Devil Fruit

Devil Fruit ဆိုတာ One Piece ထဲမှာ အဲ့အသီးကို စားလိုက်တဲ့သူအပေါ် ထူးခြားဆန်းပြားတဲ့ အစွမ်းတွေ ပေးနိုင်တဲ့ အသီးပဲ ဖြစ်ပါတယ်။ တချို့ devil fruit တွေဟာ anime မှာပဲ ပါပြီး တချို့ကတော့ manga မှာပဲ ပါတဲ့ ဟာတွေ ရှိပါတယ်။ ဒါပေမယ့်လဲ anime ရော manga မှာပါ ပါတဲ့ တူညီတဲ့ devil fruit တွေ တွေ့ရပါတယ်။ One Piece mangaka ဖြစ်တဲ့ Oda ရဲ့ အဆိုအရတော့ မကြာခင်မှာ devil fruit တွေရဲ့ အကြောင်းကို ရှင်းပြမယ့် professor အခန်း ပါလာလိမ့်မယ်လို့ ဆိုပါတယ်။

၁။ Devil Fruit အကြောင်း


Devil Fruit ကိုတော့ ပင်လယ်မိစ္ဆာရဲ့ အသီးတွေလို့ဆိုကြပြီး သူတို့ရဲ့ လျှို့ဝှက်ချက်ဟာ Grand Line မှာပဲ ရှိတယ်လို့ ဆိုပါတယ်။ Grand Line ရဲ့ အပြင်ဘက်မှာ devil fruit တွေ တွေ့ဖို့ဆိုတာ ခက်ခဲတဲ့အတွက် အဲ့အကြောင်းတွေဟာ အစစ်အမှန်လား အတုအယောင်လား မခွဲခြားနိုင်တဲ့ ကောလဟာလတွေနဲ့သာ ပြည့်နှက်နေပါတယ်။ Devil fruit ကို ရောင်းမယ်ဆိုရင် အနည်းဆုံး  Beli 100,000,000 အထက်မှာ ရှိတယ်လို့ ဆိုပါတယ်။ တစ်ခါတစ်ရံ devil fruit user တွေကိုလဲ ကျွန်အဖြစ်နဲ့ ရောင်းချတတ်ပါတယ်တဲ့။ ဈေးနှုန်းကတော့ devil fruit ရဲ့ အစွမ်းအပေါ်မူတည်ပြီး အတက်အကျ ရှိပါတယ်။ ဥပမာ Trafalgar Law ရဲ့  Ope Ope no Mi ဆို  Beli 5,000,000,000 တန်သတဲ့။

ဒီလို devil fruit က အစွမ်းတွေရှိပေမယ့်လဲ အရသာကတော့ အဆိပ်စားရသလို ဆိုးရွားပါတယ်။ ဒါပေမယ့် စားပြီးတာနဲ့ တစ်ပြိုင်တည်း အဲ့အသီးရဲ့ အစွမ်းကို သုံးနိုင်တယ်လို့ ဆိုပါတယ်။ အသီးကို တစ်ဖဲ့လောက်ပဲ ဖဲ့စားလိုက်ရုံနဲ့တင် အစွမ်းရပါတယ်။ ကျန်တဲ့အပိုင်းတွေကတော့ မကြာခင်မှာပဲ သူ့အလိုလို ပုပ်သွားမှာပါ။ Devil fruit ကို နည်းနည်းပဲ စားစား၊ အလုံးလိုက်ပဲ စားစား၊ ခွာပြီးပဲ စားစား၊ အာနိသင်က အတူတူပါပဲ။ Devil fruit တွေဟာ မတူညီတဲ့ အရောင်တွေ၊ ပုံစံတွေ ရှိတာ တွေ့ရမှာပါ။

One Piece ထဲမှာ အစွမ်းတကာ့အစွမ်းဆုံး ဆိုတဲ့ လူတွေဟာ devil fruit စားထားကြတဲ့ လူတွေဖြစ်ပါတယ်။ လက်ရှိ devil fruit စားထားတဲ့ သူတွေထဲမှာတော့ ပင်လယ်ဓားပြတွေ၊ ရေတပ်က admiral တွေ၊ shichibukai တွေ၊ Yonko တွေ (အနည်းဆုံး တစ်ယောက် - Kurohige) စတဲ့ အစွမ်းထက်တဲ့လူတွေ ဖြစ်တယ်ဆိုတာ တွေ့နိုင်ပါတယ်။ ဒါ့အပြင် Grand line မှာရှိတဲ့ ပင်လယ်ဓားပြတွေရဲ့ captain ဟာ များသောအားဖြင့် devil fruit user တွေဖြစ်ပါတယ်။ အင်အားကြီးတဲ့ ပင်လယ်ဓားပြ အဖွဲ့တွေ (ဥပမာ- Whitebeard pirates, Donflamingo) တို့ဆိုရင်တော့ devil fruit user အများကြီး ပါဝင်ပါသတဲ့။
Luffy ဟာ East Blue မှာတုန်းက သူကြုံရတဲ့ ပြိုင်ဘက်တွေထဲမှာ devil fruit user ဆိုလို့ နှစ်ယောက်သာ ရှိခဲ့ပြီး Grand Line ကို ဝင်လာတဲ့ အချိန်ကစပြီး ရန်သူတွေဟာ များသောအားဖြင့် devil fruit user တွေ ဖြစ်ပါတယ်။

Crocodile က devil fruit နဲ့ ပတ်သတ်ပြီး ဒီလိုပြောခဲ့ပါတယ် --
"Devil fruit ဟာ သုံးတဲ့အပေါ်နဲ့ လေ့ကျင့်တဲ့ အပေါ် မူတည်ပြီး အများကြီး အစွမ်း ရှိမှာပါ"

သူပြောသလိုပါပဲ - devil fruit ရဲ့ အစွမ်းတွေဟာ ဘယ်ဟာထက် ဘယ်ဟာ သာတယ်ဆိုပြီး ပြောလို့ မရပါဘူး။ ဥပမာ - Luffy ရဲ့ Gomu Gomu no Mi ဟာ မမျှော်လင့်ပဲ Enel ရဲ့ Logia type ဖြစ်တဲ့ Goro Goro no Mi ကို ခုခံနိုင်တာကို တွေ့ရမှာပါ။ ဒါ့အပြင် devil fruit user တွေဟာ ပုံပြောင်းရင် များသောအားဖြင့် သူတို့ ဝတ်ထားတာတွေလဲ ပြောင်းသွားတာ တွေ့နိုင်ပါတယ်။ ဥပမာ - Luffy ဟာ ပုံပြောင်းလိုက်ရင် အကျီ င်္ ပါပြောင်းသွားတာ၊ Chopper ပြောင်းရင်လဲ ဦးထုပ်ပါကြီးသွားတာ စတာတွေ တွေ့ရမှာ ဖြစ်ပါတယ်။ Oda ကတော့ ဒီလို မပြောင်းရင် သူ့ manga ထဲမှာ ကိုယ်လုံးတီးပုံတွေ အများကြီး ဖြစ်နေမှာ မို့ပါ လို့ ဆိုပါတယ်။

Devil Fruit တစ်လုံးဟာ တစ်ခါတည်းမှာ နှစ်ခု မထွက်ဘူးလို့ ဆိုကြပါတယ်။ တချို့ အမျိုးအမည်မသိတဲ့ devil fruit တွေ ရှိပေမယ့်လဲ Grand Line မှာ devil fruit အကြောင်းကို မှတ်တမ်းတင်ထားတဲ့ စာအုပ်ရှိပါတယ်တဲ့။ Blackbeard (Kurohige) ဟာ  Yami Yami no Mi ကို ရှာတုန်း အဲ့ devil fruit အကြောင်းကို အဲ့စာအုပ်ထဲက တွေ့တာပါ။ ဒါ့အပြင် Luffy စားလိုက်တဲ့ အသီးဟာ  Gomu Gomu no Mi ဖြစ်မှန်း Shanks က ကြိုသိပါတယ်။ Devil Fruit တွေဟာ များသောအားဖြင့် ဘယ်လို အစွမ်းရှိတဲ့ အသီးလဲဆိုတာ ခံစားလို့ ရတယ်လို့ဆိုပါတယ်။

တစ်ကြိမ်တည်းမှာ devil fruit နှစ်လုံး မရှိနိုင်ပေမယ့် devil fruit user သေသွားရင်တော့ အဲ့အသီးဟာ ပြန်ပေါ်လာပါတယ်။ Ace သေသွားတုန်းက Mera Mera no Mi ဟာ ပြန်ပေါ်လာခဲ့ပြီး Smiley သေသွားတော့လဲ အဲ့အနီးအနားက ပန်းသီးဟာ devil fruit ဖြစ်တဲ့ Sara Sara no Mi အသွင်ပြောင်းသွားတာ တွေ့ရမှာပါ။

၂။ Devil fruit ရဲ့ ဆိုးကျိုးများ


Devil fruit user တွေ မှာ အားနည်းချက် တစ်ခုရှိပါတယ်။ အဲ့ဒါကတော့ ရေမကူးနိုင်ပါဘူး။ ဒါ့အပြင် ရေထဲမှာဆို အားအင်ချိနဲ့သွားတယ်လို့ ဆိုပါတယ်။ Oda ရဲ့ အဆိုအရတော့ ရေဆိုတာ ပင်လယ်ဆားငံရေဖြစ်ဖြစ် သာမန်ရေဖြစ်ဖြစ် အကျုံးဝင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အဲ့ထဲမှာ မိုးရေတော့ မပါ ပါဘူးတဲ့။ နောက်ပြီး ရေအမြင့်မှာ ဒူးအောက်ဆိုရင်တော့ devil fruit user တွေဟာ လှုပ်ရှားလို့ ရပါသေးတယ်တဲ့။ ဒါကို Boa Hancock နဲ့ သူ့ ညီမတွေ ရေချိုးနေတဲ့ အခန်းမှာ တွေ့ရမှာပါ။ နောက်ပြီး  Arlong Park မှာ Luffy ရေထဲ ကျသွားတုန်းက သူ့ လည်ပင်းကို ဆွဲပြီး ခေါင်းကို ရေပေါ် ပေါ်အောင် လုပ်ထားတဲ့ အတွက် အသက်မသေခဲ့ပါဘူး။
ပင်လယ်ရေလိုပဲ အစွမ်းရှိတဲ့ Kairoseki သို့ Sea stone ဆိုတဲ့ သတ္တုဟာလဲ Devil fruit user တွေ အတွက် ကြီးမားတဲ့ အဟန့်အတားတစ်ခု ဖြစ်ပါတယ်။ နောက်ပြီး ပင်လယ်မှာ ပျော်တဲ့ fishmen တွေဟာ devil fruit user တွေနဲ့ တွေ့ရင် fishmen တွေက တစ်ပန်းသာတယ်လို့ ဆိုနိုင်ပါတယ်။

User တစ်ယောက်ဟာ devil fruit ကို တစ်လုံးထက်ပိုစားလို့ မရပါဘူး။ (Blackbeard ဟာ Whitebeard ရဲ့ devil fruit ကို စားတာမဟုတ်ပဲ သူ့အစွမ်းကို စုတ်လိုက်တာသာ ဖြစ်နိုင်ပါတယ်။)

devil fruit အကြောင်းတွေကို အလုံးစုံ မသိရသေးပေမယ့်လဲ Devil fruit user တွေကို မကောင်းဆိုးရွား၊ monster စသဖြင့်ခေါ်ကြတာ တွေ့ရမှာပါ။ ဒါ့အပြင် တချို့ devil fruit တွေဟာ ဘာမှ အသုံးမဝင်တဲ့ အစွမ်းတွေ ရှိနိုင်ပါသတဲ့။

၃။ Devil Fruit ကို စမ်းသပ်လေ့လာကြခြင်း


One Piece မှာ နာမည်ကြီး သိပ္ပံပညာရှင်ဖြစ်တဲ့ Vegapunk ဟာ kairoseki နဲ့ devil fruit တွေအကြောင်းကို အဓိက လေ့လာတဲ့လူလို့ ဆိုပါတယ်။ သူဟာ အရာဝတ္ထုတစ်ခု (ဥပမာ - ဓားတွေ ၊တုတ်တွေ) က devil fruit အစွမ်းရအောင် လုပ်နိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အသီးတစ်ခုရဲ့ အစွမ်းကိုလဲ တစ်စိတ်တစ်ဒေသအထိ တူအောင် ဖန်တီးနိုင်တယ်လို့ ဆိုပါတယ်။ devil fruit ထုတ်ဖို့ လုပ်ခဲ့ပေမယ့်လဲ အဲ့တာက မအောင်မြင်ခဲ့ပါဘူးတဲ့။

Caesar Clown ကလဲ သူ့နည်းသူ့ဟန်နဲ့ devil fruit တွေကို အများကြီးစမ်းသပ်ခဲ့ပြီး SMILE စက်ရုံကနေ Zoan အမျိုးအစား devil fruit တွေ ထုတ်နေပါတယ်။

Chopper ဟာ Dr. Kureha ရဲ့ လက်အောက်မှာ ခြောက်နှစ် ဆေးပညာ သင်ခဲ့ပြီးနောက် "Rumble Ball" လို့ ခေါ်တဲ့ "Zoan type" devil fruit user တွေရဲ့ အစွမ်းကို မြှင့်နိုင်တဲ့ ဆေးကို တီထွင်ခဲ့ပါတယ်။ Timeskip နောက်ပိုင်းမှာတော့ Chopper ဟာ (Monster form) ကလွဲရင် တခြားပုံစံတွေကို Rumble Ball မလိုပဲ ပြောင်းနိုင်ခဲ့ပါတယ်။

၎။ Devil Fruit အမျိုးအစားများ


Devil fruit တွေဟာ Paramecia၊ Zoan နဲ့ Logia ဆိုပြီး သုံးမျိုးသုံးစား ရှိပါတယ်။

၎-၁။ Paramecia



Devil Fruit တွေထဲမှာ အတွေ့ရ အများဆုံး devil fruit ဖြစ်ပါတယ်။ အစွမ်းတွေကတော့ shockwave ဖန်တီးတာ၊ rubber အဖြစ်ပြောင်းတာ၊ စတဲ့ အစွမ်းတွေ အပြင် လူတွေကို အရုပ်ပြောင်းတာ၊ ကိုယ်ကို ဖယောင်း ပြောင်းနိုင်တာ စတဲ့ အစွမ်းတွေကို တွေ့ရမှာ ဖြစ်ပါတယ်။

၎-၂။ Zoan 



Zoan type တွေကတော့ တိရိစ္ဆာန်အဖြစ် ပြောင်းနိုင်တဲ့ အစွမ်းလို့ ဆိုကြပါတယ်။ နောက်ပိုင်းမှာ SMILEs ရဲ့ အကျိုးကျေးဇူးနဲ့ Zoan devil fruit user တွေ အများအပြားပေါ်လာပါတယ်။

၎-၃။ Logia


Logia ကတော့ အရှားဆုံးဖြစ်ပြီး user ဟာ သူတို့ကိုယ်သူတို့ "သဲ၊ မီး၊ ရေခဲ" စတဲ့ ဒြပ်စင် အဖြစ် ပြောင်းနိုင်ပါတယ်။ ဒါ့အပြင် Logia user တွေကို physical attack တွေဖြစ်တဲ့ ဓားတွေ၊ သေနတ်တွေနဲ့ ရင်ဆိုင်လို့ မရပါဘူးတဲ့။ ဓားပြီး၊ သေနတ်ပြီးတယ်လို့ ဆိုရမှာပေါ့လေ။ ဒါပေမယ့်လဲ သူတို့ကို Haki သုံးပြီးတော့ ရင်ဆိုင်နိုင်ပါတယ်။

၅။ Trivia


- Marshall D. Teach (Blackbeard) ဟာ devil fruit အစွမ်း နှစ်မျိုးကို သုံးနိုင်တဲ့ ပထမဆုံးလူဖြစ်ပါတယ်။

- Anime မှာ filler arc တွေထဲမှာ devil fruit တွေ ထည့်မယ်ဆိုရင်အရင်ဆုံး Oda ဆီက ခွင့်ပြုချက် တောင်းရတယ်လို့ ဆိုပါတယ်။ Oda ဟာ သူ နောက်ပိုင်းမှာ သုံးဖို့ အစီအစဉ်ရှိတဲ့ devil fruit ဖြစ်နေရင် ပေးမသုံးဘူးလို့ ဆိုပါတယ်။

- Devil Fruit တွေထဲမှာ အထူးခြားဆုံး devil fruit တွေကတော့ အောတ်ပါအတိုင်း ဖြစ်ပါတယ်။
၁။ ပြိုင်ဘက်ကင်းတယ်လို့ နာမည်ကြီးတဲ့ Enel ရဲ့ Goro Goro no Mi
၂။ Logia type ထဲမှာတောင် ထူးခြားပြီး တခြား devil fruit တွေရဲ့ အစွမ်းကို ချေဖျက်နိုင်စွမ်းရှိတဲ့ Blackbeard ရဲ့ Yami Yami no Mi
၃။ Paramecia ထဲမှာ အစွမ်းဆုံးလို့ ဆိုကြပြီး တခြား Logia type တွေနဲ့ ယှဉ်နိုင်တယ်လို့ ဆိုကြတဲ့ Whitebeard ရဲ့ Gura Gura no Mi
၎။ Trafalgar Law ရဲ့ နာမည်ကြီး Ope Ope no Mi

၆။ References


http://onepiece.wikia.com/wiki/Devil_Fruit

http://onepiece.wikia.com/wiki/Paramecia

http://onepiece.wikia.com/wiki/Logia

http://onepiece.wikia.com/wiki/Zoan

Comments

Popular posts from this blog

Lookism