Anime အမျိုးအစားများ (၁)

အကယ်၍ သင်ဟာ anime တွေကို စွဲစွဲမြဲမြဲကြည့်နေတဲ့သူတစ်ယောက်သာဆိုရင် anime တွေမှာ အမျိုးအစား genre တွေနဲ့ခွဲထားတာကို သတိပြုမိပါလိမ့်မယ်။ Genre အမျိုးအစားတွေကတော့ အများကြီးရှိပါတယ်။ ဒါပေမယ့် နာမည်ကြီးတဲ့ genre အမျိုးအစားအချို့ကိုဖော်ပြပေးသွားပါမယ်။

၁။ Action

ဒါကတော့ ထွေထွေထူးထူးပြောစရာတော့ မလိုပါဘူး။ ဒီထဲမှာ တိုက်ခန်း၊ဖိုက်တင်ခန်းတွေ အဓိကပါဝင်မှာဖြစ်ပြီး  ရင်သပ်ရှုမောဖွယ်တိုက်ခိုက်မှုတွေကို ကြည့်နေရမှာပါ။
Action anime အချို့ကတော့
- Fullmetal Alchemist
- Deadman Wonderland
- Kill la Kill တို့ ဖြစ်ပါတယ်။

၂။ Adventure

ဒီမှာကတော့ စွန့်စားခန်းတွေဘာတွေပေါ့လေ၊ တချို့ဟာတွေမှာဆိုရင်တော့ မတူညီတဲ့လောကတို့၊ စကြာဝဠာထိတို့တောင် သွားပြီး စွန့်စားခန်းတွေဖွင့်တာတွေရှိပါတယ်။ အဓိကအားဖြင့်တော့ ဇာတ်လိုက်ဟာ တစ်ခုတည်းသော ရည်ရွယ်ချက်အတွက်နဲ့ စွန့်စားခန်းဖွင့်နေကြတာ မြင်ရပါလိမ့်မယ်။
ဥပမာ-
- One Piece
- Hunter x Hunter
- Gurren Lagann

၃။ Comedy

ဒီဟာကတော့ ပရိသတ်ကို ရယ်မောစေဖို့အတွက် ရည်ရွယ်ထားတဲ့ အမျိုးအစားပါ။ Comedy genre အချို့ကတော့
- Baka to Test to Shoukanjuu
- Gekkan Shoujo Nozaki-kun
- Hataraku Maou-sama! တို့ဖြစ်ပါတယ်။

၎။ Demons

ဒါကတော့ Demon ဆန်ဆန် character တွေ ပါပြီဆိုရင်တော့ ဒီအမျိုးအစားထဲထည့်လို့ရပါပြီ။ ဒါပေမယ့် demon က တစ်ခုတည်းတော့ မဟုတ်ပါဘူး၊ သူ့ကနေ "မကောင်းဆိုးရွားတွေ၊ အကောင်ရိုင်းတွေ၊ သရဲတစ္ဆေတွေ အစရှိသဖြင့် အများကြီးထပ်ခွဲလိုက်ပါတယ်။ တစ်ခုတော့ ရှိပါတယ်၊ Demon genre တိုင်းကို horror လို့ မထင်လိုက်ပါနဲ့၊ ဒီအမျိုးအစားဟာ အခြားသော genre တွေအများကြီးနဲ့ တွဲပါတယ်။
ဥပမာအချို့
- Beelzebub
- Inu Yasha
- Blood Lad


၅။ Drama

မျက်ရည်ကျရတာတွေ၊ စိတ်ထဲ ခံစားရစေတာတွေ၊ ရှင်းရှင်းပြောရရင် heart ထိစေတဲ့ anime မှန်သမျှကို ဒီ genre ထဲ ထည့်ပါတယ်။ အဲ့ anime ဟာ သင့်ကိုငိုအောင်လုပ်နိုင်ပြီဆိုရင်တော့ အင်မတန်ကောင်းတဲ့ drama ကားတစ်ခုလို့ ဆိုနိုင်ပါပြီ။ အချို့သော drama တွေကတော့
- Little Busters!
- Plastic Memories
- Angel Beats!
- Clannad
- Anohana
- Your Lie In April တို့ဖြစ်ပါတယ်။

၆။ Ecchi

Ecchi ဆိုတဲ့ စကားလုံးဟာ ဂျပန်လို "နှာဘူး" ဆိုတဲ့အဓိပ္ပာယ်က ယူထားတာဖြစ်ပြီး နောက်ပိုင်းမှာတော့ ဒါကိုပဲ genre အနေနဲ့ အသုံးပြုကြပါတယ်။ Ecchi မှာတော့ ဟိုအခန်းဒီအခန်းတွေက သိပ်ပြင်းထန်ခြင်းမရှိတာမို့ အသက်အရွယ်မရွေးကြည့်လို့ရတယ်လို့ဆိုနိုင်ပါတယ်။ အခုနောက်ပိုင်းမှာတော့ Ecchi တွေ ခေတ်စားတာ သတိထားမိကြမှာဖြစ်ပြီး season တိုင်းလိုလိုမှာ ecchi genre တစ်ခုမဟုတ်တစ်ခု ပါတတ်ပါတယ်။ နောက်ပြီး ဒီ genre ဟာ comedy နဲ့ ကောင်းကောင်းကြီးတွဲဖက်တာ တွေ့ရပါလိမ့်မယ်။
ဥပမာ
- Shokugeki no Soma
- Shimoneta
- Prison School

၇။ Fantasy

Fantasy ကတော့ လက်တွေ့ဘဝနဲ့ ကင်းကွာပြီး စိတ်ကူးယဉ်ဆန်တဲ့အမျိုးအစားလို့ ဆိုနိုင်ပါတယ်။ အများအားဖြင့်ကတော့ ဇာတ်ကောင်ဟာ သူ့မူလလောက ကနေ တခြားမတူတဲ့ လောကကို ရောက်သွားတာတွေကို အတွေ့များမှာပါ။
Fantasy anime အချို့
- Kyoukai no Kanata
- Nanatsu no Taizai


၈။ Game

ဂိမ်းကစားခြင်းနဲ့ ပတ်သတ်ပြီဆိုရင်တော့ ဒါနဲ့ဆိုင်ပါပြီ။ ကဒ်ဂိမ်းပဲဖြစ်ဖြစ်၊ ပဟေဠိပဲဖြစ်ဖြစ်၊ ဘုတ်ပြားပေါ်မှာဆော့ရတာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် online ဂိမ်းပဲဖြစ်ဖြစ်၊ ဘယ်လိုဂိမ်းမျိုးမဆို ဒီအမျိုးအစားထဲထည့်လို့ရပါတယ်။ ပဟေဠိဆိုရင်တော့ Phi Brain: Puzzle of God ဆိုတဲ့ anime ရှိပါတယ်၊ ကဒ်ဂိမ်းဆိုရင်တော့ Yu-Gi-Oh! ရှိပြီး online game ဆိုရင်တော့ Overlord ၊ No Game No Life တို့ကိုညွှန်းရမှာပါ။
ဘုတ်ပြားပေါ်မှာဆော့ရတာတွေထဲမှာတော့  Igo နဲ့ပတ်သတ်တာဆို "Hikaru no Go" ရှိပြီး shogi နဲ့ဆိုင်တာဆိုရင်တော့ "Shion No Oh "ဆိုတဲ့ anime ရှိပါတယ်။


*S~L*

Comments

Popular posts from this blog

Lookism