Anime အမျိုးအစားများ (၄)

၂၅။ Reverse Harem


Reverse ဆိုတဲ့အတိုင်း harem ရဲ့ ဆန့်ကျင်ဘက်ဖြစ်ပါတယ်။ ဒီအထဲမှာတော့ မိန်းကလေးဇာတ်ကောင်တစ်ယောက်ကို ကျန်တဲ့ယောက်ျားလေးတွေက ဝိုင်းဝိုင်းလည်နေတာကို တွေ့ရမှာဖြစ်ပြီး မိန်းကလေးတွေအကြိုက် genre လို့ဆိုနိုင်ပါတယ်။ ဒီ anime အမျိုးအစားဥပမာအချို့ကတော့
- Amnesia
- Hakuouki
- Ouran High School Host Club တို့ပဲ ဖြစ်ပါတယ်

၂၆။ Romance


Romance ဆိုတော့လည်း ချစ်ခန်း၊ ကြိုက်ခန်းတွေပေါ့နော်။ ဒါက shoujo genre နဲ့အတွဲများတာ တွေ့ပါလိမ့်မယ်။ ဒါပေမယ့်လည်း drama တို့၊ comedy တို့၊ harem တို့နဲ့လည်းတွဲလေ့ရှိပါတယ်။
ဥပမာ
- Toradora!
- Lovely Complex
- Ao Haru Ride

၂၇။ School


ဒါကတော့ နာမည်ကြီး genre လို့တောင် ဆိုနိုင်ပါတယ်။ Anime တွေတော်တော်များများမှာ school settings တွေ ပါတတ်ပါတယ်။ ကျောင်းကဇာတ်ဝင်ခန်းတွေက အဓိကအနေနဲ့ဖြစ်စေ၊ ဒုတိယအနေနဲ့ဖြစ်စေ ပါဝင်ရင်လို့ School genre လို့ သတ်မှတ်နိုင်ပါပြီ။
ဥပမာအချို့
- Ansatsu Kyoushitsu
- Great Teacher Onizuka
- Gokusen

၂၈။ Sci-fi


အရှည်ကတော့ Scientific fiction ဖြစ်ပြီး သိပ္ပံနည်းပညာနဲ့ဆိုင်တာတွေဘာတွေ ပါလာပါလိမ့်မယ်။ ဒီ genre ကလည်း mecha တို့၊ space တို့နဲ့တွဲတတ်ပါတယ်။
သာဓက
- Space Dandy
- Cowboy Bebop

၂၉။ Seinen


Seinen ဆိုတာကတော့ အသက် ၁၈နှစ်ကနေ ၄၀ အတွင်း အမျိုးသားတွေကို အဓိကထားပြီး ထုတ်လွှင့်တဲ့ anime အမျိုးအစားပဲဖြစ်ပါတယ်။ ဒီအမျိုးအစားထဲမှာတော့ ပိုပြီးရင့်ကျက်တဲ့အရာတွေ၊ အတွေးအခေါ်တွေ၊ အဖြစ်အပျက်တွေ ပါလာနိုင်ပါတယ်။
ဥပမာအချို့
- Rainbow: Nisha Rokubou No Shichinin
- Ergo Proxy

၃၀။ Shoujo


Shoujo ဆိုတာကတော့ အသက် ၁၀ နှစ်က ၁၈ အတွင်း မိန်းကလေးတွေကို ရည်ညွှန်းပြီး အဲ့အရွယ်မိန်းကလေးတွေကို ပစ်မှတ်ထားပြီး ထုတ်ဝေတဲ့ anime တွေကို Shoujo genre ဆိုပြီးခေါ်ကြပါတယ်။ များသောအားဖြင့်တော့ အချစ်တွေပါတတ်ပြီး ဟာသလေးတွေနဲ့နှောတတ်ပါတယ်။
ဥပမာ
- Gekkan Shoujo Nozaki-kun
- Ao Haru Ride

၃၁။ Shoujo-Ai


Shoujo-Ai ကို ဒီအတိုင်းဘာသာပြန်ရင် "မိန်းကလေး အချစ်" လို့ အဓိပ္ပာယ်ရပြီး မိန်းကလေးနှစ်ယောက်ကြားက အချစ်ကိုပြထားတာပါ။ Yuuri လောက် အဆိုးကြီးမဟုတ်ပဲ ဟိုဟာဒီဟာမပါတဲ့ အချစ်လောက်ကိုပဲ ပြထားမှာ ဖြစ်ပါတယ်။
ဥပမာ အချို့
- Aoi Hana
- Blue Drop

၃၂။ Shounen


Shounen ဆိုတာလည်း အသက် ၁၀-၁၈ အတွင်း ယောက်ျားလေးတွေကိုဆိုလိုပြီး အဲ့လိုယောက်ျားလေးတွေကို target ထားတဲ့ anime တွေကို shounen လို့ခေါ်ပါတယ်။ Shounen တွေမှာ nakama(သူငယ်ချင်း) အသားပေးတို့၊ တိုက်ခန်းချခန်းတွေ၊ စွန့်စားခန်းတွေ ပါတတ်ပါတယ်။ လက်ရှိ နာမည်ကြီး mainstream anime တွေအများစုက shounen တွေပါ။
ဥပမာ
- Naruto
- One Piece
- Fairy Tail

*S~L*

Comments

Popular posts from this blog

Lookism