သုံးနိုင်ငံခေတ်(၃၁)
အခန်း(၃၁) "ချောင်ချောင်း"(Cao Cao) သည် ချန်းထင်တွင် "ယွမ်ရှောက်"(Yuan Shao) ကို အောင်နိုင်လိုက်ခြင်း။ "လျူဘေ့"(Liu Bei) သည် ကျင်ကျိုးရှိ "လျူပြောင်း"(Liu Biao) ထံ ခိုလှုံရခြင်း။ "ချောင်ချောင်း"(Cao Cao) သည် ထွက်ပြေးသွားသော "ယွမ်ရှောက်"(Yuan Shao) ကို အခွင့်ကောင်းယူကာ လိုက်တိုက်လေသည်။ "ယွမ်ရှောက်"(Yuan Shao) သည် ခမောက်မရှိ၊ အဝတ်အစားမသပ်မရပ်ဖြင့် နောက်လိုက်အနည်းငယ်နှင့်အတူ ထွက်ပြေးရာ လီရန်၏မြောက်ဘက်နားသို့ရောက်လေသည်။ ထိုနေရာတွင် သူ့၏စစ်သူကြီးတစ်ဦးဖြစ်သော "ကျန်းရီချွီ"(Jiang Yiqu) နှင့်တွေ့ရာ အဖြစ်အပျက်တို့ကိုကြားပြီးနောက် ထိုစစ်သူကြီးသည် တစ်ကွဲတစ်ပြားဖြစ်နေသော စစ်သားတို့ကိုစုစည်းစေသည်။ ခေါင်းဆောင်မသေသေးဟူသော သတင်းကိုကြားသည့်စစ်သားတို့သည် ပုရွက်ဆိတ်တို့ပမာ တဖွဲဖွဲရောက်လာကြသည်။ မကြာမီပင် "ယွမ်ရှောက်"(Yuan Shao) တွင် ကျိကျိုးသို့ချီတက်နိုင်လောက်သည့်တပ်အင်အားရှိလာသည်။ ထိုစစ်တပ်ကြီးသည် စစ်ချီတက်ပြီး ဟွမ်တောင်ကုန်းတွင် စခန်းချထားလေသည်။ ထိုညတွင် "ယွမ်ရှောက်"(Yuan Shao) သည် နောင်တရသည့်လေသြံ...