သုံးနိုင်ငံခေတ်(၂၀)

အခန်း (၂၀)
“ချောင်ချောင်း”(Cao Cao) က ရွှီထျန်း တွင် အမဲလိုက်ပွဲပြုရန် စီစဉ်ခြင်း ၊
“တုန်းချန်”(Dong Cheng) က နန်းတော်၏လျှို့ဝှက်အမိန့်ကို လက်ခံခြင်း။



ရှေ့အခန်းတွင် “ကျန်းလျောင်”(Zhang Liao) ကို စိတ်ဆိုးစွာဖြင့် သတ်မည်ပြုသော “ချောင်ချောင်း”(Cao Cao) ကို ဟန့်တားလိုက်သည်အထိ ဖော်ပြခဲ့ပြီးဖြစ်သည်။ လက်မောင်းကိုဆွဲထားသူမှာ “လျူဘေ့”(Liu Bei)  ဖြစ်ပြီး “ကွမ်းယွီ”(Guan Yu) က ရှေ့တွင် ဒူးထောက်အသနားခံလေသည်။
“လျူဘေ့”(Liu Bei) : “သူ့လိုစိတ်နှလုံးကောင်းရှိသူကို လွှတ်ပေးသင့်ပါတယ်။”
“ကွမ်းယွီ”(Guan Yu): “သူ့ကို ငါကောင်းကောင်းသိတယ်။ သစ္စာရှိပြီး မှန်ကန်တယ်။ ငါ့အသက်နဲ့ထပ်ပြီး အာမခံပါမယ်။”
“ချောင်ချောင်း”(Cao Cao): ဓားကိုလွှင့်ပစ်ကာ ပြုံးရင်း ““ကျန်းလျောင်”(Zhang Liao) က သစ္စာရှိပြီး လူကောင်းဆိုတာသိပါတယ်။ ငါက သူ့ကို စမ်းသပ်တာပါ။”
“ချောင်ချောင်း”(Cao Cao) က သုံ့ပန်းကို ကိုယ်တိုင်ကြိုးဖြေပေးကာ အဝတ်လဲစေပြီး ထိုင်ခုံတွင် ထိုင်စေလေသည်။ ထိုဖော်ရွေသောအပြုအမူမှာ “ကျန်းလျောင်”(Zhang Liao) ၏ရင်ကို ထိမှန်သွားပြီး လျင်မြန်စွာဖြင့် အညံ့ခံကြောင်း ကြေညာလေသည်။ သူ့ကို ဘုရင့်တပ်မတော်စစ်သူကြီးဘွဲ့ပေးပြီး သူကောင်းပြုလေသည်။
ထို့နောက် သူပုန်ခေါင်းဆောင် Zang Ba ကို စည်းရုံးရန် “ကျန်းလျောင်”(Zhang Liao) ကိုလွှတ်လိုက်သည်။ အထက်ပါသတင်းများကိုကြားပြီးသော Zang Ba ကလည်း လက်နက်ချလေသည်။ သူ့ကိုလည်း ရက်ရောစွာချီးမြှင့်လေသည်။ Chang Xi မှတပါး ၎င်း၏ရဲဘော်များဖြစ်သော Sun Gaun ၊ Wu Dun နှင့် Yin Li တို့လည်း လက်နက်ချလေသည်။ ထိုသူများအားလုံးကို ဖော်ရွေစွာဆက်ဆံပြီး သူတို့၏ သစ္စာကိုသက်သေပြရန် တာဝန်များပေးအပ်လေသည်။ Lu Bu ၏မိသားစုကိုမူ မြို့တော်သို့ ပို့ဆောင်လိုက်သည်။
ဂုဏ်ပြုပွဲများပြီးသော် စခန်းသိမ်းကာ Xuchang သို့ပြန်လေသည်။ Xuzhou ကိုဖြတ်သန်းစဉ် ပြည်သူများက လမ်းတလျှောက်စီတန်းကာ အောင်နိုင်သူတို့ကို ဂုဏ်ပြုကြလေသည်။ ထို့နောက် “လျူဘေ့”(Liu Bei)  ကို နယ်စားခန့်ရန်လည်း တောင်းဆိုကြသည်။
“ချောင်ချောင်း”(Cao Cao) က ““လျူဘေ့”(Liu Bei)  ဟာ အကျိုးထူးဆောင်ခဲ့တယ်။ သူ့ကို ဆုလာဒ်တွေချီးမြှင့်ပြီးတဲ့အထိ စောင့်ကြပါ။ ပြီးရင် သူ့ကို စေလွှတ်လိုက်ပါမယ်။” ဟုဆိုလေသော် ပြည်သူများက ကျေးဇူးတင်စွာ ဦးညွှတ်ကြလေသည်။ လတ်တလော Xuzhou ကို မြင်းပျံစစ်သူကြီး Che Zhou လက် အပ်ခဲ့လေသည်။
မြို့တော်သို့ ပြန်ရောက်သော် အကျိုးဆောင်ခဲ့သူအားလုံးကို ဆုလာဒ်များ ချီးမြှင့်လေသည်။ “လျူဘေ့”(Liu Bei)  ကို နန်းတော်မှ မပြန်သေးဘဲ နန်းရင်းဝန်(ဝန်ကြီးချုပ်)၏ အိမ်တော်တွင် နေစေသည်။ နောက်နေ့တွင် “လျူဘေ့”(Liu Bei)  ၏ဆောင်ရွက်ချက်များကို “ချောင်ချောင်း”(Cao Cao) က ဘုရင့်ထံတင်ပြသည်။ “လျူဘေ့”(Liu Bei)  က နန်းတော်ရင်ပြင်တွင် ခစားနေလေသည်။ ဘုရင်က ခန်းမထံခေါ်စေပြီး မျိုးရိုးကို မေးမြန်းသည်။
“လျူဘေ့”(Liu Bei) : “ကျွန်တော်မျိုးဟာ Liu Hong ၏သား ၊ Liu Xiong ၏မြေးဖြစ်ပြီး Jing ဧကရာဇ်ရဲ့သားတော်ဖြစ်သည့် Zhongshan မင်းသား Liu Sheng မှ တိုက်ရိုက်ဆင်းသက်လာသော အမျိုးဖြစ်ပါတယ်။”
ဘုရင်က သူ၏ ဆွေစဉ်မျိုးဆက်မှတ်တမ်းကို ယူစေကာ အပါးတော်မြဲတစ်ယောက်ကို ဖတ်စေသည်။ “ဧကရာဇ် Liu Jing တွင် တရားဝင်သား ၁၄ ယောက် မွေးဖွားခဲ့ပြီး ခုနစ်ယောက်မြောက်သားမှာ Zhongshan မင်းသား Liu Sheng ဖြစ်သည်။ 
Sheng ၏သားမှာ Luchang အရှင် Liu Zhen ၊ 
Zhen ၏သားမှာ Pei အရှင် Liu Ang ၊ 
Ang ၏သားမှာ Zhang အရှင် Liu Lu ၊ 
Lu ၏သားမှာ Yishui အရှင် Liu Lian ၊ 
Lian ၏သားမှာ Anguo အရှင် Liu Jian ၊ 
Jian ၏သားမှာ Guangling အရှင် Liu Ai ၊
Ai ၏သားမှာ Jiaoshui အရှင် Liu Xia ၊
Xia ၏သားမှာ Zuyi အရှင် Liu Shu ၊
Shu ၏သားမှာ Qiyang အရှင် Liu Yi ၊
Yi ၏သားမှာ Yuanze အရှင် Liu Bi ၊
Bi ၏သားမှာ Yingchuan အရှင် Liu Da ၊
Da ၏သားမှာ Fengling အရှင် Liu Buyi ၊
Buyi ၏သားမှာ Jichuan အရှင် Liu Hui ၊
Hui ၏သားမှာ Zhuo မြို့စား Liu Xiong ၊
Xiong ၏သားမှာ Liu Hong နှင့်
Hong ၏သားမှာ “လျူဘေ့”(Liu Bei)  ဖြစ်လေသည်။” ဟုဖတ်ကြားသည်။
ဘုရင်က နန်းတော်၏ မှတ်တမ်းနှင့် ယှဉ်ကြည့်စေသော် “လျူဘေ့”(Liu Bei)  မှာ သူ၏ဦးရီးတော်ဖြစ်ကြောင်း သိရလေသည်။ ဘုရင်မှာ များစွာစိတ်ကြည်နူးပြီး “လျူဘေ့”(Liu Bei)  ကို ဦးရီးတော်အဖြစ်သတ်မှတ်ကာ ဂါရဝပြုရန် အတွင်းဆောင်သို့ဝင်စေသည်။ ရင်တွင်း၌ နန်းတော်အာဏာကို ကိုင်ထားသော “ချောင်ချောင်း”(Cao Cao) ကိုဆန့်ကျင်ရန် ဤကဲ့သို့ သူရဲကောင်းဆန်သော ဦးရီးတော်ကို အားကိုးအားထားရလိုက်ခြင်းအတွက် များစွာအားရနေလေသည်။ ဘုရင်က သူ့ကိုယ်သူ ရုပ်သေးဘုရင်မျှသာဖြစ်မှန်းလည်း သိသည်။ သူက “လျူဘေ့”(Liu Bei)  ကို ညာတောင်ပံစစ်သူကြီးအဖြစ်လည်းကောင်း ၊ Yicheng အရှင်အဖြစ်လည်းကောင်း ခန့်အပ်သည်။
အခမ်းအနားပြီးသော် “လျူဘေ့”(Liu Bei)  က ဘုရင်ကို ကျေးဇူးတင်ကာ နန်းတော်မှ ထွက်ခွာလေသည်။ ထိုအချိန်မှစကာ “လျူဘေ့”(Liu Bei)  ကို ဦးရီးတော် ဟုခေါ်ဝေါ်ကြလေသည်။
“ချောင်ချောင်း”(Cao Cao) နန်းဆောင်သို့ပြန်ရောက်သော် Xun Yu နှင့်နောက်လိုက်အကြံပေးများ ရောက်လာသည်။
Xun Yu: ““လျူဘေ့”(Liu Bei)  ကို ဦးရီးတော်အဖြစ်သတ်မှတ်လိုက်တာ အရှင့်အတွက်မကောင်းပါဘူး။”
“ချောင်ချောင်း”(Cao Cao): ““လျူဘေ့”(Liu Bei)  ဟာ ဦးရီးတော်ဖြစ်ရင် ဖြစ်မယ်။ ဒါပေမဲ့ နန်းတွင်းအာဏာက ငါ့လက်ထဲမှာဆိုတော့ သူက ငါ့လက်အောက်မှာပါ။ ပိုပြီးတောင် အမိန့်နာခံရတော့မယ်။ နောက်ပြီး သူ့ကို ငါ့နားမှာပဲ ခေါ်ထားလိုက်မယ်။ ဒါဆို လုံးဝ ငါ့လက်ခုပ်ထဲရောက်သွားပြီ။ ကြောက်စရာမလိုတော့ဘူး။ အခုစိုးရိမ်ရတာက Yuan ညီအစ်ကို ၂ ယောက်ရဲ့အမျိုးဖြစ်တဲ့ Yang Biao ပဲ။ Yang Biao သာ သူတို့နဲ့ပေါင်းရင် သူက အတွင်းရန်သူဖြစ်လာမှာ။ သူ့ကိုဖြုတ်ပစ်ရလိမ့်မယ်။”
ထို့ကြောင့် Yang Biao ကို Yuan Shu နှင့် ဆက်သွယ်သည်ဟု စွပ်စွဲကာ ဖမ်းဆီးအကျဉ်းချသည်။ သေဒဏ်ပါပေးလေသည်။
Beihai မြို့ပိုင် Kong Rong သည် ထိုအချိန်က မြို့တော်တွင် ရှိနေပြီး “ချောင်ချောင်း”(Cao Cao) ကိုဆန့်ကျင်ကာ “Yang Biao ဟာ မျိုးဆက် ၄ ဆက်လောက် အကျင့်သီလကောင်းမွန်တယ်လို့ နာမည်ကြီးတဲ့ မိသားစုက ဆင်းသက်လာတာ။ သူ့ကို ဒီလိုရူးသွပ်တဲ့ စွပ်စွဲချက်နဲ့ အပြစ်ပေးလို့မရဘူး။” ဟုဆိုသည်။ “ချောင်ချောင်း”(Cao Cao) က “ဒါ ဘုရင့်ဆန္ဒပဲ။” ဟုဆိုသော် “အကယ်၍ Zhou ခေတ်က Cheng ဧကရာဇ်သာ Duke Chao ကို သေဒဏ်ပေးခဲ့မယ်ဆိုရင် လူတွေက စစ်ဗိုလ်ချုပ် Duke Zhou နဲ့မဆိုင်ဘူးလို့ ယုံကြည်ကြမှာလား။” ဟုပြန်လည်ထောက်ပြမေးမြန်းလိုက်သည်။
သို့နှင့် သတ်ရန်အကြံကို ဖျက်လိုက်ရကာ Yang Biao ကို ရာထူးမှထုတ်ပယ်ပြီး မွေးရပ်ပြန်စေသည်။
နန်းတွင်းအတိုင်ပင်ခံ Zhao Yan သည် “ချောင်ချောင်း”(Cao Cao) ကိုဆန့်ကျင်သည့်အနေနှင့် နန်းတွင်းအမတ်တစ်ယောက်ကို အမိန့်မပါဘဲ ထုတ်ပယ်ပစ်သည်ဟု ဘုရင်ကိုတိုင်ကြားသည်။ “ချောင်ချောင်း”(Cao Cao) က ၎င်းကို ဖမ်းဆီးကာ သတ်ပစ်ခြင်းဖြင့် တုံ့ပြန်သည်။ ထိုရိုက်ခတ်မှုမှာ ကျန်လူစုများကို တိတ်ဆိတ်သွားစေသည်။
Cheng Yu က “ချောင်ချောင်း”(Cao Cao) ကို ပိုမိုခိုင်မာသော နေရာရယူရန် အကြံပေးသည်။ “ချောင်ချောင်း”(Cao Cao) က “နန်းတော်ကို ထောက်ခံသူတွေများနေသေးတယ်။ ငါဂရုစိုက်ရမယ်။ တော်ဝင်အမဲလိုက်ပွဲ ကျင်းပဖို့ တင်ပြဦးမယ်။ ပြီးမှ အကောင်းဆုံးလမ်းကို ရွေးချယ်မယ်။” ဟု ဖြေလေသည်။
ထို့နောက် အမဲလိုက်ပွဲကျင်းပရန် ဆုံးဖြတ်ကာ မြင်းများ ၊ စွန်ရဲများ ၊ အမဲလိုက်ခွေးများနှင့် လေး ၊ မြားတို့ကို ပြင်ဆင်စေသည်။ မြို့ပြင်တွင် အစောင့်ထူထဲစွာ ချထားလေသည်။
“ချောင်ချောင်း”(Cao Cao) က အမဲလိုက်ပွဲအကြောင်းတင်ပြသော် ဘုရင်က မသင့်တော်၍ မလုပ်လိုကြောင်းပြောသော် “ချောင်ချောင်း”(Cao Cao) က “ရှေးယခင်ကတည်းက အုပ်ချုပ်သူတွေဟာ သူတို့အစွမ်းကိုပြဖို့ တစ်နှစ်ကို ၄ ကြိမ် အမဲလိုက်ပွဲလုပ်ကြတယ်။ Sou ၊ Miao ၊ Xien နဲ့ Shou လို့ခေါ်ပါတယ်။ အခုတိုင်းပြည်ရေးရာက ရှုပ်ထွေးနေတယ်။ ဒီတော့ အမဲလိုက်ရင်း စစ်တပ်ကို လေ့ကျင့်ပေးတာ သင့်တော်ပါတယ်။ အရှင် ခွင့်ပြုလိမ့်မယ်လို့ ယုံကြည်ပါတယ်။” ဟုဆိုလေသည်။
သို့နှင့် ဘုရင်လည်း ဝတ်စုံပြည့်နှင့် တော်ဝင်အမဲလိုက်ပွဲကို ပါဝင်ဆင်နွှဲရလေသည်။ ကုန်းနှီးတပ် မြင်းကို စီးကာ လေးနှင့် ရွှေမြားထည့်ထားသောမြားအိတ်ကို သယ်လာသည်။ သူ၏မြင်းလှည်းက နောက်ကလိုက်သည်။ “လျူဘေ့”(Liu Bei)  နှင့်ညီနောင်တို့က လေးနှင့် မြားကိုယ်စီကိုင်ကာ နောက်မှ ရထားဖြင့်လိုက်သည်။ အသီးသီးမှာ အပြင်ဝတ်ရုံအောက်တွင် သံချပ်ဝတ်ထားကာ ကိုယ်စီ အထူးလက်နက်ကိုင်စွဲထားသည်။ “ချောင်ချောင်း”(Cao Cao) က လျှပ်စီးပျံ ဟုအမည်ရသော မြင်းညိုကို စီးသည်။ အမဲလိုက်အဖွဲ့မှာ အင်အား ၁ သိန်းရှိလေသည်။
အမဲလိုက်ပွဲကို ရွှီထျန်း တွင် ပြုလုပ်သည်။ စတုရန်းမိုင် ၁ ထောင်ခန့်အကျယ်ရှိ အမဲလိုက်ကွင်းကို အစောင့်တို့ဖြင့် ဝိုင်းရံစေသည်။ “ချောင်ချောင်း”(Cao Cao) မှာ ဘုရင်နှင့်ပင် ဘေးချင်းယှဉ်ကာ မြင်းစီးရင်း တစ်လှည့်စီဦးဆောင်နေကြသည်။ နောက်မှ ထပ်ချပ်မကွာလိုက်နေသူများမှာ “ချောင်ချောင်း”(Cao Cao) ၏လူများဖြစ်လေသည်။ အခြားမှူးမတ်များမှာ ရှေ့ရှိ “ချောင်ချောင်း”(Cao Cao) ၏အစုအဖွဲ့ကြားထဲ တိုးမဝင်ရဲကြချေ။
တစ်နေ့တွင် ဘုရင်မြင်းစီးနေစဉ် ဦးရီးတော်ကို တွေ့လေသည်။ “ဦးရီးတော်ရဲ့ အမဲလိုက်အစွမ်းကို ကြည့်ပါရစေ” ဟုတောင်းဆိုလေသည်။ “လျူဘေ့”(Liu Bei)  က ချက်ချင်းပင် မြင်းပေါ်တက်သည်။ ယုန်တစ်ကောင်ကို မြင်သော် ပစ်လိုက်သည်။ ပထမမြားနှင့်ပင် ထိလေသည်။ ဘုရင်မှာ အံ့သြဆွံ့အသွားကာ ဒုန်းစိုင်းလေသည်။ ထိုစဉ် သမင်တစ်ကောင် ချုံကွယ်မှထွက်လာသည်။ မြား ၃ ချက်ဆင့်ပစ်သော်လည်း အကုန်လွဲလေသည်။ ဘုရင်က “ချောင်ချောင်း”(Cao Cao) ကို ကြိုးစားစေသည်။ “ချောင်ချောင်း”(Cao Cao) က ဘုရင့်ထံမှ လေးနှင့်မြားကိုငှားကာ ပစ်လေသည်။ ပထမအချက်နှင့်ပင် သမင်၏လက်ပြင်ကိုထိကာ မလှုပ်နိုင်တော့ပေ။
ထိုစဉ် နောက်မှ မှူးမတ်များရောက်လာကာ ရွှေမြားကိုမြင်သော် ဘုရင့်လက်ချက်ဟု သတ်မှတ်ကြပြီး သက်တော်ရာကျော်ရှည်ပါစေ ဟုကြွေးကြော်ကြလေသည်။ “ချောင်ချောင်း”(Cao Cao) က ဘုရင်ကို နောက်ကိုတွန်းကာ ရှေ့ထွက်ပြီး ဂုဏ်ပြုမှုကို လက်ခံလေသည်။ အားလုံးသွေးဆုတ်သွားကြသည်။ “လျူဘေ့”(Liu Bei)  နောက်တွင် ရပ်နေသော “ကွမ်းယွီ”(Guan Yu) က လွန်စွာစိတ်ဆိုးနေသည်။ ငွေရောင်မျက်ခုံးများပင့်ကာ နီရဲသော မျက်လုံးများဖြင့် စိုက်ကြည့်ရင်း လက်တွင်ဓားကိုဆုပ်ကိုင်ကာ ဘုရင်ကိုအရိုအသေမဲ့သော “ချောင်ချောင်း”(Cao Cao) ကို သတ်ရန် ဒုန်းစိုင်းလေသည်။
သို့သော် “လျူဘေ့”(Liu Bei)  က လျင်မြန်စွာ လက်ပြကာ အဓိပ္ပာယ်ပါပါကြည့်ပြီး တားလိုက်သည်။ “ချောင်ချောင်း”(Cao Cao) ကို ဦးညွှတ်ရင်း “တကယ့်ကို သဘာဝလွန်ပစ်ချက်ပါပဲ။ ဒါမျိုးပစ်နိုင်တဲ့သူ အလွန်ရှားတယ်။” ဟု ဆိုလေသည်။ “ချောင်ချောင်း”(Cao Cao) က “ကံသိပ်ကောင်းလို့ပါ။” ဟု အပြုံးနှင့် တုံ့ပြန်လေသည်။ ထို့နောက် မြင်းကိုလှည့်ကာ ဘုရင်ကို ဂါရဝပြုသည်။ သို့သော် လေးကို ပြန်မပြေးဘဲ ပခုံးထက်တွင် လွယ်ထားလေသည်။ အမဲလိုက်ပွဲပြီးဆုံး၍ ပျော်ပွဲရွှင်ပွဲများပြီးသော် မြို့တော်သို့ ပြန်ကြလေသည်။
“ကွမ်းယွီ”(Guan Yu) မှာ ဒေါသမပြေသေးဘဲ တစ်ရက်တွင် “လျူဘေ့”(Liu Bei)  ကို “အစ်ကိုကြီး ၊ ဘာလို့အဲသူပုန်ကို သတ်ပြီး လောကကြီးအတွက် လူယုတ်မာတစ်ယောက်ရှင်းပစ်မှာကို တားရတာလဲ။ သူက အားလုံးကိုလျစ်လျူရှုပြီး ဘုရင်ကို စော်ကားတယ်။” ဟုဆိုလေသည်။
“လျူဘေ့”(Liu Bei) : “ကြွက်ကို ခဲနဲ့ပစ်ရင် ပန်းအိုးကို ဂရုစိုက်ပါ။ “ချောင်ချောင်း”(Cao Cao) က ဘုရင်နဲ့ မြင်းခေါင်းတစ်ခုစာအကွာမှာ ရှိနေတာ။ ပြီးတော့ သူ့လူတွေကြားမှာ။ တဒင်္ဂဒေါသမှာ မင်းသာ ရှုံးနိမ့်သွားရင် ဘုရင်အပေါ် အန္တရာယ်ကျရောက်လိမ့်မယ်။ ငါတို့လည်း ရာဇဝတ်သားတွေဖြစ်မယ်။”
“ကွမ်းယွီ”(Guan Yu): “သူ့ကို အခုမရှင်းရင် ပိုပြီးဆိုးလာလိမ့်မယ်။”
“လျူဘေ့”(Liu Bei) : “ဒါပေမဲ့ ဂရုစိုက်ပါ ငါ့ညီ ၊ ဒီကိစ္စက ပေါ့ပေါ့လေးဆွေးနွေးလို့မရဘူး။”
ဘုရင်မှာ ဝမ်းနည်းစွာ နန်းဆောင်သို့ပြန်သွားသည်။ သူ၏ Fu မိဖုရား ကို ငိုကြွေးရင်း အကြောင်းစုံပြောပြလေသည်။ 
ဘုရင်: “ငါနန်းစတက်ကတည်းက နန်းရင်းဝန်ယုတ်တွေ တစ်ယောက်ပြီးတစ်ယောက် တက်လာတယ်။ “တုန်ကျိုး”(Dong Zhuo) ရဲ့ အကြံအစည်အောက်ရောက်တယ်။ နောက် “လီကျွယ်”(Li Jue) နဲ့ “ကော်စီ”(Guo Si) တို့က ပုန်ကန်တယ်။ နင်နဲ့ ငါ ဘယ်သူမှ သည်းမခံဖူးတဲ့အရာတွေ သည်းခံရတယ်။ အခုလည်း “ချောင်ချောင်း”(Cao Cao) က နန်းတော်ရဲ့ဂုဏ်ကို တည်မြဲစေပေမယ့် အာဏာကိုကိုင်ထားပြီး လုပ်ချင်ရာလုပ်တယ်။ သူ့ဂုဏ်သိက္ခာအတွက်သာ အစဉ်တစိုက်လုပ်နေတယ်။ ခုလည်း အမဲလိုက်ပွဲမှာ ငါ့ကိုကျော်ပြီး ဂုဏ်ပြုခံတယ်။ သူက အလွန်ရိုင်းပျတယ်။ ငါ့ကို လုပ်ကြံတော့မယ်ဆိုတာ ယုံကြည်နေတယ်။ ငါတို့ရဲ့ ဇာတ်သိမ်းဟာ ဘယ်လိုဖြစ်မယ်မသိဘူး။”
မိဖုရား: “သူကောင်းတွေနဲ့ပြည့်နေတဲ့ညီလာခံမှာ ဟန်တိုင်းရဲ့ ဆန်ကိုစားပြီး နိုင်ငံကို ကာကွယ်ဖို့တစ်ယောက်မှ မရှိဘူးလား။”
ထိုစဉ် မိဖုရား၏ ဖခင် “ဖူဝမ်”(Fu Wan) က
“ဖူဝမ်”(Fu Wan): “ငိုကြွေးတော်မမူပါလင့် အရှင်တို့ ၊ နိုင်ငံအတွက် ကယ်တင်ရှင်ကို တွေ့ထားပါတယ်။”
ဘုရင်: မျက်ရည်သုတ်ကာ ““ချောင်ချောင်း”(Cao Cao) ရဲ့ ရိုင်းပျတဲ့အပြုအမူကို မင်းလည်းသိသလား။”
“ဖူဝမ်”(Fu Wan): “သမင်ပစ်တာကို ပြောတာလား။ မတွေ့ဘဲဘယ်နေမလဲ။ ဒါပေမဲ့ တစ်ဖွဲ့လုံးက သူ့လူတွေ ၊ အရှင်အမျိုးတွေကလွဲရင် သစ္စာရှိတဲ့သူတစ်ယောက်မှမရှိဘူး။ ငါ့မှာလည်း လုပ်ပိုင်ခွင့်မရှိတော့ ဘာမှလုပ်မရဘူး။ ဒါပေမဲ့ စစ်သူကြီး “တုန်းချန်”(Dong Cheng) ကတော့ လုပ်နိုင်ပါလိမ့်မယ်။”
ဘုရင်: “ဦးလေး “တုန်းချန်”(Dong Cheng) က ဒီကိစ္စဆွေးနွေးဖို့လာမှာလား။ သူက တိုင်းပြည်ရေးရာပြဿနာတွေနဲ့ ပတ်သက်ပြီး အတွေ့အကြုံများတယ်။”
“ဖူဝမ်”(Fu Wan): “အရှင့်ကို ခစားနေတဲ့လူတိုင်းက “ချောင်ချောင်း”(Cao Cao) လူတွေပဲ။ အခုလိုကိစ္စမျိုးက လျှို့ဝှက်ထားရပါမယ်။”


ဘုရင်: “ဒါဆိုဘာလုပ်ရမလဲ။”
“ဖူဝမ်”(Fu Wan): “ငါစဉ်းစားလို့ရသမျှကတော့ “တုန်းချန်”(Dong Cheng) ကို ဝတ်ရုံနဲ့ ကျောက်စိမ်းခါးပတ် လက်ဆောင်ပေးလိုက်ပါ။ ခါးပတ်ရဲ့အတွင်းသားမှာ သူ့ကိုလှုပ်ရှားဖို့ အမိန့်စာ ထည့်ပေးလိုက်ပါ။ အိမ်ရောက်လို့ သူဖတ်ကြည့်ရင် အစီအစဉ်အမြန်ဆုံးဆွဲပါလိမ့်မယ်။ ဒီလိုဆို ဝိညာဉ်တွေ မိစ္ဆာတွေတောင်မှ မသိနိုင်တော့ဘူး။”
ဘုရင်က သဘောတူလိုက်သည်။ ထို့နောက် လက်ချောင်းကို ကိုက်ကာ သွေးဖြင့် စာရေးလေသည်။ စာကို Fu မိဖုရားကိုပေးကာ ခါးပတ်၏ ခရမ်းရောင်အတွင်းသားတွင် ချုပ်စေသည်။ အားလုံးပြီးသော် အစမ်းဝတ်ကြည့်သည်။ ထို့နောက် အစေခံတစ်ဦးကို စေလွှတ်ကာ “တုန်းချန်”(Dong Cheng) ကို နန်းတွင်းဝင်စေသည်။ 
ဘုရင်: “လွန်ခဲ့တဲ့ညတွေက သူပုန်တွေသောင်းကျန်းတဲ့ကာလအကြောင်း မိဖုရားနဲ့ ပြောဖြစ်တော့ မင်းရဲ့စွမ်းဆောင်ချက်တွေကို သတိရလို့ ဆုချချင်လို့ ခေါ်လိုက်တာ။”
“တုန်းချန်”(Dong Cheng) က ဦးညွတ်ကာ ကျေးဇူးတင်ကြောင်းပြောသည်။ ထို့နောက် ဘုရင်က “တုန်းချန်”(Dong Cheng) ကို ဘိုးဘွားဘုံကျောင်းကို ခေါ်သွားသည်။ ထင်ရှားသော ဝန်ကြီးများပုံတူပြတိုက်ကိုလည်း သွားကာ ပူဇော်ကန်တော့ကြသည်။ ပုံတူများကို ကြည့်ရင်း ဟန်တိုင်းပြည်တည်ထောင်သူ “လျူဘန်း”(Liu Bang) ပုံ ကိုတွေ့လေသည်။
ဘုရင်: “ငါတို့ရဲ့ ကြီးမြတ်တဲ့ ဘိုးဘေးက ဘယ်လိုများ ကြီးကျယ်တဲ့အောင်မြင်မှုကို ရခဲ့တာလဲ။”
“တုန်းချန်”(Dong Cheng): “အရှင်က နောက်ပြောင်ရတာ ပျော်တယ်ထင်တယ်။ ကြီးမြတ်တဲ့ ဘိုးဘေးရဲ့ လုပ်ဆောင်ချက်တွေကို ဘယ်သူကများမသိဘဲ နေမှာလဲ။ Sishang က ဌာနငယ်လေးက ဘဝစတယ်။ ဓားကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ရင် အမှန်တရားအတွက် ခရီးကြမ်းကို စတင်ခဲ့တယ်။ ခဏချင်းပဲ တိုင်းပြည်ကို အောင်နိုင်တယ်။ ၃ နှစ်အကြာမှာ ချင်ကို ဖြိုတယ်။ ၅ နှစ်အကြာမှာ ချူကိုဖြိုတယ်။ နောက်ဆုံးမှာ အမြဲတည်တံ့နေမယ့် တိုင်းပြည်ကြီးကို ထူထောင်နိုင်ခဲ့တယ်။”
ဘုရင်: “တော်လိုက်တဲ့ ဘိုးဘေးတွေ ၊ ညံ့လိုက်တဲ့ နောက်မျိုးဆက်တွေ ၊ ဝမ်းနည်းစရာကောင်းလိုက်တာ။”
ညာဖက်နှင့် ဘယ်ဖက်ရှိ ပုံတူများကို ညွှန်ပြကာ
ဘုရင်: “ဒါ Liu အရှင် Zhang Liang နဲ့ Cuo အရှင် Xiao He တို့မလား။”
“တုန်းချန်”(Dong Cheng): “သိပ်မှန်တာပေါ့။ သူတို့ ၂ ယောက်က အဓိက ကူခဲ့တာလေ။”
ဘုရင်က ဘယ်ညာကို ကြည့်ကာ လေသံဖြင့်
ဘုရင်: “မင်းက သူတို့နှစ်ယောက်လိုပဲ။ ငါ့ဖက်က ရပ်ရမယ်။”
“တုန်းချန်”(Dong Cheng): “ငါ့ရဲ့ သေးငယ်တဲ့လုပ်ဆောင်ချက်တွေက တန်ဖိုးမရှိပါဘူး။ သူတို့နဲ့ မယှဉ်သာပါဘူး။”
ဘုရင်: “မင်း ငါ့ကို Changan မှာ ကယ်ခဲ့တာကို မမေ့ပါဘူး။ မင်းကိုလည်း ကောင်းကောင်းဆုမချနိုင်ခဲ့ဘူး။ အခု ငါ့ဝတ်ရုံကို ဝတ်ရမယ်။ ငါ့ခါးပတ်ကိုလည်း ပတ်ရမယ်။ ဒါမှ မင်းက ငါ့ထံပါးမှာ အမြဲရှိတယ်လို့ ခံစားရမယ်။”
ဘုရင်က ဝတ်ရုံနှင့် ခါးပတ်ကိုချွတ်ကာ သူ၏သစ္စာရှိအမတ်ကို ပေးလေသည်။ တချိန်တည်းမှာပင် တီးတိုးပြောလေသည်။
ဘုရင်: “ပြန်ရောက်ရင် သေချာစစ်ဆေးကြည့်ပါ။ ငါ ဘုရင်ရဲ့ အကြံကို လုပ်ဆောင်ပေးပါ။”
“တုန်းချန်”(Dong Cheng) လည်းနားလည်သွားပြီး ဝတ်ရုံကိုဝတ်ကာ ထွက်ခွာခဲ့လေသည်။
“တုန်းချန်”(Dong Cheng) ရောက်လာသည်ဟူသောသတင်းကြားသော် “ချောင်ချောင်း”(Cao Cao) မှာ ချက်ချင်းရောက်လာပြီး Donghua တံခါးမှ “တုန်းချန်”(Dong Cheng) ထွက်သည်နှင့်ဆုံလေသည်။ မျက်နှာချင်းဆိုင်တွေ့ရာ ရှောင်မရတော့ပေ။ “တုန်းချန်”(Dong Cheng) က အရိုအသေပေးသည်။
“ချောင်ချောင်း”(Cao Cao): “ဘယ်ကလာပါသလဲ ဦးရီး။”
“တုန်းချန်”(Dong Cheng): “ဘုရင်က အခေါ်တော်လွှတ်လို့ လာခဲ့တာပါ။ ဘုရင်က ဒီဝတ်ရုံနဲ့ ခါးပတ်ကို ပေးလိုက်တယ်။”
“ချောင်ချောင်း”(Cao Cao): “ဘာလို့ ဒါတွေပေးတာလဲ။”
“တုန်းချန်”(Dong Cheng): “အရင်က သူ့အသက်ကို ကယ်ခဲ့လို့ပါ။”
“ချောင်ချောင်း”(Cao Cao): “ချွတ်ပြပါဦး ၊ ကြည့်ရအောင်။ ခါးပတ်ကလည်း တကယ်လှတာပဲ။ ကြည့်ပါရစေ။”
“တုန်းချန်”(Dong Cheng) မှာ မတတ်သာဘဲ ချွတ်ပေးလိုက်ရသည်။ “ချောင်ချောင်း”(Cao Cao) က နေရောင်တွင် ထောင်ကြည့်ကာ အသေးစိတ်စစ်ဆေးသည်။ ပြီးသော် ခါးပတ်ကို ဆက်လက်စစ်ဆေးသည်။
“ချောင်ချောင်း”(Cao Cao): “ငါ့ကို ဒါတွေပေးမလား။”
“တုန်းချန်”(Dong Cheng): “ဘုရင်ပေးထားတဲ့လက်ဆောင်မို့လို့ မပေးနိုင်ပါဘူး။ မင်းကို တခြားတစ်စုံပေးပါမယ်။”
“ချောင်ချောင်း”(Cao Cao): “ဒီလက်ဆောင်က အကြံတစ်ခုခုရှိမနေနိုင်ဘူးလား။ ရှိမယ်ဆိုတာသေချာတယ်။” 
“တုန်းချန်”(Dong Cheng): တုန်လှုပ်စွာ “မဝံ့ပါဘူး။ မင်းသိပ်လိုချင်တယ်ဆို ငါပေးပါမယ်။”
“ချောင်ချောင်း”(Cao Cao): “ဘုရင်ပေးထားတာကို ငါဘယ်လိုယူနိုင်မှာလဲ။ နောက်ပြောင်ရုံသက်သက်ပါ။”
“ချောင်ချောင်း”(Cao Cao) က ဝတ်ရုံရော ခါးပတ်ပါပြန်ပေးလိုက်သည်။ ညရောက်သော် စာကြည့်တိုက်တွင် တစ်ဦးတည်းရှိစဉ် “တုန်းချန်”(Dong Cheng) သည် ဝတ်ရုံကိုထုတ်ကာ သေချာရှာသော်လည်း ဘာမျှမတွေ့ချေ။ နာရီပေါင်းများစွာကြိုးစားသော်လည်း အချည်းနှီးပင်။ စားပွဲပေါ်တွင် မှောက်အိပ်ရင်း ခေါင်းကို လက်ပေါ်တင်ကာ အိပ်ပျော်သွားသည်။ ဖယောင်းတိုင်မီးနှင့်ထိမိကာ ခါးပတ်အတွင်းသားတွင် အပေါက်ဖြစ်သွားသည်။ လျင်မြန်စွာရုတ်လိုက်သော်လည်း မမှီချေ။ သို့သော်အပေါက်မှတဆင့် အနီရောင်အမှတ်အသားများကို မြင်သဖြင့် ဆွဲဖြဲလိုက်သော် အမိန့်စာကို တွေ့လေသည်။
“တုန်းချန်”(Dong Cheng) မှာ စာကိုဖတ်ရင်း မျက်ရည်များ ကျလာလေသည်။ ထိုညက သူ့အဖို့ မအိပ်လိုက်ရပေ။ မနက်စောစောတွင် စာကြည့်တိုက်သို့တစ်ခေါက်ပြန်သွားကာ ပြန်ဖတ်သည်။ စာတွင် အစီအစဉ်ဖော်ပြမထားပေ။ “ချောင်ချောင်း”(Cao Cao) ကိုဖျက်ဆီးရန် စဉ်းစားသော်လည်း မတတ်နိုင်အောင် ဖြစ်နေသည်။ သို့နှင့် စားပွဲပေါ်မှောက်ကာ အိပ်ပျော်သွားလေသည်။
ထိုစဉ် “တုန်းချန်”(Dong Cheng) နှင့် လွန်စွာရင်းနှီးသောဝန်ကြီး “ဝမ်ကျီဖူ”(Wang Zifu) ရောက်လာသည်။ ခါတိုင်းကဲ့သို့ပင် အကြောင်းကြားမနေတော့ဘဲ စာကြည့်တိုက်ကို တိုက်ရိုက်သွားတော့သည်။ အိမ်ရှင်မှာ အိပ်မောကျဆဲပင် ၊ “ဝမ်ကျီဖူ”(Wang Zifu) က အိမ်ရှင်၏ အင်္ကျီလက်ထဲတွင် ဖွက်ထားသော ဘုရင်၏ လက်ရေးမူကို တွေ့လေသည်။ စူးစမ်းလိုစိတ်ဖြင့် ဖတ်ရှုကာ သိမ်းထားလိုက်သည်။
ထို့နောက် “ဦးရီး “တုန်းချန်”(Dong Cheng) ရေ ၊ နေမကောင်းဘူးလား။ နေ့ခင်းကြီးကို အိပ်လို့ပါလား။” ဟု အော်ပြောလေသည်။ “တုန်းချန်”(Dong Cheng) လည်းနိုးလာကာ အမိန့်စာပျောက်နေသည်ကို သိသော် လွန်စွာ ကြောက်ရွံ့သွားပြီး ပုံလဲကျမတတ်ဖြစ်သွားလေသည်။
“ဝမ်ကျီဖူ”(Wang Zifu): “ဒီတော့ မင်းက “ချောင်ချောင်း”(Cao Cao) ကိုဆန့်ကျင်မယ်ပေါ့။ ငါ သူ့ကို ပြောပြရလိမ့်မယ်။”
“တုန်းချန်”(Dong Cheng): ငိုကြွေးရင်း “ဒါဆိုရင်တော့ ဟန်နိုင်ငံဟာ အဆုံးသတ်ပြီ။” 
“ဝမ်ကျီဖူ”(Wang Zifu): “ငါက ကျီစယ်တာပါ။ ငါ့ရဲ့ ဘိုးဘေးတွေကလည်း ဟန်နိုင်ငံကို ခစားခဲ့ပြီး ဟန်ရဲ့ ရိက္ခာကို စားသုံးခဲ့တယ်။ ငါက သစ္စာမဲ့ပါ့မလား။ ငါအစွမ်းရှိသလောက် မင်းကို ကူမှာပါ။”
“တုန်းချန်”(Dong Cheng): “မင်းက ဒီလိုတွေးတော့ တိုင်းပြည်အတွက် ကောင်းတာပေါ့။”
“ဝမ်ကျီဖူ”(Wang Zifu): “ငါတို့ဟာ ဟန်နိုင်ငံအတွက် အရာရာကို စွန့်လွှတ်ပြီး ဒီလိုအစီအစဉ်တွေဆွဲမယ်ဆိုရင်တော့ ပိုလုံခြုံတဲ့နေရာလိုအပ်မယ်။”
“တုန်းချန်”(Dong Cheng) လည်း လွန်စွာစိတ်ကျေနပ်လေသည်။ အဖြူရောင်ပိတ်စကို ထုတ်ကာ ထိပ်ဆုံးတွင် သူ၏ နာမည်နှင့် လက်မှတ်ထိုးသည်။ “ဝမ်ကျီဖူ”(Wang Zifu) ကလည်း ထိုအတိုင်းလိုက်လုပ်သည်။
“ဝမ်ကျီဖူ”(Wang Zifu): “စစ်သူကြီး “ဝူကျီလန်”(Wu Zilan) က ငါ့ရဲ့ အကောင်းဆုံးသူငယ်ချင်းတစ်ယောက်ပဲ။ သူ့ကို ဖိတ်ခေါ်သင့်တယ်။”
“တုန်းချန်”(Dong Cheng): “နန်းတွင်းမှာလည်း စစ်သူကြီး “ချုံးကျီ”(Chong Ji)  နဲ့ အတိုင်ပင်ခံ “ဝူရှီ”(Wu Shi) တို့ဟာ ငါ့ရဲ့အကောင်းဆုံးသူငယ်ချင်းတွေပဲ။ သူတို့ကလည်း ငါ့ဖက်က နေလိမ့်မယ်။”
သို့နှင့် ဆက်လက်ဆွေးနွေးနေကြစဉ် အစေခံတစ်ယောက်က ဖော်ပြပါ လူ ၂ ယောက်ရောက်လာကြောင်း ပြောလေသည်။
“တုန်းချန်”(Dong Cheng): “တိုက်ဆိုင်လိုက်တာ။”
ထို့နောက် “ဝမ်ကျီဖူ”(Wang Zifu) ကိုပုန်းစေသည်။ ဧည့်သည် ၂ ယောက်ကို စာကြည့်တိုက်ထဲ ခေါ်လာပြီး ဧည့်ခံသည်။ “ချုံးကျီ”(Chong Ji)  က အမဲလိုက်ပွဲအကြောင်းပြောလေသည်။
“ချုံးကျီ”(Chong Ji) : “မင်းရော ဒါကို ဒေါသမထွက်ဘူးလား။”
“တုန်းချန်”(Dong Cheng): “ဒေါသထွက်လည်း ဘာလုပ်လို့ရမှာလဲ။”
“ဝူရှီ”(Wu Shi): “ငါ အဲ့ကောင်ကို သတ်မယ် လို့ကျိန်ဆိုတယ်။ ဒါပေမဲ့ ငါ့ကို ကူမယ့်သူမရှိဘူး။”


“ချုံးကျီ”(Chong Ji) : “တိုင်းပြည်အတွက် ပေးဆပ်သင့်ရင် ပေးဆပ်ရမှာပဲ။”
ထိုစဉ် “ဝမ်ကျီဖူ”(Wang Zifu) ထွက်လာကာ
“ဝမ်ကျီဖူ”(Wang Zifu): “မင်းတို့က “ချောင်ချောင်း”(Cao Cao) ကို သတ်ချင်တယ်ပေါ့။ ငါ သူ့ကိုသတင်းပေးရမယ်။ ဦးရီး “တုန်းချန်”(Dong Cheng) သက်သေရှိတယ်။”
“ချုံးကျီ”(Chong Ji) : ဒေါသဖြင့် “သစ္စာရှိတဲ့အမတ်က သေရမှာကို မကြောက်ပါဘူး။ ငါတို့သေရင် ဟန်နိုင်ငံမှာ သရဲဖြစ်မယ်။ အဲဒါက ဒီလိုသစ္စာဖောက်ရဲ့ နောက်လိုက်ဖြစ်ရတာထက် မြတ်တယ်။”
“တုန်းချန်”(Dong Cheng): “ငါတို့ ၂ ယောက်ကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး မင်းတို့ကို တွေ့ချင်နေတာ။ “ဝမ်ကျီဖူ”(Wang Zifu) က ကျီစယ်တာပါ။”
ထို့နောက် အမိန့်စာကို ထုတ်ပြလေသည်။ စာဖတ်ပြီးသော် ဧည့်သည် ၂ ဦးမှာ ငိုကြလေသည်။ သူတို့၏နာမည်နှင့် လက်မှတ်ကို ပိတ်စပေါ်တွင် ရေးခိုင်းသည်။
“ဝမ်ကျီဖူ”(Wang Zifu): “ငါ “ဝူကျီလန်”(Wu Zilan) ကိုခေါ်လာတဲ့အထိ ဒီမှာစောင့်ကြပါဦး။”
မကြာမီ ပြန်ရောက်လာပြီး “ဝူကျီလန်”(Wu Zilan) လည်း လက်မှတ်ထိုးလေသည်။ ထို့နောက် ပိုမိုလုံခြုံသော အတွင်းခန်းသို့ဝင်ကာ အစီအစဉ်ဆွဲနေစဉ် Xiliang မြို့ပိုင် “မာထန်”(Ma Teng) ရောက်လာသည်ဟု အကြောင်းကြားလေသည်။
“တုန်းချန်”(Dong Cheng): “ငါနေမကောင်းလို့ မတွေ့နိုင်ဘူးပြောလိုက်။”
တံခါးစောင့်မှ သွားပြောသော် “မာထန်”(Ma Teng) က ဒေါသကြီးစွာ “မနေ့ကပဲသူ့ကို Donghua တံခါးမှာ တွေ့လိုက်တယ်။ ဒီနေ့ နေမကောင်းချင်ယောင်ဆောင်တယ်။ ငါ အလကားလာတာမဟုတ်ဘူး။ ဘာလို့ငြင်းရတာလဲ။” ဟုပြောလိုက်လေသည်။
တံခါးစောင့်လည်း တဖန်ပြန်ဝင်ပြောသည်။ သို့နှင့် “တုန်းချန်”(Dong Cheng) က ကျန်သူများကို ခွင့်တောင်းကာ ထွက်တွေ့လေသည်။ အပြန်အလှန်ဂါရဝပြုပြီးသော်
“မာထန်”(Ma Teng): “မင်းကို လာပြီး နှုတ်ဆက်တာကို မင်းက ဘာလို့လက်ခံမတွေ့ချင်တာလဲ။”
“တုန်းချန်”(Dong Cheng): “ငါ့ရဲ့ သနားစရာ ခန္ဓာကိုယ်က ရုတ်တရက် ဖျားနာသွားလို့ပါ။”
“မာထန်”(Ma Teng): တုံးတိပင် “ဖျားတာနဲ့လည်း မတူပါလား။ မင်းမျက်နှာက အကောင်းကြီးပါ။”
အိမ်ရှင်မှာ ဘာမှထပ်မပြောချေ။ “မာထန်”(Ma Teng) က အင်္ကျီလက်ကိုခါကာ ပြန်ရန် ထသည်။ ထို့နောက် “ဘယ်သူမှ မကောင်းဘူး။ နိုင်ငံကို ကယ်မယ့်လူ တစ်ယောက်မှ မရှိဘူး။” ဟုတစ်ယောက်တည်းရေရွတ်လေသည်။ ထိုစကားမှာ “တုန်းချန်”(Dong Cheng) ရငိကို ထိမှန်သွားသည်။
“တုန်းချန်”(Dong Cheng): “ဘယ်သူ့ကို ဆိုလိုတာလဲ။”
“မာထန်”(Ma Teng): “အမဲလိုက်ပွဲနေ့က အဖြစ်အပျက်က ငါ့ရင်ကို ဒေါသတွေနဲ့ပြည့်စေတယ်။ ဒါပေမဲ့ ဘုရင်ရဲ့ အမျိုးအရင်းဖြစ်တဲ့ မင်းက အရက်သောက်ပြီး ပုန်ကန်မှုနဲ့ မဆိုင်သလိုနေနေတယ်။ နိုင်ငံကို ကယ်တင်မယ့်သူကို ဘယ်သွားရှာရမှာလဲ။”
“တုန်းချန်”(Dong Cheng) မှာ သံသယမကင်းသေး၍ အံ့သြဟန်ဆောင်ကာ 
“တုန်းချန်”(Dong Cheng): “နန်းရင်းဝန်က ရာထူးကြီးပြီး နန်းတွင်းမှာလည်း အားကိုးခံရတယ်။ မင်းကဘာလို့ဒီလိုပြောရတာလဲ။”
“မာထန်”(Ma Teng): “မင်းက လူယုတ်မာ “ချောင်ချောင်း”(Cao Cao) ကို လူကောင်းလို့မြင်တယ်ပေါ့။”
“တုန်းချန်”(Dong Cheng): “တိုးတိုးပြောပါ။ မျက်လုံးနဲ့ နားတွေက နေရာတိုင်းရှိတယ်။”
“မာထန်”(Ma Teng): “သေမှာကြောက်တဲ့သူတွေနဲ့ ကိစ္စကြီးဆွေးနွေးလို့ မရဘူး။” ဟုဆိုကာ ပြန်ရန် ထသည်။ ထိုအခါတွင်မှ “တုန်းချန်”(Dong Cheng) က သံသယကင်းကင်းနှင့် “မာထန်”(Ma Teng) ၏သစ္စာကို ယုံကြည်သွားသည်။
“တုန်းချန်”(Dong Cheng): “စိတ်မဆိုးပါနဲ့။ မင်းကို တစ်ခုပြစရာရှိတယ်။”
ထို့နောက် “မာထန်”(Ma Teng) ကို လျှို့ဝှက်ခန်းသို့ ဖိတ်ခေါ်ကာ အမိန့်စာကို ပြသည်။ စာဖတ်ပြီးသော် “မာထန်”(Ma Teng) မှာ မွေးညင်းများပင်ထောင်ကာ အံကိုကြိတ်ထားသည်။ နှုတ်ခမ်းကိုလည်း ပြတ်လုမတတ်ကိုက်ထားသည်မှာ သွေးပင်စို့လာလေသည်။
“မာထန်”(Ma Teng): “မင်းတို့ လှုပ်ရှားရင် ငါ့စစ်တပ်က ကူဖို့အသင့်ပဲဆိုတာ သတိရပါ။”
“တုန်းချန်”(Dong Cheng) က အခြားသူများနှင့် မိတ်ဆက်ပေးပြီး လက်မှတ်ထိုးစေသည်။ “မာထန်”(Ma Teng) ကလက်မှတ်ထိုးသည့်အပြင် “ဤသစ္စာကို ဖောက်ဖျက်သော် အသေဆိုးနှင့် သေပါစေ” ဟု သွေးဖြင့်သစ္စာဆိုလေသည်။
“မာထန်”(Ma Teng): ကျန် ၅ ယောက်ကို လက်ညှိုးထိုးကာ “ငါတို့ လူ ၁၀ ယောက်လိုလိမ့်မယ်။”
“တုန်းချန်”(Dong Cheng): “ငါတို့ သစ္စာရှိတဲ့သူ အများကြီးမရနိုင်ဘူး။ တစ်ယောက်ဖောက်ရင် အကုန်အလဟဿဖြစ်ကုန်မယ်။”


“မာထန်”(Ma Teng) က မှူးမတ်စာရင်းကို ယူစေသည်။ ဘုရင်မျိုးဆက် Liu သို့ရောက်သော် လက်ခုပ်တီးပြီး “ဘာလို့ သူ့ကိုမတိုင်ပင်တာလဲ။” ဟုပြောလေသည်။ အားလုံးက “ဘယ်သူလဲ။” ဟု မြည်ကြွေးလေသည်။ “မာထန်”(Ma Teng) က ဖြည်းညင်းသေချာစွာ ပြောလေသည်။
နောက်အခန်းတွင် “မာထန်”(Ma Teng) ပြောသူ၏ နာမည်ကို သိရမည်ဖြစ်သည်။
*Silver~K*

Comments

Popular posts from this blog

Lookism