Anime အမျိုးအစားများ (၃)

၁၇။ Mecha


Mecha ဆိုမှတော့ စက်ရုပ်တွေနဲ့ဆိုင်တာပေါ့လေ။ Mecha genre ထဲမှာ နာမည်အကြီးဆုံးကတော့ gundam series တွေလို့တောင် ဆိုနိုင်ပါတယ်။ Mecha ကများသောအားဖြင့် sci-fi ၊ military ၊ action တို့နဲ့တွဲတတ်ပါတယ်။
Mecha anime အချို့
- Mobile Suit Gundam Unicorn
- Sidonia no Kishi
- Neon Genesis Evangelion

၁၈။ Military


ဒါကတော့ စစ်တပ်နဲ့ဆိုင်တဲ့ anime တွေပါ။ စစ်တပ်ဆိုကတည်းက တိုက်ပွဲတွေလည်း ပါလာမှာ အမှန်ပါပဲ။ Military genre ဟာလည်း mecha ၊ action အမျိုးအစားတွေနဲ့ တွဲလေ့ရှိပါတယ်။
ဥပမာ
- Fullmetal Panic
- Code Geass
- Kantai Collection

၁၉။ Music


ဒီအမျိုးအစားကတော့ သိပ်ပြီးနာမည်ကြီးတဲ့အထဲမပါပါဘူး။ သီချင်းဆိုတာ၊ ကခုန်တာ၊ တခြား တူရိယာတွေတီးမှုတ်တာတွေနဲ့ပတ်သတ်ပြီး ပြထားတာဆိုရင်တော့ Music genre ပါပဲ။ Music genre နဲ့ ပတ်သတ်တဲ့ anime တစ်ခုကတော့ K-On! ဖြစ်ပါတယ်။


၂၀။ Mystery


အဖြစ်အပျက်တစ်ခုခု၊ နေရာ၊ သို့မဟုတ် တခြားအရာတစ်ခုခုက ထူးဆန်းတာတွေ၊ လျှို့ဝှက်ဆန်းကြယ်မှုတွေပါဝင်နေရင်တော့ Mystery genre လို့ဆိုနိုင်ပါတယ်။ အများစုကတော့ စုံထောက်ဇာတ်လမ်းပုံစံတွေ ဖြစ်တတ်ပေမယ့်လည်း အခြားသော ဇာတ်လမ်းပုံစံနဲ့ လာတတ်တာလည်း ရှိပါတယ်။
Mystery anime တချို့
- Detective Conan
- Hyouka

၂၁။ Parody


တခြား နာမည်ကြီး show တစ်ခုခု၊ ဒါမှမဟုတ် တခြားအရာတစ်ခုခုကို တုပထားတာ၊ ဒါမှမဟုတ် ဟာသအနေနဲ့ သရော်ထားတာဆိုရင်တော့ parody လို့ဆိုနိုင်ပါတယ်။ Parody genre ထဲမှာမှ တခြား anime တွေကို အလှောင်ဆုံး anime ကတော့ Gintama ပါပဲ။ Gintama နဲ့ ခပ်ဆင်ဆင် နောက် parody anime တစ်မျိုးကတော့ Sket Dance ပါပဲ။

၂၂။ Police


ရဲတွေရဲ့ဘဝနဲ့ သူတို့ရဲ့ အလုပ်ကိုအသားပေးဖော်ပြထားတဲ့ anime ဖြစ်ပါတယ်။ ရဲတင်မကပဲ တခါတလေမှာ စုံထောက်တွေ၊ ထောက်လှမ်းရေးတွေ ဘာတွေကိုလည်း ထည့်တွက်ပါတယ်။ အဲ့ဟာနဲ့ဆိုင်တဲ့ anime တစ်ခုကတော့ Psycho-Pass ဖြစ်ပါတယ်။


၂၃။ Post-Apocalyptic


Apocalypse ဆိုတာ "လောကကြီးပျက်သုဉ်းမှု" လို့ အဓိပ္ပာယ်ရပြီး ဒီ Post-Apocalyptic အမျိုးအစားကတော့ အဲ့လိုဖြစ်ပျက်ပြီးနောက်ပိုင်း အကြောင်းအရာတွေကို ရိုက်ထားတဲ့ anime ပဲဖြစ်ပါတယ်။ ဥပမာပြောရရင်တော့ ဖျက်စီးခံလိုက်ရတဲ့ကမ္ဘာတို့၊ ပျက်သုဉ်းခါနီး လူသားမျိုးနွယ်စုတို့၊ လောကကြီးပျက်စီးပြီးနောက်မှာ အသက်ရှင်သန်ခဲ့တဲ့လူတစ်စုအကြောင်း စသည်ဖြင့် အဲ့လိုအကြောင်းအရာတွေဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ ဒီလိုမျိုးအမျိုးအစားတွေဟာ နာမည်ကြီးလာတာ သတိထားမိကြမှာပါ။
ဥပမာ အချို့
- Kamisama no Inai Nichiyoubi (Sunday Without God)
- Shingeki no Kyojin (Attack on Titan)

၂၄။ Psychological


ဦးနှောက်ပိုင်း၊ အတွေးအခေါ်အပိုင်းတွေနဲ့ဆိုင်ရင်တော့ Psychological အမျိုးအစားထဲထည့်နိုင်ပါတယ်။ တခါတလေမှာတော့ တအားမြင့်တဲ့အတွေးအခေါ်တွေပါလာတတ်ပါတယ်။ ကိုယ့်ရန်သူတွေနဲ့ ရင်ဆိုင်ဖို့ ဉာဏ်သုံးရတာတွေဘာတွေကလည်း Psychological အမျိုးအစားထဲ အကျုံးဝင်ပါတယ်။
ဥပမာ
- Zetsuen no Tempest
- Death Note
- Mirai Nikki

Comments

Popular posts from this blog

Lookism