဉ် ရုတ်တရက်သည်းထန်စွာ ငိုကြွေးလေသည်။ နောက်လိုက်များကြား၍ မေးသော် “မနှစ်က ဒီနေရာမှာ ငါ့ရဲ့စစ်သူကြီး Dian Wei ကို ဆုံးရှုံးခဲ့ရတယ်။” ဟုဖြေလေသည်။

ထို့နောက် ကျဆုံးသွားသော စစ်သူကြီးအတွက် ယစ်ပူဇော်ကာ ငိုကြွေးလေသည်။ သူ၏လုပ်ရပ်ကြောင့် စစ်သည်တို့မှာ များစွာစိတ်ထိခိုက်လှုပ်ရှားရလေသည်။ ထို့နောက် တူဖြစ်သူ “ချောင်အားမင်” (Cao Amin) နှင့် သားကြီး “ချောင်အန်”(Cao Ang) တို့အတွက် ပူဇော်လေသည်။ ထို့နောက် ကျဆုံးသွားသော စစ်သည်များအပြင် သူ၏မြားမှန်သေဆုံးသွားသောမြင်းအတွက်ပါ ပူဇော်လေသည်။
နောက်နေ့တွင် “ရွှင်ယွိ”(Xun Yu) ဆီမှ “လျူပြောင်း”(“လျူပြောင်း”(Liu Biao)) သည် “ကျန်းရှို့”(Zhang Xiu) ကိုကူညီရန်ထွက်သွားပြီး Anzhong တွင် စခန်းချကာ ဆုတ်လမ်းကိုဖြတ်တောက်ထားကြောင်း စာရသည်။ “ချောင်ချောင်း”(Cao Cao) က “ငါက တစ်နေ့ကို ခရီးနည်းနည်းပဲသွားနေတာ ၊ သူတို့လိုက်လာတာကို သိတာပေါ့။ ပြင်ဆင်ထားပြီးဖြစ်လို့ Anzhong နားရောက်တာနဲ့ ရန်သူတွေပြိုလဲသွားပါလိမ့်မယ်။ စိတ်မပူပါနဲ့။” ဟုစာပြန်လေသည်။
ထို့နောက် “လျူပြောင်း”(“လျူပြောင်း”(Liu Biao)) စခန်းချနေရာသို့ လျင်မြန်စွာ ချီတက်လာသည်။ “ကျန်းရှို့”(Zhang Xiu) ကလည်း နောက်မှ ကပ်လျက်လိုက်လာနေသည်။ “ချောင်ချောင်း”(Cao Cao) က သူ့လူများကို လျိုမြောင်တစ်ခုကြားတွင် လမ်းရှင်းခိုင်းပြီးနောက် ကင်းပုန်းဝပ်နေစေသည်။ ပထမအရုဏ်တက်တွင် “လျူပြောင်း”(“လျူပြောင်း”(Liu Biao)) နှင့် “ကျန်းရှို့”(Zhang Xiu) တို့ ဆုံကြသည်။ “ချောင်ချောင်း”(Cao Cao) မှာ အင်အားနည်းသဖြင့် ဆုတ်ခွာပေးလေပြီဟု ထင်ကာ “ချောင်ချောင်း”(Cao Cao) ကိုချေမှုန်းရန် လျိုမြောင်ကြားသို့ ရဲတင်းစွာဝင်လာလေသည်။ “ချောင်ချောင်း”(Cao Cao) တပ်များက ချုံခိုတိုက်ခိုက်ရာ ရန်သူများချေမှုန်းခံရလေသည်။ တိုက်ပွဲပြီးဆုံးသော် “ချောင်ချောင်း”(Cao Cao) တပ်များက လျိုမြောင်ကြားမှထွက်ကာ စခန်းချလေသည်။

တစ်ဖက်ခေါင်းဆောင် ၂ ဦးတို့သည် ရှုံးနိမ့်သွားသောတပ်များကို ပြန်စုပြီးနောက် အစည်းအဝေးထိုင်ကြသည်။ “ဒီလောက်ကောက်ကျစ်တဲ့ပရိယာယ်ကို ငါတို့ဘယ်လိုလုပ် ကြိုမြင်မှာလဲ။” ဟု “လျူပြောင်း”(“လျူပြောင်း”(Liu Biao)) ကပြောလေသည်။ “ကျန်းရှို့”(Zhang Xiu) က “ပြန်ကြိုးစားကြတာပေါ့။” ဟုဆိုလေသည်။ Anzhong တွင် တပ်များပေါင်းစည်းလိုက်ကြသည်။
ထိုအချိန်တွင် “ယွမ်ရှောက်”(Yuan Shao) သည် မြို့တော် Xuchang ကို တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း သူလျှိုများမှတဆင့် သိရသော် “ရွှင်ယွိ”(Xun Yu) သည် “ချောင်ချောင်း”(Cao Cao) ထံ စာချက်ချင်းရေးလေသည်။ “ချောင်ချောင်း”(Cao Cao) လည်း ထိုသတင်းကြောင့် စိတ်အနှောင့်အယှက်ကြီးစွာဖြစ်ကာ ပြန်ရန်ပြင်လေသည်။ ထိုသတင်းကို “ကျန်းရှို့”(Zhang Xiu) ကြားသော် လိုက်ရန်ပြင်သည်။ “ကျာရွှီ”(Jia Xu) က ကန့်ကွက်ပြီး “အရှုံးကိုဦးတည်လိမ့်မယ်။” ဟုဆိုလေသည်။ သို့သော် “လျူပြောင်း”(“လျူပြောင်း”(Liu Biao)) က “ဒီလိုအခွင့်အရေးကို လက်လွှတ်ရင် မှားမှာပေါ့” ဟုဆိုသည်။
နောက်ဆုံးတွင် လိုက်လံတိုက်ခိုက်ရန်ဆုံးဖြတ်သည်။ ၄ မိုင်မျှပင်မချီတက်ရသေးခင် “ချောင်ချောင်း”(Cao Cao) ၏နောက်ချန်တပ်များနှင့် တွေ့ကာ ၎င်းတို့၏ ရဲရဲဝံ့ဝံ့ တိုက်ခိုက်မှုများကြောင့် တပ်လန်ကာ ပြန်ရလေသည်။ “ကျန်းရှို့”(Zhang Xiu) က “ကျာရွှီ”(Jia Xu) ကို “မင်းအကြံကိုမလိုက်နာမိလို့ ရှုံးရတာ။” ဟုဆိုလေသည်။
“ကျာရွှီ”(Jia Xu): “အခုတပ်ပြန်စုပြီး လိုက်တိုက်ခိုက်ပါ။”
ခေါင်းဆောင် ၂ ဦး: “အခုပဲ ရှုံးပြီး ပြန်လာတာလေ ၊ လိုက်တိုက်ဖို့ အကြံပေးနေသေးတာလား။”
“ကျာရွှီ”(Jia Xu): “ဟုတ်ပါတယ်။ အခုသွားရင် အကြီးအကျယ်နိုင်ပါမယ်။ ငါ့ခေါင်းနဲ့ လောင်းကြေးထပ်မယ်။”
“ကျန်းရှို့”(Zhang Xiu) ကယုံကြည်သော်လည်း “လျူပြောင်း”(“လျူပြောင်း”(Liu Biao)) က ကြောက်ရွံ့ကာ မပူးပေါင်းချေ။ သို့နှင့် စစ်တပ် ၁ ခုသာ လိုက်လေသည်။ ထိုမျှနှင့်ပင် လုံလောက်လေသည်။ “ချောင်ချောင်း”(Cao Cao) ၏ နောက်ချန်တပ်မှာ ကစဥ့်ကလျားဆုတ်ခွာရပြီး ပစ္စည်းများကိုမျှ မသယ်နိုင်ဘဲ ပြေးရလေသည်။ “ကျန်းရှို့”(Zhang Xiu) က လိုက်လံတိုက်ခိုက်သည်။ သို့သော် တောင်ကုန်းပေါ်မှတပ်အချို့ဆင်းလာကာ သူ့ကိုတားဆီးလိုက်သည်။ ဆက်မလိုက်ဝံ့သဖြင့် Anzhong သို့ပြန်လေသည်။

“လျူပြောင်း”(“လျူပြောင်း”(Liu Biao)) က “ငါတို့ရဲ့ အတွေ့အကြုံရှိပြီး ရဲရင့်တဲ့စစ်သားတွေ လိုက်တိုက်ပြီး ပြန်ဆုတ်ရတုန်းက မင်းက ရှုံးမယ်လို့ကြိုပြောခဲ့တယ်။ ရှုံးပြီးပြန်လာတဲ့ သူတွေက နိုင်ပွဲရထားတဲ့ရန်သူကိုလိုက်တိုက်တော့ နိုင်မယ်လို့ နမိတ်ဖတ်ခဲ့တယ်။ ၂ခုစလုံးမှာ မင်းမှန်ခဲ့တယ်။ ငါတို့ကိုရှင်းပြပါလား။” ဟု “ကျာရွှီ”(Jia Xu) ကို မေးလေသည်။
“ဒါကလွယ်ပါတယ်။ မင်းတို့က အရည်အချင်းရှိတဲ့သူတွေဖြစ်ပေမဲ့ “ချောင်ချောင်း”(Cao Cao) ကိုတော့မယှဉ်သာဘူး။ “ချောင်ချောင်း”(Cao Cao) က ရှုံးပေမဲ့ သူ့မှာ နောက်ချန်တပ်အနေနဲ့ ကာကွယ်ပေးမယ့် သူရဲကောင်းတွေအများကြီးရှိသေးတယ်။ ငါတို့စစ်သားတွေလည်း ကောင်းပေမဲ့ သူတို့ကို မယှဉ်နိုင်ဘူး။ ဒါကြောင့် သိတာပါ။ “ချောင်ချောင်း”(Cao Cao) ဟာ မြို့တော်မှာ ပြဿနာရှိလို့ အမြန်ပြန်ဆုတ်ရတာ။ ငါတို့တိုက်စစ်ကို တစ်ခါနိုင်ပြီးတာနဲ့ ဘာမှမပြင်ဆင်နိုင်ဘဲ အမြန်ဆုတ်တော့မှာပဲ။ သူဂရုမစိုက်နိုင်တာကို အခွင့်အရေးယူလိုက်တာပါ။” ဟုဖြေလေသည်။

“ကျန်းရှို့”(Zhang Xiu) နှင့် “လျူပြောင်း”(“လျူပြောင်း”(Liu Biao)) တို့လည်း သူ၏နားလည်သုံးသပ်နိုင်စွမ်းကို အသိအမှတ်ပြုရလေသည်။ “ကျာရွှီ”(Jia Xu) ၏အကြံအရ “လျူပြောင်း”(“လျူပြောင်း”(Liu Biao)) က Jingzhou ပြန်ကာ “ကျန်းရှို့”(Zhang Xiu) က ရှန်းရန် တွင်နေပြီး အခိုင်အခံ့နေလေသည်။
“ချောင်ချောင်း”(Cao Cao) မှာ သူ၏နောက်ချန်တပ်အတိုက်ခံရသည်ကိုကြားသော် ပြန်လှည့်ကာ ကူညီရန်ပြင်စဉ် ရန်သူများဆုတ်သွားသည်ကို တွေ့ရလေသည်။ နောက်ချန်တပ်သားများက “တောင်ကုန်းပေါ်ကဆင်းလာတဲ့တပ်တွေကြောင့်မဟုတ်ရင် ငါတို့အားလုံးသေပြီ။” ဟုဆိုလေသည်။ “ချောင်ချောင်း”(Cao Cao) က “ဘယ်တပ်တွေလဲ။” ဟုအံ့သြစွာမေးလေသည်။ ထိုတပ်များ၏ခေါင်းဆောင်က ရှေ့ထွက်လာကာ မြင်းပေါ်မှဆင်းကာ အရိုအသေပေးသည်။ Jiangxia မှ နန်းတော်တပ်မှူး “လီထုံ”(Li Tong) ဖြစ်သည်။
“ချောင်ချောင်း”(Cao Cao) ကလာရခြင်းအကြောင်းကိုမေးသော် “လီထုံ”(Li Tong) က “Runan မှာနေနေတုန်း မင်းရုန်းကန်နေရတယ်ကြားလို့ ငါတတ်နိုင်တာ ကူဖို့ လာတာပါ။” ဟုဖြေလေသည်။ “ချောင်ချောင်း”(Cao Cao) ကလည်း ကျေးဇူးတင်စွာ “လီထုံ”(Li Tong) ကို ‘အကျိုးထူးဆောင်သူ’ ဘွဲ့ချီးမြင့်ကာ “လျူပြောင်း”(“လျူပြောင်း”(Liu Biao)) နှင့် “ကျန်းရှို့”(Zhang Xiu) တို့ရန်မှ ကာကွယ်ရန် Runan ရှိ ခံစစ်ကို ဦးဆောင်ခိုင်းလေသည်။ “လီထုံ”(Li Tong) လည်း ကျေးဇူးတင်ကြောင်းပြောကာ ပြန်လေသည်။

မြို့တော်ပြန်ရောက်သော် “ချောင်ချောင်း”(Cao Cao) က Sun Ce ၏အကျိုးဆောင်မှုများကို ဘုရင်ကို တင်ပြသော် ဘုရင်က ‘သူပုန်များကိုနှိမ်နင်းသောစစ်သူကြီး’ ဘွဲ့အပြင် ‘Wu အရှင်’ ဘွဲ့ပါပေးလေသည်။ ဆက်သားက ထိုအမိန့်စာအပြင် “လျူပြောင်း”(“လျူပြောင်း”(Liu Biao)) ကိုနှိမ်နင်းရန်စာကိုပါ သယ်ဆောင်သွားလေသည်။
“ချောင်ချောင်း”(Cao Cao) နန်းတော်ပြန်ရောက်သော် “ရွှင်ယွိ”(Xun Yu) က “အရှင် Anzhong ကို အေးအေးဆေးဆေးပြန်လာတယ်နော်။ ဘာလို့ နိုင်မယ်ဆိုတာ ကျိန်းသေနေတာလဲ။” ဟုမေးသော် “ငါ့ရဲ့စစ်သားတွေက တပ်ဆုတ်လာပြီး အဆုတ်လမ်းကို ဖြတ်တောက်ခံထားရတာသိတော့ ရဲရဲဝံ့ဝံ့ တိုက်ကြတယ်။ ဖြည်းဖြည်းလေးဆုတ်လာတာက ရန်သူကို ကြိုက်သလိုလုပ်လို့ရတဲ့နေရာထိ ဆွဲခေါ်လာတာ။ ဒီဆုံးဖြတ်ချက်တွေပေါ်မူတည်ပြီး လှုပ်ရှားတော့ လုံခြုံတယ်လို့ ခံစားရစေတယ်။” ဟုဖြေလေသည်။ “ရွှင်ယွိ”(Xun Yu) လည်း လေးစားစွာ ဦးညွတ်လေသည်။
ထိုစဉ် “ကောကျား”(Guo Jia) ဝင်လာသော် “ချောင်ချောင်း”(Cao Cao) က “ဘာလို့နောက်ကျနေပါလဲ။” ဟုမေးသည်။ “ကောကျား”(Guo Jia) က အင်္ကျီလက်အောက်မှ စာကိုဆွဲထုတ်ကာ ““ယွမ်ရှောက်”(Yuan Shao) က “ကုန်းစွန်းကျန့်”(Gongsun Zan) ကိုတိုက်လိုကြောင်းပြောပြီး ရိက္ခာနဲ့ စစ်သားများ ချေးငှားပေးဖို့ တောင်းပါတယ်။” ဟုလျှောက်တင်လိုက်သည်။

“ချောင်ချောင်း”(Cao Cao): ““ယွမ်ရှောက်”(Yuan Shao) က Xuchang ကိုတိုက်မယ်လို့ ကြားတာ။ ငါပြန်လာတော့ အစီအစဉ်ပြောင်းသွားတယ်ထင်တယ်။”
စာကိုဖွင့်ကြည့်ပြီးသော်
“ချောင်ချောင်း”(Cao Cao): ““ယွမ်ရှောက်”(Yuan Shao) က သိပ်ရိုင်းလွန်းတယ်။ ငါသူ့ကိုတိုက်မယ်။ အဲ့လောက်တော့ ငါလည်း အင်အားမတောင့်တော့ဘူးလို့ထင်တယ်။ ဘာလုပ်သင့်သလဲ။”
“ကောကျား”(Guo Jia): “အရှင် ၊ Liu Bang နဲ့ Xiang Yu ကြားက ပဋိပက္ခမှာ ဘယ်သူနိုင်ခဲ့လဲဆိုတာ အရှင်ကောင်းကောင်းသိပါတယ်။ Xiang Yu ကအင်အားများပေမဲ့ Liu Bang က ဉာဏ်ပညာအားကိုးနဲ့နိုင်ခဲ့တယ်။ အရှင့်ရန်သူမှာ အားနည်းချက် ၁၀ ချက်ရှိပြီး အရှင့်မှာ အားသာချက် ၁၀ ချက်ရှိတော့ သူ့စစ်တပ်အင်အားကြီးပေမဲ့ ကြောက်စရာမဟုတ်ပါဘူး။”
““ယွမ်ရှောက်”(Yuan Shao) ဟာ အဆောင်အယောင် အခမ်းအနားတွေမှာ နစ်မျောလွန်းတယ်။ အရှင်ကတော့ စာနာတတ်ပြီး ရိုးရိုးရှင်းရှင်းနေထိုင်တယ်။ ဒါဟာ ကျင့်ကြံပြုမူပုံ ကောင်းမွန်တာပါ။
သူဟာ ရန်လိုပြီး ကမူးရှူးထိုးလုပ်တတ်တယ်။ အရှင်ကတော့ ညှိနှိုင်းတတ်ပြီး ဦးဆောင်နိုင်တယ်။ လူထုထောက်ခံမှုအပိုင်းမှာ သာလွန်တာပါ။
နှစ်ပေါင်းများစွာ နန်းတွင်းဟာ ဖရိုဖရဲဖြစ်နေတယ်။ သူက ဒါကို ပိုဆိုးအောင်လုပ်နေတယ်။ အရှင်ကတော့ နန်းတွင်းကို တည်ငြိမ်ပြီး အလုပ်တွင် ထိရောက်အောင် လုပ်ပေးနေတယ်။ ဒါဟာ အုပ်ချုပ်ရေးနိုင်နင်းတာမှာ သာလွန်တာပါ။
သူဟာ အပြင်ပန်းမှာ စိတ်သဘောထားကြီးတယ်ထင်ရပေမဲ့ အတွင်းက အာဃာတထားတတ်တယ်။ ပြီးတော့ ဆွေမျိုးတွေကိုသာ မြှောက်စားတယ်။ အရှင်ကတော့ ပြတ်သားတဲ့ပုံပေါ်ပေမယ့် နားလည်ပေးတတ်ပြီး လူတွေကို အရည်အချင်းကိုကြည့်ပြီး မြှောက်စားတယ်။ ဒါဟာ မှန်ကန်စွာချီးမြှောက်တဲ့အပိုင်းမှာ သာလွန်တာပါ။
သူဟာ အမြော်အမြင်ရှိပေမဲ့ ဆုံးဖြတ်ချက်မပြတ်သားဘူး။ အရှင်ကတော့ ဆုံးဖြတ်ချက်ပြတ်သားတယ်။ လုပ်ဆောင်ချက်ကလည်း ပြောင်မြောက်တယ်။ ဒါဟာ မူဝါဒရေးရာ သာလွန်မှုပါ။
သူက ဂုဏ်ကြီးမား နာမည်ကျော်ကြားတဲ့သူတွေကို စုစည်းတယ်။ အရှင်ကတော့ နာမည်ကျော်ကြားမှုကို မကြည့်ဘဲ အရည်အချင်းမှန်ကို ကြည့်ကာ ဆက်ဆံတယ်။ ဒါဟာ ချင့်ချိန်နိုင်စွမ်းမှာ သာလွန်တာပါ။
သူဟာ သူ့ဘေးက လူတွေလောက်သာ ဂရုထားပြီး ကျန်လူတွေကို ဂရုမစိုက်ဘူး။ အရှင်ကရုဏာကတော့ လူအားလုံးကို လွှမ်းခြုံနေပါတယ်။ ဒါဟာ လူသားဆန်မှုမှာ သာလွန်တာပါ။
သူဟာ ဘေးစကားကို နားယောင်ပြီး အမှားလုပ်တတ်တယ်။ အရှင်ကတော့ အရှင့်ဘေးမှာ ကောက်ကျစ်တဲ့အမတ်တွေရှိစေဦးတော့ လွတ်လပ်စွာ တွေးခေါ်ဆုံးဖြတ်နိုင်တယ်။ ဒါဟာ အမြင်ကျယ်တဲ့အပိုင်းမှာ သာလွန်တာပါ။
သူရဲ့ အမှားအမှန်ဟာ ရောထွေးနေတယ်။ အရှင်ကတော့ အမှားအမှန်ကို ပြတ်ပြတ်သားသားသိတယ်။ ဒါဟာ အုပ်ချုပ်မှုစွမ်းရည် သာလွန်တာပါ။
သူဟာ စစ်တပ်ရဲ့ အခြေခံလိုအပ်ချက်တွေကို ဂရုမစိုက်ဘဲ အင်အားကြီးမားဖို့ကို နှစ်သက်တယ်။ အရှင်မှာ သူနဲ့ယှဉ်ရင် အင်အားနည်းပေမယ့် စစ်တပ်ကောင်းကို ပိုင်ဆိုင်ထားတယ်။ ဒါဟာ စစ်ရေးမှာ သာလွန်တာပါ။
ဒီ အားသာချက် ၁၀ ချက် ရှိတော့ “ယွမ်ရှောက်”(Yuan Shao) ကို အောင်နိုင်ဖို့က မခက်လှပါဘူး။”
“ချောင်ချောင်း”(Cao Cao): ပြုံးလျက် “မင်းပြောသလောက် ဟုတ်ရဲ့လား။”

“ရွှင်ယွိ”(Xun Yu): “သူပြောတဲ့ ၁၀ ချက်က ငါ့အတွေးနဲ့ တထပ်တည်းပဲ။ “ယွမ်ရှောက်”(Yuan Shao) တပ်က အင်အားများတာကလွဲရင် ကြောက်မက်ဖွယ်မကောင်းလှပါဘူး။”
“ကောကျား”(Guo Jia): “တကယ်အမှန် အန္တရာယ်ပေးမှာက “လွီပု”(Lu Bu) ပဲ။ “ယွမ်ရှောက်”(Yuan Shao) က “ကုန်းစွန်းကျန့်”(Gongsun Zan) ကိုတိုက်ဖို့ မြောက်ဖက်ကိုသွားပြီဆိုတော့ ငါတို့က “လွီပု”(Lu Bu) ကိုရှင်းပြီး ဒီဖက်က အန္တရာယ်ကို ဖယ်ထားသင့်တယ်။ မဟုတ်ရင် “ယွမ်ရှောက်”(Yuan Shao) ကိုတိုက်တာက မြို့တော်ကိုဝင်သိမ်းဖို့ အချက်ပြတာနဲ့ တူမယ်။ ဒါဟာ အဆိုးရွားဆုံးပါပဲ။”
“ချောင်ချောင်း”(Cao Cao) လည်း သူ၏အကြံပေးများနှင့် တသဘောတည်းဖြစ်ရာ “လွီပု”(Lu Bu) ကိုတိုက်ခိုက်ရန် အစီအစဉ်ဆွဲတော့သည်။ “ရွှင်ယွိ”(Xun Yu) သဘောမှာ “လျူဘေ့”(Liu Bei) ကသစ္စာရှိစွာ အကူအညီပေးရန် သေချာအောင် ပြုစေလိုသည်။ ထို့ကြောင့် စာအရင်ပို့လိုက်သည်။ “ယွမ်ရှောက်”(Yuan Shao) ကို တဖန် စိတ်ချစေရန် ဆက်သားကို ကောင်းမွန်စွာ ဆက်ဆံစေပြီး “ယွမ်ရှောက်”(Yuan Shao) ကိုလည်း Jizhou ၊ Qingzhou ၊ Youzhou နှင့် Bingzhou မြောက်ပိုင်းနယ် ၄ နယ်၏ နယ်စားခန့်ရန် ဘုရင်ကို တင်ပြပေးလိုက်သည်။ သီးသန့်စာဖြင့် “ကုန်းစွန်းကျန့်”(Gongsun Zan) ကိုတိုက်ခိုက်ရန်နှင့် အကူအညီပေးမည်ဖြစ်ကြောင်း အာမခံလိုက်သည်။ သို့နှင့် “ယွမ်ရှောက်”(Yuan Shao) စစ်တပ် စတင်ထွက်ခွာလေသည်။

ထိုအချိန်တွင် “ချန်တန်”(Chen Deng)  နှင့် “ချန်ကွေး”(Chen Gui) တို့သည် သူတို့လှည့်ကွက်ကို အကောင်အထည်ဖော်နေကြသည်။ ရွှီကျိုး ရှိ ပွဲတိုင်းပွဲတိုင်းတွင် “လွီပု”(Lu Bu) ကိုလွန်စွာ မြှောက်ပင့်ကြလေသည်။ Chen Gong မှာ ထိုအရာကို လုံးဝမနှစ်မြို့ဘဲ အခွင့်အရေးကိုရှာကာ “လွီပု”(Lu Bu) ကို ပြောရန် ကြိုးစားသည်။
Chen Gong: “သူတို့က မင်းရှေ့မှာသာ မြှောက်ပင့်နေကြတာ ၊ စိတ်ထဲမှာ ဘာရှိမှန်းမသိဘူး။ သတိကြီးကြီးထားသင့်တယ်။”
“လွီပု”(Lu Bu): စိတ်ဆိုးစွာ “စကားကို သတိထားပြောပါ။ မင်းက အကြောင်းမရှိဘဲ သူတို့ကို ပုတ်ခတ်နေတာ။ လူကောင်းကို ထိပါးချင်နေတာပဲ။”
Chen Gong မှာ ဝမ်းနည်းစွာ “သစ္စာရှိတဲ့သူရဲ့ စကားကို နားမဝင်ပါလား။ ငါတို့ဒုက္ခရောက်တော့မယ်။” ဟုရေရွတ်လေသည်။ “လွီပု”(Lu Bu) ကိုစွန့်ခွာရန်ပင် ကြံမိသော်လည်း မသင့်တော်ပေ။ ထို့ပြင် လူအများက ကဲ့ရဲ့မည်ကိုလည်း စိုးလေသည်။ သို့နှင့် ဝမ်းနည်းစွာဖြင့် ရက်များကုန်ဆုံးလာလေသည်။
တစ်နေ့တွင် မြင်းစီးသမားအနည်းငယ်ဖြင့် Xiaopei အနီး အမဲပစ်ထွက်လာခိုက် ဒုန်းစိုင်းလာသော ဆက်သားတစ်ယောက်ကို မြင်လေသည်။ သို့နှင့် တားဆီးကာ မေးမြန်းသည်။ သူ့ကို ဖမ်းဆီးသူများမှာ အဘယ်အဖွဲ့မှ ဆိုသည်ကို သိနေသဖြင့် မဖြေချေ။ သူ့ခန္ဓာကိုယ်ပေါ်ရှာကြသော် “လျူဘေ့”(Liu Bei) မှ “ချောင်ချောင်း”(Cao Cao) ထံ လျှို့ဝှက်ပြန်စာကို တွေ့လေသည်။ စာနှင့် လူပါ “လွီပု”(Lu Bu) ထံ ခေါ်ဆောင်သွားလေတော့သည်။
“လွီပု”(Lu Bu) လည်း စာတွင် သူ့ကိုပူးပေါင်းတိုက်ခိုက်ရန်အကြောင်းကို မြင်သွားသည်။ “ဒီလိုလုပ်ဖို့ ကြံစည်ဝံ့သလား” ဟုအော်ဟစ်ကာ ဆက်သားကို သတ်ပြီး တန်ပြန်တိုက်စစ်ကို ပြင်လေသည်။ Chen Gong နှင့် Zang Ba တို့က Taishan တောင်ပေါ်ရှိ သူပုန်များဖြစ်သော Sun Guan ၊ Wu Dun ၊ Yin Li နှင့် Chang Xi တို့ကို အကူအညီတောင်းပြီး Huashang တောင်အရှေ့ဖက်ရှိ Yanzhou ကို တိုက်ခိုင်းသည်။ “ကောက်ရွှန်း”(Gao Shun) နှင့် “ကျန်းလျောင်”(Zhang Liao) တို့က Xiaopei ရှိ “လျူဘေ့”(Liu Bei) ကိုတိုက်သည်။ Song Xian နှင့် Wei Xu တို့က အနောက်အရပ်ကိုသွားကာ Runan နှင့် Yingchuan ကိုတိုက်သည်။ “လွီပု”(Lu Bu) ကိုယ်တိုင်က တပ်မကြီးကို ဦးစီးကာ လိုအပ်သောနေရာကို စစ်ကူပေးရန် စောင့်ဆိုင်းနေလေသည်။

“လျူဘေ့”(Liu Bei) က “ကောက်ရွှန်း”(Gao Shun) တပ်များချီလာသည်ကြားသော် အစည်းအဝေးခေါ်ယူတိုင်ပင်သည်။ Sun Qian က “ချောင်ချောင်း”(Cao Cao) ထံ စာပို့အကူအညီတောင်းရန် အကြံပေးသည်။ “ကျန်းယုံ”(Jian Yong) က ထိုစာကို ပို့ပေးသည်။ ထို့နောက် ခံစစ်အတွက် ပြင်ဆင်ကြပြီး “လျူဘေ့”(Liu Bei) က တောင်တံခါး ၊ Sun Qian က မြောက်တံခါး ၊ “ကွမ်းယွီ”(Guan Yu) က အနောက်တံခါး ၊ “ကျန်းဖေး”(Zhang Fei) က အရှေ့တံခါးတွင် စောင့်ကြပ်ကြသည်။ “မီကျူ”(Mi Zhu) နှင့် Mi Fang ညီအစ်ကိုတို့ကို “လျူဘေ့”(Liu Bei) မိသားစုအား စောင့်ရှောက်ခိုင်းသည်။ “လျူဘေ့”(Liu Bei) မှာ “မီကျူ”(Mi Zhu) ၏ညီမကို ယူထားသည့်အတွက် သူတို့ညီအစ်ကိုမှာ ထိုနေရာအတွက် အသင့်တော်ဆုံးဖြစ်သည်။
“ကောက်ရွှန်း”(Gao Shun) သည် တောင်တံခါးသို့ရောက်လာသည်။ “လျူဘေ့”(Liu Bei) က “မင်းအရှင်နဲ့ ဘာပြဿနာမှမရှိဘဲ ဘာလို့စစ်ချီလာတာလဲ။” ဟုမေးရာ “မင်းနဲ့ “ချောင်ချောင်း”(Cao Cao) က ငါ့အရှင်ကို ထိခိုက်ဖို့စီစဉ်နေလို့ မင်းကို လာဖမ်းတာ။” ဟုဖြေရာ တိုက်ရန် အချက်ပေးသည်။ “လျူဘေ့”(Liu Bei) က ပြန်မတိုက်ဘဲ တံခါးကိုသာ ပိတ်ဆို့နေလေသည်။
ထို့နောက် “ကျန်းလျောင်”(Zhang Liao) က အနောက်တံခါးသို့ရောက်လာကာ တိုက်ခိုက်သည်။ မြို့တံတိုင်းပေါ်က “ကွမ်းယွီ”(Guan Yu) က “မင်းဟာ မင်းကိုယ်မင်းသူပုန်အတွက်အသုံးချဖို့ မတန်ဘူး။ မင်းဟာ လူကောင်းပါ။” ဟုပြောသည်။ “ကျန်းလျောင်”(Zhang Liao) လည်း ဘာမှမပြောနိုင်ဘဲ ခေါင်းငိုက်စိုက်ကျနေသည်။ “ကျန်းလျောင်”(Zhang Liao) တွင် စိတ်နှလုံးကောင်းရှိပြီး မှန်ကန်မြင့်မြတ်သောစိတ်ရှိကြောင်း “ကွမ်းယွီ”(Guan Yu) က သိလေရာ ဘာမှထပ်မပြောချေ။ ထိခိုက်ခြင်းငှာ မပြုလို၍ တိုက်ခိုက်ခြင်းလည်း မပြုပေ။

“ကျန်းလျောင်”(Zhang Liao) က တပ်ဆုတ်ကာ အရှေ့တံခါးကိုသွားသည်။ “ကျန်းဖေး”(Zhang Fei) ကထွက်ကာ ရင်ဆိုင်သည်။ ထိုသတင်းကို “ကွမ်းယွီ”(Guan Yu) ကြားသော် အမြန်ပြေးလာသည်။ “ကျန်းဖေး”(Zhang Fei) မှာ ထွက်လာပြီး “ကျန်းလျောင်”(Zhang Liao) မှာ ပြန်ဆုတ်နေပြီဖြစ်သည်။ “ကျန်းဖေး”(Zhang Fei) ကလိုက်လိုသော်လည်း “ကွမ်းယွီ”(Guan Yu) က တားသည်။
“ကျန်းဖေး”(Zhang Fei): “သူကြောက်လို့ပြေးပြီ။ လိုက်ဖမ်းဖို့ အကောင်းဆုံးအချိန်ပဲ။”
“ကွမ်းယွီ”(Guan Yu): “မဟုတ်ဘူး။ သူရဲကောင်းတစ်ဦးအနေနဲ့ သူက ငါတို့နှစ်ယောက်ထက် မနိမ့်ဘူး။ ငါ့စကားတချို့က သူ့ရင်ထဲဝင်သွားတယ်။ သူနောင်တရလို့ ငါတို့ကို မရင်ဆိုင်တာ။”
“ကျန်းဖေး”(Zhang Fei) လည်း နားလည်ကာ တံခါးကိုသေချာပိတ်ပြီး သေချာစောင့်ကြပ်ရန်မှာလေသည်။ ထိုစဉ် “ကျန်းယုံ”(Jian Yong) မှာ မြို့တော်ရောက်ပြီး “ချောင်ချောင်း”(Cao Cao) ထံအကြောင်းစုံလျှောက်တင်သည်။ “ချောင်ချောင်း”(Cao Cao) က အစည်းအဝေးခေါ်ကာ “ငါ “လွီပု”(Lu Bu) ကိုတိုက်မယ်။ “ယွမ်ရှောက်”(Yuan Shao) ကိုမကြောက်ပေမဲ့ “ကျန်းရှို့”(Zhang Xiu) နဲ့ “လျူပြောင်း”(“လျူပြောင်း”(Liu Biao)) ဝင်တိုက်မှာ စိုးတယ်။” ဟုဆိုလေသည်။
“ရွှင်ယို”(Xun You): “သူတို့ ၂ ယောက်က ရှုံးနိမ့်ထားလို့ ဘာမှ အလောတကြီးလုပ်ရဲမှာမဟုတ်ဘူး။ “လွီပု”(Lu Bu) ကတော့ ကြောက်စရာကောင်းတဲ့လူပဲ။ သူသာ “ယွမ်စု”(Yuan Shu)
 နဲ့ပေါင်းပြီး Huai မြစ်နဲ့ Si မြစ်ကို သိမ်းလိုက်ရင် ပြဿနာကြီးလာပါမယ်။”
“ကောကျား”(Guo Jia): “သူတို့ဘာမှမပြင်ဆင်ရသေးခင် ဝင်တိုက်ကြမယ်။”

သို့နှင့် “ရှဟိုတွန်း”(Xiahou Dun) ၊ “ရှဟိုယွမ်”(Xiahou Yuan) ၊ Lu Qian နှင့် Li Dian တို့ကို စစ်သည် ၅ သောင်းစီဖြင့် ချီတက်ခိုင်းသည်။ “ချောင်ချောင်း”(Cao Cao) ကပင်မတပ်ကို ဦးစီးကာ “ကျန်းယုံ”(Jian Yong) ကို နောက်ချန်အဖြစ်လိုက်ခိုင်းသည်။
ထိုသတင်းကို “ကောက်ရွှန်း”(Gao Shun) ကြားသော် “လွီပု”(Lu Bu) ကို သတင်းပို့သည်။ “လွီပု”(Lu Bu) က Hou Cheng ၊ “ချောင်ရှင်း”(Cao Xing) နှင့် He Meng တို့ကို မြင်းစီးစစ်သည် ၂၀၀ နှင့် စစ်ကူလွှတ်လိုက်သည်။ “ကောက်ရွှန်း”(Gao Shun) သည် Xiaopei မှ ၁၀မိုင်အကွာတွင် စခန်းချထားလေသည်။
“လျူဘေ့”(Liu Bei) က ရန်သူများဆုတ်သွားသည်ကိုမြင်သော် “ချောင်ချောင်း”(Cao Cao) ရောက်လာမှန်းသိလေသည်။ ထို့ကြောင့် မြို့ကို ကာကွယ်ရန် အစီအစဉ်များချကာ မြို့မှ ထွက်၍ စခန်းချပြီး စစ်ကူပေးရန် နေလေသည်။
“ရှဟိုတွန်း”(Xiahou Dun) ၏တပ်များက ရန်သူနှင့် အရင်ရင်ဆိုင်မိသည်။ “ရှဟိုတွန်း”(Xiahou Dun) က လှံကိုင်ကာ စိန်ခေါ်သည်။ “ကောက်ရွှန်း”(Gao Shun) က လက်ခံကာ အချက် ၅၀ မျှတိုက်ကြသည်။ “ကောက်ရွှန်း”(Gao Shun) အရေးနိမ့်လာပြီး လှည့်ပြေးလေသည်။ “ရှဟိုတွန်း”(Xiahou Dun) သည်ကြောက်တတ်သူမဟုတ်၍ ရန်သူစည်းအတွင်းထိ လိုက်လံတိုက်ခိုက်လေသည်။ ထိုစဉ် “ချောင်ရှင်း”(Cao Xing) ပစ်လိုက်သောမြားက “ရှဟိုတွန်း”(Xiahou Dun) ၏ဝဲဖက်မျက်စိကို မှန်လေသည်။ ကျယ်လောင်စွာအော်ဟစ်ကာ ခေါင်းကိုမော့ပြီး မြားကိုဆွဲထုတ်လေရာ မျက်လုံးပါ ပါလာလေသည်။ “ငါ့အဖေရဲ့ အမွေ ၊ ငါ့အမေရဲ့ သွေး ၊ ဒါကို လွှင့်မပစ်နိုင်ဘူး။” ဟုဆိုကာ ပါးစပ်ထဲထည့်ပြီး မြိုချလေသည်။

ထို့နောက် လှံကို တင်းတင်းဆုပ်ကိုင်ကာ ရန်သူသစ်ဆီပြေးသွားသည်။ “ချောင်ရှင်း”(Cao Xing) မှာ ပြေးလမ်းမရှိတော့ချေ။ မျက်နှာကို လှံဖြင့် အထိုးခံရကာ သေလေသည်။ နှစ်ဖက်စလုံးမှာ အံ့သြ ကြက်သေသေနေကြသည်။ ရန်သူကို ချေမှုန်းပြီးသော် ပြန်လာလေသည်။ “ကောက်ရွှန်း”(Gao Shun) က လိုက်လံတိုက်လိုက်သဖြင့် ထိုနေ့ကို နိုင်လိုက်လေသည်။ “ရှဟိုယွမ်”(Xiahou Yuan) က သူ၏အစ်ကိုကို ကာကွယ်ရင်း ဆုတ်လေသည်။ Lu Qian နှင့် Li Dian တို့က စစ်ကြောင်းများစွာခွဲကာ Ji Bei တွင် စခန်းချသည်။
“ကောက်ရွှန်း”(Gao Shun) လည်းအနိုင်ရသဖြင့် “လျူဘေ့”(Liu Bei) ကိုတိုက်ခိုက်ရန် ပြန်သွားသည်။ ထိုစဉ် “လွီပု”(Lu Bu) နှင့် “ကျန်းလျောင်”(Zhang Liao) ရောက်လာပြီး ညီအစ်ကိုတစ်ယောက်စီနှင့် တိုက်ခိုက်လေသည်။

*Silver~K~*

Comments

Popular posts from this blog

Lookism