D.Gray.Man

D.Gray Man anime မှာ 103 ပိုင်းရှိပြီး genre ကတော့ Action ၊ Adventure ၊ Comedy ၊ Shounen အမျိုးအစားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

တစ်ခါက The Earl of Millennium ဆိုတဲ့ ပုဂ္ဂိုလ်ဟာ လူသားတွေကို ဖျက်စီးဖို့ akuma ဆိုတာကို ထွင်ခဲ့ပါတယ်။ အဲ့ဒီ Akuma တွေဟာ အရပ်တကာမှာ လူတွေကို လိုက်ပြီး သတ်ပါတယ်တဲ့။ အဲ့လို akuma တွေကို ရင်ဆိုင်ဖို့အတွက် Exorcists တွေ စုဝေးတဲ့ Black Order ဆိုတဲ့ အဖွဲ့အစည်း ပေါ်ပေါက်လာပါတယ်။ Black Order ဟာ  akuma တွေကို ဖျက်စီးနိုင်တဲ့ "Innocence" ဆိုတဲ့ အစွမ်းရှိတဲ့ လူတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

ဒီ anime ရဲ့ protagonist ဖြစ်တဲ့ Allen Walker ဟာ Akuma တွေကို ဖျက်စီးနိုင်စွမ်းရှိတဲ့ Innocence အစွမ်းရှိတဲ့ လက်တစ်ဖက်နဲ့ ကျိန်စာသင့်ခံထားရတဲ့ မျက်လုံးတစ်ဖက်ကို ပိုင်ဆိုင်တဲ့သူ ဖြစ်ပါတယ်။ တစ်နေ့မှာတော့ Allen ဟာ Black Order ရဲ့ general တွေထဲက တစ်ဦး ဖြစ်တဲ့ Cross Marian ဆိုတဲ့ သူနဲ့ တွေ့ခဲ့ပါတယ်။ အဲ့နောက်မှာတော့ Cross ဟာ Allen ကို Innocence အစွမ်းကို ဘယ်လို သုံးရတယ်ဆိုတာ သင်ပေးလိုက်ပြီးနောက် Allen ဟာ Exorcist ဖြစ်လာပြီး Black Order အဖွဲ့ထဲကို ဝင်လာခဲ့ပါတယ်။

Allen ဟာ Black Order အဖွဲ့ထဲမှာ အရေးပါအရာရောက်တဲ့သူ ဖြစ်လာပါတယ်။  Black Order ဘက်ကတော့ Innocence တွေကို လိုက်စုနေပြီး Akuma ဘက်ကတော့ Innocence ကို လိုက်ဖျက်စီးပါတယ်။ Innocence ထဲမှာ အစွမ်းအထက်ဆုံးကတော့ Heart ဆိုတဲ့ Innocence ဖြစ်ပြီး အဲ့ Heart ကို ရတဲ့ ဘက်က အနိုင်ပိုင်းနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် Black Order ရော Earl of Millennium ရောဟာ Heart ကို သူ့ထက်ငါ အရင်ရအောင် ရှာဖို့ လုပ်ပါတော့တယ်။အဲ့နောက်မှာ Earl of Millennium ဟာ Innocence ကို ဖျက်စီးနိုင်တဲ့ Noah ဆိုတဲ့ မျိုးနွယ်စုတွေနဲ့ မဟာမိတ် ဖွဲ့လိုက်တဲ့ အတွက် Black Order အတွက် အန္တရာယ်ဖြစ်လာခဲ့ပါတယ်။ ကျန်တာကတော့ ဆက်ကြည့်ပေါ့နော်.......xD.....

ဇာတ်လမ်းအနေနဲ့ ပြောရရင်တော့ ဒါဟာ အစပိုင်းမှာ Gintama တို့၊ Reborn တို့ရဲ့ အစလိုပဲ တော်တော်ကို ပျင်းဖို့ကောင်းတာ တွေ့ရမှာပါ။ ဒါပေမယ့် နောက်ပိုင်းမှာ character တွေဟာ တိုးတက်လာတာ တွေ့ရပြီး ဇာတ်လမ်းကလဲ တဖြည်းဖြည်း ကောင်းလာပါတယ်။ (ကျွန်တော်ဆို အစက အဲ့ anime ကို နည်းနည်း ကြည့်ပြီး ဆက်မကြည့်တော့ပဲ နေမလို့၊ ဒါပေမယ့်လဲ character တွေရဲ့ ပုံစံကို ကြိုက်တဲ့ အတွက် ဆက်ကြည့်လိုက်တာ တန်သွားတယ် လို့ ဆိုရမှာပါ။)

အဆုံးသတ်အနေနဲ့ ဆိုရမယ်ဆိုရင်တော့ ဒါဟာ shounen genre တွေထဲမှာ တော်တော်ကောင်းတယ်လို့ ဆိုနိုင်ပြီး ကြည့်သင့်တဲ့ anime ဖြစ်ပါတယ်။


Comments

Popular posts from this blog

Lookism