Koutetsujou no Kabaneri


Genre - Action, Drama, Fantasy, Horror

ဇာတ်လမ်းအကျဉ်း


စက်မှုတော်လှန်ရေးကာလအတွင်းမှာတော့ မကောင်းဆိုးဝါးတစ်ကောင်ပေါ်လာခဲ့ပါတယ်....အဲ့မကောင်းဆိုးဝါးကို တော်ရုံနဲ့ သတ်လို့မရပဲ သူ့နှလုံးသားကို ထိုးနိုင်မှသာ သတ်နိုင်မှာဖြစ်ပါတယ်....အဲ့ မကောင်းဆိုးဝါးရဲ့ နှလုံးကိုလည်း သံနဲ့ ကာထားတယ်ဆိုသတဲ့။ အဲ့မကောင်းဆိုးဝါးက လူတွေကိုကိုက်လိုက်ရင် လူတွေမှာ ရောဂါတစ်ခုဖြစ်သွားပြီး Kabane လို့ ခေါ်တဲ့အကောင်အဖြစ်ပြောင်းသွားပါတယ်။ အဲ့ kabane တွေနဲ့ ဝေးကွာတဲ့ နေရာ အေ့ရှဘက်မှာရှိတဲ့ Hinomoto ဆိုတဲ့ ကျွန်းမှာ လူသားတွေ နေကြပါတယ်။ နောက်ပြီး လူတွေဟာ ဘူတာတွေကနေတစ်ဆင့် တစ်နေရာကတစ်နေရာ ပစ္စည်းတွေ သယ်ယူပို့ဆောင်ကြပါတယ်။ Hayajiro ဘူတာမှာနေတဲ့ Ikoma ဆိုတဲ့ကောင်လေးဟာ အဲ့သတ္တဝါတွေကို နှိမ်နှင်းနိုင်တဲ့ လက်နက်ထွင်ခဲ့ပါတယ်။
တစ်ရက်မှာတော့ အဲ့ဘူတာမှာရှိတဲ့ ဝန်ထမ်းတွေဟာ kabane အဖြစ်ပြောင်းသွားပြီး Ikoma ဟာ သူ့လက်နက်ကို အမှန်တကယ်စမ်းသပ်နိုင်မယ့်အချိန် ရောက်လာပါတယ်။

Comments

Popular posts from this blog

Lookism

1 Litre of Tears MM Sub