Yokai ပုံပြင်များ (၄)

ဒီမှာတော့ တိရိစ္ဆာန် yokai တွေထဲမှာ အစွမ်းအထက်ဆုံးလို့ ဆိုနိုင်တဲ့ မြေခွေး yokai (kitsune) နဲ့ tanuki yokai အကြောင်း ပြောမှာပါ။

၁။ Kitsune 


၁-၁။ Kitsune အကြောင်း


Kitsune (狐) ဆိုတာ ဂျပန်လို မြေခွေးလို့ပဲ အဓိပ္ပာယ်ရပါတယ်။ တရုတ်ဒဏ္ဍာရီဖြစ်တဲ့ မြေခွေးမိစ္ဆာ (Huli jing (狐狸精)) ဆိုတာကနေ ဆင်းသက်လာတယ်လို့ ယူဆရပါတယ်။ မြေခွေးမှာ အမြီး ကိုးချောင်းအထိ ရှိနိုင်ပြီး အမြီးများလေ သက်တမ်းပိုရင့်ပြီး အစွမ်းပို ရှိလေ ဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။ သူတို့ဟာ သက်တမ်းတစ်ခု(နှစ် ၁၀၀ သို့ နှစ် ၅၀)ကို ရောက်သွားရင် လူယောင် ဖန်ဆင်းနိုင်ပါတယ်။ ပုံစံကလဲ အမျိုးသမီးအသွင်ဖြစ်ဖြစ် အမျိုးသားအသွင်ဖြစ်ဖြစ် မည်သည့်အသက်အရွယ်ဖြစ်ဖြစ် မျိုးစုံ ပြောင်းနိုင်တယ်လို့ ဆိုပါတယ်။

Kitsune ကို အဓိကအနေနဲ့ နှစ်မျိုးနှစ်စား ခွဲနိုင်ပါတယ်။ ပထမကတော့ ကောင်းတဲ့ မြေခွေးဖြစ်ဖြစ် သူတို့ဟာ Shinto စပါး နတ် ဖြစ်တဲ့ Inari ရဲ့ သံတမန်တွေဖြစ်ပြီး လူတွေကို စောင့်ရှောက်တယ်လို့ ဆိုကြပါတယ်။ အဲ့ဒါကြောင့် Inari နတ်ကွန်းတွေမှာ မြေခွေးရုပ်တုတွေကို တွေ့ကြရမှာပါ။ နောက်တစ်မျိုးကတော့ ဆိုးတဲ့ Kitsune ဖြစ်ပြီး မကောင်းဆိုးရွားဟန် ဖန်ဆင်းလေ့ရှိပြီး လူသားတွေကို ခြောက်လှန့်လေ့ ရှိပါတယ်။ တခါတရံမှာ လူယောင်ဆောင်ပြီး လှည့်စားတတ်ပါတယ်။ မိန်းကလေးလို ယောင်ဆောင်ပြီး ယောက်ျားလေးတွေကို မြှူဆွယ်တတ်တယ်လို့ ဆိုပါတယ်။ တချို့ပုံပြင်တွေမှာ Kitsune  တွေဟာ လူသားနဲ့ပဲ လက်ထပ်ပြီး လူလိုပဲ နေသွားကြသတဲ့။ ဒါပေမယ့်လဲ သူသတိမထားမိတဲ့ အချိန်မှာ မြေခွေးရုပ်(အမြီး၊ အမွှေးအမျှင် စတာတွေ) ပေါ်လာပြီး လင်ယောက်ျားကသိသွားတဲ့ အတွက် အိမ်က ထွက်သွားပါတယ်။

၁-၂။ Kitsune ပုံပြင် တစ်ပုဒ် (A.D. 545)


လူသားနဲ့ မြေခွေး အချစ်ပုံပြင်တွေဟာ များသောအားဖြင့် ကြေကွဲဝမ်းနည်းစရာတွေနဲ့ နိဂုံးချုပ်လေ့ ရှိပေမယ့်လဲ ကောင်းမွန်တဲ့ နိဂုံးနဲ့ အဆုံးသတ်နဲ့ ပုံပြင်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

ရှေးအခါက Kitsune တစ်ကောင်ဟာ လှပတဲ့ အမျိုးသမီး ပုံစံပြောင်းပြီး Mino မှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးနဲ့ ချစ်ကြိုက်ခဲ့ပါတယ်။ နောက်တော့ သူတို့နှစ်ဦး လက်ထပ်လိုက်ကြပြီး ကလေး တစ်ယောက် ဖွားမြင်သတဲ့။ အချိန်လောက်မှာ ယောက်ျားဖြစ်သူဟာ ခွေးတစ်ကောင် မွေးလိုက်ပါတယ်။ အဲ့ခွေးဟာ မြေခွေး yokai ဖြစ်သူ မိန်းမဖြစ်သူကို မြင်တိုင်း ဟောင်လေသတဲ့။ အဲ့အမျိုးသမီးကလဲ အဲ့ခွေးကို သတ်ပစ်ဖို့ ယောက်ျား ဖြစ်သူကို အကြိမ်ကြိမ်ပြောပေမယ့်လဲ ယောက်ျားဖြစ်သူက လက်မခံခဲ့ပါဘူး။ တစ်နေ့မှာတော့ ခွေးက မိန်းမဖြစ်သူကို ကိုက်မယ်အလုပ်မှာ ကြောက်အားလန့်အားနဲ့ မြေခွေးပုံ ပြောင်းသွားပြီး အိမ်က ထွက်ပြေးသွားသတဲ့။
နောက်တော့ ယောက်ျားဖြစ်သူဟာ သူ့မိန်းမ မြေခွေးမှန်း သိပေမယ့်လဲ အိမ်ကို ပြန်လာဖို့ခေါ်ပါတယ်။ အဲ့မြေခွေးဟာ အဲ့အချိန်ကစပြီး ညတိုင်း အမျိုးသမီးအနေနဲ့ လာပြီး မနက်ဘက်မှာ မြေခွေးအနေနဲ့ ထွက်သွားလေ့ ရှိပါသတဲ့။

ဂျပန် ရှေးဟောင်းစာပေမှာ kitsu-ne ဟာ "လာပြီး အိပ်သွားတယ်"/ ki-tsune - "အမြဲ လာတယ်" လို့ အဓိပ္ပာယ် ရပါတယ်။ ဒါကြောင့် တချို့က ဒီ Kitsune ဆိုတဲ့ အခေါ်အဝေါ်ဟာ ဒီက ဆင်းသက်လာတယ်လို့ ယူဆကြသတဲ့။

၁-၃။ Kitsunebi (Fox Fire)


Kitsunebi ဆိုတာဟာ kitsune တွေရဲ့ အစွမ်းလို့ ဆိုကြပါတယ်။ ဒီလို kitsunebi တွေဟာ ည အခါမှာသာပေါ်လာတတ်ပြီး မီးအိမ်ထွန်းထားသလို မြင်ရတယ်လို့ ဆိုပါတယ်။ Yokai တွေ လက်ထပ်ပွဲ၊ ပွဲတော်တွေ ဘာတွေ လုပ်တဲ့ အချိန်မှာ kitsunebi တွေ အများကြီး ရှိတယ်လို့ ဆိုကြပါတယ်။ လူတွေက အဲ့လို kitsunebi တွေကို မြင်ရင် စပ်စုပြီး အဲ့နောက်လိုက်သွားရင် လူတွေကို yokai တွေ ရှိရာကို မျှားခေါ်သွားတတ်ပါတယ်တဲ့။

၁-၄။ Anime ထဲက kitsune







 

 

၁။ အထွေအထူး ပြောစရာ မလိုတဲ့ Naruto ထဲက Nine-tail Kurama က kitsune ကို အခြေခံထားတာပေါ့လေ။

၂။ Kami-sama Hajimemashita ထဲက Tomoe ၊ Inu X Boku SS ထဲက Soushi Miketsukami နဲ့ Gugure! Kokkuri-san ထဲက Kokkuri-san တို့ဟာလဲ kitsune ကို အခြေခံထားတာပါ။

၃။ Kanokon ထဲက Chizuru MINAMOTO ၊ XXXHOLiC ထဲက Fox နဲ့ Mugetsu ၊ Wagaya no Oinari-sama ထဲက Kuugen TENKO နဲ့ Gyokuyou တို့ဟာလဲ kitsune တွေ ဖြစ်ပါတယ်

၎။ Gingitsune: Messenger Fox of the Gods ထဲက Gintaro နဲ့ Haru ဟာလဲ kitsune ဖြစ်ပါတယ်။

၅။ InuYasha ထဲက Shippo ၊ Rosario + Vampire ထဲက Kuyou နဲ့ Omamori Himari ထဲက Tama တို့ဟာ kitsune တွေ ဖြစ်ပါတယ်။

၆။ တခြားkitsune တွေကတော့ Nurarihyon no Mago ထဲက Hagoromo Gitsune ၊ Inari, Konkon, Koi Iroha ထဲက Kon၊Roro နဲ့ Shishi ၊ Ga-Rei -Zero- ထဲက Kudagitsune ၊ Dog Days ထဲက Yukikaze PANETTONE ၊ Kanokon ထဲက Tamamo နဲ့ Tayura MINAMOTO ၊ Sasami-san@Ganbaranai ထဲက Tamamo-no-Mae နဲ့ Yu Yu Hakusho ထဲက Yoko Kurama တို့ပဲ ဖြစ်ပါတယ်။

၂။ Tanuki


Tanuki (狸) ဆိုတာကို အင်္ဂလိပ်လိုတော့ မျိုးစုံ ဘာသာပြန်ကြပါတယ်။ များသောအားဖြင့် raccoon ဒါမှမဟုတ် badger(ခွေးတူဝက်တူ) ဆိုပြီး ပြန်ကြပါတယ်။ တခါတရံလဲ အဲ့ နှစ်မျိုးကိုပေါင်းပြီး Raccoon-dog ဆိုပြီး ပြန်ကြလေရဲ့။ တကယ်တော့ tanuki ဆိုတာ အဲ့နှစ်မျိုးလုံး မဟုတ်ပါဘူး။ Badgers (ခွေးတူဝက်တူ) (穴熊) ဆိုတာရော၊ raccoons (洗熊) ဆိုတာပါ ဂျပန်စကားမှာ သက်သက် အခေါ်အဝေါ်ရှိပြီးသားပါ။ ဒါကြောင့် tanuki ကို tanuki လို့ပဲ သုံးသွားပါ့မယ်။

၂-၁။ ပုံပန်းသဏ္ဍာန်


အထက်က ပြောခဲ့သလိုပဲ tanuki ဟာ badger တို့၊ raccoon တို့နဲ့ ခပ်ဆင်ဆင် တူပါတယ်။ ဒီလို tanuki တွေက ဂျပန်ရဲ့ ကျွန်းတွေ အနှံ့မှာ တွေ့နိုင်ပါတယ်။ ဂျပန်တွေဟာ tanuki တွေကို ချစ်စရာကောင်းတယ်လို့ယူဆကြပြီး အိမ်တွေ၊ ဈေးဆိုင်တွေမှာ tanuki ရုပ်တုတွေ အလှဆင်ထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။ tanuki yokai ကတော့ kitsune လောက် အစွမ်းရှိတယ်လို့ သတ်မှတ်ကြပြီး kitsune လိုပဲ လူယောင် ဖန်ဆင်းနိုင်တယ်လို့ ဆိုပါတယ်။

၂-၂။ အစွမ်း


Tanuki တွေဟာလဲ တော်တော် အစွမ်းရှိပါတယ်။ ပုံပြောင်းနိုင်တဲ့ အစွမ်းဟာ kitsune တွေရဲ့ အစွမ်းနဲ့ ဆင်တူသတဲ့။ နောက်ပြီး သူတို့ရဲ့ ဝှေးစေ့ဟာလဲ အစွမ်းရှိပြီး ပုံစံမျိုးစုံ ပြောင်းနိုင်တယ်လို့ ဆိုပါတယ်။ ဥပမာ - သူတို့ရဲ့ အင်္ဂါကို လက်နက် အနေနဲ့ဖြစ်ဖြစ်၊ ဒါမှမဟုတ် ထီး၊ ယပ်တောင် အနေနဲ့ ဖြစ်ဖြစ်ပြောင်းနိုင်တယ်လို့ ပြောကြပါတယ်။ ဂျပန်မှာ အဲ့ tanuki ရဲ့ အင်္ဂါရပ်ကို ကလေးချော့ သီချင်း အနေနဲ့ ဆိုကြသတဲ့။ အဲ့ဒါကတော့ -
Tan-tan-tanuki no kintama wa,  
Tan-tan-tanuki's bollocks ring, (tanuki ရဲ့ ဘောလုံးဟာ မြည်နေတယ်)
Kaze mo nai no ni,
The wind's stopped blowing, (လေတိုက်တာ ရပ်သွားပေမယ့်လဲ)
Bura bu-ra
but they swing-swing-swing! (အဲ့ဒါက လှုပ်ရမ်းနေတုန်းပဲ)

နောက်ပြီး tanuki မှာ ကံကောင်းစေမယ့် အချက် ၈ ချက်ရှိတယ်လို့ ဆိုကြပါတယ်။ အဲ့ဒါတွေကတော့ -
၁။ ရာသီဥတူဒဏ်ကို အကာအကွယ်ပေးမယ့် ဦးထုပ်
၂။ ပတ်ဝန်းကျင်ကို စူးစမ်းနိုင်မယ့် ကြီးမားတဲ့ မျက်လုံးတစ်စုံ
၃။ အကျင့်စာရိတ္တကို ဖော်ညွန်းတဲ့ sake ပုလင်း
၎။ ခိုင်ခံ့တယ်ဆိုတဲ့ သင်္ကေတပြတဲ့ ကြီးမားတဲ့ အမြီး
၅။ လာဘ်ကောင်းတယ်လို့ ယူဆတဲ့ ကြီးမားတဲ့ ဝှေးအိတ်
၆။ ယုံကြည်မှုကို ဖော်ညွန်းတဲ့ စာ
၇။ ရဲရင့်ပြတ်သားမှုကို ဖော်ပြတဲ့ ကြီးမားတဲ့ ဗိုက် နဲ့
၈။ နှစ်လိုဖွယ်ကောင်းသော အပြုံး တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

၂-၃။ Yokai tanuki အမျိုးမျိုး


ရှေးယခင်ကတော့ tanuki တွေကို နတ်ဘုရားတွေ အနေနဲ့ ကိုးကွယ်ကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လဲ ဗုဒ္ဓဘာသာ ပြန့်ပွားလာပြီးနောက်မှာတော့ tanuki တို့ခမျာ နတ်ရာထူးက လျှောပြီး yokai ဖြစ်ရရှာတာပေါ့လေ။ Tanuki တွေကိုတော့ တအားဆိုးတဲ့ yokai အနေနဲ့ မသတ်မှတ်ထားပါဘူး။ ဒါပေမယ့်လဲ လူမှာတောင် လူ အမျိုးမျိုးရှိတဲ့ အလျောက် tanuki မှာလဲ tanuki အမျိုးမျိုး ရှိတာပေါ့လေ။ တချို့ tanuki တွေဟာ လူတွေနဲ့ တရင်းတနှီးနေပြီး တချို့ကတော့ လူတွေကို ခြောက်လှန့်တတ်ပါတယ်။ တချို့ဟာ လူယောင်ဆောင်ပြီး လူတွေနဲ့ပဲ နေကြသတဲ့။ တချို့ကတော့ လူတွေထဲမှာ လူလိမ်၊ သူခိုး၊ အရက်ချိုး အနေနဲ့ နေတတ်ကြပါတယ်။

၂-၄။ Anime ထဲမှ Tanuki


၁။ Naruto ထဲက One-tail Shūkaku ဟာ tanuki ဖြစ်ပါတယ်။
၂။ Studio Ghibli ရုပ်ရှင်ဖြစ်တဲ့  Pom Poko ထဲမှာ tanuki တွေကို တွေ့ရမှာပါ။
၃။ Gugure! Kokkuri-san ထဲက Shigaraki ဟာ tanuki ဖြစ်ပါတယ်။

၃။ အကိုးအကား

Comments

Popular posts from this blog

Lookism