Yokai ပုံပြင်များ (၇)

ဒီတစ်ခါတော့ Tengu တွေ အကြောင်းကို ပြောမှာ ဖြစ်ပါတယ်။ Tengu ဟာ တရုတ်ရဲ့ ယဉ်ကျေးမှုတွေ ၊ ဗုဒ္ဓဘာသာရဲ့ အယူတွေ ၊ ရှင်တိုဝါဒတွေ အပြင် ဟိန္ဒူကျမ်းဂန်တွေ ကနေ ပေါင်းစပ်ထားပြီး ဖြစ်လာတဲ့ yokai လို့ ဆိုရင်လဲ မမှားပါဘူး။ Tengu တွေဟာ အစွမ်းတွေ အတော်အတန်ရှိပြီး လူသားအသွင် ပြောင်းနိုင်တယ်လို့ ဆိုပါတယ်။ နောက်ပြီး tengu တွေက သိုင်းပညာတွေ တတ်ကျွမ်းသတဲ့။ သူတို့ဟာ သိက္ခာပုဒ်ကို မစောင့်ထိန်းတဲ့ရဟန်းတွေ ၊ အကျင့်ပျက်ခြစားတဲ့လူတွေ ၊ ဩဇာအာဏာကို အလွဲသုံးစားလုပ်တဲ့ လူတွေကို အပြစ် ပေးတယ်လို့ ဆိုပါသတဲ့။
Tengu မှာတော့ အဓိကအားဖြင့် နှစ်မျိုးနှစ်စားရှိပါတယ်။ တစ်ခုကတော့ Daitengu ဖြစ်ပြီး ကျန်တစ်မျိုးက Kotengu ဖြစ်ပါတယ်။

၁။ Tengu ဖြစ်လာပုံ နှင့် သူ့အကြောင်း


Tengu ဟာ ငှက် ပုံသဏ္ဍာန်ရှိပြီး ထူးခြားပြီး ချွန်နေတဲ့ နှာခေါင်းရှိတာကို တွေ့နိုင်ပါတယ်။ Tengu ရုပ်တုတွေကို ဘုရားကျောင်းတွေမှာ တွေ့နိုင်ပြီး ပွဲတော်တွေ ဘာတွေမှာ ဆိုရင် tengu မျက်နှာဖုံးတွေ ပါတတ်ပါတယ်။  Tengu ဟာ တရုတ်ဒဏ္ဍာရီထဲမှာ ပါတဲ့ 天狗 - tiāngoǔ ဆိုတဲ့ မိစ္ဆာနာမည်ကို ယူထားတာ ဖြစ်ပြီး  ကောင်းကင်ဘုံက ခွေးလို့ အဓိပ္ပာယ်ရပါတယ်။ ဒါပေမယ့်လဲ ခွေးမိစ္ဆာကနေ ဘယ်နည်းဘယ်ပုံ ဘယ်လိုကြောင့် ငှက်ရုပ် ဖြစ်သွားလဲဆိုတာတော့ ဘယ်သူမှ မသိကြပါဘူး။ တချို့ကတော့ tengu ရဲ့ မျက်နှာသွင်ပြင်ဟာ ဟိန္ဒူကျမ်းဂန်လာ ဂဠုန်ငှက်ကနေ ဆင်းသက်လာတယ်လို့ ဆိုကြပြန်ပါတယ်။ ဒါဟာလဲ ခိုင်မာတဲ့အချက်အလက်တွေ မရှိပါဘူး။

ဒဏ္ဍာရီအရကတော့ tengu တွေဟာ Susano-o နတ်ဘုရားရဲ့ ခန္ဓာ တစ်စိတ်တစ်ဒေသကနေ ဖြစ်လာတယ်လို့ ဆိုသတဲ့။ ဗုဒ္ဓဘာသာမှာတော့ လူတစ်ယောက်မှာ ငရဲကျလောက်အောင် အပြစ်မကြီးပေမယ့်လဲ ကောင်းကင်ဘုံတက်ရအောင် မာန်မာနတွေ ရှိနေသေးတဲ့အတွက် အဲ့လူသေရင် tengu ဖြစ်တယ်လို့ ဆိုပြန်ပါတယ်။ ရှင်တိုအယူမှာတော့ tengu တွေကို တောစောင့်နတ်၊ တောင်စောင့်နတ်အဖြစ် သမုတ်ကြပါတယ်။ မှတ်တမ်းတစ်ခုရဲ့ အဆိုအရ 1860 မှာ Shogun ဟာ တောင်တစ်တောင်ကို တက်တော့ အဲ့တောင်မှာ ရှိနေတဲ့ tengu တွေကို ခေတ္တ ဖယ်ရှားဖို့အတွက် Edo အစိုးရက တရားဝင် အမိန့်စာထုတ်ပြန်ပြီး ကပ်ခဲ့တယ်လို့ ဆိုပါတယ်။

၁-၁။ နာမည်ကြီး Tengu ပုံပြင်တစ်ခု ( Heian ခေတ် (794–1185))


ဒါဟာ ရာဇဝင်နဲ့ ဒဏ္ဍာရီတို့ ရောယှက်နေတဲ့ အကြောင်း အရာတစ်ခု ဖြစ်ပါတယ်။ ၁၂ရာစုလောက်က ဂျပန် ဧကရာဇ် Sutoku ဟာ နန်းတွင်းမှာ သူ့ညီနဲ့ ထီးနန်းလုပြီး စစ်ရှုံးသွားတော့ Sanuki ပြည်နယ်ကို နယ်နှင်ဒဏ် ပေးခံခဲ့ရပါတယ်။ အဲ့နောက်မှာ အနှိပ်စက်အညှင်းပန်းခံပြီး သေဆုံးသွားပြီးနောက်မှာတော့ မကျွတ်မလွတ်ပဲ tengu ဖြစ်ခဲ့သတဲ့။ သူ Tengu ဖြစ်တော့ နန်းတွင်းအပေါ် အခဲမကြေပဲ အမြဲတစေခြောက်လန့် နေခဲ့ပါတယ်တဲ့။

Kamakura ခေတ် (1185–1333) လောက်မှာတော့ tengu ကို Daitengu နဲ့ Kotengu ဆိုပြီး အမျိုးအစားခွဲလာပါတယ်။

၂။ Daitengu အကြောင်း


Daitengu တွေဟာ သူတော်ကောင်းတွေလို့ ဆိုနိုင်ပါတယ်။ Kotengu ထက်စာရင် သူတို့ဟာ လူပုံနဲ့ ပိုဆင်ပါတယ်။ သူတို့ဟာ လူသူဝေးရာ အရပ်တွေမှာ နေတတ်ပြီး စဉ်းစားခန်းဝင်နေတာတို့၊ တရားထိုင်တာတို့ လုပ်တတ်တယ်လို့ ပြောကြပါတယ်။ သူတို့ဟာ kotengu တွေထက် အသိဉာဏ်ရော ၊ အစွမ်းရော ပိုရှိပြီး မာနလဲ ကြီးပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံမှာတော့ လူတွေကို ကူညီတတ်ပါတယ်။ ဒီလို tengu တွေကို လူတွေက နတ်ကွန်းတွေ ဆောက်ပေးပြီး နတ်ဘုရားသဖွယ် ကိုးကွယ်ကြပါသတဲ့။ Daitengu တွေထဲမှာ Kurama တောင် ရဲ့ Sōjōbō ၊ Atago တောင် ရဲ့ Tarōbō နဲ့ Hira တောင်ရဲ့ Jirōbō  တို့ဟာ နာမည်အကြီးဆုံးနဲ့ အစွမ်းအထက်ဆုံး ဖြစ်ပါသတဲ့။
Daitengu တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
၁။ Sōjōbō (僧正坊?) - Kurama တောင်
၂။ Tarōbō (太郎坊?)  - Atago တောင်
၃။ Jirōbō (二郎坊?) - Hira တောင်
၎။ Sanjakubō (三尺坊?) - Akiba တောင်
၅။ Ryūhōbō (笠鋒坊?)  - Kōmyō တောင်
၆။ Buzenbō (豊前坊?) - Hiko တောင်
၇။ Hōkibō (伯耆坊?) - Daisen တောင်
၈။ Myōgibō (妙義坊?) - Ueno တောင်
၉။ Sankibō (三鬼坊?) - Itsukushima တောင်
၁၀။ Zenkibō (前鬼坊?) - Ōmine တောင်
၁၁။ Kōtenbō (高天坊?) - Katsuragi တောင်
၁၂။ Tsukuba-hōin (筑波法印?) - Hitachi ပြည်နယ်
၁၃။ Daranibō (陀羅尼坊?) -Fuji တောင်
၁၄။ Naigubu (内供奉?) - Takao တောင်
၁၅။ Sagamibō (相模坊?) - Shiramine
၁၆။ Saburō (三郎?) -  Iizuna တောင်
၁၇။ Ajari (阿闍梨?) - Higo ပြည်နယ်

ဂျပန်ရဲ့ နာမည်ကြီး သူရဲကောင်းဖြစ်တဲ့ Minamoto no Yoshitsune ဟာ Daitengu Sōjōbō ဆီမှာ ဓားသိုင်းပညာ သင်ယူခဲ့တယ်လို့ ဆိုကြပါတယ်။

၃။ Kotengu အကြောင်း


Kotegu တွေကတော့ လူထက် ငှက်နဲ့ ပိုတူပါတယ်။ ဒေါသထွက်လွယ်ပြီး လူသားတွေ အပေါ်မှာ လေးစားမှု မရှိပါဘူး။ လူတွေကို နှိပ်စက်ရတာ ပျော်ပါသတဲ့။ လူတွေကို ခြောက်လန့်တတ်ပြီး တစ်ခါတစ်လေ လူသားတောင် စားတယ် ဆိုပါတယ်။ ဒါပေမယ့် ပုံပြင်တွေထဲမှာတော့ kotengu တွေဟာ အယုံလွယ်ပြီး လူတွေရဲ့ လှည့်ဖြားမှုကို ခံရသတဲ့။

၎။ Anime/ ရုပ်ရှင်တွေထဲက tengu

 
 



- Yokai king ဆိုတဲ့ ရုပ်ရှင်ထဲမှာ tengu ပါ, ပါသတဲ့
- 2013 47 Ronin ထဲမှာ Keanu Reeves ရဲ့ character ဟာ tengu ဘုန်းတော်ကြီးတွေရဲ့ လက်အောက်မှာ ပညာသင်ပြီး အလုပ်လုပ်ဖူးပါတယ်။
- Pokemon ထဲက Nuzleaf နဲ့ Shiftry ဟာ tengu ကို အခြေခံထားတာပါ။
- Digimon မှာတော့ Karatenmon ဟာ Karasu-tengu အမျိုးအစားဖြစ်ပါတယ်။
- One Piece ထဲက Usopp ဟာ နှာခေါင်း ချွန်ပြီး tengu လို ပုံစံကို ပိုင်ဆိုင်ထားသူ တစ်ယောက်ပါ။
- Kamisama Hajimemashita ထဲက Kurama Shinjirou ဟာ Kurama တောင်ရဲ့ tengu ဖြစ်ပါတယ်။
- Detective Conan အပိုင်း 52 - The Mist Goblin Legend Murder Case ဟာ tengu နဲ့ ဆက်စပ်နေပါတယ်။
- Nurarihyon no Mago ထဲမှာ Karasu Tengu ပါတာ တွေ့နိုင်ပါတယ်။

၅။ References


http://en.wikipedia.org/wiki/Tengu

http://yokai.com/?s=tengu

http://www.onmarkproductions.com/html/tengu.shtml

Comments

Popular posts from this blog

Lookism