သုံးနိုင်ငံခေတ်(၂၂)
အခန်း (၂၂)
“ယွမ်ရှောက်”(Yuan Shao) နှင့် “ချောင်ချောင်း”(Cao Cao) တို့ စစ်စတင်ခြင်း ၊
“ကွမ်းယွီ”(Guan Yu) နှင့် “ကျန်းဖေး”(Zhang Fei) တို့က စစ်သူကြီး ၂ ဦးကို ဖမ်းဆီးခြင်း။
“ယွမ်ရှောက်”(Yuan Shao) နှင့် “ချောင်ချောင်း”(Cao Cao) တို့ စစ်စတင်ခြင်း ၊
“ကွမ်းယွီ”(Guan Yu) နှင့် “ကျန်းဖေး”(Zhang Fei) တို့က စစ်သူကြီး ၂ ဦးကို ဖမ်းဆီးခြင်း။
“ချန်တန်”(Chen
Deng) ၏ အစီအစဉ်မှာ ““ချောင်ချောင်း”(Cao Cao) ကြောက်တာ “ယွမ်ရှောက်”(Yuan Shao) ပါ။
“ယွမ်ရှောက်”(Yuan Shao) ဟာ ကျိကျိုး ၊ ချင်ကျိုး ၊ ယိုကျိုး နဲ့ ဘင်းကျိုး နယ်မြေကျယ်
၎ ခုမှာ အခိုင်အမာတပ်စွဲထားပါတယ်။ စွမ်းရည်မြင့်မှူးမတ်တွေနဲ့ စစ်သည်ကောင်း ၁ သန်းရှိတယ်။
သူ့ဆီစာရေးပြီး အကူအညီတောင်းလိုက်ပါ။” ဟုဆိုသည်။
“လျူဘေ့” (Liu Bei): “ဒါပေမဲ့ ငါတို့က အရင်ကအဆက်အသွယ်မှ မရှိခဲ့တာ။ သူ့ညီကို နှိမ်နင်းခဲ့တဲ့ သူတစ်ယောက်ကို ဒီလိုလုပ်ပေးချင်လိမ့်မယ်မထင်ဘူး။”
“ချန်တန်”(Chen Deng): “ယွမ်မိသားစုနဲ့ အနှစ်တစ်ရာလောက် တရင်းတနှီးရှိလာတဲ့ မိသားစုက တစ်ယောက် ဒီမှာရှိပါတယ်။ သူသာစာရေးရင် “ယွမ်ရှောက်”(Yuan Shao) ကသေချာပေါက်ကူညီမှာပါ။”
“လျူဘေ့” (Liu Bei): “ဘယ်သူများလဲ။”
“ချန်တန်”(Chen Deng): “အရှင်လည်း ကောင်းကောင်းသိပြီး လွန်စွာလေးစားရတဲ့သူပါ။ ခန့်မှန်းကြည့်ပါလား။”
“လျူဘေ့” (Liu Bei): ရုတ်တရက် ““ကျန်းရွှမ်”(Zheng Xuan) ပဲဖြစ်ရမယ်။”
“ချန်တန်”(Chen Deng): ပြုံးလျက် “သူပဲပေါ့။”
“ကျန်းရွှမ်”(Zheng Xuan) ဆိုသည်မှာ စာသင်သားတစ်ဦးဖြစ်ပြီး ထူးချွန်သူတစ်ယောက်ဖြစ်သည်။ နာမည်ကျော်ဆရာ “မာရုံ”(Ma Rong) ထံတွင် ကြာရှည်စွာ ပညာသင်ယူခဲ့ပြီး ဂီတပညာစာအုပ် ကို နှံ့စပ်မှုကြောင့် လူသိများကြသည်။ “မာရုံ”(Ma Rong) သည် စာသင်ကြားတိုင်း လိုက်ကာတစ်ခုချိတ်ဆွဲထားပြီး နောက်တွင် မိန်းမပျိုလေးများကို သီချင်းဆိုစေသည်။ ကျောင်းသားများမှာ လိုက်ကာရှေ့တွင်သာ စုရုံးနေကြသည်။ “ကျန်းရွှမ်”(Zheng Xuan) ကမူ သုံးနှစ်တိုင်တိုင် စာကိုသာ တစိုက်မတ်မတ်သင်ကြားခဲ့ပြီး လိုက်ကာဖက် မျက်လုံးပင် ဝင့်မကြည့်ခဲ့ပေ။
“လျူဘေ့” (Liu Bei): “ဒါပေမဲ့ ငါတို့က အရင်ကအဆက်အသွယ်မှ မရှိခဲ့တာ။ သူ့ညီကို နှိမ်နင်းခဲ့တဲ့ သူတစ်ယောက်ကို ဒီလိုလုပ်ပေးချင်လိမ့်မယ်မထင်ဘူး။”
“ချန်တန်”(Chen Deng): “ယွမ်မိသားစုနဲ့ အနှစ်တစ်ရာလောက် တရင်းတနှီးရှိလာတဲ့ မိသားစုက တစ်ယောက် ဒီမှာရှိပါတယ်။ သူသာစာရေးရင် “ယွမ်ရှောက်”(Yuan Shao) ကသေချာပေါက်ကူညီမှာပါ။”
“လျူဘေ့” (Liu Bei): “ဘယ်သူများလဲ။”
“ချန်တန်”(Chen Deng): “အရှင်လည်း ကောင်းကောင်းသိပြီး လွန်စွာလေးစားရတဲ့သူပါ။ ခန့်မှန်းကြည့်ပါလား။”
“လျူဘေ့” (Liu Bei): ရုတ်တရက် ““ကျန်းရွှမ်”(Zheng Xuan) ပဲဖြစ်ရမယ်။”
“ချန်တန်”(Chen Deng): ပြုံးလျက် “သူပဲပေါ့။”
“ကျန်းရွှမ်”(Zheng Xuan) ဆိုသည်မှာ စာသင်သားတစ်ဦးဖြစ်ပြီး ထူးချွန်သူတစ်ယောက်ဖြစ်သည်။ နာမည်ကျော်ဆရာ “မာရုံ”(Ma Rong) ထံတွင် ကြာရှည်စွာ ပညာသင်ယူခဲ့ပြီး ဂီတပညာစာအုပ် ကို နှံ့စပ်မှုကြောင့် လူသိများကြသည်။ “မာရုံ”(Ma Rong) သည် စာသင်ကြားတိုင်း လိုက်ကာတစ်ခုချိတ်ဆွဲထားပြီး နောက်တွင် မိန်းမပျိုလေးများကို သီချင်းဆိုစေသည်။ ကျောင်းသားများမှာ လိုက်ကာရှေ့တွင်သာ စုရုံးနေကြသည်။ “ကျန်းရွှမ်”(Zheng Xuan) ကမူ သုံးနှစ်တိုင်တိုင် စာကိုသာ တစိုက်မတ်မတ်သင်ကြားခဲ့ပြီး လိုက်ကာဖက် မျက်လုံးပင် ဝင့်မကြည့်ခဲ့ပေ။
ဆရာမှာ များစွာသဘောကျလေသည်။ “ကျန်းရွှမ်”(Zheng Xuan) သည် သင်ယူမှုများပြီးဆုံး၍ အိမ်ပြန်ချိန်တွင် “မာရုံ”(Ma Rong) က ကျန်တပည့်များကို “ငါ့ရဲ့ သင်ကြားပို့ချမှုများရဲ့ အနှစ်သာရကို တစ်ယောက်တည်းကသာ ထိုးထွင်းနားလည်သွားခဲ့တယ်။ သူကတော့ “ကျန်းရွှမ်”(Zheng Xuan) ပါပဲ။” ဟု ချီးကျူးလေသည်။
“ကျန်းရွှမ်”(Zheng Xuan) ၏အိမ်တွင် အိမ်စေများမှာလည်း ဂီတပညာစာအုပ် ကို အကျွမ်းတဝင်ရှိကြလေသည်။ တခါက အိမ်စေတစ်ဦးမှာ “ကျန်းရွှမ်”(Zheng Xuan) ၏စကားနားမထောင်သဖြင့် ဒူးထောက်အပြစ်ပေးခံရသည်။ အခြားတစ်ဦးက Odes ထဲမှ စာသားကို ကိုးကား၍ “ညစ်ညစ်ပတ်ပတ်ထဲမှာ ဘာလုပ်နေတာလဲ။” ဟု ပြက်ရယ်ပြုလေရာ ဒူးထောက်နေသောမိန်းကလေးက အခြားတစ်ပိုဒ်မှ စာဖြင့် တုံ့ပြန်လေသည်။ “စကားလေးတစ်ခွန်းပါပဲ ၊ ဒါပေမဲ့ သူ့ဒေါသက ငါ့ခေါင်းပေါ်ရောက်လာတယ်။”
ဤကဲ့သို့သော မိသားစုတွင် ပေါက်ဖွားလာသော “ကျန်းရွှမ်”(Zheng Xuan) ပင်။ ဟွမ်ဧကရာဇ်လက်ထက်တွင် အတွင်းရေးမှူးချုပ် ရာထူးအထိ တိုးမြှင့်ခံရသည်။ သို့သော် ကုန်းကုန်း ၁၀ ယောက်က အစိုးရကို ချုပ်ကိုင်ချိန်မှစ၍ ရာထူးမှ နှုတ်ထွက်ကာ ရွှီကျိုး ကို ပြန်ခဲ့သည်။ “လျူဘေ့” (Liu Bei) မှာ ယခင်ကတည်းကပင် သူ့ကိုသိကျွမ်းပြီး ကိစ္စများစွာကို သူနှင့် တိုင်ပင်ခဲ့ပြီး လွန်စွာ ကြည်ညိုလေးစားလေသည်။
“လျူဘေ့” (Liu Bei) မှာ အချိန်မဆိုင်းဘဲ “ချန်တန်”(Chen Deng) နှင့်အတူ “ကျန်းရွှမ်”(Zheng Xuan) အိမ်ကိုသွားကာ စာရေးပေးရန် ပြောလေသည်။ “ကျန်းရွှမ်”(Zheng Xuan) ကလည်း လက်ခံလေသည်။ စာပို့ရန် “စွန်းချန်”(Sun Qian) ကိုစေလွှတ်သည်။ စာရသော် “ယွမ်ရှောက်”(Yuan Shao) က ကြာမြင့်စွာ စဉ်းစားနေလေသည်။ ““လျူဘေ့” (Liu Bei) က ငါ့ညီကို ဖျက်ဆီးထားတာ။ သူ့ကိုမကူညီသင့်ပေမယ့် ဒီစာရေးသူကြောင့် လက်ခံရလိမ့်မယ်။”
ထို့နောက် မှူးမတ်များကို စုဝေးကာ “ချောင်ချောင်း”(Cao Cao) ကို တိုက်ခိုက်ရန် တိုင်ပင်သည်။
အကြံပေး “တျန်းဖုန်း”(Tian Feng): “စစ်မတိုက်ပါနဲ့။ လူတွေလည်း ပင်ပန်းနေပြီ။ ရိက္ခာလည်း နည်းနေပြီ။ အရင်ဆုံး “ကုန်းစွန်းကျန့်”(Gongsun Zan) ကို အောင်နိုင်လိုက်ကြောင်းကို လျှောက်တင်ရအောင်။ အကယ်၍ စာက ဘုရင့်ဆီမရောက်ခဲ့ရင် “ချောင်ချောင်း”(Cao Cao) က အစိုးရကို ထိန်းချုပ်ထားတယ်လို့ လျှောက်တင်ပြီး စစ်ပြင်ပါ။ လီရန် ကိုသိမ်းပြီး ဟဲနန်မှာ ရေတပ်ပြင်ပါ။ လက်နက်တွေပြင်ဆင်ပြီး စစ်ကြောင်းများစွာဖြင့် ချီတက်ပါ။ ၃နှစ်အတွင်းမှာ အကုန်လုံးကို အနိုင်ရပါလိမ့်မယ်။”
အကြံပေး “ရှန်ဖေ”(Shen Pei): “သဘောမတူပါဘူး။ ငါတို့အရှင်ရဲ့ စစ်တပ်ဟာ မြောက်အရပ်ကို အောင်နိုင်ခဲ့ပြီ။ “ချောင်ချောင်း”(Cao Cao) ကို ဖယ်ရှားဖို့ဆိုတာ လက်ကို မှောက်လိုက် လှန်လိုက် လုပ်သလို လွယ်ကူလှပါတယ်။ လချီမယ့် အလုပ်မဟုတ်ပါဘူး။”
အကြံပေး “ကျွိရှို”(Ju Shou): “အင်အားများတိုင်း နိုင်မယ်လို့ မပြောနိုင်ဘူး။ “ချောင်ချောင်း”(Cao Cao) ဟာ စည်းကမ်းတင်းကျပ်တယ်။ သူ့စစ်သားတွေက ရဲရင့်တယ်။ “ကုန်းစွန်းကျန့်”(Gongsun Zan) လိုမျိုး ငြိမ်ငြိမ်သက်သက် အဝိုင်းခံမှာ မဟုတ်ဘူး။ အခု မင်းက နန်းတော်ကို သတင်းပို့မယ့်အကြံကို ကန့်ကွက်တယ်။ ငါကတော့ ပို့သင့်တယ်ထင်တယ်။ ဒါပေမဲ့ မင်းက အကြောင်းပြချက်မရှိဘဲ စစ်ချီစေချင်တယ်။ အရှင်…ဒီလို မလုပ်သင့်ပါဘူး။”
အကြံပေး “ကော်ထူ”(Guo Tu): “မင်းတို့မှားတယ်။ “ချောင်ချောင်း”(Cao Cao) ကို အကြောင်းပြချက်မရှိဘဲ မတိုက်သင့်ဘူး။ ဒါပေမဲ့ အရှင်က ဒီအခွင့်အရေးကို အသုံးချရမယ်။ “ကျန်းရွှမ်”(Zheng Xuan) ရဲ့စာကို လက်ခံပြီး “လျူဘေ့” (Liu Bei) နဲ့ မဟာမိတ်ဖွဲ့ကာ “ချောင်ချောင်း”(Cao Cao) ကို နှိမ်နင်းသင့်တယ်။ ဒါဟာ ကောင်းကင်ရဲ့အလိုဖြစ်ပြီး ပြည်သူတွေကလည်း သဘောကျလိမ့်မယ်။”
အကြံပေး ၄ ဦးမှာ သဘောထားမတူနိုင်ကြဘဲ ငြင်းခုံနေကြသည်။ “ယွမ်ရှောက်”(Yuan Shao) မှာလည်း ဘာလုပ်ရမှန်းမသိချေ။ ထိုစဉ် “ရွှီယို”(Xu You) နှင့် “ရွှင်ရှန်း”(Xun Shen) ရောက်လာသည်။
“ယွမ်ရှောက်”(Yuan Shao): “မင်းတို့ ၂ ယောက်က အတွေ့အကြုံများတယ်။ မင်းတို့သဘောထားကရော။ “ကျန်းရွှမ်”(Zheng Xuan) က “လျူဘေ့” (Liu Bei) ကို ကူညီပြီး “ချောင်ချောင်း”(Cao Cao) ကိုတိုက်ခိုက်ဖို့ အကြံပေးထားတယ်။ ငါ စစ်တပ်စေလွှတ်သင့်လား ၊ မလွှတ်သင့်ဘူးလား။”
“ရွှီယို”(Xu You) နှင့် “ရွှင်ရှန်း”(Xun Shen): “လွှတ်သင့်ပါတယ်။ အရှင့်စစ်တပ်ဟာ အင်အားကြီးမားတောင့်တင်းပါတယ်။ သူပုန်တစ်ယောက်ကို သတ်ပြီး Han တိုင်းပြည်ကို ကူညီသင့်ပါတယ်။”
“ယွမ်ရှောက်”(Yuan Shao): “ငါ့ဆန္ဒနဲ့ တထပ်တည်းပါပဲ။”
ဦးစွာ “စွန်းချန်”(Sun Qian) ကို ပြန်လွှတ်ကာ “လျူဘေ့” (Liu Bei) ကို ပူးပေါင်းရန် အသင့်ပြင်စေသည်။ ဆက်လက်၍ “ရှန်ဖေ”(Shen Pei) နှင့် “ဖန်းကျိ”(Peng Ji) တို့ကို အမိန့်ပေး စစ်သူကြီးများ ၊ “တျန်းဖုန်း”(Tian Feng) ၊ “ရွှီယို”(Xu You) နှင့် “ရွှင်ရှန်း”(Xun Shen) တို့ကို စစ်တပ်အကြံပေးများ ၊ “ရန်လျန်”(Yan Liang) နှင့် “ဝင်ချို”(Wen Chou) တို့ကို စစ်သူကြီးများအဖြစ် ခန့်အပ်သည်။ စစ်တပ်မှာ မြင်းစီး နှင့် ခြေလျင်စစ်သည် ၃ သိန်းပါဝင်သည်။ လီရန် သို့ချီတက်ရန်ဖြစ်သည်။
အစီအစဉ်များ ပြင်ဆင်ပြီးသော် “ကော်ထူ”(Guo Tu) က “အရှင့်ရဲ့ တိုက်ခိုက်မှုဟာ တရားမျှတကြောင်းပြဖို့ “ချောင်ချောင်း”(Cao Cao) ရဲ့ ပြစ်မှုတွေကို အကျဉ်းရေးပြီး ကြေညာချက်ထုတ်သင့်ပါတယ်။” ဟုဆိုသည်။ “ယွမ်ရှောက်”(Yuan Shao) ကလည်း သဘောတူကာ ဘွဲ့ရဖြစ်သူ “ချန်လင်”(Chen Lin) ကို တာဝန်ပေးသည်။ “ချန်လင်”(Chen Lin) ဆိုသည်မှာ ကွယ်လွန်သူ လင်း ဧကရာဇ်လက်ထက်က နန်းတွင်းအတွင်းရေးမှူးဖြစ်သည်။ “တုန်ကျိုး”(Dong Zhuo) က ဘုရင့်တပ်မတော်စစ်သူကြီး “ဟဲကျင်း”(He Jin) ကို ဖယ်ရှားပြီးနောက် ကျိကျိုး တွင် ခိုလှုံနေသူဖြစ်သည်။
"ချန်လင်"(Chen
Lin) ၏စာမှာ အောက်ပါအတိုင်းဖြစ်သည်။
‘
ကျွမ်းကျင်လိမ္မာသောအုပ်ချုပ်သူသည်
တိုင်းရေးပြည်ရာကို ကောင်းစွာအုပ်ချုပ်သကဲ့သို့ သစ္စာရှိအမှုထမ်းသည်လည်း ကိုယ့်အခွင့်အာဏာကို
ကောင်းစွာအသုံးချသည်။ ထူးခြားသောသူသည် မတူညီသောအခြေအနေများတွေ့ကြုံနိုင်ပြီး ထိုသူ၏စွမ်းဆောင်မှုတို့သည်လည်း
အံ့မခန်းဖြစ်မည်မှာ ဧကန်ပင်ဖြစ်သည်။ သာမန်လူတစ်ယောက်သည် ထူးခြားသောအခြေအနေနှင့် မသင့်တော်ပေ။
ရှေးယခင်က
အရည်အချင်းညံ့ဖျင်းသော ချင်ခေတ်ဘုရင်ကြောင့် ဝန်ကြီးချုပ် "ကျောက်ကောင်း"(Zhao
Gao) သည် အာဏာကိုချုပ်ကိုင်ထားပြီး မည်သူမျှ သူ့ကိုမတော်လှန်ရည်ပေ။ သို့သော်လည်း တဖြည်းဖြည်းချင်း
ဝမ်ရိနန်းတွင်းအရေးအခင်းဖြစ်ကာ ဘုရင်မှာ အသတ်ခံရပြီး နန်းတော်ကြီးသည်လည်း မီးလောင်သွားခဲ့သည်။
ထိုအဖြစ်အပျက်တို့၏ တရားခံ "ကျောက်ကောင်း"(Zhao Gao) မှာ မကောင်းသောသူအဖြစ်
နှောင်းလူတို့က သာဓကအနေနှင့်ပြောကြလေသည်။
ဟန်ခေတ် ဘိုးဘေးဘုရင်နတ်ရွာစံပြီးနောက်
လုမိဖုရားကြီး အာဏာရစဉ် မိဖုရားကြီး၏မောင်ဖြစ်သူ "လုချန်"(Lu Chan) နှင့်
"လုလူ"(Lu Lu) တို့က အစိုးရ၏အာဏာကိုချုပ်ကိုင်ထားခဲ့သည်။ ထိုသူနှစ်ဦးသည်
မြို့တော်တွင် တပ်ဖွဲ့နှစ်ဖွဲ့ရှိပြီး လျန့်နှင့်ကျောက်ပြည်နယ်တို့ကိုလည်း အပိုင်စားရသည်။
နန်းတွင်းရေးရာမှန်သမျှတို့ကိုလည်း ထိုသူနှစ်ဦးက ဆုံးဖြတ်လေသည်။ ထိုအခြင်းအရာတို့ကြောင့်
ဆွေတော်မျိုးတော်တို့၏အာဏာမှာယုတ်လျော့ခဲ့ပြီး လူအများတို့က မကျေမနပ်ဖြစ်လာသည်။ ထိုအခါ
ကျန်းပြည်နယ်သခင် "ကျိုးဘို"(Zhou Bo) နှင့် ကျူရွှီသခင် "လျူကျန်း"(Liu
Zhan) တို့မှဦးဆောင်ပြီး အကျင့်ပျက်ခြစားသော အမှုထမ်းတို့ကိုနှိမ်နှင်းကာ ဘုရင်၏အာဏာကိုပြန်တည်မြဲစေခဲ့သည်။
ထိုဥပမာတို့မှာ
အမှုထမ်းတို့က အခွင့်အာဏာကို အလွန်အကျွံအသုံးချသည့်ဥပမာများပင်ဖြစ်သည်။
ယခု အလုပ်ရေးရာဝန်ကြီး
"ချောင်ချောင်း"(Cao Cao) သည် "ရွှီဟွမ်"(Xu Huan) ၊ "ကျော်ကွမ်း"(Zuo
Guan) တို့ကဲ့သို့ကောက်ကျစ်ကာ ကုန်းကုန်းဖြစ်သော "ချောင်ထန်"(Cao Teng) ၏မျိုးနွယ်မှဆင်းသက်လာသူဖြစ်သည်။
ထိုသူသုံးဦးတို့သည် အကျင့်မကောင်းသူများဖြစ်ပြီး လူအများကိုဒုက္ခပေးသူဖြစ်သည်။ ထို
"ချောင်ထန်"(Cao Teng) သည် ရွှေ၊ငွေ၊ ရတနာတို့ဖြင့် လာဘ်ထိုးကာ "ချောင်ချောင်း"(Cao
Cao) ၏ဖခင်ကို သားအဖြစ်မွေးစားခဲ့လေသည်။ ထို့ကြောင့် "ချောင်ချောင်း"(Cao
Cao) သည်လည်း ကောက်ကျစ်စဉ်းလဲပြီး အကျင့်ယုတ်မာသူဖြစ်သည်။
ယခုအခါ အကျွန်ုပ်
"ယွမ်ရှောက်"(Yuan Shao) သည် စစ်တပ်ကြီးကိုဦးဆောင်ကာ တိုင်းပြည်သစ္စာဖောက်တို့ကို
နှိမ်နှင်းမည်ဖြစ်သည်။ အကျွန်ုပ်သည် အစိုးရအခွင့်အာဏာတို့ကို အလွှဲသုံးစားလုပ်ခဲ့သော
"တုန်ကျိုး"(Dong Zhuo) ကိုနှိမ်နှင်းရန်ဦးဆောင်ခဲ့ဖူးသည်။ ထိုအချိန်က အကျွန်ုပ်သည်
ဓားကိုကိုင်ကာ စည်ကိုတီးပြီး အရှေ့ဘက်ကိုတည်ငြိမ်အောင် ဦးဆောင်ခဲ့သည်။ သူရဲကောင်းတို့ကိုစုစည်းပြီး
အကောင်းဆုံးတို့ကိုရွေးချယ်ကာ ရာထူးဂုဏ်သိန်များပေးခဲ့ဖူးသည်။ ထိုကာလအတွင်းတွင် အကျွန်ုပ်သည်
"ချောင်ချောင်း"(Cao Cao) နှင့်သိခဲ့ပြီး သူသင့်တော်သည့်နေရာတစ်ခုကိုပေးအပ်ခဲ့လေသည်။
သူ၏အမှားများ၊ အလျင်စလိုတိုက်ခိုက်မှု၊ တပ်ပြန်ဆုတ်မှု စသည်တို့ကို ကျွန်ုပ်သည်းခံခဲ့သည်။
သူသည် အကြိမ်ပေါင်းများစွာစစ်ရှုံးခဲ့ပြီး ကျွန်ုပ်ကလည်း သူ့ထံအကြံပေါင်းများစွာ စစ်ကူများပေးခဲ့သည်။
ထို့အပြင် သူ့အား ရန်ကျိုးနယ်စားအဖြစ်ခန့်အပ်ရန် နန်းတွင်းသို့အဆိုတင်သွင်းခဲ့ဖူးသည်။
ထို့ကြောင့် သူ့ကိုယ်သူ ကျားတစ်ကောင်ဟုအထင်ရောက်သွားခဲ့သည်။ ချင်က "မုန့်မင်"(Meng
Ming) ကိုသုံးကာ ကျင်းကိုဖျက်စီးစေသကဲ့သို့ သူသည်လည်း "တုန်ကျိုး"(Dong
Zhuo) ကိုရင်ဆိုင်လိမ့်မည်ဟုမျှော်လင့်ကာ သူ့၏ဩဇာတို့ကိုများအောင်လုပ်ခဲ့လေသည်။
သို့သော်လည်း
"ချောင်ချောင်း"(Cao Cao) သည် ရသည့်အခွင့်အရေးကိုအသုံးချကာ သူ၏အာဏာတို့ဖြင့်
မကောင်းမှုများကျူးလွန်ခဲ့လေသည်။ ကျိုကျန်းမြို့စား "ပြန်းရန်"(Bian
Rang) သည် အရည်အချင်းရှိသူဖြစ်ပြီး တစ်လောကလုံးတွင် ကျော်ကြားလေသည်။ ထိုသူသည် စကားပြောပွင့်လင်းပြီး
ရိုးသားသူဖြစ်ကာ မြှောက်ပင့်မပြောတတ်ပေ။ "ချောင်ချောင်း"(Cao Cao) သည် ထိုသူကိုသတ်ကာ
ခေါင်းကိုလူလည်ခေါင်တွင်ပြထားစေပြီး ထိုသူ၏တစ်မိသားစုလုံးကိုလည်း သုတ်သင်ခဲ့သည်။ ထိုအကြောင်းကြောင့်
ယနေ့တိုင်အောင် ပညာရှိတို့က ဝမ်းနည်းကြလေသည်။ လူတစ်ဦးက ဝမ်းနည်းစွာဖြင့် ပုန်ကန်ပြီး
တခြားလူတို့ကလည်း ပုန်ကန်ကြသည်။ ထိုအခါ "ချောင်ချောင်း"(Cao Cao) သည် ရွှီကျိုးတွင်
စစ်ရှုံးခဲ့ပြီး သူ၏နယ်ကို "လွီပု"(Lu Bu) ကသိမ်းယူသွားခဲ့သည်။ "ချောင်ချောင်း"(Cao
Cao) သည်အရိပ်အကာမဲ့စွာဖြင့် အရှေ့ဘက်သို့ထွက်ပြေးရလေသည်။
'သစ်ကိုင်းတို့က
အားမသန်သော်လည်း ခိုင်ခံ့သောပင်စည်ရှိရမည်' - ၎င်းမှာ ကျွန်ုပ်၏မူဝါဒဖြစ်သည်။ အစိုးရသည်လည်း
ဗဟိုကိုချုပ်ကိုင်ထားနိုင်ရပြီး နယ်စားတို့ကလည်း သစ္စာရှိရပေမည်။ ကျွန်ုပ်သည်လည်း မည်သည့်အဖွဲ့ဘက်မှ
မလိုက်သူဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်သည် အလံကိုတလွှင့်လွှင့်ထောင်ကာ သံချပ်ကာကိုဝတ်ဆင်ပြီး
စစ်ချီတက်ခဲ့သည်။ "လွီပု"(Lu Bu) ကိုတိုက်ရန်အလို့ငှာ ဗုံတို့ကိုတီးစေခဲ့သည်။
"လွီပု"(Lu Bu) သည်လည်း ချက်ချင်းထွက်ပြေးသွားခဲ့သည်။ ထို့ကြောင့် ကျွန်ုပ်က
"ချောင်ချောင်း"(Cao Cao) ကိုကယ်တင်ခဲ့ပြီး သူ၏ရာထူးကိုပြန်ရအောင်လုပ်ပေးခဲ့သည်။
ထိုအခြင်းအရာမှာ ရန်ကျိုးပြည်သူတို့အတွက် မကောင်းသော်ငြားလည်း "ချောင်ချောင်း"(Cao
Cao) အတွက်မူ အင်မတန်ကောင်းသည့်အရာဖြစ်သည်။
နောက်ပိုင်းတွင်
နန်းတွင်းသည် အရှေ့သို့ပြောင်းသွားခဲ့ပြီး "တုန်ကျိုး"(Dong Zhuo) အဖွဲ့လက်ကျန်တို့က
ပုန်ကန်လေသည်။ ထိုစဉ်ကာလတွင် ကျွန်ုပ်မှာ မြောက်ပိုင်းမှရန်သူတို့၏ရန်စွယ်ကြောင့် မလှုပ်ရှားနိုင်ခဲ့ပေ။
ထို့ကြောင့် နန်းတော်တို့ကိုပြုပြင်ရန်နှင့် ငယ်ရွယ်သော ဘုရင်ကိုကာကွယ်ရေအတွက် ကျွန်ုပ်၏အမှုထမ်းတစ်ဦးဖြစ်သည့်
"ရွှီရွှင့်"(Xu Xun) ကို "ချောင်ချောင်း"(Cao Cao) ထံလွှတ်စေခဲ့သည်။
ထိုအခါ "ချောင်ချောင်း"(Cao Cao) သည် သူ၏လောဘကိုအတောမသတ်နိုင်ပဲ နန်းတွင်းကို
ရွှီချန်သို့ပြောင်းစေခဲ့သည်။ ထို့အပြင် နန်းတွင်းကိုအရှက်ရစေကာ အမြင့်ဆုံးရာထူးသုံးနေရာကိုယူခဲ့ပြီး
အာဏာကိုချုပ်ကိုင်ခဲ့လေသည်။ သူ့စိတ်တိုင်းကျ အမှုထမ်းတို့ကိုဆုချီးမြင့်ပြီး စိတ်တိုင်းကျ
အပြစ်ဒဏ်ပေးသည်။ ထိုသူ၏ပါးစပ်ဖျားဝယ် အာဏာတည်လေသည်။ သူကြိုက်နှစ်သက်တို့မိသားစုတို့ကိုပစားပေးပြီး
မုန်းတီးသောသူတို့ကို မိသားစုလိုက် သေဒဏ်ပေးခဲ့သည်။ သူ့ကိုပွင့်လင်းစွာဝေဖန်သူတို့ကိုသေဒဏ်ပေးကာ
တိတ်တဆိတ်ကြံရွယ်သူတို့ကိုလည်း လျှို့ဝှက်စွာ သတ်စေခဲ့သည်။ အမှုထမ်းတို့မှာ ပါးစပ်ကိုပိတ်ထားရပြီး
မျက်လုံးချင်းသာ စကားပြောရလေသည်။ အခွန်အတုတ်တို့ကို မှတ်တမ်းတင်စေပြီး အမှုထမ်းတို့မှာ
ဘာမျှမလုပ်ရပေ။
နန်းတွင်းတွင်
အကြီးဆုံးရာထူးများမှ နှစ်ခုကိုပိုင်ဆိုင်ခဲ့သည့် ကွယ်လွန်သွားခဲ့သော နယ်စား
"ရန်ပြောင်း"(Yang Biao) ကို အငြိုးတစ်ခုကြောင့် ရာဇဝတ်မှုကျူးလွန်သည်ဟုစွပ်စွဲကာ
ကြိမ်ဒဏ်ပေးစေခဲ့သည်။
နောက်တစ်ဦးမှာ
ကောင်စစ်ဝန် "ကျောက်ရန်"(Zhao Yan) ဖြစ်သည်။ ထိုသူသည် ရိုးသားဖြောင့်မတ်ပြီးမှန်သောစကားကိုဆိုသူဖြစ်သောကြောင့်
နန်းတွင်းဝယ် သူ့စကားကိုနားထောင်ကြသည်။ ဘုရင်မင်းမြတ်ကိုယ်တိုင်ကပင်လျှင် ထိုသူ၏စကားကြောင့်
သူ၏အမိန့်တို့ကိုပြင်ဆင်ခဲ့ရဖူးသည်။ သို့သော်လည်း "ချောင်ချောင်း"(Cao
Cao) သည် ထိုသူကိုအကျဉ်းချကာ ဥပဒေလုပ်ရိုးလုပ်နည်းအတိုင်းမလုပ်ပဲ သေဒဏ်ပေးခဲ့လေသည်။
နောက်ရာဇဝတ်မှုမှာ
လျန့်ပြည်နယ် ရှောက်မင်းသား၏ အုတ်ဂူကိုဖျက်စီးခြင်းဖြစ်သည်။ ထိုမင်းသားမှာ ယခင်ဘုရင်မင်းမြတ်၏ညီတော်ဖြစ်ပြီး
သူ၏အုတ်ဂူကိုလေးစားရမည်ဖြစ်သည်။ သို့သော် "ချောင်ချောင်း"(Cao Cao) သည် သူ၏စစ်သားတို့ကိုဦးဆောင်ကာ
အုတ်ဂူကိုဖျက်ပြီး အလောင်းကိုဖော်ကာ ရွှေ၊ငွေ၊ရတနာတို့ကို ခိုးယူခဲ့လေသည်။ ထိုအပြုအမူကြောင့်
ဘုရင်မင်းမြတ်မှာ မျက်ရည်ကျခဲ့ပြီး လူအပေါင်းတို့က ဝမ်းနည်းကြလေသည်။ ထို့အပြင်
"ချောင်ချောင်း"(Cao Cao) သည် 'အုတ်ဂူတူးသောစစ်သူကြီး' ၊ 'ရွှေရှာသော စစ်သူကြီး'
အစရှိသည့်ရာထူးများကိုပင်ပေးခဲ့သည်။ ထိုလုပ်ရပ်မှာ ဓားပြဆန်ဆန်လုပ်ရပ်ပင်ဖြစ်သည်။
သူသည် လမ်းတို့တွင်
ထောင်ချောက်များထားရှိလေသည်။ လက်မြောက်လိုက်လျှင် ပိုက်ကွန်ထဲမိသွားပြီး ခြေလှမ်းလှမ်းလိုက်လျှင်
ကျင်းထဲကျသွားမည်ဖြစ်သည်။ သူအုပ်ချုပ်သောပြည်နယ်ဖြစ်သည့် ရန်ကျိုးနှင့်ယွီကျိုးပြည်သူတို့သည်
များစွာစိတ်ဆင်းရဲကြသည်။
ကျွန်ုပ်သည်
သူ၏နယ်တွင် သူကျူးလွန်သည့်မကောင်းမှုတို့ကိုစုံစမ်းစစ်ဆေးခဲ့သော်လည်း သူ့ကိုမပြောင်းလဲနိုင်ခဲ့ပေ။
သူပြောင်းလဲလိမ့်မည်ဟုမျှော်လင့်ကာ သူ့ကိုအခွင့်အရေးပေါင်းများစွာပေးခဲ့သည်။ သို့သော်လည်း
ထိုသူမှာ ဝံပုလွေနှလုံးသားနှင့် တိရစ္ဆာန်စရိုက်ရှိသူဖြစ်သည်။ သူသည်တိုင်းပြည်၏အခြေအမြစ်
အုတ်တိုင်တို့ကိုဖျက်စီးကာ နန်းတွင်းမိသားစုကို အင်အားနည်းအောင်လုပ်ချင်သူဖြစ်သည်။
သူသည် ဒုစရိုက်သမားတို့၏ခေါင်းဆောင်ပင်ဖြစ်သည်။
ဟိုးအရင် ကျွန်ုပ်
မြောက်ပိုင်းက သူပုန် "ကုန်းစွန်းကျန့်"(Gongsun Zan) ကိုတိုက်ခဲ့စဉ်က
"ချောင်ချောင်း"(Cao Cao) က "ကုန်းစွန်းကျန့်"(Gongsun Zan) ထံစာတစ်စာပို့ခဲ့သည်။
ထိုစာထဲတွင် "ချောင်ချောင်း"(Cao Cao) က သစ္စာရှိစစ်တပ်တွေကိုကူညီမည့်ဟန်နှင့်
ဖျက်စီးမည့်အကြောင်းပါရှိလေသည်။ ထိုစာပို့သူကိုဖမ်းဆီးရမိသည့်အတွက် "ချောင်ချောင်း"(Cao
Cao) ၏အကြံပျက်သွားပြီး နောက်ပိုင်းတွင် "ကုန်းစွန်းကျန့်"(Gongsun Zan)
လည်းသေဆုံးသွားသည်။
ယခု သူသည်
မြစ်ဝါမြစ်အနီးရှိ ' အောက်'စားနပ်ရိက္ခာဂိုထောင်အနီးတွင် စခန်းချထားသည်။ ပုံပြင်ထဲမှ
နှံကောင်ကဲ့သို့ ရှေ့ခြေဖြင့်လှည်းကိုတားဆီးချင်နေသည်။ သို့သော်လည်း ဟန်တိုင်းပြည်၏ဂုဏ်ဒြပ်တို့က
ကျွန်ုပ်နှင့်အတူရှိသောကြောင့် ကျွန်ုပ်က တစ်လောကလုံးကိုစိန်ခေါ်ရဲသည်။ ကျွန်ုပ်တွင်
လှံစစ်သည် သန်းနှင့်ချီရှိပြီး မြင်းစစ်သည်သိန်းနှင့်ချီရှိသည်။ ထို့အပြင် ရှေးယခင်က
သူရဲကောင်းများဖြစ်သော "ချုံးဟွမ်"(Chong Huang) နှင့် "ဝူဟော်"(Wu
Huo) ကဲ့သို့သော လူစွမ်းကောင်းများလည်းရှိသည်။ ဘင်းကျိုးတွင် ကျွန်ုပ်၏စစ်တပ်သည် ထိုက်ဟန်တောင်တန်းကိုဖြတ်သန်းလာပြီဖြစ်ပြီး
ချင်ကျိုးတွင် ကျိနှင့်ထာမြစ်ကိုဖြတ်ကျော်လာပြီ။ ထိုစစ်တပ်တို့သည် မြစ်ဝါမြစ်သို့ဆင်းပြီး
ရန်သူတို့ကိုတိုက်မည်ဖြစ်သည်။ ကျင်ကျိုးမှ "လျူပြောင်း"(Lu Biao) သည်လည်း
ရန်သူ၏နောက်ပိုင်း ဝမ်ချန်နှင့်ဝမ်ရဲ့တို့ကိုတိုက်ပေမည်။ လျပ်စီးကဲ့သို့ချီတက်မှု၊ ကျားကဲ့သို့ရဲဝံ့မှုနှင့်အတူချီတက်ပြီး
မြက်ခင်းပေါ်တွင် မီးတောက်လောင်သကဲ့သို့၊ ပင်လယ်ကြီးက မီးစကိုငြိမ်းသတ်လိုက်သကဲ့သို့
ရန်သူတို့ကိုချေမှုန်းမည်ဖြစ်သည်။ ရန်သူတို့ အဘယ်ကြောင့် မပျက်စီးပဲ ရှိနေအံ့နည်း?
"ချောင်ချောင်း"(Cao
Cao) ၏စစ်တပ်တွင် တိုက်ခိုက်နိုင်သူတို့မှာ မြောက်ပိုင်းသားများဖြစ်ပြီး အများစုမှာအိမ်ပြန်လိုကြသည်။
မြောက်ဘက်ကိုကြည့်ပြီး ငိုကြွေးကြသည်။ အခြားအဖွဲ့တို့မှာ ရန်ကျိုးနှင့်ယွီကျိုးရှိ
"လွီပု"(Lu Bu) နှင့် "ကျန်းရန်"(Zhang Yang) တို့၏အကြွင်းအကျန်တပ်များဖြစ်ပြီး
"ချောင်ချောင်း"(Cao Cao) အပေါ်သစ္စာမရှိပေ။ ကျွန်ုပ်သာ အချက်ပေးလိုက်လျှင်
သူတို့သည် အညံ့ခံပေလိမ့်မည်။ နေမထွက်ခင် ပျော်ကြသောနှင်းရည်ကဲ့သို့ သွေးတစ်စက်မှမကျပဲ
အနိုင်ရပေမည်။
ယခုအခါ ဟန်တိုင်းပြည်ကြီးမှာ
ပြိုကွဲလုနီးနီးဖြစ်နေပြီး ထောက်ခံမည့်သူမရှိပေ။ ဝန်ကြီးတို့ကလည်း အခက်အခဲများကိုမရင်ဆိုင်နိုင်ကြပေ။
နန်းတော်အတွင်းရှိ အမတ်တို့သည်လည်း ကူညီရန်မတတ်နိုင်ဖြစ်နေသည်။ မည်သူ့ကိုမှအားကိုး၍မရနိုင်ပေ။
သစ္စာရှိအမှုထမ်းတို့သည်လည်း မကောင်းသောဝန်ကြီး၏ဖိနှိပ်မှုကိုခံနေရသဖြင့် သူတို့၏အစွမ်းအစကို
မပြနိုင်ကြပေ။
"ချောင်ချောင်း"(Cao
Cao) သည် နန်းတော်ကြီးကို စောင့်ကြပ်ရန်ဟုအကြောင်းပြကာ တပ်သားခုနှစ်ရာထားထားသည်။ အမှန်မှာ
ဘုရင်ကိုအကျဉ်းချကာ ရာဇပလ္လင်ကိုလိုချင်သောကြောင့်သာဖြစ်သည်။ သို့ကြောင့် ယခုအချိန်သည်
သစ္စာရှိအမှုထမ်းတို့အသက်စွန့်ကာ တိုင်းပြည်အတွက် ကောင်းကျိုးကိုလုပ်ဆောင်ကြရန် ကျွန်ုပ်က
တိုက်တွန်းလိုက်ပါသည်။
"ချောင်ချောင်း"(Cao
Cao) သည် အမိန့်စာထုတ်ကာ အခြားလူတို့၏အကူအညီတောင်းခံသည်။ သို့သော်လည်း ဉာဏ်ပညာရှိသောသူတို့မှာ
သူ့ကိုကူညီမည်မဟုတ်ပေ။
ဘင်းကျိုး၊
ကျိကျိုး၊ ချင်ကျိုး၊ ယိုကျိုး စသောပြည်နယ်လေးခုတို့မှ စစ်တပ်တို့ချီတက်လာကြပြီ။ ထို့အပြင်
ကျင်းကျိုးမှ "လျူပြောင်း"(Liu Biao)၏တပ်လည်း ချီတက်လာမည်ဖြစ်သည်။ အနယ်နယ်အရပ်ရပ်မှ
တပ်ဖွဲ့တို့သည် သစ္စာကိုပြသရန်အတွက် ချီတက်လာကြသည်။ ဤသည်မှာ ကောင်းမွန်သော စွမ်းဆောင်နိုင်မှုပင်
မဟုတ်ပေလော?
"ချောင်ချောင်း"(Cao
Cao) ၏ခေါင်းကိုယူလာနိုင်လျှင် အိမ်ပေါင်းငါးထောင်ကျော်ကိုအုပ်ချုပ်နိုင်သည့်ဆုအပြင်
ငွေအသပြာ ငါးသန်းပါ ဆုလာဘ်အနေဖြင့် ပေးအပ်မည်ဖြစ်သည်။ ထို့အပြင် လက်နက်ချသောသူတို့ကိုလည်း
မေးခွန်းများမမေးပဲ လက်ခံမည်။ တိုင်းပြည်ကြီးသည် အကျဉ်းအကြပ်ထဲကျရောက်နေသည်ကို အများပြည်သူတို့သိစေရန်အတွက်
အကျွန်ုပ်သည် ဤကျေညာချက်ကိုထုတ်ပြန်ရခြင်းဖြစ်သည်။
’
“ယွမ်ရှောက်”(Yuan Shao) မှာ ကြေညာချက်ကို ဖတ်ပြီးသော် လွန်စွာအားရလေသည်။ ချက်ချင်းပင် လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ကြေညာချက်ကို ကပ်စေသည်။ မိတ္တူအချို့မှာ “ချောင်ချောင်း”(Cao Cao) နန်းဆောင်ဆီရောက်လေသည်။ ထိုနေ့က “ချောင်ချောင်း”(Cao Cao) မှာ ခေါင်းကိုက်သဖြင့် အိပ်ရာတွင် လှဲနေသည်။ အစေခံက ကြေညာချက်ယူသွားပြီး ပြသည်။ ဖတ်ပြီးသော် “ချောင်ချောင်း”(Cao Cao) မှာ ဆံဖျားမှသည် ရိုးတွင်းအထိ ကြောက်ရွံ့သွားလေသည်။ ချွေးစေးများပင် ပြန်လာကာ ခေါင်းကိုက်ပင်ပျောက်သွားသည်။ “ချောင်ချောင်း”(Cao Cao) သည် အိပ်ရာမှ ထလာကာ “ဒါ ဘယ်သူရေးတာလဲ။” ဟု “ချောင်ဟုန်”(Cao Hong) ကို မေးသည်။
“ချောင်ဟုန်”(Cao Hong): ““ချန်လင်”(Chen Lin) ရဲ့ ကလောင်လို့ပြောတယ်။”
“ချောင်ချောင်း”(Cao Cao): ရယ်ကာ “သူတို့မှာ ကလောင်ကောင်းတစ်ခုတော့ ရထားတာပဲ။ နောက်က စစ်တပ်က အင်အားကြီးရင် ပိုကောင်းမယ်။ ဒီသူငယ်ကတော့ စာရေးအလွန်ကောင်းပါတယ်။ ဒါပေမဲ့ “ယွမ်ရှောက်”(Yuan Shao) ရဲ့ တိုက်ခိုက်ရည်ညံ့ရင် ဘာလုပ်မှာလဲ။”
“ချောင်ချောင်း”(Cao Cao) က အကြံပေးများကို ခေါ်သည်။
“ခုံးရုံ”(Kong Rong): ““ယွမ်ရှောက်”(Yuan Shao) နဲ့ မတိုက်သင့်ဘူး။ သူက အင်အားကြီးတယ်။ စစ်ပြေငြိမ်းလိုက်ပါ။”
“ရွှင်ယွိ”(Xun Yu): “မပြေငြိမ်းနဲ့။ သူက ကောက်ကျစ်တယ်။”
“ခုံးရုံ”(Kong Rong): “သူ့မြေကကျယ်ပြီး သူ့လူတွေက သန်မာတယ်။ “ကော်ထူ”(Guo Tu) ၊ “ရွှီယို”(Xu You) ၊ “ဖန်းကျိ”(Peng Ji) နဲ့ “ရှန်ဖေ”(Shen Pei) တို့လို ဗျူဟာမှူးတွေရှိတယ်။ “တျန်းဖုန်း”(Tian Feng) နဲ့ “ကျွိရှို”(Ju Shou) တို့လို သစ္စာရှိခေါင်းဆောင်တွေရှိတယ်။ “ရန်လျန်”(Yan Liang) နဲ့ “ဝင်ချို”(Wen Chou) တို့လို စစ်သူကြီးတွေရှိတယ်။ “ကောက်လန်”(Gao Lan) ၊ “ကျန်းဟဲ”(Zhang He) ၊ “ဟန်မန်”(Han Meng) နဲ့ “ချွန်းယွီချုံ”(Chunyu Qiong) တို့လို တပ်မှူးတွေရှိတယ်။ သူ့ကို လျှော့တွက်လို့မရဘူး။”
“ရွှင်ယွိ”(Xun Yu): ရယ်ကာ “သူ့တပ်က လူများပြီး ပွဲမစည်ပါဘူး။ “တျန်းဖုန်း”(Tian Feng) က ရဲရင့်ပေမယ့် သစ္စာမမြဲဘူး။ “ရွှီယို”(Xu You) က လောဘကြီးပြီး ပေါ့ဆတယ်။ “ရှန်ဖေ”(Shen Pei) က သစ္စာရှိပေမဲ့ တုံးအတယ်။ “ဖန်းကျိ”(Peng Ji) က တည်ငြိမ်ပေမဲ့ အသုံးမကျဘူး။ စိတ်ထားမတူဘဲ ကိုက်ညီမှုမရှိတဲ့ ဒီ ၄ ယောက်ဟာ အကျိုးထက် အပြစ်ကိုသာ ဖြစ်စေလိမ့်မယ်။ ရဲရင့်လှတယ်ဆိုတဲ့ “ရန်လျန်”(Yan Liang) နဲ့ “ဝင်ချို”(Wen Chou) တို့က အသုံးမဝင်တော့ဘဲ ပထမတိုက်ပွဲမှာတင် ရှင်းပစ်လို့ရတယ်။ ကျန်တဲ့ “ကောက်လန်”(Gao Lan) ၊ “ကျန်းဟဲ”(Zhang He) ၊ “ဟန်မန်”(Han Meng) နဲ့ “ချွန်းယွီချုံ”(Chunyu Qiong) တို့က သနားစရာအရာတွေပါ။ သူတို့ရဲ့ သိန်းချီတဲ့တပ်တွေ ဘာလုပ်တော့မှာလဲ။”
“ခုံးရုံ”(Kong Rong) နှုတ်ဆိတ်နေသည်။ “ချောင်ချောင်း”(Cao Cao) ကပြုံးသည်။
“ချောင်ချောင်း”(Cao Cao): “သူတို့တွေက “ရွှင်ယွိ”(Xun Yu) ပြောတဲ့အတိုင်း အတိအကျပဲ။”
ထို့နောက် “ချောင်ချောင်း”(Cao Cao) က အမိန့်ထုတ်သည်။ စစ်သူကြီး “လျူတိုက်”(Liu Dai) နှင့် “ဝမ်ကျုံး”(Wang Zhong) တို့က နန်းရင်းဝန်အမှတ်အသားပါ နဖူးစည်းစာတမ်းကို ဝတ်ဆင်ကာ စစ်သည် ၅သောင်းစီ ဦးဆောင်လျက် ရွှီကျိုး ကို ချီရန်ဖြစ်သည်။ “လျူတိုက်”(Liu Dai) မှာ ယခင်က ရန်ကျိုး နယ်စားဖြစ်ပြီး “ချောင်ချောင်း”(Cao Cao) ထံခိုလှုံထားသူဖြစ်သည်။ သူ့ကို ရာထူးတိုးပေးထားကာ ယခုထုတ်သုံးခြင်းဖြစ်သည်။
“ချောင်ချောင်း”(Cao Cao) ကိုယ်တိုင်က စစ်သည် ၂ သိန်းကို ဦးဆောင်ကာ လီရန် ရှိ “ယွမ်ရှောက်”(Yuan Shao) ကို တပြိုင်နက် တိုက်ခိုက်သည်။ အကြံပေး "ချန်ယွီ"(Cheng Yu) က “ “လျူတိုက်”(Liu Dai) နဲ့ “ဝမ်ကျုံး”(Wang Zhong) တို့ကို “လျူဘေ့” (Liu Bei) ကို တိုက်ခိုင်းတာ အင်အားမမျှဘူး။” ဟုလျှောက်သည်။ “ချောင်ချောင်း”(Cao Cao) က “ငါသိတယ်။ သူတို့က “လျူဘေ့” (Liu Bei) ကိုတိုက်ဖို့မဟုတ်ပါဘူး။ ဟန်ပြပါ။ “ယွမ်ရှောက်”(Yuan Shao) ကို ငါမနိုင်မချင်း မတိုက်ဖို့ အမိန့်ပေးထားတယ်။ ပြီးရင် “လျူဘေ့” (Liu Bei) အလှည့်ပဲ။” ဟုဆိုသည်။
“ချောင်ချောင်း”(Cao Cao) သည် လီရန် နှင့် မိုင် ၃၀ အကွာတွင် ရန်သူနှင့် ထိတွေ့မှုစဖြစ်သည်။ နှစ်ဖက်စလုံးက စခန်းကို အခိုင်အမာချကာ အပြန်အလှန် စောင့်ကြည့်နေကြသည်မှာ ဆောင်းဦး ၂ လပင် ကုန်ဆုံးသွားသည်။
“ယွမ်ရှောက်”(Yuan Shao) ၏တပ်တွင် သဘောထားကွဲလွဲမှုများဖြစ်နေသည်။ “ရွှီယို”(Xu You) က အမိန့်ပေးရသော ရာထူးနေရာက “ရှန်ဖေ”(Shen Pei) နှင့် မတည့်ချေ။ ဗျူဟာမှူး “ကျွိရှို”(Ju Shou) ကလည်း သူ့အကြံကို ပယ်ချ၍မကျေနပ်ချေ။ ထို့ကြောင့် ယခုထိမတိုက်ခိုက်ကြခြင်းဖြစ်သည်။ “ယွမ်ရှောက်”(Yuan Shao) ကိုယ်တိုင်လည်း ဆုံးဖြတ်ချက်မချနိုင်ချေ။
အချိန်ကြာလာသော် “ချောင်ချောင်း”(Cao Cao) က “ကျန်းပါ”(Zang Ba) ကို ချင်ကျိုး နှင့် ရွှီကျိုး ကို ဆက်လက်ဖိအားဖိစေသည်။ "လီတျန်"(Li Dian) နှင့် “ယွီကျင့်”(Yu Jin) ကို မြစ်ဝါမြစ်တလျှောက် တပ်များချစေသည်။ "ချောင်ရန်"(Cao Ren) ကို တပ်မနှင့်အတူ Guandu တွင် တပ်ချစေသည်။ ထို့နောက် မြို့တော် ရွှီချန်သို့ပြန်လာခဲ့သည်။
“လျူဘေ့” (Liu Bei) ထံစေလွှတ်လိုက်သော စစ်သူကြီး ၅ ဦးမှာ ရွှီကျိုး နှင့် ၃၅ မိုင်အကွာတွင် စခန်းချနေသည်။ နန်းရင်းဝန်အမှတ်အသားပါ နဖူးစည်းစာတမ်းများတပ်ဆင်ကာ ဟန်ပြစခန်းချထားသော်လည်း တိုက်ခိုက်မှုတစ်စုံတရာ မပြုချေ။ သူလျိုများက “ချောင်ချောင်း”(Cao Cao) ၏လှုပ်ရှားမှုကို စောင့်ကြည့်ရင်း ခြေချင်းလိမ်နေကြသည်။ ခံစစ်ဖက်မှ “လျူဘေ့” (Liu Bei) ကမူ ရန်သူ့အင်အားမသိ၍ မလှုပ်ရှားဝံ့ချေ။
ထိုစဉ် နန်းရင်းဝန်ထံမှ တိုက်မိန့်ရောက်လာကာ တပ်တွင်းသဘောထားကွဲလွဲမှုများဖြစ်လာသည်။
“လျူတိုက်”(Liu Dai): “နန်းရင်းဝန်က တိုက်မိန့်ပေးသည်။ မင်းချီတက်ပါ။”
“ဝမ်ကျုံး”(Wang Zhong): “မင်းနာမည်က ရှေ့ကပါတာလေ။”
“လျူတိုက်”(Liu Dai): “ငါက စစ်ဦးစီးချုပ်လေ။ ငါအရင်သွားရမယ့်နေရာမဟုတ်ဘူး။”
“ဝမ်ကျုံး”(Wang Zhong): “ဒါဆိုလည်း ပူးတွဲတိုက်စစ်ဆင်မယ်။”
“လျူတိုက်”(Liu Dai): “ငါတို့မဲခွဲမယ်။”
မဲခွဲသော် “ဝမ်ကျုံး”(Wang Zhong) ချီတက်ရန်ဖြစ်သည်။ “ဝမ်ကျုံး”(Wang Zhong) က အင်အား တဝက်ဖြင့် ချီတက်သည်။
“လျူဘေ့” (Liu Bei) ကထိုသတင်းကြားသော် “ချန်တန်”(Chen Deng) ကိုခေါ်ယူသည်။
“လျူဘေ့” (Liu Bei): ““ယွမ်ရှောက်”(Yuan Shao) တပ်တွင်းမှာ သဘောထားကွဲလွဲမှုတွေဖြစ်နေတော့ သူတို့က မချီတက်ဘူး။ “ချောင်ချောင်း”(Cao Cao) ကဘယ်မှာမှန်းမသိဘူး။ သူ့တံဆိပ်က လီရန် စခန်းမှာ မရှိဘဲ ဒီရောက်နေတယ်။”
“ချန်တန်”(Chen Deng): “သူ့လှည့်ကွက်က ပုံစံမျိုးစုံဖြစ်နိုင်တယ်။ အဖြစ်နိုင်ဆုံးက သူက မြောက်ဖက်ကို ပိုဂရုစိုက်ပြီး ကာကွယ်လိမ့်မယ်။ သူ့အလံကို အဲဒီမှာ မပြဘဲ ဒီမှာဟန်ပြထားတာပဲ။ သူ ဒီမှာမရှိဘူး။”
“လျူဘေ့” (Liu Bei) က ညီ ၂ ယောက်ကို စုံစမ်းခိုင်သည်။ “ကျန်းဖေး”(Zhang Fei) က သွားလိုသည်။
“လျူဘေ့” (Liu Bei): “မင်းနဲ့မသင့်တော်မှာ စိုးရိမ်တယ်။ မင်းက မဆင်မခြင်လုပ်တတ်တယ်။”
“ကျန်းဖေး”(Zhang Fei): ““ချောင်ချောင်း”(Cao Cao) သာရှိရင် ဆွဲခေါ်ခဲ့ပါမယ်။”
“ကွမ်းယွီ”(Guan Yu): “ငါအရင်သွားပါမယ်။”
“လျူဘေ့” (Liu Bei): “မင်းသွားရင်တော့ ငါပိုစိတ်ချတာပေါ့။”
သို့နှင့် “ကွမ်းယွီ”(Guan Yu) က စစ်သည် ၃ ထောင်နှင့် ထောက်လှမ်းရန် ထွက်ခွာသည်။ ဆောင်းတွင်းမနက်ဖြစ်ပြီး မှောင်မည်းနေသော ကောင်းကင်မှ နှင်းများကျနေသည်။ နှင်းကို မမှုဘဲ ချီတက်ကြပြီး “ဝမ်ကျုံး”(Wang Zhong) စခန်းနားသို့ ရောက်လေသော် “ကွမ်းယွီ”(Guan Yu) က “ဝမ်ကျုံး”(Wang Zhong) ကို ခေါ်သည်။
“ဝမ်ကျုံး”(Wang Zhong): “နန်းရင်းဝန် ဒီမှာရောက်နေတာကို ဘာလို့ အညံ့မခံတာလဲ။”
“ကွမ်းယွီ”(Guan Yu): “သူ့ကို ရှေ့ထွက်လာဖို့ တောင်းပန်ပေးပါ။ သူနဲ့စကားပြောချင်လို့။”
“ဝမ်ကျုံး”(Wang Zhong): “မင်းလိုလူနဲ့တွေ့ဖို့ သူကထွက်လာပါ့မလား။”
“ကွမ်းယွီ”(Guan Yu) ကစိတ်ဆိုးစွာ “ဝမ်ကျုံး”(Wang Zhong) ထံ မြင်းကို ဒုန်းစိုင်းသွားသည်။ “ကွမ်းယွီ”(Guan Yu) က ရန်သူအနီးထိ ကပ်သွားပြီး ချက်ချင်း ပြန်လှည့်သည်။ “ဝမ်ကျုံး”(Wang Zhong) က နောက်ကလိုက်လာသည်။ “ကွမ်းယွီ”(Guan Yu) ကရုတ်တရက် ပြန်လှည့်ကာ အော်ပြီး ဓားကို မြှောက်လိုက်သည်။ “ဝမ်ကျုံး”(Wang Zhong) လည်း မခံဝံ့ဘဲ ပြေးသည်။ “ကွမ်းယွီ”(Guan Yu) က ဓားကို ဘယ်လက်နှင့်ပြောင်းကိုင်ကာ ညာလက်က ရန်သူကို ဖမ်းချုပ်ကာ ကုန်းနှီးပေါ်တင် ဖမ်းဆီးခဲ့လေသည်။ “ဝမ်ကျုံး”(Wang Zhong) တပ်ပျက်လေသည်။ သုံ့ပန်းကို ရွှီကျိုး ပို့လိုက်သည်။
“လျူဘေ့” (Liu Bei): “မင်းက ဘယ်သူလဲ။ ဘာရာထူးလဲ။ ဘာလို့ နန်းရင်းဝန် အလံကို သုံးရဲရတာလဲ။”
“ဝမ်ကျုံး”(Wang Zhong): “နန်းရင်းဝန်ကိုယ်တိုင်သုံးခိုင်းတာ။ သူဒီမှာ ရှိတယ်ထင်ရအောင်။”
“လျူဘေ့” (Liu Bei) က သူ့ကို ကြင်နာစွာဆက်ဆံသည်။ အစားအသောက်နှင့် အဝတ်အစားများပေးပြီး အကျဉ်းချထားလိုက်သည်။
“ကွမ်းယွီ”(Guan Yu): “မင်းက အေးအေးချမ်းချမ်းပြီးစေချင်မှန်းသိလို့ မသတ်ဘဲ ဖမ်းရုံဖမ်းလာတာ။”
“လျူဘေ့” (Liu Bei): ““ကျန်းဖေး”(Zhang Fei) ရဲ့ စိတ်လောပြီး ဒေါသကြီးတာကို ကြောက်တာ။ သူသာဆို သတ်ပစ်မှာ။ ဒီလိုလူမျိုးတွေက မသတ်ဘဲ အသုံးချရမှာ။”
“ကျန်းဖေး”(Zhang Fei): ““ဝမ်ကျုံး”(Wang Zhong) ကိုမိပြီဆိုတော့ နောက်တစ်ယောက်ကို ငါဖမ်းခဲ့မယ်။”
“လျူဘေ့” (Liu Bei): “ဂရုစိုက်ပါ။ ပြီးတော့ “လျူတိုက်”(Liu Dai) ဟာ တချိန်က “တုန်ကျိုး”(Dong Zhuo) ကိုရှင်းလင်းဖို့ ကျားထောင်ချောက်တောင်ကြားမှာ ဆွေးနွေးခဲ့တဲ့ ရန်ကျိုး နယ်စားဟောင်းပဲ။ မရိုင်းစိုင်းပါစေနဲ့။
“ကျန်းဖေး”(Zhang Fei): “အဲလိုပြောရအောင် မတန်ပါဘူး။ သူ့ကို ဖမ်းခဲ့ပါမယ်။”
“လျူဘေ့” (Liu Bei): “သူသေရင် ငါတို့အကြံတွေပျက်လိမ့်မယ်။”
“ကျန်းဖေး”(Zhang Fei): “သူ့ကိုသတ်မိရင် ငါ့အသက်နဲ့ အလျော်ပေးမယ်။”
သို့နှင့် စစ်သည် ၃ ထောင်နှင့် ထွက်ခွာသွားသည်။
“ဝမ်ကျုံး”(Wang Zhong) အဖမ်းခံရခြင်းက “လျူတိုက်”(Liu Dai) ကိုသတိထားစေသည်။ ခံတပ်ကို ပိုမိုကျစ်လျစ်အောင်ပြုနေသည်။ စိန်ခေါ်မှုများကိုလည်း မကြားယောင်ဆောင်သည်။ သို့နှင့် “ကျန်းဖေး”(Zhang Fei) ရောက်လာသည်။
ရက်အနည်းငယ်ကြာသော် “ကျန်းဖေး”(Zhang Fei) ကလှည့်ကွက်တစ်ခုပြုသည်။ ရန်သူတပ်တွင် ညတွင်ဝင်စီးရန် အမိန့်ပေးထားပြီး သူကိုယ်တိုင်က တစ်မနက်လုံး သေရည်သောက်ပြီး သေရည်ယစ်နေဟန်ဆောင်သည်။ ထို့နောက် စစ်သားတစ်ယောက်ကို စည်းကမ်းဖောက်သည့်အတွက် ပြင်းပြင်းထန်ထန်အပြစ်ပေးသည်။ စခန်းအတွင်းတွင် ကြိုးဖြင့်တုပ်နှောင်ထားပြီး “မနက်အထိစောင့်ပါ။ မင်းကိုအလံအတွက် စတေးပစ်မယ်။” ဟုဆိုလေသည်။
တချိန်တည်းတွင် အစောင့်များကို လွှတ်ပေးရန် တိတ်တဆိတ်အမိန့်ပေးထားသည်။ လွတ်သွားသော် ရန်သူစခန်းဆီသွားကာ အစီအစဉ်များကို ပြောပြလေသည်။ ဒဏ်ရာဒဏ်ချက်များက သက်သေပြနေရာ “လျူတိုက်”(Liu Dai) လည်း ယုံကြည်လေသည်။ ထို့ကြောင့် ခြုံခိုတိုက်ခိုက်ရန် သူ၏စစ်တပ်ကို ချထားသည်။
ထိုညတွင် “ကျန်းဖေး”(Zhang Fei) က ၃ဖွဲ့ခွဲကာ ချီတက်သည်။ လူအချို့က တိုက်ရိုက်ဝင်ကာ မီးများကို ရှို့သည်။ ကျန် အဖွဲ့ကြီး ၂ ဖွဲ့က နောက်မှ ဝင်ကာ တိုက်ခိုက်သည်။ နာရီ ၃ ချက်တီးတွင် “ကျန်းဖေး”(Zhang Fei) နှင့် ဝါရင့်စစ်သားများက “လျူတိုက်”(Liu Dai) ၏ဆုတ်လမ်းကို ဖြတ်တောက်လိုက်သည်။
မီးရှို့သော လူ ၃၀ က စခန်းတွင်း ဝင်ကာ မီးရှို့မှုအောင်မြင်လေသည်။ မီးများတက်လာသော် ချုံခိုတပ်များထွက်လာသည်။ သို့သော် သူတို့ကိုယ်တိုင်သာ ၂ ဖက်မှ ညှပ်တိုက်ခံရသည်။ ရန်သူအရေအတွက်ကို ခန့်မှန်းမရ၍ ကြောက်ရွံ့ကာ ပြေးကြလေသည်။
ခြေလျင်တပ်နှင့်အတူ “လျူတိုက်”(Liu Dai) က ထွက်ပြေးသော်လည်း “ကျန်းဖေး”(Zhang Fei) နှင့် တည့်တည့်တိုးလေသည်။ ထွက်ပြေးမရ၍ တိုက်ခိုက်လေရာ ဖမ်းဆီးခံရလေသည်။ “ကျန်းဖေး”(Zhang Fei) က အစ်ကိုများထံ သတင်းပို့လိုက်သည်။
“လျူဘေ့” (Liu Bei): ““ကျန်းဖေး”(Zhang Fei) က ကြမ်းတမ်းပေမယ့် ဒီတစ်ခါ စဉ်းစားပြီး အလုပ်လုပ်သွားတယ်။ ငါသိပ်ကျေနပ်တယ်။”
သူတို့ကိုယ်တိုင် ထွက်ကြိုလေသည်။
“ကျန်းဖေး”(Zhang Fei): “ငါ့ကို ကြမ်းတမ်းတယ်ဆို ၊ ခုတော့ဘယ်လိုလဲ။”
“လျူဘေ့” (Liu Bei): “မင်းကို မဆူရင် ဒီလိုအကြံကောင်းထွက်ပါ့မလား။”
“ကျန်းဖေး”(Zhang Fei) က ရယ်လေသည်။ ထို့နောက် “လျူတိုက်”(Liu Dai) ကိုကြိုးတုတ်ကာ ခေါ်လာသည်။ “လျူဘေ့” (Liu Bei) က မြင်းပေါ်က ချက်ချင်းဆင်းကာ ကြိုးဖြေပေးပြီး “ငါ့ညီက စိတ်လောတတ်လို့ပါ။ သူ့ကိုခွင့်လွှတ်ပေးပါ။” ဟုဆိုသည်။
သို့နှင့် “လျူတိုက်”(Liu Dai) ကိုလွှတ်ကာ မြို့တွင်းခေါ်လာသည်။ သူ၏အဖော်ကိုလည်း လွှတ်ကာ ကောင်းမွန်စွာထားသည်။
“လျူဘေ့” (Liu Bei): “Che Zhou က ငါ့ကို သတ်ဖို့ကြိုးစားလို့ သူ့ကို သတ်လိုက်ရတာ။ ဒါကို “ချောင်ချောင်း”(Cao Cao) ကမကျေနပ်ဘဲ မင်းတို့ကို တိုက်ဖို့လွှတ်လိုက်တယ်။ သူ့ဆီက ကျေးဇူးရှိဖူးတော့ မင်းတို့ကို မသတ်တော့ပါဘူး။ မင်းတို့ပြန်ရင်သာ ငါ့အတွက်ဖြေရှင်းပေးကြပါ။”
“လျူတိုက်”(Liu Dai) နှင့် “ဝမ်ကျုံး”(Wang Zhong): “ငါတို့ကို လွှတ်ပေးတာ ကျေးဇူးတင်ပါတယ်။ ငါတို့မိသားစုတွေ မင်းအပေါ်အကြွေးတင်သွားပြီ။”
နောက်နေ့တွင် သူတို့ကို ပြန်စေသည်။ ၃ မိုင်မျှရောက်သော် ကြောက်ရွံ့ဖွယ် အော်သံနှင့်အတူ “ကျန်းဖေး”(Zhang Fei) က လမ်းကိုပိတ်လိုက်သည်။
“ကျန်းဖေး”(Zhang Fei): “မင်းတို့ကို လွှတ်လိုက်တာ ငါ့အစ်ကိုမှားတာ။ ဘာလို့ သူပုန် ၂ ယောက်ကို လွှတ်ရမှာလဲ။”
ထိုသူ ၂ ဦးမှာ ကြောက်လန့်နေသည်။ “ကျန်းဖေး”(Zhang Fei) ဓားက သူတို့ပေါ် ကျလာသော် "မဆင်မခြင် မလုပ်နဲ့။" ဟု အော်သံကြားလေသည်။
ရောက်ရှိလာသူမှာ “ကွမ်းယွီ”(Guan Yu) ဖြစ်သည်။ သူရောက်လာ၍ ထိုသူ ၂ ယောက် စိတ်သက်သာရာရသွားသည်။
“ကွမ်းယွီ”(Guan Yu): "အစ်ကိုကြီးက လွှတ်လိုက်တာကို မင်းက ဘာလို့တားရတာလဲ။"
“ကျန်းဖေး”(Zhang Fei): "သူတို့ကို ဒီနေ့လွှတ်ပေးလိုက်ရင် နောင်ကျ ပြန်ရောက်လာမှာ အသေအချာပဲ။"
“ကွမ်းယွီ”(Guan Yu): "ရောက်လာပါစေ။ အဲဒီတော့မှ သတ်လို့ရပါတယ်။"
ထိုသူ ၂ ဦးက ငိုကြွေးကာ တစ်သံတည်းဖြင့် "နန်းရင်းဝန်က ငါတို့မိသားစုတွေကို သတ်မယ်ဆိုရင်တောင် ပြန်မလာတော့ပါဘူး။ ငါတို့ကို လွှတ်ပေးပါ။" ဟုဆိုလေသည်။
“ကျန်းဖေး”(Zhang Fei): "“ချောင်ချောင်း”(Cao Cao) ကိုယ်တိုင်လာရင် သူ့ကိုသတ်ပစ်မယ်။ ရင်ကာသံချပ်တစ်ခုတောင် မကျန်စေရဘူး။ အခုတော့ မင်းတို့ကို လွှတ်ပေးလိုက်မယ်။"
ထိုသူ ၂ ဦးမှာထွက်ပြေးသွားပြီး ညီအစ်ကို ၂ ယောက်မှာ မြို့တွင်းဝင်ခဲ့သည်။
“ကွမ်းယွီ”(Guan Yu) နှင့် “ကျန်းဖေး”(Zhang Fei): "“ချောင်ချောင်း”(Cao Cao) သေချာပေါက် လာလိမ့်မယ်။"
“စွန်းချန်”(Sun Qian): "ဒီမြို့က ကြာကြာခုခံလို့မကောင်းဘူး။ တပ်အချို့ကို ရှောင်ဖေ ကို ပို့ထားသင့်တယ်။"
“လျူဘေ့” (Liu Bei) က သဘောတူကာ “ကွမ်းယွီ”(Guan Yu) ကို ရှဖီ ကိုစောင့်ခိုင်းပြီး ဇနီး ၂ ဦးကိုလည်း ပို့ထားသည်။ “စွန်းချန်”(Sun Qian) ၊ “ကျန်းရုံ”(Jian Yong) ၊ “မီကျူ”(Mi Zhu) နှင့် “မီဖန်”(Mi Fang) တို့ကို ရွှီကျိုး ကို ကာကွယ်စေပြီး ကိုယ်တိုင်က “ကျန်းဖေး”(Zhang Fei) နှင့်အတူ ရှောင်ဖေ ကိုသွားသည်။
လွှတ်ပေးလိုက်သော “လျူတိုက်”(Liu Dai) နှင့် “ဝမ်ကျုံး”(Wang Zhong) တို့ကအမြန်ပြန်ကာ လျှောက်တင်သည်။ “ချောင်ချောင်း”(Cao Cao) မှာ လွန်စွာစိတ်ဆိုးပြီး "သစ္စာဖောက်တွေ ၊ မင်းတို့ ဘာအသုံးကျသလဲ။" ဟုအော်ကာ ကွပ်မျက်ရန် အမိန့်ချလိုက်သည်။
*Silver~K*
Comments