သုံးနိုင်ငံခေတ်(၁၁၅)
အခန်း(၁၁၅) ဒုတိယဧကရာဇ်သည် ကုန်းတိုက်စကားတို့ကိုနားယောင်ကာ
စစ်တပ်ကိုပြန်ခေါ်ခဲ့ခြင်း။
"ကျန်းဝေ"(Jiang Wei) သည် လယ်တောတွင်နေခဲ့ခြင်းကြောင့်
ဘေးဒုက္ခကိုကျော်လွှားနိုင်ခြင်း။
ရှူဟန်သက္ကရာဇ်
ကျင်ယောက်ပဉ္စမနှစ် (အေဒီ ၂၆၃) ခု၊ ဆောင်းဦးရာသီ
"ကျန်းဝေ"(Jiang
Wei) သည် နောက်တစ်ကြိမ်စစ်ဆင်နွှဲရန် လမ်းပြင်ခြင်း၊ ဂိုထောင်ထဲတွင်စုဆောင်းခြင်းနှင့်
ဟန်ကျုံးရေပြင်သို့သင်္ဘောများကို စုစည်းခြင်းတို့ဖြင့် အလုပ်ရှုပ်နေခဲ့သည်။ ထိုအရာတို့ကိုဆောင်ရွက်ပြီးသောအက်ဟာ
နောက်တစ်ကြိမ်တိုက်ခိုက်ရန် ခွင့်တောင်းခဲ့ပြန်သည်။
'လျွန်တော်မျိုးဟာ
အလုံးစုံမအောင်နိုင်ခဲ့သလို ကြီးမားတဲ့ရွက်ဆောင်မှုတွေလည်း မရှိခဲ့ပေမယ့် ဝေတပ်သားတွေရဲ့ရင်ထဲကို
အကြောက်တရားတွေကိန်းအောင်းစေခဲ့ပါတယ်။ ကျွန်တော်တို့တပ်တွေဟာ စစ်ရည်ဝနေတာကြောင့် ဒီအချိန်မှာ
မတိုက်ခိုက်ဘူးဆိုရင် အလေ့အကျင့်မရှိတဲ့တပ်ဟာ ပြိုကွဲသွားနိုင်ပါတယ်။ တပ်သားတွေက သေဖို့အဆင်သင့်ဖြစ်သလို
အမှုထမ်းတွေကလည်း စွန့်စားဖို့အသင့်ဖြစ်နေပါပြီ။ ကျွန်တော်က အောင်မြင်ရင်အောင်မြင်၊
မအောင်မြင်ရင်တော့ သေဆုံးရမှာဖြစ်တယ်'
ဒုတိယဧကရာဇ်မှ
ချက်ချင်းသဘောမတူခဲ့ပေ။
ထိုသို့တုံ့ဆိုင်းနေစဉ်
"ချောင်ကျိုး"(Qiao Zhou) မှ ဝင်ပြောခဲ့သည်။
"ကျွန်တော်
ကောင်းကင်ကြီးကို လေ့လာထားတော့ ရှူပြည်က ခေါင်းဆောင်ကြယ်တွေဟာ မှေးမှိန်ပြီး မထင်မရှားဖြစ်နေပါတယ်။
ဒီတိုက်ပွဲဟာ အရှုံးနဲ့တွေ့နိုင်ပါတယ်။ ဒါကြောင့် အရှင်မင်းကြီးက သဘောမတူသင့်ပါဘူး"
"ဒီစစ်ပွဲရဲ့ရလဒ်ကိုကြည့်ကြည့်တာပေါ့။
ဒါကလည်း မအောင်မြင်ဘူးဆိုရင် စစ်တွေကိုရပ်နားရလိမ့်မယ်"
သူ့အကြံကိုလက်မခံသောကြောင့်
"ချောင်ကျိုး"(Qiao Zhou) သည် စိတ်ဆိုးကာ အိမ်ပြန်သွားခဲ့သည်။ ထို့နောက်
နေမကောင်းဟု အကြောင်းပြကာ ညီလာခံကိုမလာတော့ပေ။
နောက်ဆုံးပြင်ဆင်မှုများလုပ်ပြီးသောအခါ
"ကျန်းဝေ"(Jiang Wei) မှ "လျောင်ဟွာ"(Liao Hua) ကိုပြောခဲ့သည်။
"ကျုပ်တို့တွေ
ဒီတစ်ခေါက်တော့ အလယ်ပိုင်းဒေသကိုထိုးဖောက်နိုင်မယ်လို့ သစ္စာဆိုထားတယ်။ ဘယ်ကနေစရင်ကောင်းမလဲ"
"ကျွန်တော်
စစ်သူကြီးကို အကြံမပေးဝံ့ပါဘူး။ ကျွန်တော်တို့တွေ လူတွေကိုအနားမပေးပဲ စစ်တိုက်ခဲ့တာ
နှစ်ပေါင်းရှည်ကြာခဲ့ပြီ။ တန့်အိုက်(Deng Ai) နဲ့ရင်ဆိုင်ရတော့ သူဟာ ကြောက်မက်ဖွယ်ကောင်းပြီး
ထူးချွန်တဲ့ပြိုင်ဘက်ဖြစ်တာကြောင့် စစ်သူကြီးက အစွမ်းကုန်ကြိုးစားရမှာဖြစ်တယ်"
"ကျန်းဝေ"(Jiang
Wei) မှ မကျေနပ်ပေ။
"ရှေ့ဝန်ကြီးချုပ်တုန်းက
တိုင်းပြည်အတွက် ဝေပြည်ကိုခြောက်ကြိမ်တိုက်ခဲ့ပြီး ကျုပ်က ရှစ်ကြိမ်တိုက်ခဲ့တယ်။ အဲ့တိုက်ခိုက်မှုတွေထဲက
တစ်ခုလောက်တောင် ကျုပ်ကိုယ်ကျိုးအတွက်ပါခဲ့ဖူးလို့လား။ ဒီအခေါက်တော့ ကျုပ် ထောင်ရန်ကိုတိုက်မယ်။
ဘယ်သူမှ မကန့်ကွက်နဲ့တော့၊ ကန့်ကွက်သူတွေကို သေဒဏ်ပေးမှာဖြစ်တယ်"
"လျောင်ဟွာ"(Liao
Hua) အား ဟန်ကျုံးကိုစောင့်ရှောက်စေခဲ့ပြီး "ကျန်းဝေ"(Jiang Wei) မှ တပ်သားသုံးသိန်းနှင့်အတူ
ထောင်ရန်သို့ချီတက်သည်။ သူ့လှုပ်ရှားမှုတို့ကို ချီစန်းစခန်းတို့မှကြားသိရပြီး
"တန့်အိုက်"(Deng Ai) ၏သူလျှိုတို့ကလည်း ထိုသတင်းမှာ အမှန်ဖြစ်ကြောင်း ဆိုခဲ့ကြသည်။
ထိုအချိန်တွင်
"တန့်အိုက်"(Deng Ai) နှင့်အတူ စစ်ရေးကိစ္စအကြောင်း ဆွေးနွေးနေခဲ့သော
"စီးမာဝမ်"(Sima Wang) မှ
"အဲ့ဒါ
ဟန်ပြပဲ။ သူအဲ့ကိုသွားတာမဖြစ်နိုင်ဘူး။ သူတကယ်တိုက်ချင်တာက ချီစန်းဖြစ်လိမ့်မယ်"
"ဒါပေမယ်
့သူအဲ့ကိုတကယ်ချီတက်သွားခဲ့တယ်"
"စစ်သူကြီးက
ဘယ်လိုသိလဲ"
"အရင်က
ကျန်းဝေ(Jiang Wei) ဟာ အမြဲတမ်း ကျုပ်တို့ရိက္ခာတွေသိုလှောင်တဲ့နေရာတွေကို စတင်တိုက်ခိုက်လေ့ရှိတယ်။
ထောင်ရန်မှာ ဂိုထောင်တွေမရှိပေမယ့်လည်း ကျုပ်တို့က ချီစန်းကိုကာကွယ်ဖို့ပဲမဲနေပြီး
ထောင်ရန်မှာ အစောင့်အကြပ်တွေသိပ်မရှိလောက်ဘူးလို့ တွက်ထားမှာပဲ။ ဒါပေမယ့် သူသာ အဲ့နေရာကိုသိမ်းရင်
ရိက္ခာတွေစုဆောင်းနိုင်မှာဖြစ်ပြီး ချန်းမြိုးနယ်စုတွေနဲ့လည်း ဆက်သွယ်နိုင်မယ်။ နောက်ဆုံးမှာ
စီမံကိန်းအကြီးကြီးလုပ်ဆောင်လို့ရမယ်"
"အဲ့လိုဆို
ကျွန်တော်တို့ ဘယ်လိုလုပ်ကြမတုန်း"
"ကျုပ်တို့တွေ
ဒီနေရာကိုစွန့်ပြီးတော့ ထောင်ရန်ကို နှစ်လမ်းခွဲပြီး ချီတက်ကြမယ်။ ထောင်ရန်က ရှစ်မိုင်အကွာမှာ
ဟိုရှလို့ခေါ်တဲ့မြို့ငယ်လေးရှိတယ်။ အဲ့မြို့ငယ်လေးဟာ ထောင်ရန်ရဲ့အသက်သွေးကြောပဲ။ ခင်ဗျားက
ထောင်ရန်ကိုသွားပြီး တပ်တွေကိုပုန်းထားစေပြီး မြို့တံခါးကိုဖွင့်ထားပါ။ ပြီးရင် ကျုပ်အခုပြောသလိုလုပ်ဆောင်ပါ။
ကျုပ်ကတော့ ဟိုရှမှာ စောင့်နေမယ်။ အဲ့လိုဆို ကျုပ်တို့တွေအောင်မြင်မှုရရှိမှာပဲ"
ပင်မတပ်ကြီးချီတက်သွားသောအခါ
"တန့်အိုက်"(Deng Ai) သည် ချီစန်းစခန်းတို့မှတပ်တို့ကို "ရှီကျွမ်း"(Shi
Zuan) အား ဦးဆောင်စေခဲ့သည်။
ထိုအချိန်ဝယ်
"ရှဟိုပါ့"(Xiahou Ba) သည် ရှူပြည်ရှေ့ပြေးတပ်ကိုဦးဆောင်ကာ ထောင်ရန်သို့ရောက်လာသည်။
သူအနီးသို့ရောက်လာသောအခါ အကာအကွယ်များလည်း မမြင်သလို အလံပြသည့်သူကိုပင်မမြင်ပေ။ တံခါးတို့ကလည်း
ပွင့်နေသည်။ သူသည် အထဲသို့ဝင်သွားရန် စိုးရိမ်နေခဲ့သည်။
"အထဲမှာ
ထောင်ချောက်များရှိနေမလား"
စစ်သူကြီးတို့မှ
"ကျွန်တော်တို့စစ်တပ်တွေလာတာကြားတော့
မြို့ကိုစွန့်သွားတာဖြစ်မယ်။ တောင်ဘက်လမ်းကနေလူတချို့ပြေးသွားတာ တွေ့လိုက်တယ်"
"ရှဟိုပါ့"(Xiahou
Ba) မှ မြင်းနှင့်အတူ တောင်ဘက်သို့သွားကြည့်သောအခါ မြို့မှမိုင်အနည်းငယ်အကွာ အနောက်မြောက်လမ်းတွင်
ဒုက္ခသည်တို့စုဝေးနေကြသည်ကိုတွေ့လေ၏။
"ရှဟိုပါ့"(Xiahou
Ba) : "မြို့ထဲမှာ ဘယ်သူမှမရှိဘူးပဲ"
သူသည် ဦးဆောင်ကာ
အတွင်းသို့ဝင်သွားပြီး တပ်သားတို့ကလည်း လိုက်ခဲ့သည်။ မြို့ရိုးအနီးသို့ရောက်သောအခါ
လောင်စာတို့ပေါက်ကွဲသွားခဲ့ပြီး ဗုံသံ၊ နှဲသံတို့နှင့်အတူ အလံများပေါ်လာသည်။ တစ်ချိန်တည်းမှာပင်
နင်းကြမ်းတံတားကလည်း မြင့်တက်သွားခဲ့လေပြီ"
"အဖမ်းခံရပြီ"
"ရှဟိုပါ့"(Xiahou
Ba) မှ ပြန်ဆုတ်ခွာရန်ကြိုးပမ်းခဲ့သော်လည်း အပေါ်မှ မြား၊ ကျောက်တုံးတို့ဖြင့်ပစ်ခံရပြီး
"ရှဟိုပါ့"(Xiahou Ba) အပါအဝင် တပ်သားပေါင်းများစွာ အသက်ဆုံးခဲ့လေသည်။
ထိုသို့မြားတို့ဖြင့်
ပစ်ပြီးနောက် တိုက်ခိုက်မှုကိုစတင်ခဲ့သောကြောင့် ရှူတပ်ကြီးပြိုကွဲသွားခဲ့သည်။ တပ်တို့သည်လည်း
ထွက်ပြေးသွားကုန်သည်။ သို့သော်လည်း "ကျန်းဝေ"(Jiang Wei) ရောက်လာပြီး
"စီးမာဝမ်"(Sima Wang) ကို မြို့တွင်းသို့ပြန်ဆုတ်အောင် လုပ်နိုင်ခဲ့သည်။
ရှူတပ်သည် တံတိုင်းများနားဝယ် စခန်းချထားသည်။ "ရှဟိုပါ့"(Xiahou Ba) သေဆုံးသွားသောကြောင့်
"ကျန်းဝေ"(Jiang Wei) မှာ စိတ်မကောင်းဖြစ်ခဲ့လေသည်။
ထိုညဝယ်
"တန့်အိုက်"(Deng Ai) သည် တိတ်တဆိတ်ရောက်လာပြီး ရှူတပ်စခန်းကိုတိုက်ခဲ့သည်။
တစ်ချိန်တည်းမှာပင် မြို့တွင်း၌ခုခံသူတို့ကလည်း ထွက်လာပြီး တိုက်သောကြောင့် "ကျန်းဝေ"(Jiang
Wei) သည် မခုခံနိုင်ပဲ ခုနစ်မိုင်အကွာသို့ဆုတ်ကာ တပ်စွဲထားရသည်။
နှစ်ကြိမ်တိုင်ရှုံးနိမ့်ခဲ့သောရှူတပ်တို့သည်
စိတ်ဓာတ်ကျနေခဲ့ရာ "ကျန်းဝေ"(Jiang Wei) မှ အားတက်အောင် ပြောခဲ့သည်။
"စစ်ပွဲမှာ
အရှုံးအနိုင်ဆိုတာ ရှိစမြဲပါပဲ။ ကျုပ်က လတ်တလောရှုံးနိမ့်မှုတွေအပေါ် မစိုးရိမ်ပါဘူး။
ဘာကြောင့်လည်းဆိုတော့ ခင်ဗျားတို့သာကြိုးစားမယ်ဆိုရင် အကြွင်းမဲ့အောင်နိုင်မှုဆိုတာ
ရှိလာမှာပဲ။ ဒါပေမယ့် တပ်တွင်းပုန်ကန်မှုကိုတော့ ခွင့်လွှတ်မှာမဟုတ်ဘူး။ ဆုတ်ခွာဖို့ပြောတဲ့လူတွေကို
သေဒဏ်ပေးမှာဖြစ်တယ်"
"ကျန်းယီ"(Zhang
Yi) : "ဝေတပ်သားတွေက ဒီမှာအများကြီးရောက်လာတော့ ချီစန်းကို ကောင်းကောင်းစောင့်ကြပ်ထားနိုင်မှာမဟုတ်ဘူး။
ဒီတော့ စစ်သူကြီးက ဒီမှာ တန့်အိုက်(Deng Ai) နဲ့တိုက်နေပြီး ကျွန်တော်က စခန်းကိုးခုကိုသွားတိုက်ရင်
မကောင်းဘူးလား။ အောင်မြင်ခဲ့ရင် ချန်အန်းက ကျွန်တော်တို့လက်ခုပ်ထဲကရေဖြစ်လာလိမ့်မယ်"
ဒုတိယတပ်စုသည်
မူရင်းတပ်မှခွဲပြီး ချီစန်းသို့ချီတက်လေသည်။
"ကျန်းဝေ"(Jiang Wei) သည် ဟိုရှသို့သွားကာ "တန့်အိုက်"(Deng
Ai) ကိုစိန်ခေါ်ခဲ့သည်။ "တန့်အိုက်"(Deng Ai) က လက်ခံပြီး "ကျန်းဝေ"(Jiang
Wei) နှင့် စီးချင်းထိုးခဲ့သည်။ အကွက်သုံးဆယ်ခန့်တိုက်ပြီးသော်လည်း အနိုင်အရှုံးမပေါ်သောကြောင့်
နှစ်ဖက်လုံး ပြန်ဆုတ်ခွာခဲ့ကြသည်။
နောက်ရက်တို့တွင်လည်း
"ကျန်းဝေ"(Jiang Wei) ရောက်လာပြီး စိန်ခေါ်ခဲ့ပြန်သည်။ သို့သော် "တန့်အိုက်"(Deng
Ai) က ထွက်ပြီး မရင်ဆိုင်ခဲ့ပေ။ ရှူတပ်သားတို့က မခံချင်အောင် ဆဲရေးကြသော်လည်း အကြောင်းမထူးပေ။
ထို့နောက် "တန့်အိုက်"(Deng Ai) မှ တွေးမိသည်။
"သူတို့တွေ
ဒီလောက်လာတိုက်ဖို့လုပ်နေတာဟာ အကြောင်းတစ်ခုခုတော့ ရှိရမယ်။ သူတို့တွေ ချီစန်းကိုသိမ်းဖို့တပ်လွှတ်လိုက်ပြီး
ကျုပ်ကိုတော့ ဒီမှာပဲတားဆီးထားချင်ပုံပဲ။ အဲ့မှာရှိတဲ့ ရှီကျွမ်း(Shi Zuan) ရဲ့တပ်တွေမလုံလောက်ဘူး။
ကျုပ်သွားပြီး ကူညီမှဖြစ်မယ်"
"တန့်အိုက်"(Deng
Ai) မှ သားဖြစ်သူ "တန့်ကျုံး"(Deng Zhong) ကိုခေါ်ကာ ပြောခဲ့လေသည်။
"ဒီနေရာကို
ကောင်းကောင်းကာကွယ်ထားပါ။ သူတို့တွေစိန်ခေါ်ချင်သလိုခေါ်ပါစေ၊ ထွက်ပြီးမတိုက်ပါနဲ့။ ဒီညမှာ
အဖေ ချီစန်းကိုစစ်ကူဖို့သွားရမယ်"
ညအချိန်တွင်
စခန်းထဲ၌ အစီအစဉ်ရေးဆွဲနေခဲ့သော "ကျန်းဝေ"(Jiang Wei) သည် အော်သံတို့ကြောင့်
စိတ်အနှောင့်အယှက်ဖြစ်သွားသည်။ "တန့်အိုက်"(Deng Ai) ရုတ်တရတ်ပေါ်လာကြောင်း
သတင်းပို့လာသဖြင့် စစ်သူကြီးတို့မှ ထွက်တိုက်လိုကြောင်းပြောခဲ့သည်။
"ကျန်းဝေ"(Jiang
Wei) : "ဘယ်သူမှမတိုက်နဲ့"
စင်စစ်
"တန့်အိုက်"(Deng Ai) သည် ချီစန်းသို့သွားရာလမ်းတွင် ရှူစခန်းသို့ဝင်ကာ အရိပ်ပြခြင်းဖြစ်သည်။
"ကျန်းဝေ"(Jiang
Wei) မှ အမှုထမ်းတို့ကိုပြောခဲ့သည်။
"တန့်အိုက်(Deng
Ai) ရဲ့ ဒီတိုက်ခိုက်မှုက လှည့်စားတာပဲ။ တကယ်တော့ သူက ချီစန်းကိုစစ်ကူပေးဖို့သွားတာဖြစ်တယ်"
ထို့ကြောင့်
"ကျန်းဝေ"(Jiang Wei) သည် "ကျန်းယီ"(Zhang Yi) အား စစ်ကူပေးရန်ဆုံးဖြတ်လိုက်သည်။
"ဖူချန်"(Fu Qian) အား စခန်းကိုစောင့်ကြပ်စေပြီး သူကိုယ်တိုင်မှာမူ တပ်သားသုံးထောင်နှင့်အတူ ထွက်သွားခဲ့သည်။
"ကျန်းယီ"(Zhang Yi) သည် ချီစန်းရှိ ဝေတပ်စခန်းကိုတိုက်ခိုက်နေခဲ့သည်။
"ရှီကျွမ်း"(Shi Zuan) တွင် လူအင်အားနည်းပါးပြီး ကာကွယ်သူတို့သည် လက်နက်ချမည့်ပုံပေါ်နေခဲ့သည်။
သို့သော် "တန့်အိုက်"(Deng Ai) ထွက်ပေါ်လာမှုက အရာအားလုံးကိုပြောင်းလဲသွားစေခဲ့သည်။
"တန့်အိုက်"(Deng Ai) ၏တိုက်ခိုက်မှုကြောင့် "ကျန်းယီ"(Zhang
Yi) သည် တောင်ကုန်းများနောက်ကွယ်သို့ဆုတ်ခဲ့ရသည်။ မည်သည့်လမ်းကိုမျှ ရွေးချယ်စရာမရှိခဲ့ပေ။
အခြေအနေဆိုးရွားသည့်အချိန်ဝယ် ဝေတပ်တို့သည် ကစဥ့်ကလျားဖြစ်သွားသည်ကို မြင်ခဲ့သည်။
"စစ်သူကြီး
ကျန်းဝေ(Jiang Wei) ရောက်လာပြီ"
"ကျန်းယီ"(Zhang
Yi) ကလည်း ထိုအခွင့်အရေးကိုယူကာ တန်ပြန်တိုက်ခိုက်ခဲ့သောကြောင့် အရှုံးမှအနိုင်သို့ပြောင်းသွားခဲ့သည်။
"တန့်အိုက်"(Deng Ai) သည် စစ်ရှုံးပြီး စခန်းအတွင်းသို့ဝင်သွားသဖြင့် 'ကျန်းဝေ"(Jiang
Wei) မှ ထိုစခန်းကိုဝိုင်းပြီးတိုက်ခဲ့သည်။
ချန်တူးတွင်
"ဟွမ်ဟောက်"(Huang Hao) ၏မကောင်းသောသက်ရောက်မှုတို့ကြောင့် ဒုတိယဧကရာဇ်သည်
တစ်နေ့တခြား အပျော်အပါးဘက်သို့သာ ဦးတည်ခဲ့ပြီး စည်းစိမ်တို့ကိုသာခံနေခဲ့သည်။ အုပ်ချုပ်ရေးယန္တရားမှာ
သူ့ဟာနှင့်သူလည်ပတ်နေခဲ့ရ၏။
အထက်တန်းဝန်ကြီး
"လျူရန်"(Liu Yan) တွင် ချောမောသော ဟူမျိုးနွယ် အမျိုးသမီးရှိလေသည်။ တစ်ခါသော်
ထိုအမျိုးသမီးသည် နန်းတွင်းသို့ဝင်ပြီး မိဖုရားခေါင်ကြီးနှင့်တွေ့သောအခါ မိဖုရားခေါင်ကြီးက
သူမအား တစ်လကြာအောင် ခေါ်ထားခဲ့သည်။ ထိုအကြောင်းအရာကြောင့် "လျူရန်"(Liu
Yan) သည် သူ့ဇနီးနှင့်ဒုတိယဧကရာဇ်အပေါ် သံသယရှိပြီး လက်စားချေရန်ပြုခဲ့သည်။ သူသည် ဟူအမျိုးသမီးကိုကြိုးဖြင့်တုတ်နှောင်ကာ
စစ်သားငါးရာကိုခေါ်ပြီး မျက်နှာကို ဖိနပ်တို့ဖြင့် ရိုက်စေ၏။ ထိုအမျိုးသမီးမှာ ကြိမ်ဖန်များစွာ
မေ့လဲခဲ့လေသည်။
ထိုအကြောင်းသည်
ဧကရာဇ်၏နားတော်သို့ပေါက်သွားသောအခါ အမှုထမ်းတို့အား စုံစမ်းစေပြီး အပြစ်ဒဏ်ချမှတ်စေခဲ့သည်။
တရားသူကြီးတို့မှ
ဤသို့ဆုံးဖြတ်လိုက်ကြသည်။
"အမျိုးသမီးတစ်ဦးကို
ဆုံးမတာဟာ တပ်သားတွေ မဖြစ်သင့်ပါဘူး။ ဒါ့အပြင် မျက်နှာကိုရိုက်နှက်တာဟာလည်း မသင့်တော်ပါဘူး။
ဒါကြောင့် ဒီအပြစ်ကျူးလွန်သူကို သေဒဏ်ပေးသင့်တယ်"
ထို့ကြောင့်
"လျူရန်"(Liu Yan) ကို သေဒဏ်ပေးခဲ့လေသည်။
ဒုတိယဧကရာဇ်သည်
အပျော်အပါး၊ အသောက်အစားသာ မက်နေသောကြောင့် အရည်အချင်းရှိသူတို့သည် အစိုးရအလုပ်မှ နှုတ်ထွက်ကုန်ကြသည်။
ထို့ကြောင့် မသူတော်တို့နေရာရလာခဲ့လေသည်။ "ဟွမ်ဟောက်"(Huang Hao) အနီးတွင်ရှိသောဖော်လံဖားများထဲတွင်
လက်ယာစစ်သူကြီး "ရန်ယွီ"(Yan Yu) လည်း ပါဝင်ခဲ့သည်။
"ရန်ယွီ"(Yan
Yu) သည် စွမ်းဆောင်မှုများမရှိသော်လည်း ကပ်ဖားရပ်ဖားလုပ်ခြင်းဖြင့် နေရာရလာသူဖြစ်သည်။
ချီစန်းတွင် "ကျန်းဝေ"(Jiang Wei) စစ်ရှုံးသည်ကိုကြားသိသောအခါ "ရန်ယွီ"(Yan
Yu) မှ မိတ်ဆွေ "ဟွမ်ဟောက်"(Huang Hao) ထံသွားပြီး အပူကပ်ခဲ့သည်။ ထို့ကြောင့်
"ဟွမ်ဟောက်"(Huang Hao) မှ ဒုတိယဧကရာဇ်အား လျှောက်တင်ခဲ့လေသည်။
"ကျန်းဝေ(Jiang
Wei) ဟာ ယတိပြတ်အောင်မြင်မှုတွေမရခဲ့တာကြောင့် သူ့ကိုပြန်ခေါ်သင့်ပါတယ်။ သူ့ရာထူးကို
ရန်ယွီ(Yan Yu) ထံလွှဲပြောင်းပေးသင့်တယ်"
၎င်းကို ဧကရာဇ်မှသဘောတူကာ
အမိန့်ထုတ်ပြန်ခဲ့သည်။ တစ်ရက်တွင် "ကျန်းဝေ"(Jiang Wei) မှ ဝေတပ်စခန်းတို့ကိုတိုက်ရန်
ပြင်ဆင်နေချိန်ဝယ် အမိန့်တော်သုံးခု ရောက်လာခဲ့သည်။ ထိုအမိန့်တော်သုံးခု၏ အဓိကအကြောင်းအရာမှာ
သူ့ကိုမြို့တော်သို့ပြန်ခေါ်ခြင်းဖြစ်သည်။ မလိုက်နာ၍မရသောကြောင့် "ကျန်းဝေ"(Jiang
Wei) သည် တိုက်ခိုက်မှုများကိုရပ်နားခဲ့ပြီး ထောင်ရန်တပ်တို့ကို အရင်ဆုံးဆုတ်ခွာစေခဲ့သည်။
ထို့နောက် ကျန်တပ်တို့ကိုဆုတ်စေ၏။
ညတစ်ညတွင်
"တန့်အိုက်"(Deng Ai) သည် ဗုံသံတို့ကိုကြားသဖြင့် ထူးဆန်းနေခဲ့သည်။ နောက်ရက်
ရှူတပ်စခန်းများတွင် လူမရှိကြောင်း သိခဲ့သည်။ သို့သော် ရန်သူတို့ပရိယာယ်ဖြစ်နိုင်သောကြောင့်
နောက်မှမလိုက်ခဲ့ပေ။
ဟန်ကျုံးသို့ရောက်သောအခါ
တပ်တို့ကိုအနားပေးခဲ့ပြီး "ကျန်းဝေ"(Jiang Wei) သည် တမန်တော်နှင့်အတူ မြို့တော်သို့သွားခဲ့လေသည်။
သူသည် ဆယ်ရက်ကြာစောင့်နေခဲ့သော်လည်း ဒုတိယဧကရာဇ်သည် ညီလာခံသို့မတက်ရောက်ခဲ့ပေ။ ထို့ကြောင့်
မကောင်းမှုတစ်ခုခုလုပ်လိမ့်မည်ဟု သံသယဝင်ခဲ့သည်။
တစ်နေ့သော်
နန်းတော်တံခါးအနီးဝယ် အတွင်းရေးစစ်သူကြီး "ရှီးကျန်း"(Xi Zheng) ကိုတွေ့သောကြောင့်
မေးမြန်းခဲ့သည်။
"ကျွန်တော့ကို
ပြန်ခေါ်တာ ဘာကြောင့်လည်းဆိုတာ သိလား"
"စစ်သူကြီးက
မသိဘူးလား? ဟွမ်ဟောက်(Huang Hao) က ရန်ယွီ(Yan Yu) ကို ပစားပေးချင်လို့ စစ်သူကြီးကိုပြန်ခေါ်လိုက်တာဖြစ်တယ်။
အခုတော့ တန့်အိုက်(Deng Ai) က ရင်ဆိုင်ဖို့ထူးချွန်လွန်းတယ်ဆိုတာ သိတော့ သူတို့တွေက
မတိုက်တော့ဘူး"
"အဲ့မိန်းမစိုးကို
လုံးဝရှင်းထုတ်ပစ်ရမယ်"
"ရှူး၊
ခင်ဗျားက ကျုံးဝူအမတ်ကြီး ကျူးကဲလျန့်(Zhuge Liang) ကို ဆက်ခံတဲ့လူဖြစ်ပြီး သူမပြီးမြောက်ခဲ့တဲ့တာဝန်ကိုထမ်းဆောင်ရမှာ
မဟုတ်လား။ ဒါကြောင့် စိတ်လိုက်မာန်ပါ မလုပ်ဖို့ အရေးကြီးတယ်။ ဧကရာဇ်က စစ်သူကြီးကိုမထောက်ခံတော့ရင်
စစ်သူကြီး ဒုက္ခရောက်လိမ့်မယ်"
"ခင်ဗျားပြောတာ
မှန်တယ်"
မကြာမီတွင်
"ကျန်းဝေ"(Jiang Wei) သည် လူအနည်းငယ်နှင့်အတူ နန်းတွင်းသို့ဝင်ခဲ့လေသည်။
ဒုတိယဧကရာဇ်သည် "ဟွမ်ဟောက်"(Huang Hao) နှင့်အတူ ဥယာဉ်တော်တွင် ပျော်နေခဲ့သည်။
စစ်သူကြီးရောက်လာကြောင်းကို "ဟွမ်ဟောက်"(Huang Hao) ကိုပြောကြရာ "ဟွမ်ဟောက်"(Huang
Hao) မှ သွားပုန်းနေခဲ့သည်။
"ကျန်းဝေ"(Jiang
Wei) သည် သခင်နားသို့ကပ်လာပြီးနောက် ဒူးထောက်ပြီး
"အရှင်မင်းကြီးက
ကျွန်တော့ကိုဘာကြောင့် ပြန်ခေါ်ရတာလဲ? ကျွန်တော်က ချီစန်းမှာ ရန်သူတွေကိုနိုင်တော့မယ့်အချိန်မှာ
အမိန့်စာသုံးခုရောက်လာခဲ့တယ်"
ဧကရာဇ်သည် မည်သည့်စကားမျှပြန်မပြောပဲ
တေးညည်းနေခဲ့သည်။ "ကျန်းဝေ"(Jiang
Wei) မှ ဆက်ပြောခဲ့သည်။
"ဒီဟွမ်ဟောက်(Huang
Hao) က ကောက်ကျစ်ပြီး အရာအားလုံးကို ဆုံးဖြတ်ပိုင်ခွင့်ရှိနေတယ်။ အခုဟာ လင်ဧကရာဇ်နဲ့မိန်းမစိုးဆယ်ဦးတုန်းကလိုဖြစ်နေပါပြီ။
ရှေးခေတ်တုန်းက ကျန်းရန်(Zhang Rang)၊ ကျောက်ကောင်(Zhao Gao) တို့အကြောင်းကို အရှင်မင်းကြီးလည်း
သိမှာပါ။ အရှင်မင်းကြီးက ဒီလူကိုသေဒဏ်ပေးမှသာလျှင် နန်းတွင်းကိုသန့်စင်စေမှာဖြစ်ပြီး
ဘိုးဘေးတွေရဲ့အိမ်တော်ကိုပြန်နိုင်မှာဖြစ်တယ်"
ဒုတိယဧကရာဇ်မှပြုံးကာ
ပြောခဲ့သည်။
"ဟွမ်ဟောက်(Huang
Hao) က ကျုပ်ကိုကူညီနေတဲ့သာမန်အစေအပါးပါပဲ။ သူ ခင်ဗျားပြောသလိုလုပ်ချင်ရင်တောင် မလုပ်နိုင်ပါဘူး။
ဒီလောက်သနားစရာကောင်းတဲ့ ဟွမ်ဟောက်(Huang Hao) ကို တုန်းယွင်(Dong Yun) ကဘာလို့မျက်မုန်းကျိုးခဲ့လဲဆိုတာ
ကျုပ်စဉ်းစားလို့မရခဲ့ဘူး။ စစ်သူကြီးလည်း ဒီလိုဖြစ်နေပါလား။ ကျေးဇူးပြုပြီး သူ့ကိုအလေးအနက်မထားပါနဲ့"
"ကျန်းဝေ"(Jiang
Wei) မှခေါင်းကိုမြေနှင့်ဆောင့်ပြီး
"သူ့ကိုသာ
မရှင်းပစ်ရင် ကံဆိုးမှုတွေရောက်လာပါလိမ့်မယ်"
"ခင်ဗျားက
ကြိုက်နှစ်သက်တဲ့လူဆိုရင် အသက်ရှင်စေချင်ပြီးတော့ မကြိုက်တဲ့လူကိုတော့ သေစေချင်တယ်။
ကျုပ်ရဲ့မိန်းမစိုးတစ်ယောက်အပေါ်တောင် ခွင့်မလွှတ်နိုင်ဘူးလား"
ဒုတိယဧကရာဇ်သည်
ရံရွေတော်တစ်ဦးကိုလွှတ်ပြီး "ဟွမ်ဟောက်"(Huang Hao) ကိုခေါ်စေသည်။ "ဟွမ်ဟောက်"(Huang
Hao) သည် ဇရပ်နားသို့ရောက်လာသောအခါ ဧကရာဇ်မှ "ဟွမ်ဟောက်"(Huang Hao) အား
စစ်သူကြီးအပေါ်တောင်းပန်စေ၏။
"ဟွမ်ဟောက်"(Huang
Hao) သည် သည် ဒူးထောက်ပြီး ငိုယိုခဲ့သည်။
"ကျွန်တော်ဟာ
အမြဲတမ်း ဧကရာဇ်ထံပါးမှာပဲ နေခဲ့ပြီး တိုင်းရေးပြည်ရာတွေမှာ စွက်ဖက်တာတွေမရှိခဲ့ပါဘူး။
ဒါကြောင့် စစ်သူကြီးက သူများစကားတွေကို နားမယောင်သင့်ပါဘူး။ ကျွန်တော့အသက်ကိုနှုတ်ယူချင်လည်း
ရပါတယ်။ ဒါပေမယ့် ကျွန်တော့အပေါ် သနားစေလိုပါတယ်"
ထို့နောက်
"ဟွမ်ဟောက်"(Huang Hao) မျက်ရည်များကျလာသည်။ "ကျန်းဝေ"(Jiang
Wei) သည် ဒေါသဖြင့် ထွက်သွားသည်။ အပြင်ဘက်တွင် သူ့မိတ်ဆွေ "ရှီးကျန်း"(Xi
Zheng) နှင့်တွေ့ပြီး အဖြစ်အပျက်တို့ကိုပြောခဲ့သည်။
"စစ်သူကြီး
အန္တရာယ်ကျရောက်တော့မယ်။ စစ်သူကြီးသာ ကျဆုံးရင် တိုင်းပြည်လည်း ကျဆုံးသွားလိမ့်မယ်"
"ကျုပ်ကို
အကြံပေးပါလား? တိုင်းပြည်ရော၊ ကျုပ်ကိုပါ ကယ်နိုင်မယ့် နည်းပေါ့"
"လုံရှီးက
ထာကျုံးလို့ခေါ်တဲ့အရပ်မှာ သွားခိုလှုံလို့ရပါတယ်။ အဲ့နေရာဟာ အစာရေစာပေါများတာကြောင့်
ကျုံးဝူအမတ်ကြီးလုပ်ခဲ့သလို စစ်စခန်းတွေလုပ်လို့ရပါတယ်။ ဒါကြောင့် ဧကရာဇ်ဆီက ခွင့်တောင်းပြီး
သွားပါ။ တပ်အတွက် ဂျုံ၊ပြောင်းတွေကိုစုစည်းနိုင်သလို လုံယိုရဲ့အနောက်ပိုင်းကိုလည်း
ထိန်းထားနိုင်တယ်။ ဒါကြောင့် ဝေတပ်တွေက ဟန်ကျုံးကိုလာတိုက်မှာကို တားဆီးနိုင်သလို စစ်သူကြီးရဲ့တပ်ချုပ်ကိုင်ခွင့်လည်း
ဆက်လက်ရယူထားလို့ရမယ်။ ဘယ်သူမှ စစ်သူကြီးကိုလုပ်ကြံရဲမှာမဟုတ်လို့ လုံခြုံပါတယ်။ ဒါကြောင့်
တိုင်းပြည်ကိုရော၊ ကိုယ့်ကိုယ်ကိုယ်ပါ ဒုက္ခမရောက်အောင် တားဆီးနိုင်တယ်။ အချိန်မလင့်ပါစေနဲ့"
"ခင်ဗျားစကားက
ရွှေတွေ၊ ရတနာတွေလောက် အဖိုးထိုက်တန်တယ်"
"ကျန်းဝေ"(Jiang
Wei) သည် အချိန်မဆွဲပဲ ဧကရာဇ်ထံတွင်လျှောက်တင်ရာ ခွင့်ပြုမိန့်ရရှိခဲ့သည်။ ထို့ကြောင့်
ဟန်ကျုံးတို့ပြန်ပြီး အမှုထမ်းတို့ကိုခေါ်ကာ သူ့အစီအစဉ်ကိုပြောခဲ့သည်။
"ကျုပ်တို့တွေ
အကြိမ်ပေါင်းများစွာ တိုက်ခိုက်မှုမအောင်မြင်ခဲ့တာဟာ ရိက္ခာတွေပြတ်လပ်လို့ဖြစ်တယ်။ အခု
ကျုပ်က တပ်သားရှစ်သောင်းနဲ့အတူ ထာကျုံးကိုသွားပြီး နောက်စစ်ပွဲအတွက် ဂျုံတွေ၊ ပြောင်းတွေကိုစိုက်ပျိုးမှာဖြစ်တယ်။
ခင်ဗျားတို့က ရိက္ခာတွေစုဆောင်းထားရင်း ဟန်ကျုံးကို ကာကွယ်ထားပါ။ ဝေတပ်တွေက ချီတက်ရင်
ဟိုးအဝေးကြီးက တောင်တွေပေါ်အထိ ရိက္ခာတွေသယ်လာရမှာပဲ။ သူတို့တွေက ခရီးပန်းပြီး မကြာခင်မှာပဲ
ပြန်ဆုတ်သွားလိမ့်မယ်။ အဲ့အချိန်မှာတိုက်ခိုက်ရင်တော့ အောင်နိုင်မှုက ကျုပ်တို့ဘက်မှာပဲ
ရှိတယ်"
"ဟူကျိ"(Hu
Ji) ကို ဟန်ရှိုသို့စေလွှတ်ခဲ့ပြီး "ဝမ်ဟန်"(Wang Han) ကို ယွဲ့ချန်သို့၊
"ကျန်းပင်း"(Jiang Bin) ကို ဟန်ချန်သို့၊ "ကျန်းရှူ"(Jiang
Shu) နှင့် "ဖူချန်"(Fu Qian) တို့ကိုခံတပ်များဆီသို့ အသီးသီးစေလွှတ်ခဲ့သည်။
ထိုသို့လုပ်ဆောင်ပြီးနောက် "ကျန်းဝေ"(Jiang Wei) သည် သူ့အစီအအဉ်အတိုင်း ထာကျုံး၌ကောက်စိုက်ရန်
သွားခဲ့သည်။
"တန့်အိုက်"(Deng
Ai) သည် ထိုအကြောင်းတို့ကိုကြားသိခဲ့ပြီး ရှူတပ်စခန်းတို့သည် ကြီးမားသောမြွေသဏ္ဍာန်ဖြင့်
ချိတ်ဆက်ထားကာ စခန်းပေါင်းလေးဆယ့်ရှစ်ခုရှိကြောင်း သိခဲ့သည်။ ထို့ကြောင့် သူလျှိုတို့ကိုလွှတ်ပြီး
မြေမျက်နှာသွင်ပြင်တို့ကိုကြည့်ရှုစေကာ မြေပုံဆွဲစေပြီး မြို့တော်သို့ပို့စေခဲ့သည်။
ထိုစာနှင့်မြေပုံတို့ကို
ကျင့်ဘုရင်ငယ် "စီးမာကျောင်း"(Sima Zhao) တွေ့သောအခါ ဒေါသထွက်ခဲ့သည်။
"ဒီ ကျန်းဝေ(Jiang
Wei) က ကျုပ်တို့တိုင်းပြည်ကို အကြိမ်များစွာ ကျူးကျော်လာခဲ့ပေမယ့် သူ့ကိုမချေမှုန်းနိုင်သေးဘူး။
ဒါ ကျုပ်ရင်ထဲက ဝမ်းနည်းမှုတစ်ခုပဲ"
"ကျာချုံး"(Jia
Chong) : "သူက ကျူးကဲလျန့်(Zhuge Liang) ရဲ့အလုပ်တာဝန်ကိုလက်ဆင့်ကမ်းယူဆောင်ခဲ့ပြီး
သူဟာ အကွက်စေ့တာကြောင့် သူ့ကို ပြန်တိုက်ခိုက်ဖို့ခက်ခဲတယ်။ ဒါကြောင့် လူသတ်သမားတွေလွှတ်ပြီး
သူ့ကိုသတ်စေပြီးတော့ ဒီရန်စွယ်ကိုဖယ်ရှားသင့်ပါတယ်"
အကြံပေး "ရွှင်ရွှီ"(Xun Xu) : "ဒီလိုလုပ်စရာမလိုပါဘူး။
ရှူဧကရာဇ် လျူရှန်(Liu Shan) ရဲ့အာဏာက ပျောက်ကွယ်လုနီးဖြစ်နေပြီး သူက မိန်းမစိုး ဟွမ်ဟောက်(Huang
Hao) ကို အားလုံးပုံအပ်ထားခဲ့တယ်။ တိုင်းပြည်ရဲ့အမတ်ကြီးတွေဟာလည်း သူတို့လုံခြုံမှုအတွက်ပဲ
စိုးရိမ်နေကြတယ်။ ကျန်းဝေ(Jiang Wei) က ထာကျုံးကိုသွားတာဟာ သူ့အသက်ဘေးကလွတ်အောင်ဖြစ်တယ်။
အရည်အချင်းရှိတဲ့ခေါင်းဆောင်နဲ့အင်အားကြီးတပ်ကိုစေလွှတ်လိုက်မယ်ဆိုရင် အောင်မြင်မှုက
သေချာပါတယ်။ အဲ့လိုဆို လူသတ်သမားတွေငှားဖို့လိုပါဦးမလား"
"စီးမာကျောင်း"(Sima
Zhao) မှ ရယ်ပြီး
"ဒီစကားက
မှန်တယ်။ ရှူပြည်ကိုတိုက်ချင်တယ်ဆိုရင် ဘယ်သူ့ကိုခေါင်းဆောင်ခန့်သင့်သလဲ"
"ရွှင်ရွှီ"(Xun
Xu) : "တန့်အိုက်(Deng Ai) ဟာ ဒီခေတ်ရဲ့အထူးချွန်ဆုံးခေါင်းဆောင်ပါပဲ။ လက်ထောက်အနေနဲ့
ကျုံးဟွေ့(Zhong Hui) ကို တာဝန်ပေးလိုက်ရင် အဆင်ပြေပါပြီ"
"ကျုပ်အတွေးအတိုင်းပဲ"
ထို့နောက်
"ကျုံးဟွေ့"(Zhong Hui) ကိုခေါ်ပြီး ပြောခဲ့သည်။
"ကျုပ်
ဝူပြည်ကိုတိုက်ဖို့ ခင်ဗျားကိုခေါင်းဆောင်တင်မယ်ဆို သွားမှာလား"
"သခင်ကြီးတိုက်ချင်တာက
ဝူမဟုတ်ပဲ ရှူဖြစ်ပါလိမ့်မယ်"
"ခင်ဗျားက
ကျုပ်စိတ်ကိုနားလည်သားပဲ။ ဒါပေမယ့် ရှူပြည်ကိုတိုက်မယ်ဆို ဘယ်လိုတိုက်မတုန်း"
"သခင်ကြီးက
ရှူပြည်ကိုတိုက်ချင်မှန်းသိလို့ ကျွန်တော်က ပြင်ဆင်ထားပြီးပါပြီ။ ဒီမှာကြည့်ပါ"
ထို့နောက် သူ့တွင်ပါလာသောမြေပုံကိုထုတ်ခဲ့သည်။
ထိုမြေပုံထဲတွင် တပ်စခန်းများ၊ ဂိုထောင်များနှင့်လမ်းများကို အသေးစိတ်ပြထားသည်။
"စီးမာကျောင်း"(Sima Zhao) က ကျေနပ်သွားခဲ့သည်။
"ခင်ဗျားက
အရည်အချင်းရှိတဲ့ခေါင်းဆောင်ပဲ။ တန့်အိုက်(Deng Ai) နဲ့အတူသွားရင်ကော ဘယ်လိုလဲ"
"မြစ်ပြည်နယ်ဟာ
ကြီးမားတာကြောင့် စစ်ဆင်ရေးတစ်ခုထက်ပိုပြီး လုပ်လို့ရပါတယ်။ ဒါကြောင့် တန့်အိုက်(Deng
Ai) ကို တခြားတပ်နဲ့စေလွှတ်သင့်ပါတယ်"
"ကျုံးဟွေ့"(ZhongHui)
ကို အနောက်ဘက်ကိုအောင်နိုင်သောစစ်သူကြီးဘွဲ့နှင့် ခံတပ်များအားလုံး၏စစ်သေနာပတိအဖြစ်ခန့်အပ်ခဲ့ကာ
ချင်ကျိုး၊ ရွှီကျိုး၊ ရန်ကျိုး၊ ယွီကျိုး၊ ကျင်ကျိုးနှင့်ယန့်ကျိုးပြည်နယ်မှတပ်အားလုံးကိုထိန်းချုပ်ခွင့်ရခဲ့လေသည်။
တစ်ချိန်တည်းမှာပင် အာဏာကိုယ်စားပြုအလံနှင့်အတူ လူတစ်ယောက်ကိုလွှတ်ပြီး "တန့်အိုက်"(Deng
Ai) အား ခံတပ်အတွင်း၌မရှိသောတပ်အလုံးစုံကိုထိန်းချုပ်နိုင်သည့်အာဏာပေးခဲ့သည်။ သူ့ကိုလည်း
အနောက်ဘက်ကိုအောင်နိုင်သောစစ်သူကြီးဘွဲ့ပေးခဲ့ပြီး ရှူပြည်ကိုတိုက်ရန် ရက်ရွေးချယ်ခဲ့လေသည်။
"စီးမာကျောင်း"(Sima
Zhao) သည် နန်းတွင်းဝယ် အုပ်ချုပ်ရေးတို့ကိုတာဝန်ယူနေစဉ် စစ်သူကြီး "တန်းတွန်း"(Deng
Dun) မှပြောခဲ့သည်။
"ကျွန်တော်တို့တပ်တွေကို
ဝေးကွာပြီးခက်ခဲကြမ်းတမ်းတဲ့ဒေသကိုပို့တာဟာ ဒုက္ခရှာသလိုမဖြစ်ဘူးလား? ကျန်းဝေ(Jiang
Wei) က ဒီမြေကို အကြိမ်ကြိမ်ကျူးကျော်ခဲ့ပြီး လူပေါင်းများစွာရဲ့အသက်ကို သေစေခဲ့တယ်။
ကျွန်တော်တို့တွေ ကာကွယ်ဖို့ပဲ အလေးထားသင့်တယ်"
"ကျုပ်က
မတရားတဲ့မင်းကိုတိုက်ဖို့ ဖြောင့်မတ်တဲ့တပ်ကိုစေလွှတ်တာ။ ခင်ဗျားက ဘာကြောင့် ဆန့်ကျင်ရတာလဲ"
"စီးမာကျောင်း"(Sima
Zhao) မှ အာဏာပါးကွက်သားတို့ကိုခေါ်ပြီး "တန်းတွန်း"(Deng Dun) ကို သေဒဏ်ပေးစေခဲ့သည်။
သူတို့ပြန်ဝင်လာပြီးနောက် ခေါင်းပြတ်ကို ခြေရင်းတွင်ထားခဲ့လေသည်။ ထိုနေရာတွင်ရှိသောလူများစွာတို့
ထိတ်လန့်သွားခဲ့ကြသည်။
"စီးမာကျောင်း"(Sima
Zhao) မှ
"ကျုပ်အရှေ့ဘက်ကိုအောင်နိုင်ခဲ့တာ
ခြောက်နှစ်ရှိပြီ။ ပြင်ဆင်မှုတွေလုပ်ခဲ့တာလည်း ခြောက်နှစ်ရှိနေပြီ။ ကျုပ် ဝူနဲ့ရှူကို
ချေမှုန်းလိုခဲ့တာ ကြာပြီ။ ဒီနည်းဟာ ကော်ပြည်ကိုချေမှုန်းပြီး ယွီပြည်ကိုသိမ်းယူတဲ့နည်းပဲ။
ရှူပြည်မှာ ဘယ်လိုတပ်မျိုးတွေရှိတယ်ဆိုတာ ကျုပ်အားလုံးနီးပါး ပြောပြနိုင်တယ်။ သူတို့မြို့တော်
ချန်တီးမှာ တပ်ရှစ်သောင်း၊ ကိုးသောင်းလောက်ရှိပြီး ရှေ့တန်းမျက်နှာစာမှာ လေးငါးသောင်းလောက်ရှိတယ်။
ကျန်းဝေ(Jiang Wei) ဆီမှာတော့ တပ်သားခြောက်သောင်းလောက်ရှိတယ်။ တန့်အိုက်(Deng Ai) လက်အောက်က
တပ်သားတစ်သိန်းနဲ့ဆိုရင် ကျန်းဝေ(Jiang Wei) ကို အရှေ့ဘက်မသွားနိုင်အောင် တားမြစ်ထားနိုင်မယ်။
ဒါ့အပြင် ကျုံးဟွေ့(Zhong Hui) ဆီမှာလည်း ဝါရင့်တပ်သားနှစ်သိန်းသုံးသိန်းလောက်ရှိမယ်။
ဒီတပ်တွေက တပ်မသုံးခုခွဲပြီး ဟန်ကျုံးကို ချီတက်မှာဖြစ်တယ်။ ရှူဧကရာဇ်လျူရှန်(Liu
Shan) ဟာ မျက်ကန်းနေတဲ့အရူးပမာဖြစ်ပြီး သူ့ရှေ့တန်းမျက်နှာစာက မြို့တွေက ဖြစ်ချင်တိုင်းဖြစ်နေတယ်။
သူ့အမှုထမ်းတွေနဲ့အမျိုးသမီးတွေကတော့ ကြောက်လန့်နေကြရတယ်။ သူ အကြာကြီးခံနိုင်မှာမဟုတ်ဘူး"
အားလုံးမှ သူ၏လိမ္မာပါးနပ်မှုကို
ချီးမွမ်းကြသည်။
"ကျုံးဟွေ့"(Zhong
Hui) သည် သူ၏တံဆိပ်တုံးကိုရသည်နှင့် ချက်ချင်းချီတက်လေသည်။ သူ၏မူရင်းရည်ရွယ်ချက်ကိုဖုံးကွယ်ရန်အတွက်
သူ့တပ်ကြီးသည် ဝူပြည်သို့ချီတက်မည်ဖြစ်ကြောင်း သတင်းလွှင့်ခဲ့သည်။ ထို့အပြင် ထိုသတင်းကို
လူအများယုံကြည်ရန်အတွက် ချင်ကျိုး၊ ယန့်ကျိုး၊ ယွီကျိုး၊ ကျင်ကျိုးနှင့်ရန်ကျိုးပြည်နယ်တို့တွင်
စစ်သင်္ဘောများ တည်ဆောက်စေ၏။ "ထန်ကျီ"(Tang Zi) ကိုလည်း ကမ်းရိုးတန်းဒေသများဖြစ်သည့်
တန်းကျိုးနှင့် လိုင်ကျိုးသို့စေလွှတ်ကာ သင်္ဘောများစုစည်းစေခဲ့သည်။
ခေါင်းဆောင်
"စီးမာကျောင်း"(Sima Zhao) သည်ပင် ထိုသတင်းတို့ကိုယုံကြည်ခဲ့ပြီး အဘယ်ကြောင့်သင်္ဘောများစုဆောင်းနေရသည်ကို
ခေါ်မေးခဲ့သည်။
"ကျုံးဟွေ့"(Zhong
Hui) မှ
"ကျွန်တော်တို့အနောက်ဘက်ကိုတိုက်မယ်ဆိုတာ
ရှူတွေသိရင် ဝူပြည်ကစစ်ကူတောင်းလိမ့်မယ်။ ဒါကြောင့် ကျွန်တော်က ဝူပြည်ကိုတိုက်ဖို့ဟန်ဆောင်တာဖြစ်တယ်။
ဒီတော့ ဝူတွေက တစ်နှစ်လောက် လှုပ်ရှားရဲမှာမဟုတ်ဘူး။ ရှူပြည်ကိုအောင်နိုင်ပြီးရင် ဒီစစ်သင်္ဘောတွေကိုသုံးပြီး
အရှေ့ဘက်ကိုချီတက်လို့ရပြီ"
"စီးမာကျောင်း"(Sima
Zhao) က ကျေနပ်ဝမ်းသာသွားခဲ့သည်။
စစ်ချီရန်ရက်ကို
ဝေသက္ကရာဇ် ကျင့်ယွမ်စတုတ္ထနှစ် (အေဒီ ၂၆၄)၊ ခုနစ်လပိုင်း သုံးရက်နေ့ကိုရွေးချယ်ခဲ့သည်။
"စီးမာကျောင်း"(Sima Zhao) သည် ခေါင်းဆောင်ကို မြို့ပြင်သုံးမိုင်အကွာထိလိုက်လံပို့ဆောင်ပြီး
ပြန်ဝင်လာခဲ့သည်။
အနောက်ပိုင်းဒေသရေးရာဝန်
"ရှောင်ထီ"(Shao Ti) မှ တီးတိုးပြောကာ သတိပေးခဲ့သည်။
"ကျုံးဟွေ့(Zhong
Hui) က စစ်တပ်အင်အားအများကြီးနဲ့ ရှူကိုတိုက်ဖို့ချီတက်သွားခဲ့တယ်။ သူက ရည်မှန်းချက်ကြီးလွန်းတော့
ယုံကြည်လို့ရပါ့မလား"
"ကျုပ်မသိဘူးလို့ထင်လို့လား"
ထို့နောက်
"စီးမာကျောင်း"(Sima Zhao) က "ရှောင်ထီ"(Shao Ti) နားကပ်ပြီး စကားတချို့ပြောခဲ့ရာ
"ရှောင်ထီ"(Shao Ti) သည် စိုးရိမ်ခြင်းမရှိတော့ပေ။
Comments