Taisho ခေတ် (၁၉၁၂-၂၆)
Meiji ဧကရာဇ် နတ်ရွာစံပြီးနောက် Taisho ဧကရာဇ် ထီးနန်းအရိုက်အရာကို ဆက်ခံခဲ့ပါတယ်။ Taisho ဧကရာဇ်ဟာ ကျန်းမာရေး ချို့တဲ့တာကြောင့် အခြားလူတွေနဲ့ အတွေ့ခံ ခဲတယ်လို့ ဆိုပါတယ်။ လူထုကြားမှာ အကြိမ်ရေ အနည်းငယ်လောက်သာ ထွက်ဖူးပြီး အဲ့ထဲက တစ်ခေါက်ကတော့ ၁၉၁၃ - မန့်ခွန်းပြောခဲ့တဲ့ အချိန်လို့ ဆိုပါတယ်။ ပထမကမ္ဘာစစ် (၁၉၁၄-၁၉၁၈) ဂျပန်ဟာ ၁၉၁၄ ဩဂုတ်လ ၂၃ ရက်မှာ ဂျာမနီကို စစ်ကြေညာပြီးနောက် မဟာမိတ်ဘက်ကနေ စစ်အတွင်းပါဝင်လာခဲ့ပါတယ်။ ဂျပန်-ဗြိတိသျှ မဟာမိတ်တပ်ဟာ တရုတ်ပြည်နဲ့ ပစိဖိတ်ဒေသအတွင်းမှာရှိတဲ့ ဂျာမန်ပိုင်နယ်မြေတွေကို သိမ်းယူခဲ့ပါတယ်။ ဂျပန်ရေတပ်ကို မြေထဲပင်လယ် (Miditerranean Sea) အထိ စေလွှတ်ပြီး ဂျာမန်နဲ့ စစ်တိုက်ခဲ့ပါတယ်။ တရုတ်ပြည်တွင်းမှာ ဂျပန်ဩဇာကြီးလာအောင် အချက် နှစ်ဆယ့်တစ်ချက်ပါဝင်တဲ့ စာချုပ်ချုပ်ဆိုဖို့ တရုတ်ကို တောင်းဆိုခဲ့ပါတယ်။ နောက်ပိုင်းမှာ တချို့အချက်တွေကို လျှော့ချပြီး ၁၉၁၅ မေလမှာ ဂျပန်နဲ့ တရုတ် စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ကမ္ဘာစစ်ကြီးပြီးဆုံးသွားပြီးနောက် ၁၉၁၉ မှာ ကျင်းပတဲ့ ပါရီငြိမ်းချမ်းရေးညီလာခံ (Paris Peace Conference) မှာ ဂျပန်က နိုင်ငံပေါင်းချုပ်အသင်းကြီးမှာ လူမျိုးရေး ညီတူည...