Anime အမျိုးအစားများ (၂)

၉။ Harem


သင်ကြည့်နေတဲ့ anime ဟာ ယောက်ျားလေးတစ်ယောက်ကို နှစ်ယောက်ထက်ပိုတဲ့ မိန်းကလေးတွေဝိုင်းနေပြီဆိုရင်တော့ သင်ကြည့်နေတာဟာ harem genre ဆိုတာ သေချာပါပြီ။ အများစုကတော့ မိန်းကလေးတွေက အကြောင်းအရင်းရေရေရာရာမရှိပဲ အဓိကဇာတ်ကောင်ကို ဝိုင်းကြိုက်ကြတာများပါတယ်။ တချို့သော harem တွေမှာ ချစ်ကြိုက်ခန်းတွေ ပါနိုင်ပေမယ့် တချို့ဟာတွေမှာကတော့ ချစ်ခန်းကြိုက်ခန်းထက်ကို ဟာသတွေပဲ ပါတတ်ပါတယ်။harem anime အချို့ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်
- Trinity Seven
- Grisaia no Kajitsu
- Boku wa Tomodachi ga Sukunai (Haganai)
- Date a Live
- To Love-ru

၁၀။ Hentai


"Hentai" ကလည်း ဂျပန်လို နှာဘူးကောင်လို့အဓိပ္ပာယ်ရပါတယ်။ ဒါကတော့ ၁၈နှစ်အထက်မှ ကြည့်ရမယ်လို့ သတ်မှတ်ထားတာပါ။ Ecchi နဲ့မတူတာကတော့ သူက ဇာတ်လမ်းဇာတ်သွားတွေထက်ကို "Adult Scenes" တွေကို ဦးစားပေးထားပါတယ်

၁၁။ Historical


"Historical" ဆိုတဲ့အတိုင်း သမိုင်းနဲ့ ပတ်သတ်တဲ့ anime တွေပဲဖြစ်ပါတယ်။ ဇာတ်လမ်းကျောရိုးကို ရှေးခေတ်ဂျပန်ပြည်မှာပဲဖြစ်ဖြစ်၊ တခြားတိုင်းပြည်ရဲ့ သမိုင်းနောက်ခံကိုပဲဖြစ်ဖြစ်၊ ဥရောပရဲ့ အလယ်ခေတ်ကိုပဲဖြစ်ဖြစ်  သမိုင်းနဲ့ပတ်သတ်တာဆိုရင်တော့ ဒီအမျိုးအစားထဲ ထည့်သွင်းလို့ရပါတယ်။ Historical anime အချို့ကတော့
- Rorouni Kenshin
- Kingdom
- Champloo တို့ ဖြစ်ပါတယ်။

၁၂။ Horror


Anime ထဲမှာ horror တွေက မရှားဘူးလို့ ဆိုရမှာပါ။ သရဲ၊တစ္ဆေတွေ၊ သွေးထွက်သံယိုတွေ၊ အနိဋ္ဌာရုံတွေ ပါလာရင်တော့ horror လို့ ဆိုနိုင်ပါပြီ။ အဓိကကတော့ သင့်ကိုကြောက်စေတဲ့ anime ဆိုရင် Horror လို့ သတ်မှတ်ပါတယ်။
Horror Anime အချို့
- Terra Formars
- Another
- Corpse Party


၁၃။ Josei


Josei ဆိုတာ အဓိကအားဖြင့်တော့ အသက် ၁၈-၄၀ အတွင်း အမျိုးသမီးတွေအတွက်ရည်ရွယ်ပြီး ထုတ်တဲ့ anime တွေပဲဖြစ်ပါတယ်။ ဒါကြောင့် ဒီထဲမှာ romance တွေဘာတွေဆိုရင်တော့ shoujo လို စိတ်ကူးယဉ်မဆန်တော့ပဲ ပိုလေးနက်ပြီးရင့်ကျက်တဲ့ပုံစံတွေ မြင်ရမှာပါ။
Josei anime အချို့
- Sakamichi no Apollon
- Chihayafuru


၁၄။ Kids


လူတွေအများစုက ဒီ genre ကို ကလေးတွေကြည့်တာလို့ဆိုကြတယ်။ ဒါပေမယ့် အဲ့ဒါက မဟုတ်ပါဘူး၊ ဇာတ်လမ်းက ပေါ့ပေါ့ပါးပါးနဲ့ စိတ်ဝင်စားဖို့ကောင်းလို့ ကလေးတွေရော၊ လူကြီးတွေပါ ကြည့်နိုင်တဲ့ဟာလို့ ဆိုနိုင်ပါတယ်။ (ဒီအမျိုးအစားကတော့ အသက် ၁၂ အထက်ကလေးတွေကြည့်ဖို့သင့်လျော်ပါတယ်။ ဥပမာအချို့ကတော့ Pokemon တို့၊ Doraemon တို့ ဖြစ်ပါတယ်။

၁၅။ Magic


Spell တွေ ဘာတွေ သုံးတာတို့၊ ဂါထာတွေ၊ မန္တရားတွေရွတ်တာတွေဘာတွေပါရင် Magic genre နဲ့ ဆိုင်ပါတယ်။ ဒါမှမဟုတ်လည်း ဆုတောင်းတာတွေဘာတွေကို ဖြည့်ဆည်းပေးတာတို့၊ မှော်ပညာတို့ဘာတို့နဲ့ဆိုင်ရင်လည်း ဒီထဲကို ထည့်သွင်းလို့ရပါတယ်။ ဒီ Genre ထဲမှာ "Magical Girls" ဆိုတာ အင်မတန်နာမည်ကြီးတဲ့အတွက် နောက်ပိုင်းမှာ သူ့ဟာနဲ့သူ သက်သက် genre တစ်ခုအနေနဲ့တောင်ခွဲထွက်လာနိုင်ပါတယ်။ Magic anime အချို့ကတော့
- Fate Zero
- Magi
- Fairy Tail တို့ ဖြစ်ပါတယ်။


၁၆။ Martial Arts


Martial arts ဆိုတာ ကိုယ့်ကိုယ်ကိုကာကွယ်ဖို့၊ ဒါမှမဟုတ် တိုက်ခိုက်ဖို့နည်းလမ်းတွေဖြစ်ပြီး အဲ့ထဲမှာ ဓားသိုင်းတို့၊ ဂျူဒိုတို့၊ တိုက်ကွမ်ဒိုတို့၊ ကရာတေးတို့ပါပါတယ်။ (တခြားဟာတွေလည်း အများကြီးရှိသေးတာပေါ့လေ)
ဖိုက်တင်တွေဘာတွေပါတဲ့ anime တွေထဲမှာ Martial Arts ကလည်း တစ်စိတ်တစ်ဒေသအနေနဲ့ပါဝင်နေပါတယ်။ လက်ဗလာနဲ့တိုက်တာတွေကအစပြုပြီး ဓားသိုင်းတွေ၊ သေနတ်သုံးပြီးပစ်တာတွေ၊ လက်နက်သုံးပြီးချတာတွေထဲမှာ martial arts တွေပါနေတတ်ပါတယ်။ ဒါပေမယ့် အဲ့ဒီ Martial Arts တွေကိုချည်းပဲ အဓိကထားတဲ့ anime တွေ ရှိတယ်ဆိုတာ သင်သိပါသလား? ဥမမာအချို့ကတော့
- Hajime no Ippo နဲ့
- History’s Strongest Disciple တို့ ဖြစ်ပါတယ်

*S~L*

Comments

Popular posts from this blog

Lookism